HomeCelebs Update NewsKoreaSeohyun ရဲ႕Talent နဲ႔ အလွေရယာဥ္ေၾကာမွာ ေမ်ာပါသြားခဲ့ရတဲ့ ေျမာက္ကိုရီးယားႏိုင္ငံသားမ်ား

Seohyun ရဲ႕Talent နဲ႔ အလွေရယာဥ္ေၾကာမွာ ေမ်ာပါသြားခဲ့ရတဲ့ ေျမာက္ကိုရီးယားႏိုင္ငံသားမ်ား

အောက်တွင် ယူနီကုဒ်ဖြင့် ဖတ်ပါ။

Girls’ Generation အဖြဲ႕၀င္ Seohyun ရဲ႕ ေခ်ာေမာလွပမႈနဲ႔ ခ်ီးက်ဴးေလာက္စရာ စြမ္းရည္ေတြေၾကာင့္ အသညး္မာပါတယ္ဆိုတဲ့ ေျမာက္ကိုရီးယားပရိသတ္ေတြ ေၾကြဆင္းသြားခဲ့ရပါၿပီ။

Girls’ Generation အဖြဲ႔၀င္ Seohyun ဟာ ေတာင္ေျမာက္သံတမန္ေရးရာအတြက္ ျပဳလုပ္တဲ့ ေျမာက္ကိုရီးယားႏိုင္ငံက ေဖ်ာ္ေျဖပြဲကို  အစီအစဥ္တင္ဆက္သူအေနနဲ႔ေရာ ေဖ်ာေ္ျဖသူအေနနဲ႔ပါ တက္ေရာက္ခဲ့ပါတယ္။ အဆိုပါပြဲမွာေတာ့ ေက်ာ႔ရွင္းတဲ့ဟန္ပန္၊ ယဥ္ေက်းသိမ္ေမြ႕တဲ့ စကားေလးေတြနဲ႔ သူမကိုယ္သူမ မိတ္ဆက္ခဲ့ၿပီး စကားအနည္းငယ္ ေျပာခဲ့ပါေသးတယ္။

Photo: koreaboo

Seohyun က “ေျမာက္ကိုရီးယားႏိုင္ငံသားမ်ားနဲ႔ ၿပံဳယမ္းၿမိဳ႕ရွင့္ … မဂၤလာပါ။ ကၽြန္မကေတာ့ အဆိုေတာ္၊ သရုပ္ေဆာင္ Seohyun ပါ။ ဒီေန႔ပြဲအတြက္ အစီအစဥ္တင္ဆက္သူအျဖစ္ လုပ္ခြင့္ရတာကို အင္မတန္ ၀မ္းေျမာက္ပါတယ္။ ဒီေန႔အခမ္းအနားဟာ ေတာင္နဲ႔ေျမာက္ မ်က္ႏွာခ်င္းဆိုင္ၿပီး စည္းလုံးမႈကို ခံစားရေစဖို႔ အခြင့္အေရးေကာင္းတစ္ခု ျဖစ္မယ္လို႔ ေမွ်ာ္လင့္ပါတယ္”လို႔ ေျပာခဲ့ပါတယ္။

Seohyun အပါအ၀င္ ေတာင္ကိုရီးယားက ေဖ်ာ္ေျဖသူေတြအားလုံးဟာ ပြဲၾကည့္သူ ေျမာက္ကိုရီးယားႏိုင္ငံသားေတြရဲ႕ မတ္တပ္ရပ္ၿပီး ခ်ီးေျမွာက္အားေပးမႈကိုပါ ရရိွခဲ့ၾကပါတယ္။ ယခုလို ေျမာက္ကိုရီးယားပရိသတ္ေတြကို ေဖ်ာ္ေျဖတာဟာ  Seohyun အတြက္ေတာ့ ပထမဆုံးအႀကိမ္ မဟုတ္ပါဘူး။ အရင္တစ္ေခါက္ကလည္း ေျမာက္ကိုရီးယားႏိုင္ငံရဲ႕ Samjiyeon ကုန္ပစၥည္းအမွတ္တံဆိပ္က ျပဳလုပ္တဲ့ ေဖ်ာ္ေျဖပြဲမွာ ေျမာက္ကိုရီးယားအဆိုေတာ္ေတြန႔ဲ တြဲဖက္ၿပီး ေဖ်ာ္ေျဖခဲ့ပါေသးတယ္။

