HomeEntertainmentMusic(၂၄)နာရီအတွင်း အသစ်ထွက်ရှိထားတဲ့ သီချင်းကောင်းနှစ်ပုဒ်

(၂၄)နာရီအတွင်း အသစ်ထွက်ရှိထားတဲ့ သီချင်းကောင်းနှစ်ပုဒ်

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

သီချင်းချစ်သူများအတွက် ဝမ်းသာစရာအနေနဲ့ ပြီးခဲ့တဲ့ (၂၄)နာရီအတွင်းမှာ အသစ်စက်စက် သီချင်းကောင်းနှစ်ပုဒ် ထွက်ရှိထားပါတယ်။ နိုင်ငံတကာ သီချင်းချစ်သူတွေရော၊ ကေပေါ့ပ်ချစ်သူတွေပါ နှစ်သက်မယ့် ဒီသီချင်းသစ် နှစ်ပုဒ်ကတော့ အောက်ပါအတိုင်းပါပဲ။

Billie Eilish – Lost Cause

ပထမတစ်ပုဒ်ကတော့ Billie Eilish ရဲ့ သီချင်းသစ် ဖြစ်ပြီး Lost Cause လို့ အမည်ရပါတယ်။ ဒီသီချင်းကတော့ Billie ရဲ့ အသစ်ထွက်ရှိလာမယ့် ဒုတိယမြောက် စတူဒီယိုအယ်လ်ဘမ် Happier Than Ever ထဲမှာ ပါဝင်မယ့် လေးပုဒ်မြောက် ဆင်ဂယ်လ်သီချင်းလည်း ဖြစ်ပါတယ်။

ဒီသီချင်းကိုတော့ ပြီးခဲ့တဲ့ ဇွန်လ(၂)ရက်နေ့ ညပိုင်းက music video နဲ့အတူ ထွက်ရှိလာတာ ဖြစ်ပါတယ်။ သီချင်းရဲ့ အဓိပ္ပာယ်ကတော့ သူမရဲ့ ရည်းစားဟောင်းကို ရည်ညွှန်းသီဆိုထားတာ ဖြစ်ပါတယ်။ “မင်းဟာ ငါ့အပိုင် ဖြစ်ပါစေလို့ ဆုတောင်းခဲ့ဖူးတယ်။ မင်းလို လူတစ်ယောက်လောက်ကတော့ အလွယ်လေး ရှာတွေ့နိုင်တယ်ဆိုတာ ငါ မသိခဲ့ချိန်ကပေါ့ … ” ဆိုတဲ့ စာသားတွေကတော့ သူမရဲ့ ရည်းစားဟောင်းကို ထေ့ငေါ့ထားတဲ့ စကားလုံးတွေနဲ့ ပြည့်နှက်နေပါတယ်။

Photo: billieeilish/ Instagram

MV ပုံစံကတော့ အိမ်ထဲမှာ သူငယ်ချင်းတွေနဲ့ ပါတီလုပ်ရင်း၊ ပျော်ပါးရင်း၊ ကခုန်ရင်းနဲ့ ရည်းစားဟောင်းဆိုတာ ဘာမှအရေးမပါတဲ့ အစိတ်အပိုင်းလေးသာ ဖြစ်ကြောင်း ပုံဖော်ထားပါတယ်။ ဂီတပုံစံကတော့ Jazz ဘက်နွယ်တဲ့ အမြောက်ပုံစံမျိုး ဖြစ်ပြီး ထုံးစံအတိုင်း အစ်ကိုဖြစ်သူ Finneas ကပဲ produce လုပ်ပေးထားပါတယ်။

MV ဟာ ထွက်ရှိထားတာ (၂၄)နာရီတောင် မပြည့်သေးပေမယ့်လည်း YouTube မှာတော့ ကြည့်ရှုနားဆင်သူ (၁၀)သန်းကျော်နေပြီ ဖြစ်ပါတယ်။

MAMAMOO – Where Are We Now

ဒုတိယတစ်ပုဒ်ကတော့ ကိုရီးယားသီချင်းတစ်ပုဒ် ဖြစ်ပြီး နာမည်ကျော် MAMAMOO အဖွဲ့ရဲ့ Where Are We Now လို့ အမည်ရပါတယ်။ ဒီသီချင်းလေးကတော့ မြူးကြွတဲ့ သံစဉ်တွေနဲ့ ကေပေါ့ပ်သီချင်းမျိုး မဟုတ်ဘဲ အဆိုဘက်ကို ဦးစားပေးထားတဲ့ R&B နဲ့ Ballad ရောထားတဲ့ သီချင်းတစ်ပုဒ် ဖြစ်ပါတယ်။

