HomeCelebs Update NewsKoreaBully လုပ္ခဲ့ဖူးေၾကာင္း၀န္ခံၿပီး လူကိုယ္တိုင္ ေတာင္းပန္လိုက္တဲ့ NCT က Taeyong

Bully လုပ္ခဲ့ဖူးေၾကာင္း၀န္ခံၿပီး လူကိုယ္တိုင္ ေတာင္းပန္လိုက္တဲ့ NCT က Taeyong

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

NCT အဖွဲ့က Taeyong ဟာ လွန်ခဲ့တဲ့ ရက်သတ္တပတ်တွေကတည်းက Bully လုပ်တတ်တယ်ဆိုပြီး အစွပ်စွဲခံထားရသူ ဖြစ်ပါတယ်။ အလယ်တန်းကျောင်းသားဘဝမှာ အတန်းဖော်တစ်ယောက်ကို အနိုင်ကျင့်နှိပ်စက်တာတွေလုပ်ခဲ့ပြီး လိင်တူချစ်သူတွေကို ရွံရှာတဲ့အနေနဲ့ ရှုံ့ချတာတွေ လုပ်ခဲ့တယ်လို့လည်း စွပ်စွဲခံထားရတာ ဖြစ်ပါတယ်။

ဒီစွပ်စွဲချက်တွေနဲ့ ပတ်သက်ပြီး ကျောင်းတုန်းက အနိုင်ကျင့်ခဲ့တယ်ဆိုတာကိုတော့ အစပိုင်းမှာ Taeyong က ငြင်းဆိုခဲ့ပေမယ့် အခုအချိန်မှာတော့ ဝန်ခံလိုက်ပြီ ဖြစ်ပါတယ်။ ငယ်ငယ်တုန်းက မှားခဲ့မိတဲ့အတွက် အဆိုပါ အတန်းဖော်ကိုလည်း လူကိုယ်တိုင် တောင်းပန်ခဲ့တယ်လို့ သိရပါတယ်။

ဖြစ်ပုံကတော့ Taeyong တို့ သူငယ်ချင်းအဖွဲ့က bully လုပ်တာကို ခံစားခဲ့ရတဲ့ လူတစ်ယောက်ဟာ ဆိုရှယ်မီဒီယာမှာ အများသိအောင် ဖွင့်ချခဲ့ပြီး လူကိုယ်တိုင် တောင်းပန်တာကို လိုချင်တဲ့အကြောင်း ပြောရာက စခဲ့ပါတယ်။ “အဲ့ဒီ့ကိစ္စဖြစ်ပြီးကတည်းက နှစ်ပေါင်းများစွာ စိတ်ဒဏ်ရာတွေနဲ့ နေခဲ့ရပါတယ်။ ဘာလို့ ဒီလိုလုပ်ခဲ့ရတာလည်းဆိုတာ မေးချင်ပါတယ်။ ပြီးတော့ စိတ်ရင်းနဲ့ တောင်းပန်တာကိုလည်း လိုချင်ပါတယ်” လို့ အနိုင်ကျင့်ခံရတဲ့လူက ဆိုပါတယ်။

Photo: allkpop

အတိတ်ကကိစ္စတွေကို ဆိုရှယ်မီဒီယာမှာ အများသိအောင် ဖွင့်ချခဲ့တဲ့အတွက် အဆိုပါပုဂ္ဂိုလ်ဟာ ကောလာဟလဖြစ်အောင် သတင်းအမှားဖြန့်ချိတယ်ဆိုပြီး စွပ်စွဲခံခဲ့ရပါသေးတယ်။ ဒါကြောင့်လည်း ပိုပြီးနာကျင်ခံစားရကာ အထိတ်တလန့်နဲ့ နေခဲ့ရတယ်လို့ ဆိုပါတယ်။ “အဲ့ဒါက ကျွန်တော် ဖျောက်ဖျက်ပစ်လို့ မရနိုင်တဲ့ ဒဏ်ရာတစ်ခုပါ။ ကျွန်တော့်ခံစားချက်တွေက အခြားသူတွေရဲ့ ပြောစကားနဲ့ အစားထိုးခံခဲ့ရပါတယ်။ ကောလာဟလဖြန့်တဲ့ လူတစ်ယောက်ဆိုပြီး အထင်သေး၊ အမြင်သေး ဆက်ဆံတာကိုလည်း ခံခဲ့ရပါတယ်” လို့ ပြောပါတယ်။