Photo: koreaboo

ေျမာက္ကိုရီးယားႏိုင္ငံသားေဟာင္းေတြရဲ႕ ေျပာျပခ်က္အရ Girls’ Generation ဟာ ေျမာက္ကိုရီးယားမွာ လူႀကိဳက္အမ်ားဆုံး မိန္းကေလး Idol အဖြဲ႕ျဖစ္တယ္လို႔ ဆိုပါတယ္။ ဒါတင္မက ေျမာက္ကိုရီးယားက သံစုံဂီတ၀ိုင္းေတြရဲ႕ ကကြက္ေတြဟာလည္း Girls’ Generation ရဲ႕ ကျပလႈပ္ရွားမႈေတြရဲ႕ လႊမ္းမိုးမႈနဲ႔ ဖန္တီးထားတာလို႔ ဆိုပါတယ္။ Girls’ Generation ဟာ ပုံစံတစ္မ်ိဳး ကြဲထြက္ေနၿပီး အကအလွေလးေတြက မ်က္စိေအးေစရုံတင္ မဟုတ္ဘဲ အေဖာ္အခၽြတ္ေတြလည္း သိပ္မရိွတာေၾကာင့္ Seohyun ကို အခုလို လာေရာက္ေဖ်ာ္ေျဖဖို႔ ေရြးခ်ယ္လိုက္တာ ျဖစ္ႏိုင္တယ္လို႔ အဆိုပါ ေျမာက္ကိုရီးယားႏိုင္ငံသားေဟာင္းမ်ားက ဆိုပါတယ္။

Girls’ Generation အဖြဲ႕ရဲ႕ နာမည္ေက်ာ္ၾကားမႈကေတာ့ ေျမာက္ကိုရီးယားေက်ာင္းသူေလးေတြက ဆရာသီးသန္႔ငွားၿပီး သူတို႔အဖြဲ႕ရဲ႕ ကကြက္ေတြကို သင္ယူရတဲ့အထိပါပဲ။ ၿမိဳ႕ျပဧရိယာမွာ ေနထိုင္ၾကတဲ့ မိန္းကေလးေက်ာင္းသူ (၈၀)ရာခိုင္ႏႈန္းေလာက္ဟာ ေတာင္ကိုရီးယားက ေကေပါ့ပ္အဖြဲ႕ေတြရဲ႕ အကေတြကို ဆရာသီးသန္႔ငွားကာ သင္ယူၾကတယ္လို႔ သိရပါတယ္။ အကသင္တဲ့ ဆရာေတြထဲမွာလည္း Girls’ Generation ရဲ႕ ကကြက္ေတြကိုပဲ သီးသန္႔သင္ၾကားေပးတဲ့ ဆရာေတြေတာင္ ရိွတယ္လို႔ ဆိုပါေသးတယ္။

Xei

Ref: koreaboo

(Unicode Version)

Girls’ Generation အဖွဲ့ဝင် Seohyun ရဲ့ ချောမောလှပမှုနဲ့ ချီးကျူးလောက်စရာ စွမ်းရည်တွေကြောင့် အသည်းမာပါတယ်ဆိုတဲ့ မြောက်ကိုရီးယားပရိသတ်တွေ ကြွေဆင်းသွားခဲ့ရပါပြီ။

Girls’ Generation အဖွဲ့ဝင် Seohyun ဟာ တောင်မြောက်သံတမန်ရေးရာအတွက် ပြုလုပ်တဲ့ မြောက်ကိုရီးယားနိုင်ငံက ဖျော်ဖြေပွဲကို  အစီအစဉ်တင်ဆက်သူအနေနဲ့ရော ဖျောေ်ဖြသူအနေနဲ့ပါ တက်ရောက်ခဲ့ပါတယ်။ အဆိုပါပွဲမှာတော့ ကျော့ရှင်းတဲ့ဟန်ပန်၊ ယဉ်ကျေးသိမ်မွေ့တဲ့ စကားလေးတွေနဲ့ သူမကိုယ်သူမ မိတ်ဆက်ခဲ့ပြီး စကားအနည်းငယ် ပြောခဲ့ပါသေးတယ်။