သီချင်းရဲ့ အဓိပ္ပာယ်ကတော့ တစ်သားတည်း အမြဲရှိနေခဲ့သူတွေ၊ အသက်တမျှ ချစ်ခင်ခဲ့သူတွေ၊ ခရီးရှည်ကြီးကို အတူထွက်လာကြတဲ့အခါ အခု ဘယ်ကိုရောက်ခဲ့ပြီလည်းဆိုတဲ့ အဓိပ္ပာယ်မျိုး ဖြစ်ပါတယ်။ သီချင်းရဲ့ စာသားတိုင်းကိုတော့ MAMAMOO ရဲ့ အားကောင်းတဲ့ အသံပါဝါတွေနဲ့ ခံစားသူရင်ထဲ တိုက်ရိုက်ရောက်သွားအောင် သီဆိုထားတာ တွေ့ရပါတယ်။

Photo: mamamoo_official/ Instagram

ယခု comeback အတွက် MAMAMOO က ပြောကြားထားချက်အရ ballad လို အနှေးတွေ ပိုလုပ်သွားဖို့ ရှိတယ်လို့ သိရပါတယ်။ အကြောင်းကတော့ အဖွဲ့ဝင်တွေအချင်းချင်းလည်း အားကောင်းတဲ့ ဆက်ဆံရေးနဲ့ ဖန်တီးနိုင်မှု စွမ်းအားတွေကို တည်ဆောက်ခဲ့ပြီးဖြစ်လို့ အခုအချိန်ဟာ ပိုရင့်ကျက်တဲ့ပုံစံကို ပြသဖို့ အချိန်ရောက်ပြီလို့ ဆိုထားပါတယ်။

MV ကတော့ သုံးထားတဲ့ အရောင်တွေနဲ့ ရိုက်ချက်တွေအရ လွမ်းဆွတ် တမ်းတဖွယ်ကောင်းတဲ့ ခံစားမှုကို ပေးစွမ်းပါတယ်။ ဇွန်လ(၂)ရက်နေ့ ညပိုင်းက ထွက်ရှိလာတဲ့ ဒီ MV ကတော့ လက်ရှိအချိန်ထိ YouTube မှာ ကြည့်ရှုခံစားသူ တစ်သန်းကျော် ရှိနေပြီ ဖြစ်ပါတယ်။

Linda December
(Zawgyi Version)

သီခ်င္းခ်စ္သူမ်ားအတြက္ ဝမ္းသာစရာအေနနဲ႔ ၿပီးခဲ့တဲ့ (၂၄)နာရီအတြင္းမွာ အသစ္စက္စက္ သီခ်င္းေကာင္းႏွစ္ပုဒ္ ထြက္ရွိထားပါတယ္။ ႏိုင္ငံတကာ သီခ်င္းခ်စ္သူေတြေရာ၊ ေကေပါ့ပ္ခ်စ္သူေတြပါ ႏွစ္သက္မယ့္ ဒီသီခ်င္းသစ္ ႏွစ္ပုဒ္ကေတာ့ ေအာက္ပါအတိုင္းပါပဲ။

Billie Eilish – Lost Cause

ပထမတစ္ပုဒ္ကေတာ့ Billie Eilish ရဲ႕ သီခ်င္းသစ္ ျဖစ္ၿပီး Lost Cause လို႔ အမည္ရပါတယ္။ ဒီသီခ်င္းကေတာ့ Billie ရဲ႕ အသစ္ထြက္ရွိလာမယ့္ ဒုတိယေျမာက္ စတူဒီယိုအယ္လ္ဘမ္ Happier Than Ever ထဲမွာ ပါဝင္မယ့္ ေလးပုဒ္ေျမာက္ ဆင္ဂယ္လ္သီခ်င္းလည္း ျဖစ္ပါတယ္။

ဒီသီခ်င္းကိုေတာ့ ၿပီးခဲ့တဲ့ ဇြန္လ(၂)ရက္ေန႔ ညပိုင္းက music video နဲ႔အတူ ထြက္ရွိလာတာ ျဖစ္ပါတယ္။ သီခ်င္းရဲ႕ အဓိပၸာယ္ကေတာ့ သူမရဲ႕ ရည္းစားေဟာင္းကို ရည္ၫႊန္းသီဆိုထားတာ ျဖစ္ပါတယ္။ “မင္းဟာ ငါ့အပိုင္ ျဖစ္ပါေစလို႔ ဆုေတာင္းခဲ့ဖူးတယ္။ မင္းလို လူတစ္ေယာက္ေလာက္ကေတာ့ အလြယ္ေလး ရွာေတြ႕ႏိုင္တယ္ဆိုတာ ငါ မသိခဲ့ခ်ိန္ကေပါ့ … ” ဆိုတဲ့ စာသားေတြကေတာ့ သူမရဲ႕ ရည္းစားေဟာင္းကို ေထ့ေငါ့ထားတဲ့ စကားလုံးေတြနဲ႔ ျပည့္ႏွက္ေနပါတယ္။

