HomeDramaပရိသတ်အချစ်တော်(၄)ယောက်ကို အတူတွေ့ရမယ့် ဒရာမာအသစ် Our Blues

ပရိသတ်အချစ်တော်(၄)ယောက်ကို အတူတွေ့ရမယ့် ဒရာမာအသစ် Our Blues

ဒရာမာလောကမှာ ပရိသတ်အခိုင်အမာ ရရှိထားတဲ့ ကိုရီးယားသရုပ်ဆောင် (၄)ယောက်ကိုတော့ Our Blues ဆိုတဲ့ ဇာတ်လမ်းတွဲအသစ်မှာ အတူတကွ မြင်တွေ့ရတော့မှာ ဖြစ်ပါတယ်။ ဒီဇာတ်လမ်းကိုတော့ ဂျယ်ဂျူးကျွန်းမှာ အခြေတည်ထားပြီး မတူညီတဲ့ ဇာတ်ကောင်တစ်ယောက်ချင်းစီရဲ့ ပျော်ရွှင်စရာ၊ ဝမ်းနည်းစရာ၊ ခါးသီးစရာ အခိုက်အတန့်တွေကို ပုံဖော်ပြသသွားမှာ ဖြစ်ပါတယ်။

ဒီဒရာမာထဲမှာတော့ နာမည်ကျော်သရုပ်ဆောင်တွေ ဖြစ်ကြတဲ့ Lee Byung Hun ၊ Shin Min Ah ၊ Han Ji Min နဲ့ Kim Woo Bin တို့က အဓိက ပါဝင်ထားပါတယ်။ Lee Byung Hun ကတော့ Lee Dong Suk ဆိုတဲ့ ဇာတ်ကောင်ကနေ သရုပ်ဆောင်ထားပါတယ်။ သူ့ရဲ့ ကာရိုက်တာကတော့ ဂျယ်ဂျူးကျွန်းရဲ့ တောရွာဘက်မှာ မွေးဖွားကြီးပြင်းလာသူ ဖြစ်ကာ စျေးရောင်းပြီး အသက်မွေးသူ ဖြစ်ပါတယ်။

Photo via soompi

Shin Min Ah ကတော့ Min Sun Ah ဆိုတဲ့ မိန်းကလေးတစ်ယောက်နေရာက သရုပ်ဆောင်ထားပြီး သူမဟာ ဂျယ်ဂျူးကျွန်းကို အခုမှ ရောက်ရှိလာတဲ့ လျှို့ဝှက်ချက်နဲ့ မိန်းကလေးတစ်ယောက် ဖြစ်ပါတယ်။ Han Ji Min ကတော့ Lee Young Ok ဆိုတဲ့ မိန်းကလေးနေရာက သရုပ်ဆောင်ထားပါတယ်။ Lee Young Ok ကတော့ ရေငုပ်သမားတစ်ယောက် ဖြစ်ပြီး တက်တက်ကြွကြွ နေထိုင်တတ်သူ ဖြစ်ပေမယ့် ပတ်ဝန်းကျင်မှာ ကောလာဟလတွေ အပြောခံရသူလည်း ဖြစ်ပါတယ်။

Photo via allkpop

Kim Woo Bin ကတော့ သင်္ဘောကပ္ပတိန် Park Jung Joon အဖြစ် သရုပ်ဆောင်ထားပါတယ်။ Park Jung Joon ကတော့ စိတ်ထားနူးညံ့ နွေးထွေးသူ ဖြစ်ပြီး Lee Young Ok နဲ့ တွေ့ပြီးနောက် သူမကို မေတ္တာသက်ဝင်နေသူလည်း ဖြစ်ပါတယ်။ ဒီဇာတ်လမ်းတွဲထဲမှာတော့ နာမည်ကျော် မင်းသား၊မင်းသမီး (၄)ယောက်အပြင် တကယ့် နာမည်ကြီးဇာတ်ပို့ သရုပ်ဆောင်တွေလည်း ပါဝင်ထားပါသေးတယ်။

Photo via soompi

အဲဒါကတော့ Cha Seung Won နဲ့ မင်းသမီးကြီး Lee Jung Eun တို့ပဲ ဖြစ်ပါတယ်။ Cha Seung Won ကတော့ မြို့မှာ နေထိုင်နေရာက မွေးရပ်မြေ ဂျယ်ဂျူးကို ပြန်လာတဲ့ Choi Han Soo အဖြစ် သရုပ်ဆောင်ထားပါတယ်။ Parasite ရုပ်ရှင်နဲ့ နာမည်ကျော်လာတဲ့ မင်းသမီးကြီး Lee Jung Eun ကတော့ ငါးအရောင်းဆိုင်ပိုင်ရှင် Jung Eun Hee အဖြစ် သရုပ်ဆောင်ထားပါတယ်။

Our Blues ရဲ့ ပထမဆုံး teaser ကတော့ ယနေ့ ဖေဖော်ဝါရီလ(၂၅)ရက်နေ့မှာ ထွက်ရှိလာပြီး ကာရိုက်တာတွေရဲ့ သဘောသဘာဝကို အနည်းငယ် ပြသထားပါတယ်။ ဒီဇာတ်လမ်းတွဲမှာတော့ အပိုင်း(၂၀) ပါဝင်ပြီး တစ်ပိုင်းကို ကြာမြင့်ချိန် (၁)နာရီ (၁၀)မိနစ်ခန့် ရှိပါတယ်။ Our Blues ကိုတော့ လာမယ့် ဧပြီလ(၉)ရက်နေ့မှာ စတင်ထုတ်လွှင့် ပြသမှာ ဖြစ်ပါတယ်။

Glasgow

Source: soompi, mydramalist

RELATED ARTICLES

Most Popular