HomeDramaPark Min Young နဲ့ Song Kang တို့ ဦးဆောင်ပါဝင်သွားမယ့် ရိုမန့်စ်ဒရာမာအသစ်

Park Min Young နဲ့ Song Kang တို့ ဦးဆောင်ပါဝင်သွားမယ့် ရိုမန့်စ်ဒရာမာအသစ်

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

JTBC ရုပ်သံလိုင်းဟာ ပရိသတ်အချစ်တော် သရုပ်ဆောင်တွေဖြစ်တဲ့ Park Min Young နဲ့ Song Kang တို့ ဦးဆောင် ပါဝင်သွားမယ့် ရိုမန့်စ် ဒရာမာအသစ်တစ်ခုကို ရိုက်ကူးတင်ဆက်တော့မှာ ဖြစ်ပါတယ်။ ဒရာမာရဲ့ အမည်ကတော့ “Cruel Story of Office Romance” လို့ သိရပြီး ပါဝင်မယ့် သရုပ်ဆောင်တွေကိုလည်း အတည်ပြုပြီး ဖြစ်ပါတယ်။

ဒီဒရာမာလေးကတော့ ကိုရီးယားနိုင်ငံရဲ့ မိုးလေဝသဌာနမှာ အလုပ်လုပ်နေကြတဲ့ လူတွေကြားက အချစ်ဇာတ်လမ်းနဲ့ နေ့စဉ် လူမှုဘဝတွေအကြောင်းကို ရိုက်ကူး ပြသသွားမှာ ဖြစ်ပါတယ်။ အဓိက ပါဝင်သွားမယ့် သရုပ်ဆောင်တွေကတော့ Park Min Young ၊ Song Kang ၊ Girl’s Day အဖွဲ့က Yura နဲ့ Yoon Park တို့ ဖြစ်ပါတယ်။ ဒီဇာတ်လမ်းတွဲကို တာဝန်ယူ ရိုက်ကူးပေးမယ့် ဒါရိုက်တာကတော့ “When the Camellia Blooms” ဒရာမာကို ရိုက်ကူးပေးခဲ့တဲ့ ဒါရိုက်တာ Cha Young Hoon ဖြစ်ပါတယ်။

Photo: rachel_mypark/ Instagram

Park Min Young သရုပ်ဆောင်မယ့် ကာရိုက်တာကတော့ အေးတိအေးစက်နဲ့ ခပ်တည်တည် နေတတ်တဲ့ ကောင်မလေး Jin Ha Kyung ဖြစ်ပါတယ်။ Jin Ha Kyung ကတော့ ဉာဏ်ကောင်းသူ ဖြစ်သလို အစီအစဉ်တကျ စာအုပ်ကြီးအတိုင်း လုပ်ဆောင်တတ်သူပါ။ ဒါ့အပြင် သူမရဲ့ အလုပ်နဲ့ ကိုယ်ရေးကိုယ်တာကို သပ်သပ်စီ ခွဲခြားတတ်သူ ဖြစ်ပြီး အင်မတန် အသေးစိတ် တိကျသူလည်း ဖြစ်ပါတယ်။ သူမရဲ့ အေးစက်စက် အပြုအမူတွေကြောင့် အလုပ်မှာလည်း အသိမိတ်ဆွေ သိပ်မရှိဘဲ တစ်ကိုယ်တည်း ခွဲထွက်နေသူ ဖြစ်ပါတယ်။

Photo: songkang_b/ Instagram

Song Kang သရုပ်ဆောင်မယ့် Lee Si Woo ဆိုတဲ့ ကာရိုက်တာကတော့ လွတ်လွတ်လပ်လပ် ပေါ့ပေါ့ပါးပါး နေထိုင်တတ်ပြီး စည်းတွေ၊ ဘောင်တွေ အပြင်ဘက်က တွေးခေါ် နေထိုင်တတ်သူ ဖြစ်ပါတယ်။ Lee Si Woo ဟာ အပြင်ပန်း ကြည့်ရင်တော့ ပေါ့ပျက်ပျက်လို့ ထင်ရပေမယ့် အထင်ကြီးစရာကောင်းလောက်အောင်ပဲ IQ 150 ရှိသူ ဖြစ်ပါတယ်။ ဒါကြောင့်ပဲ သူ့စိတ်အာရုံ နှစ်လိုက်ပြီဆိုတာနဲ့ ဘယ်အရာကိုမဆို ရယူနိုင်သူလည်း ဖြစ်ပါတယ်။ သို့သော်လည်း သူနဲ့ ပတ်သက်တဲ့ ထူးခြားချက်တော့ ဉာဏ်ကောင်းလွန်းပြီး လုပ်နိုင်စွမ်းတွေ ရှိနေပေမယ့် သူ တကယ် စိတ်ဝင်စားတာဟာ မိုးလေဝသပဲ ဖြစ်ပါတယ်။