Photo: billieeilish/ Instagram

MV ပုံစံကေတာ့ အိမ္ထဲမွာ သူငယ္ခ်င္းေတြနဲ႔ ပါတီလုပ္ရင္း၊ ေပ်ာ္ပါးရင္း၊ ကခုန္ရင္းနဲ႔ ရည္းစားေဟာင္းဆိုတာ ဘာမွအေရးမပါတဲ့ အစိတ္အပိုင္းေလးသာ ျဖစ္ေၾကာင္း ပုံေဖာ္ထားပါတယ္။ ဂီတပုံစံကေတာ့ Jazz ဘက္ႏြယ္တဲ့ အေျမာက္ပုံစံမ်ိဳး ျဖစ္ၿပီး ထုံးစံအတိုင္း အစ္ကိုျဖစ္သူ Finneas ကပဲ produce လုပ္ေပးထားပါတယ္။

MV ဟာ ထြက္ရွိထားတာ (၂၄)နာရီေတာင္ မျပည့္ေသးေပမယ့္လည္း YouTube မွာေတာ့ ၾကည့္ရႈနားဆင္သူ (၁၀)သန္းေက်ာ္ေနၿပီ ျဖစ္ပါတယ္။

MAMAMOO – Where Are We Now

ဒုတိယတစ္ပုဒ္ကေတာ့ ကိုရီးယားသီခ်င္းတစ္ပုဒ္ ျဖစ္ၿပီး နာမည္ေက်ာ္ MAMAMOO အဖြဲ႕ရဲ႕ Where Are We Now လို႔ အမည္ရပါတယ္။ ဒီသီခ်င္းေလးကေတာ့ ျမဴးႂကြတဲ့ သံစဥ္ေတြနဲ႔ ေကေပါ့ပ္သီခ်င္းမ်ိဳး မဟုတ္ဘဲ အဆိုဘက္ကို ဦးစားေပးထားတဲ့ R&B နဲ႔ Ballad ေရာထားတဲ့ သီခ်င္းတစ္ပုဒ္ ျဖစ္ပါတယ္။

သီခ်င္းရဲ႕ အဓိပၸာယ္ကေတာ့ တစ္သားတည္း အၿမဲရွိေနခဲ့သူေတြ၊ အသက္တမွ် ခ်စ္ခင္ခဲ့သူေတြ၊ ခရီးရွည္ႀကီးကို အတူထြက္လာၾကတဲ့အခါ အခု ဘယ္ကိုေရာက္ခဲ့ၿပီလည္းဆိုတဲ့ အဓိပၸာယ္မ်ိဳး ျဖစ္ပါတယ္။ သီခ်င္းရဲ႕ စာသားတိုင္းကိုေတာ့ MAMAMOO ရဲ႕ အားေကာင္းတဲ့ အသံပါဝါေတြနဲ႔ ခံစားသူရင္ထဲ တိုက္႐ိုက္ေရာက္သြားေအာင္ သီဆိုထားတာ ေတြ႕ရပါတယ္။

Photo: mamamoo_official/ Instagram

ယခု comeback အတြက္ MAMAMOO က ေျပာၾကားထားခ်က္အရ ballad လို အေႏွးေတြ ပိုလုပ္သြားဖို႔ ရွိတယ္လို႔ သိရပါတယ္။ အေၾကာင္းကေတာ့ အဖြဲ႕ဝင္ေတြအခ်င္းခ်င္းလည္း အားေကာင္းတဲ့ ဆက္ဆံေရးနဲ႔ ဖန္တီးႏိုင္မႈ စြမ္းအားေတြကို တည္ေဆာက္ခဲ့ၿပီးျဖစ္လို႔ အခုအခ်ိန္ဟာ ပိုရင့္က်က္တဲ့ပုံစံကို ျပသဖို႔ အခ်ိန္ေရာက္ၿပီလို႔ ဆိုထားပါတယ္။

MV ကေတာ့ သုံးထားတဲ့ အေရာင္ေတြနဲ႔ ႐ိုက္ခ်က္ေတြအရ လြမ္းဆြတ္ တမ္းတဖြယ္ေကာင္းတဲ့ ခံစားမႈကို ေပးစြမ္းပါတယ္။ ဇြန္လ(၂)ရက္ေန႔ ညပိုင္းက ထြက္ရွိလာတဲ့ ဒီ MV ကေတာ့ လက္ရွိအခ်ိန္ထိ YouTube မွာ ၾကည့္ရႈခံစားသူ တစ္သန္းေက်ာ္ ရွိေနၿပီ ျဖစ္ပါတယ္။

Linda December

 

RELATED ARTICLES

Most Popular