Taeyong အနိုင်ကျင့်တာကို ခံခဲ့ရတဲ့လူတွေဟာ လူကိုယ်တိုင် တောင်းပန်တာကို လိုချင်တဲ့အကြောင်း SM Entertainment ကို အီးမေးလ်ပို့ပြီး တောင်းဆိုခဲ့ပါသေးတယ်။ သို့ပေမယ့် SM ဘက်က တစ်စုံတစ်ရာ တုံ့ပြန်ဖြေကြားခဲ့ခြင်း မရှိပါဘူး။

သို့ပေမယ့် အောက်တိုဘာလ(၁၁)ရက်နေ့မှာ ယူအက်စ်က ပြန်လာတဲ့ Taeyong ဟာ အနိုင်ကျင့်ခံခဲ့ရသူတွေထဲက တစ်ယောက်နဲ့ လူချင်းတွေ့ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ လူချင်းတွေ့ပြီး လုပ်ခဲ့မိတဲ့အမှားတွေကို ဝန်ခံပြီး တောင်းပန်ခဲ့တယ်လို့လည်း သိရပါတယ်။

Photo: koreaboo

အနိုင်ကျင့်ခဲ့ဖူးသူနဲ့ အနိုင်ကျင့်ခံခဲ့ရသူတို့ ဆယ်နှစ်ကြာပြီးနောက်မှ ပထမဆုံး ပြန်တွေ့ရတဲ့အခါ တစ်နာရီလောက်ကို စကားမပြောနိုင်ဘဲ ထိုင်နေခဲ့ကြတာပါ။ အနိုင်ကျင့်ခံခဲ့ရသူကတော့ မျက်ရည်တွေနဲ့ တရှုံ့ရှုံ့ ငိုကြွေးနေခဲ့ပါတယ်။ စိတ်ငြိမ်အောင် ထိန်းသိမ်းပြီးတဲ့နောက်မှာတော့ မျက်နှာချင်းဆိုင် ကြည့်နိုင်ခဲ့ပါတယ်။ ဒီအခါမှာ Taeyong ကပဲ စကားစပြောခဲ့ပြီး မှားခဲ့တဲ့အကြောင်းနဲ့ ခေါင်းငုံ့ပြီး တောင်းပန်ခဲ့ပါတယ်။

“ဒီသူငယ်ချင်းနဲ့ မတွေ့တာ အရမ်းကြာခဲ့ပါပြီ။ ဒီလိုကိစ္စမျိုးနဲ့မှ တွေ့ရတဲ့အတွက်လည်း စိတ်ကသိကအောက် ဖြစ်ရပါတယ်။ အရိုးသားဆုံးပြောရရင် ဒီကိစ္စကြောင့် ကျွန်တော်လည်း စိတ်မချမ်းသာခဲ့ရပါဘူး။ နေ့တိုင်းပဲ တစ်နေ့ကို အကြိမ်ပေါင်းများစွာ ငါ .. ဘာဖြစ်လို့ အဲ့လိုလူ ဖြစ်ခဲ့ရတာလည်းဆိုပြီး နောင်တတွေ ရနေခဲ့တာပါ” လို့ Taeyong က ပြောပါတယ်။

ဒီလိုနဲ့ သူတို့နှစ်ယောက် နှစ်နာရီကျော်လောက် စကားတွေပြောနေခဲ့ကြပြီးနောက်မှာ စိတ်ရင်းနဲ့ တောင်းပန်နေတဲ့ Taeyong ရဲ့ ခံစားချက်ကို မြင်လိုက်ရတာကြောင့် တစ်ဘက်ကလည်း ခွင့်လွှတ်ပေးလိုက်ပါတယ်။ Taeyong ကတော့ “အဲ့ဒီ့အချိန်တုန်းက ကျွန်တော်ဟာ ခံစားချက်တွေကို ထုတ်ဖော်ရာမှာ အတော်လေး ညံ့ဖျင်းခဲ့ပါတယ်။ ကျွန်တော် ငယ်ငယ်တုန်းက မစဉ်းစား၊ မဆင်ခြင်ဘဲ လုပ်ခဲ့မိတဲ့ အပြုအမူတွေ၊ အမှားတွေအတွက် စိတ်ရင်းနဲ့ တောင်းပန်ပါတယ်” လို့ ပြောခဲ့ပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး SM Entertainment ကလည်း အခုလို မှတ်ချက်ပေးထားပါတယ်။

“အခုလေးတင်ပဲ Taeyong ဟာ သူငယ်ငယ်တုန်းက မသိမိုက်မှားပြီး လုပ်ခဲ့ဖူးတဲ့အရာတွေအတွက် အလယ်တန်းကျောင်းတုန်းက သူ့သူငယ်ချင်းကို လူကိုယ်တိုင်တွေ့ပြီး တောင်းပန်လိုက်ပါပြီ။