Photo: koreaboo

Seohyun က “မြောက်ကိုရီးယားနိုင်ငံသားများနဲ့ ပြုံယမ်းမြို့ရှင့် … မင်္ဂလာပါ။ ကျွန်မကတော့ အဆိုတော်၊ သရုပ်ဆောင် Seohyun ပါ။ ဒီနေ့ပွဲအတွက် အစီအစဉ်တင်ဆက်သူအဖြစ် လုပ်ခွင့်ရတာကို အင်မတန် ဝမ်းမြောက်ပါတယ်။ ဒီနေ့အခမ်းအနားဟာ တောင်နဲ့မြောက် မျက်နှာချင်းဆိုင်ပြီး စည်းလုံးမှုကို ခံစားရစေဖို့ အခွင့်အရေးကောင်းတစ်ခု ဖြစ်မယ်လို့ မျှော်လင့်ပါတယ်”လို့ ပြောခဲ့ပါတယ်။

Seohyun အပါအဝင် တောင်ကိုရီးယားက ဖျော်ဖြေသူတွေအားလုံးဟာ ပွဲကြည့်သူ မြောက်ကိုရီးယားနိုင်ငံသားတွေရဲ့ မတ်တပ်ရပ်ပြီး ချီးမြှောက်အားပေးမှုကိုပါ ရရှိခဲ့ကြပါတယ်။ ယခုလို မြောက်ကိုရီးယားပရိသတ်တွေကို ဖျော်ဖြေတာဟာ  Seohyun အတွက်တော့ ပထမဆုံးအကြိမ် မဟုတ်ပါဘူး။ အရင်တစ်ခေါက်ကလည်း မြောက်ကိုရီးယားနိုင်ငံရဲ့ Samjiyeon ကုန်ပစ္စည်းအမှတ်တံဆိပ်က ပြုလုပ်တဲ့ ဖျော်ဖြေပွဲမှာ မြောက်ကိုရီးယားအဆိုတော်တွေနဲ့ တွဲဖက်ပြီး ဖျော်ဖြေခဲ့ပါသေးတယ်။

Photo: koreaboo

မြောက်ကိုရီးယားနိုင်ငံသားဟောင်းတွေရဲ့ ပြောပြချက်အရ Girls’ Generation ဟာ မြောက်ကိုရီးယားမှာ လူကြိုက်အများဆုံး မိန်းကလေး Idol အဖွဲ့ဖြစ်တယ်လို့ ဆိုပါတယ်။ ဒါတင်မက မြောက်ကိုရီးယားက သံစုံဂီတဝိုင်းတွေရဲ့ ကကွက်တွေဟာလည်း Girls’ Generation ရဲ့ ကပြလှုပ်ရှားမှုတွေရဲ့ လွှမ်းမိုးမှုနဲ့ ဖန်တီးထားတာလို့ ဆိုပါတယ်။ Girls’ Generation ဟာ ပုံစံတစ်မျိုး ကွဲထွက်နေပြီး အကအလှလေးတွေက မျက်စိအေးစေရုံတင် မဟုတ်ဘဲ အဖော်အချွတ်တွေလည်း သိပ်မရှိတာကြောင့် Seohyun ကို အခုလို လာရောက်ဖျော်ဖြေဖို့ ရွေးချယ်လိုက်တာ ဖြစ်နိုင်တယ်လို့ အဆိုပါ မြောက်ကိုရီးယားနိုင်ငံသားဟောင်းများက ဆိုပါတယ်။

Girls’ Generation အဖွဲ့ရဲ့ နာမည်ကျော်ကြားမှုကတော့ မြောက်ကိုရီးယားကျောင်းသူလေးတွေက ဆရာသီးသန့်ငှားပြီး သူတို့အဖွဲ့ရဲ့ ကကွက်တွေကို သင်ယူရတဲ့အထိပါပဲ။ မြို့ပြဧရိယာမှာ နေထိုင်ကြတဲ့ မိန်းကလေးကျောင်းသူ (၈၀)ရာခိုင်နှုန်းလောက်ဟာ တောင်ကိုရီးယားက ကေပေါ့ပ်အဖွဲ့တွေရဲ့ အကတွေကို ဆရာသီးသန့်ငှားကာ သင်ယူကြတယ်လို့ သိရပါတယ်။ အကသင်တဲ့ ဆရာတွေထဲမှာလည်း Girls’ Generation ရဲ့ ကကွက်တွေကိုပဲ သီးသန့်သင်ကြားပေးတဲ့ ဆရာတွေတောင် ရှိတယ်လို့ ဆိုပါသေးတယ်။

Xei

Ref: koreaboo

 

RELATED ARTICLES

Most Popular