HomeEntertainmentFilmLee Dong Wook နဲ့ Kim Bum တို့ကို ဂူမီဟိုညီအစ်ကိုအဖြစ် ကြည့်ရှုရမယ့် ဒရာမာအသစ်

Lee Dong Wook နဲ့ Kim Bum တို့ကို ဂူမီဟိုညီအစ်ကိုအဖြစ် ကြည့်ရှုရမယ့် ဒရာမာအသစ်

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

tvN ရုပ်သံလိုင်းရဲ့ ဗုဒ္ဓဟူး-ကြာသပတေးနေ့ အချိန်ဇယားမှာ ထုတ်လွှင့်ပြသသွားမယ့် ဒရာမာအသစ်မှာတော့ မင်းသားချော Lee Dong Wook နဲ့ F4 ထဲက မင်းသားချော Kim Bum တို့ရဲ့ အပြိုင်သရုပ်ဆောင်မှုကို တွေ့မြင်ကြရမှာ ဖြစ်ပါတယ်။

Tale of the Nine Tailed လို့ အမည်ပေးထားတဲ့ ဒရာမာအသစ်မှာ Lee Dong Wook ၊ Kim Bum နဲ့ Jo Bo Ah တို့က အဓိက ပါဝင်သရုပ်ဆောင်သွားကြမှာ ဖြစ်ပါတယ်။ ဒီဒရာမာထဲမှာတော့ Lee Dong Wook ဟာ ဒဏ္ဍာရီထဲက အမြီးကိုးချောင်းရှိတဲ့ မြေခွေး Yi Yeon အဖြစ် သရုပ်ဆောင်ထားပြီး Jo Bo Ah ကတော့ အကြောက်တရားကင်းမဲ့ပြီး အမြီးကိုးချောင်းမြေခွေးကို လိုက်လံရှာဖွေနေတဲ့ ပီဒီမလေးတစ်ယောက်အဖြစ် သရုပ်ဆောင်ထားပါတယ်။ Kim Bum ကတော့ Yi Yeon နဲ့ ညီအစ်ကိုတော်စပ်ပြီး လူသားတစ်ဝက်၊ ဂူမီဟိုတစ်ဝက် စပ်ပြီး မွေးဖွားလာသူ Yi Rang ရဲ့နေရာကနေ သရုပ်ဆောင်ထားပါတယ်။

Photo via mydramalist

Lee Dong Wook ရဲ့ဇာတ်ကောင် Yi Yeon ဟာ ယခင်က ဘတ်ဒူဒယ်ဂန်တောင်ရဲ့ အစောင့်အရှောက်ဝိဉာဉ် ဖြစ်ခဲ့ပြီး ယခုအခါမှာ မြို့ပြမှာ အခြေချနေထိုင်နေသူ ဖြစ်ပါတယ်။ Yi Yeon ဟာ သက်ရှိလူသားတွေ နေထိုင်ရာ ကမ္ဘာမြေနဲ့ မြေအောက်ကမ္ဘာကို တစ်လှည့်စီ သွားလာနေရသူဖြစ်ပြီး လူသားတွေကို နှောင့်ယှက်တဲ့ မိစ္ဆာကောင်တွေကို အပြစ်ပေးဖို့အတွက် စီရင်ချက်ချပေးရသူလည်း ဖြစ်ပါတယ်။

Yi Yeon ရဲ့ညီအစ်ကိုတော်စပ်သူ Yi Rang ကတော့ လူသားတစ်ဝက်၊ ဂူမီဟိုတစ်ဝက်ဖြစ်ပြီး စိတ်အပြောင်းအလဲမြန်တတ်တဲ့ အန္တရာယ်ရှိသူတစ်ယောက် ဖြစ်ပါတယ်။