တစ်ဖက်ကလည်း Taeyong ရဲ့ တောင်းပန်တာကို လက်ခံလိုက်ပါတယ်။ သူငယ်ချင်းနှစ်ယောက် တစ်ယောက်ရဲ့အနာဂတ်တွေကို တစ်ယောက်က ဆုတောင်းပေးခဲ့ကြပါတယ်။

ဒါ့အပြင် ဆက်သွယ်လို့ မရနိုင်တဲ့ သူ့ရဲ့နောက်ထပ်သူငယ်ချင်းတစ်ယောက်ကိုလည်း Taeyong က နောင်တရကြောင်း ပြောထားပါသေးတယ်။

Taeyong ဟာ သူ့ရဲ့အတိတ်တွေကို မေ့ဖျောက်ပစ်လိုက်မှာ မဟုတ်ပါဘူး။ တည်တည်ငြိမ်ငြိမ်နဲ့ ရင့်ကျက်ပြီး နှိမ့်ချဆက်ဆံတတ်တဲ့၊ အခုထက် ပိုကောင်းတဲ့ လူတစ်ယောက် ဖြစ်လာဖို့ ဒီအတိတ်တွေကနေ သင်ခန်းစာယူသွားမှာပါ။”

LaNina

Ref: koreaboo

(ဆံရစ်ဝိုင်းမီဒီယာစာမျက်နှာပေါ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို ခွင့်ပြုချက် တစ်စုံတစ်ရာ မရရှိဘဲ မိမိတို့ကိုယ်ကျိုးအတွက် ကူးယူသုံးစွဲခြင်း မပြုလုပ်ကြပါရန် သတိပေးအပ်ပါသည်။)

(Zawgyi Version)

NCT အဖြဲ႔က Taeyong ဟာ လြန္ခဲ့တဲ့ ရက္သတၱပတ္ေတြကတည္းက Bully လုပ္တတ္တယ္ဆိုၿပီး အစြပ္စြဲခံထားရသူ ျဖစ္ပါတယ္။ အလယ္တန္းေက်ာင္းသားဘ၀မွာ အတန္းေဖာ္တစ္ေယာက္ကို အႏိုင္က်င့္ႏွိပ္စက္တာေတြလုပ္ခဲ့ၿပီး လိင္တူခ်စ္သူေတြကို ရြံရွာတဲ့အေနနဲ႔ ရႈံ႕ခ်တာေတြ လုပ္ခဲ့တယ္လို႔လည္း စြပ္စြဲခံထားရတာ ျဖစ္ပါတယ္။

ဒီစြပ္စြဲခ်က္ေတြနဲ႔ ပတ္သက္ၿပီး ေက်ာင္းတုန္းက အႏိုင္က်င့္ခဲ့တယ္ဆိုတာကိုေတာ့ အစပိုင္းမွာ Taeyong က ျငင္းဆိုခဲ့ေပမယ့္ အခုအခ်ိန္မွာေတာ့ ၀န္ခံလိုက္ၿပီ ျဖစ္ပါတယ္။ ငယ္ငယ္တုန္းက မွားခဲ့မိတဲ့အတြက္ အဆိုပါ အတန္းေဖာ္ကိုလည္း လူကိုယ္တိုင္ ေတာင္းပန္ခဲ့တယ္လို႔ သိရပါတယ္။

ျဖစ္ပုံကေတာ့ Taeyong တို႔ သူငယ္ခ်င္းအဖြဲ႕က bully လုပ္တာကို ခံစားခဲ့ရတဲ့ လူတစ္ေယာက္ဟာ ဆိုရွယ္မီဒီယာမွာ အမ်ားသိေအာင္ ဖြင့္ခ်ခဲ့ၿပီး လူကိုယ္တိုင္ ေတာင္းပန္တာကို လိုခ်င္တဲ့အေၾကာင္း ေျပာရာက စခဲ့ပါတယ္။ “အဲ့ဒီ့ကိစၥျဖစ္ၿပီးကတည္းက ႏွစ္ေပါင္းမ်ားစြာ စိတ္ဒဏ္ရာေတြနဲ႔ ေနခဲ့ရပါတယ္။ ဘာလို႔ ဒီလိုလုပ္ခဲ့ရတာလည္းဆိုတာ ေမးခ်င္ပါတယ္။ ၿပီးေတာ့ စိတ္ရင္းနဲ႔ ေတာင္းပန္တာကိုလည္း လိုခ်င္ပါတယ္” လို႔ အႏိုင္က်င့္ခံရတဲ့လူက ဆိုပါတယ္။