Photo: yoon.bak/ Instagram

Yoon Park ကတော့ Han Ki Joon ဆိုတဲ့ နေရာကနေ သရုပ်ဆောင်မှာပါ။ Han Ki Joon ကတော့ ရုပ်ရည်ချောမောပြေပြစ်ပြီး အကင်းပါးသူ ဖြစ်သလို အပြောချိုချိုနဲ့ လူတစ်ယောက်ကို သိမ်းသွင်းတတ်သူလည်း ဖြစ်ပါတယ်။ ဒီလို ဆွဲဆောင်နိုင်စွမ်းတွေကြောင့်ပဲ သူဟာ အစပိုင်းနေ့ရက်တွေမှာ ခက်ခက်ခဲခဲ ရုန်းကန်ခဲ့ရပေမယ့် အဆုံးမှာတော့ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ်ရဲ့ ရုံးခန်းမှာ လုပ်ကိုင်ဖို့ ရွေးချယ်ခံလိုက်ရပါတယ်။

Photo: yura_936/ Instagram

Girl’s Day ရဲ့ Yura ကတော့ နေ့စဉ် မိုးလေဝသအခြေအနေကို ကြေညာပေးရတဲ့ သတင်းကြေညာသူ Chae Yoo Jin အဖြစ် သရုပ်ဆောင်သွားမှာပါ။ တကယ်တော့ Chae Yoo Jin ဟာ မှုခင်းသတင်းတွေ၊ အရေးပေါ် သတင်းတွေလို စိတ်လှုပ်ရှားစရာ သတင်းတွေရဲ့ တင်ဆက်သူအဖြစ် အိပ်မက်မက်ခဲ့ပေမယ့် မိုးလေဝသ သတင်းကြေညာသူအဖြစ် ခန့်အပ်ခံလိုက်ရတာ ဖြစ်ပါတယ်။ သူမဟာ အစပိုင်းတုန်းကတော့ ဒီနေရာမှာ လုပ်ကိုင်ဖို့ စိတ်ပျက်ခဲ့ပေမယ့် တဖြည်းဖြည်း အသားကျလာတာနဲ့အမျှ သူမရဲ့အလုပ်ကို နှစ်သက်လာပါတော့တယ်။

ဒီဒရာမာကိုတော့ ယခုနှစ် နွေရာသီမှာ ရိုက်ကူးသွားမှာ ဖြစ်ပြီး လာမယ့်နှစ် အစောပိုင်းမှာ ထုတ်လွှင့်ပြသဖို့ လျာထားတယ်လို့ သိရပါတယ်။

Glasgow

Source: soompi

 (Zawgyi Version)

JTBC ႐ုပ္သံလိုင္းဟာ ပရိသတ္အခ်စ္ေတာ္ သ႐ုပ္ေဆာင္ေတြျဖစ္တဲ့ Park Min Young နဲ႔ Song Kang တို႔ ဦးေဆာင္ ပါဝင္သြားမယ့္ ႐ိုမန႔္စ္ ဒရာမာအသစ္တစ္ခုကို ႐ိုက္ကူးတင္ဆက္ေတာ့မွာ ျဖစ္ပါတယ္။ ဒရာမာရဲ႕ အမည္ကေတာ့ “Cruel Story of Office Romance” လို႔ သိရၿပီး ပါဝင္မယ့္ သ႐ုပ္ေဆာင္ေတြကိုလည္း အတည္ျပဳၿပီး ျဖစ္ပါတယ္။

ဒီဒရာမာေလးကေတာ့ ကိုရီးယားႏိုင္ငံရဲ႕ မိုးေလဝသဌာနမွာ အလုပ္လုပ္ေနၾကတဲ့ လူေတြၾကားက အခ်စ္ဇာတ္လမ္းနဲ႔ ေန႔စဥ္ လူမႈဘဝေတြအေၾကာင္းကို ႐ိုက္ကူး ျပသသြားမွာ ျဖစ္ပါတယ္။ အဓိက ပါဝင္သြားမယ့္ သ႐ုပ္ေဆာင္ေတြကေတာ့ Park Min Young ၊ Song Kang ၊ Girl’s Day အဖြဲ႕က Yura နဲ႔ Yoon Park တို႔ ျဖစ္ပါတယ္။ ဒီဇာတ္လမ္းတြဲကို တာဝန္ယူ ႐ိုက္ကူးေပးမယ့္ ဒါ႐ိုက္တာကေတာ့ “When the Camellia Blooms” ဒရာမာကို ႐ိုက္ကူးေပးခဲ့တဲ့ ဒါ႐ိုက္တာ Cha Young Hoon ျဖစ္ပါတယ္။

Photo: rachel_mypark/ Instagram

Park Min Young သ႐ုပ္ေဆာင္မယ့္ ကာ႐ိုက္တာကေတာ့ ေအးတိေအးစက္နဲ႔ ခပ္တည္တည္ ေနတတ္တဲ့ ေကာင္မေလး Jin Ha Kyung ျဖစ္ပါတယ္။ Jin Ha Kyung ကေတာ့ ဉာဏ္ေကာင္းသူ ျဖစ္သလို အစီအစဥ္တက် စာအုပ္ႀကီးအတိုင္း လုပ္ေဆာင္တတ္သူပါ။ ဒါ့အျပင္ သူမရဲ႕ အလုပ္နဲ႔ ကိုယ္ေရးကိုယ္တာကို သပ္သပ္စီ ခြဲျခားတတ္သူ ျဖစ္ၿပီး အင္မတန္ အေသးစိတ္ တိက်သူလည္း ျဖစ္ပါတယ္။ သူမရဲ႕ ေအးစက္စက္ အျပဳအမူေတြေၾကာင့္ အလုပ္မွာလည္း အသိမိတ္ေဆြ သိပ္မရွိဘဲ တစ္ကိုယ္တည္း ခြဲထြက္ေနသူ ျဖစ္ပါတယ္။