Photo via mydramalist

မကြာခင်မှာ စတင်ထုတ်လွှင့်တော့မယ့် ဒရာမာအတွက် ပိုစတာအသစ် ထွက်ရှိလာရာမှာတော့ Yi Yeon နဲ့ Yi Rang တို့ ညီအစ်ကိုနှစ်ယောက်ရဲ့ မျက်နှာချင်းဆိုင်လျက် တင်းမာမှုအနေအထားကို တွေ့ရမှာဖြစ်ပါတယ်။ ပိုစတာမှာ တွေ့ရှိရတဲ့ အနေအထားအရ ညီအစ်ကိုနှစ်ယောက်စလုံးဟာ ဘယ်သူကမှ နောက်ဆုတ်မှာ မဟုတ်ဘဲ အချေအတင် ပြိုင်ဆိုင်ကြမယ့် သဘောမှာ ရှိပါတယ်။ ပိုစတာမှာတော့ “ငါ ငရဲကိုသွားမလို့။ သေချာပေါက် မင်းနဲ့အတူ သွားမှာ…” ဆိုပြီး ရေးသားထားတဲ့ စာကြောင်းလည်း ပါရှိပါတယ်။

ရိုက်ကူးရေးအဖွဲ့သားတွေကတော့ “ခန့်ငြားတဲ့အသွင်နဲ့ ညီအစ်ကိုနှစ်ယောက်ကြားက ယှဉ်ပြိုင်မှုတွေနဲ့ သူတို့နှစ်ယောက်ရဲ့ ဝမ်းနည်းစရာအတိတ်ဇာတ်ကြောင်းတွေကို ကြည့်ရှုရမယ့် ဒီဇာတ်ကားကို စောင့်ကြည့်အားပေးကြပါဦး…” လို့ ဆိုထားပါတယ်။

Photo via soompi

Tale of the Nine Tailed ဒရာမာအသစ်ကိုတော့ လာမယ့်အောက်တိုဘာလ (၇)ရက်နေ့က စတင်ပြီး tvN ရုပ်သံလိုင်းကနေ ထုတ်လွှင့်သွားမှာ ဖြစ်ပါတယ်။ ထုတ်လွှင့်မယ့်အချိန်ကတော့ ဗုဒ္ဓဟူး-ကြာသပတေးနေ့တိုင်းမှာ ကိုရီးယားစံတော်ချိန် ည(၁၀:၃၀)နာရီအချိန် ဖြစ်ပါတယ်။

Glasgow

Source: soompi

(Zawgyi Version)

tvN ႐ုပ္သံလိုင္းရဲ႕ ဗုဒၶဟူး-ၾကာသပေတးေန႔ အခ်ိန္ဇယားမွာ ထုတ္လႊင့္ျပသသြားမယ့္ ဒရာမာအသစ္မွာေတာ့ မင္းသားေခ်ာ Lee Dong Wook နဲ႔ F4 ထဲက မင္းသားေခ်ာ Kim Bum တို႔ရဲ႕ အၿပိဳင္သ႐ုပ္ေဆာင္မႈကို ေတြ႕ျမင္ၾကရမွာ ျဖစ္ပါတယ္။

Tale of the Nine Tailed လို႔ အမည္ေပးထားတဲ့ ဒရာမာအသစ္မွာ Lee Dong Wook ၊ Kim Bum နဲ႔ Jo Bo Ah တို႔က အဓိက ပါဝင္သ႐ုပ္ေဆာင္သြားၾကမွာ ျဖစ္ပါတယ္။ ဒီဒရာမာထဲမွာေတာ့ Lee Dong Wook ဟာ ဒ႑ာရီထဲက အၿမီးကိုးေခ်ာင္းရွိတဲ့ ေျမေခြး Yi Yeon အျဖစ္ သ႐ုပ္ေဆာင္ထားၿပီး Jo Bo Ah ကေတာ့ အေၾကာက္တရားကင္းမဲ့ၿပီး အၿမီးကိုးေခ်ာင္းေျမေခြးကို လိုက္လံရွာေဖြေနတဲ့ ပီဒီမေလးတစ္ေယာက္အျဖစ္ သ႐ုပ္ေဆာင္ထားပါတယ္။ Kim Bum ကေတာ့ Yi Yeon နဲ႔ ညီအစ္ကိုေတာ္စပ္ၿပီး လူသားတစ္ဝက္၊ ဂူမီဟိုတစ္ဝက္ စပ္ၿပီး ေမြးဖြားလာသူ Yi Rang ရဲ႕ေနရာကေန သ႐ုပ္ေဆာင္ထားပါတယ္။