Photo: allkpop

အတိတ္ကကိစၥေတြကို ဆိုရွယ္မီဒီယာမွာ အမ်ားသိေအာင္ ဖြင့္ခ်ခဲ့တဲ့အတြက္ အဆိုပါပုဂၢိဳလ္ဟာ ေကာလာဟလျဖစ္ေအာင္ သတင္းအမွားျဖန္႔ခ်ိတယ္ဆိုၿပီး စြပ္စြဲခံခဲ့ရပါေသးတယ္။ ဒါေၾကာင့္လည္း ပိုၿပီးနာက်င္ခံစားရကာ အထိတ္တလန္႔နဲ႔ ေနခဲ့ရတယ္လို႔ ဆိုပါတယ္။ “အဲ့ဒါက ကၽြန္ေတာ္ ေဖ်ာက္ဖ်က္ပစ္လို႔ မရႏိုင္တဲ့ ဒဏ္ရာတစ္ခုပါ။ ကၽြန္ေတာ့္ခံစားခ်က္ေတြက အျခားသူေတြရဲ႕ ေျပာစကားနဲ႔ အစားထိုးခံခဲ့ရပါတယ္။ ေကာလာဟလျဖန္႔တဲ့ လူတစ္ေယာက္ဆိုၿပီး အထင္ေသး၊ အျမင္ေသး ဆက္ဆံတာကိုလည္း ခံခဲ့ရပါတယ္” လို႔ ေျပာပါတယ္။

Taeyong အနုိင္က်င့္တာကို ခံခဲ့ရတဲ့လူေတြဟာ လူကိုယ္တိုင္ ေတာင္းပန္တာကို လိုခ်င္တဲ့အေၾကာင္း SM Entertainment ကို အီးေမးလ္ပို႔ၿပီး ေတာင္းဆိုခဲ့ပါေသးတယ္။ သို႔ေပမယ့္ SM ဘက္က တစ္စုံတစ္ရာ တုံ႔ျပန္ေျဖၾကားခဲ့ျခင္း မရိွပါဘူး။

သို႔ေပမယ့္ ေအာက္တိုဘာလ(၁၁)ရက္ေန႔မွာ ယူအက္စ္က ျပန္လာတဲ့ Taeyong ဟာ အႏိုင္က်င့္ခံခဲ့ရသူေတြထဲက တစ္ေယာက္နဲ႔ လူခ်င္းေတြ႔ဖို႔ ဆုံးျဖတ္လိုက္ပါတယ္။ လူခ်င္းေတြ႕ၿပီး လုပ္ခဲ့မိတဲ့အမွားေတြကို ၀န္ခံၿပီး ေတာင္းပန္ခဲ့တယ္လို႔လည္း သိရပါတယ္။

Photo: koreaboo

အႏိုင္က်င့္ခ့ဲဖူးသူနဲ႔ အႏိုင္က်င့္ခံခဲ့ရသူတို႔ ဆယ္ႏွစ္ၾကာၿပီးေနာက္မွ ပထမဆုံး ျပန္ေတြ႕ရတဲ့အခါ တစ္နာရီေလာက္ကို စကားမေျပာႏိုင္ဘဲ ထိုင္ေနခဲ့ၾကတာပါ။ အႏိုင္က်င့္ခံခဲ့ရသူကေတာ့ မ်က္ရည္ေတြနဲ႔ တရႈံ႕ရႈံ႕ ငိုေၾကြးေနခဲ့ပါတယ္။ စိတ္ၿငိမ္ေအာင္ ထိန္းသိမ္းၿပီးတဲ့ေနာက္မွာေတာ့ မ်က္ႏွာခ်င္းဆိုင္ ၾကည့္ႏိုင္ခဲ့ပါတယ္။ ဒီအခါမွာ Taeyong ကပဲ စကားစေျပာခဲ့ၿပီး မွားခဲ့တဲ့အေၾကာင္းနဲ႔ ေခါင္းငုံ႕ၿပီး ေတာင္းပန္ခဲ့ပါတယ္။