Photo: songkang_b/ Instagram

Song Kang သ႐ုပ္ေဆာင္မယ့္ Lee Si Woo ဆိုတဲ့ ကာ႐ိုက္တာကေတာ့ လြတ္လြတ္လပ္လပ္ ေပါ့ေပါ့ပါးပါး ေနထိုင္တတ္ၿပီး စည္းေတြ၊ ေဘာင္ေတြ အျပင္ဘက္က ေတြးေခၚ ေနထိုင္တတ္သူ ျဖစ္ပါတယ္။ Lee Si Woo ဟာ အျပင္ပန္း ၾကည့္ရင္ေတာ့ ေပါ့ပ်က္ပ်က္လို႔ ထင္ရေပမယ့္ အထင္ႀကီးစရာေကာင္းေလာက္ေအာင္ပဲ IQ 150 ရွိသူ ျဖစ္ပါတယ္။ ဒါေၾကာင့္ပဲ သူ႔စိတ္အာ႐ုံ ႏွစ္လိုက္ၿပီဆိုတာနဲ႔ ဘယ္အရာကိုမဆို ရယူႏိုင္သူလည္း ျဖစ္ပါတယ္။ သို႔ေသာ္လည္း သူနဲ႔ ပတ္သက္တဲ့ ထူးျခားခ်က္ေတာ့ ဉာဏ္ေကာင္းလြန္းၿပီး လုပ္ႏိုင္စြမ္းေတြ ရွိေနေပမယ့္ သူ တကယ္ စိတ္ဝင္စားတာဟာ မိုးေလဝသပဲ ျဖစ္ပါတယ္။

Photo: yoon.bak/ Instagram

Yoon Park ကေတာ့ Han Ki Joon ဆိုတဲ့ ေနရာကေန သ႐ုပ္ေဆာင္မွာပါ။ Han Ki Joon ကေတာ့ ႐ုပ္ရည္ေခ်ာေမာေျပျပစ္ၿပီး အကင္းပါးသူ ျဖစ္သလို အေျပာခ်ိဳခ်ိဳနဲ႔ လူတစ္ေယာက္ကို သိမ္းသြင္းတတ္သူလည္း ျဖစ္ပါတယ္။ ဒီလို ဆြဲေဆာင္ႏိုင္စြမ္းေတြေၾကာင့္ပဲ သူဟာ အစပိုင္းေန႔ရက္ေတြမွာ ခက္ခက္ခဲခဲ ႐ုန္းကန္ခဲ့ရေပမယ့္ အဆုံးမွာေတာ့ ေျပာေရးဆိုခြင့္ရပုဂၢိဳလ္ရဲ႕ ႐ုံးခန္းမွာ လုပ္ကိုင္ဖို႔ ေ႐ြးခ်ယ္ခံလိုက္ရပါတယ္။

Photo: yura_936/ Instagram

Girl’s Day ရဲ႕ Yura ကေတာ့ ေန႔စဥ္ မိုးေလဝသအေျခအေနကို ေၾကညာေပးရတဲ့ သတင္းေၾကညာသူ Chae Yoo Jin အျဖစ္ သ႐ုပ္ေဆာင္သြားမွာပါ။ တကယ္ေတာ့ Chae Yoo Jin ဟာ မႈခင္းသတင္းေတြ၊ အေရးေပၚ သတင္းေတြလို စိတ္လႈပ္ရွားစရာ သတင္းေတြရဲ႕ တင္ဆက္သူအျဖစ္ အိပ္မက္မက္ခဲ့ေပမယ့္ မိုးေလဝသ သတင္းေၾကညာသူအျဖစ္ ခန႔္အပ္ခံလိုက္ရတာ ျဖစ္ပါတယ္။ သူမဟာ အစပိုင္းတုန္းကေတာ့ ဒီေနရာမွာ လုပ္ကိုင္ဖို႔ စိတ္ပ်က္ခဲ့ေပမယ့္ တျဖည္းျဖည္း အသားက်လာတာနဲ႔အမွ် သူမရဲ႕အလုပ္ကို ႏွစ္သက္လာပါေတာ့တယ္။

ဒီဒရာမာကိုေတာ့ ယခုႏွစ္ ေႏြရာသီမွာ ႐ိုက္ကူးသြားမွာ ျဖစ္ၿပီး လာမယ့္ႏွစ္ အေစာပိုင္းမွာ ထုတ္လႊင့္ျပသဖို႔ လ်ာထားတယ္လို႔ သိရပါတယ္။

Glasgow

Source: soompi

 

RELATED ARTICLES

Most Popular