Photo via mydramalist

Lee Dong Wook ရဲ႕ဇာတ္ေကာင္ Yi Yeon ဟာ ယခင္က ဘတ္ဒူဒယ္ဂန္ေတာင္ရဲ႕ အေစာင့္အေရွာက္ဝိဉာဥ္ ျဖစ္ခဲ့ၿပီး ယခုအခါမွာ ၿမိဳ႕ျပမွာ အေျခခ်ေနထိုင္ေနသူ ျဖစ္ပါတယ္။ Yi Yeon ဟာ သက္ရွိလူသားေတြ ေနထိုင္ရာ ကမာၻေျမနဲ႔ ေျမေအာက္ကမာၻကို တစ္လွည့္စီ သြားလာေနရသူျဖစ္ၿပီး လူသားေတြကို ေႏွာင့္ယွက္တဲ့ မိစာၦေကာင္ေတြကို အျပစ္ေပးဖို႔အတြက္ စီရင္ခ်က္ခ်ေပးရသူလည္း ျဖစ္ပါတယ္။

Yi Yeon ရဲ႕ညီအစ္ကိုေတာ္စပ္သူ Yi Rang ကေတာ့ လူသားတစ္ဝက္၊ ဂူမီဟိုတစ္ဝက္ျဖစ္ၿပီး စိတ္အေျပာင္းအလဲျမန္တတ္တဲ့ အႏၲရာယ္ရွိသူတစ္ေယာက္ ျဖစ္ပါတယ္။

Photo via mydramalist

မၾကာခင္မွာ စတင္ထုတ္လႊင့္ေတာ့မယ့္ ဒရာမာအတြက္ ပိုစတာအသစ္ ထြက္ရွိလာရာမွာေတာ့ Yi Yeon နဲ႔ Yi Rang တို႔ ညီအစ္ကိုႏွစ္ေယာက္ရဲ႕ မ်က္ႏွာခ်င္းဆိုင္လ်က္ တင္းမာမႈအေနအထားကို ေတြ႕ရမွာျဖစ္ပါတယ္။ ပိုစတာမွာ ေတြ႕ရွိရတဲ့ အေနအထားအရ ညီအစ္ကိုႏွစ္ေယာက္စလုံးဟာ ဘယ္သူကမွ ေနာက္ဆုတ္မွာ မဟုတ္ဘဲ အေခ်အတင္ ၿပိဳင္ဆိုင္ၾကမယ့္ သေဘာမွာ ရွိပါတယ္။ ပိုစတာမွာေတာ့ “ငါ ငရဲကိုသြားမလို႔။ ေသခ်ာေပါက္ မင္းနဲ႔အတူ သြားမွာ…” ဆိုၿပီး ေရးသားထားတဲ့ စာေၾကာင္းလည္း ပါရွိပါတယ္။

႐ိုက္ကူးေရးအဖြဲ႕သားေတြကေတာ့ “ခန႔္ျငားတဲ့အသြင္နဲ႔ ညီအစ္ကိုႏွစ္ေယာက္ၾကားက ယွဥ္ၿပိဳင္မႈေတြနဲ႔ သူတို႔ႏွစ္ေယာက္ရဲ႕ ဝမ္းနည္းစရာအတိတ္ဇာတ္ေၾကာင္းေတြကို ၾကည့္ရႈရမယ့္ ဒီဇာတ္ကားကို ေစာင့္ၾကည့္အားေပးၾကပါဦး…” လို႔ ဆိုထားပါတယ္။

Photo via soompi

Tale of the Nine Tailed ဒရာမာအသစ္ကိုေတာ့ လာမယ့္ေအာက္တိုဘာလ (၇)ရက္ေန႔က စတင္ၿပီး tvN ႐ုပ္သံလိုင္းကေန ထုတ္လႊင့္သြားမွာ ျဖစ္ပါတယ္။ ထုတ္လႊင့္မယ့္အခ်ိန္ကေတာ့ ဗုဒၶဟူး-ၾကာသပေတးေန႔တိုင္းမွာ ကိုရီးယားစံေတာ္ခ်ိန္ ည(၁၀:၃၀)နာရီအခ်ိန္ ျဖစ္ပါတယ္။

Glasgow

Source: soompi

RELATED ARTICLES

Most Popular