“ဒီသူငယ္ခ်င္းနဲ႔ မေတြ႕တာ အရမ္းၾကာခဲ့ပါၿပီ။ ဒီလိုကိစၥမ်ိဳးနဲ႔မွ ေတြ႕ရတဲ့အတြက္လည္း စိတ္ကသိကေအာက္ ျဖစ္ရပါတယ္။ အရိုးသားဆုံးေျပာရရင္ ဒီကိစၥေၾကာင့္ ကၽြန္ေတာ္လည္း စိတ္မခ်မ္းသာခဲ့ရပါဘူး။ ေန႔တိုင္းပဲ တစ္ေန႔ကို အႀကိမ္ေပါင္းမ်ားစြာ ငါ .. ဘာျဖစ္လို႔ အဲ့လိုလူ ျဖစ္ခဲ့ရတာလည္းဆိုၿပီး ေနာင္တေတြ ရေနခဲ့တာပါ” လို႔ Taeyong က ေျပာပါတယ္။

ဒီလိုနဲ႔ သူတို႔ႏွစ္ေယာက္ ႏွစ္နာရီေက်ာ္ေလာက္ စကားေတြေျပာေနခဲ့ၾကၿပီးေနာက္မွာ စိတ္ရင္းနဲ႔ ေတာင္းပန္ေနတဲ့ Taeyong ရဲ႕ ခံစားခ်က္ကို ျမင္လိုက္ရတာေၾကာင့္ တစ္ဘက္ကလည္း ခြင့္လႊတ္ေပးလိုက္ပါတယ္။ Taeyong ကေတာ့ “အဲ့ဒီ့အခ်ိန္တုန္းက ကၽြန္ေတာ္ဟာ ခံစားခ်က္ေတြကို ထုတ္ေဖာ္ရာမွာ အေတာ္ေလး ည့ံဖ်င္းခဲ့ပါတယ္။ ကၽြန္ေတာ္ ငယ္ငယ္တုန္းက မစဥ္းစား၊ မဆင္ျခင္ဘဲ လုပ္ခဲ့မိတဲ့ အျပဳအမူေတြ၊ အမွားေတြအတြက္ စိတ္ရင္းနဲ႔ ေတာင္းပန္ပါတယ္” လို႔ ေျပာခဲ့ပါတယ္။

ဒီကိစၥနဲ႔ ပတ္သက္ၿပီး SM Entertainment ကလည္း အခုလို မွတ္ခ်က္ေပးထားပါတယ္။

“အခုေလးတင္ပဲ Taeyong ဟာ သူငယ္ငယ္တုန္းက မသိမိုက္မွားၿပီး လုပ္ခဲ့ဖူးတဲ့အရာေတြအတြက္ အလယ္တန္းေက်ာင္းတုန္းက သူ႔သူငယ္ခ်င္းကို လူကိုယ္တိုင္ေတြ႕ၿပီး ေတာင္းပန္လိုက္ပါၿပီ။

တစ္ဖက္ကလည္း Taeyong ရဲ႕ ေတာင္းပန္တာကို လက္ခံလိုက္ပါတယ္။ သူငယ္ခ်င္းႏွစ္ေယာက္ တစ္ေယာက္ရဲ႕အနာဂတ္ေတြကို တစ္ေယာက္က ဆုေတာင္းေပးခဲ့ၾကပါတယ္။

ဒါ့အျပင္ ဆက္သြယ္လို႔ မရႏိုင္တဲ့ သူ႔ရဲ႕ေနာက္ထပ္သူငယ္ခ်င္းတစ္ေယာက္ကိုလည္း Taeyong က ေနာင္တရေၾကာင္း ေျပာထားပါေသးတယ္။

Taeyong ဟာ သူ႔ရဲ႕အတိတ္ေတြကို ေမ့ေဖ်ာက္ပစ္လိုက္မွာ မဟုတ္ပါဘူး။ တည္တည္ၿငိမ္ၿငိမ္နဲ႔ ရင့္က်က္ၿပီး ႏွိမ့္ခ်ဆက္ဆံတတ္တဲ့၊ အခုထက္ ပိုေကာင္းတဲ့ လူတစ္ေယာက္ ျဖစ္လာဖို႔ ဒီအတိတ္ေတြကေန သင္ခန္းစာယူသြားမွာပါ။”

LaNina

Ref: koreaboo

(ဆံရစ္ဝိုင္းမီဒီယာစာမ်က္ႏွာေပၚတြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို ခြင့္ျပဳခ်က္ တစ္စုံတစ္ရာ မရရွိဘဲ မိမိတို႔ကိုယ္က်ိဳးအတြက္ ကူးယူသုံးစြဲျခင္း မျပဳလုပ္ၾကပါရန္ သတိေပးအပ္ပါသည္။)

 

 

RELATED ARTICLES

Most Popular