HomeDramaအချစ်ရဲ့ရသစုံကို ခံစားရမယ့် Now We Are Breaking Up ဒရာမာရဲ့ ပိုစတာသစ်များ

အချစ်ရဲ့ရသစုံကို ခံစားရမယ့် Now We Are Breaking Up ဒရာမာရဲ့ ပိုစတာသစ်များ

SBS ရုပ်သံလိုင်းက သောကြာ-စနေနေ့တွေမှာ ထုတ်လွှင့်သွားမယ့် ဒရာမာအသစ် Now We Are Breaking Up ကတော့ မင်းသမီး Song Hye Kyo နဲ့ မင်းသား Jang Ki Yong ရဲ့ ပုံရိပ်တွေ ပါဝင်တဲ့ ဇာတ်ကားပိုစတာအသစ်တွေ ထွက်ရှိလာပါတယ်။

မကြာခင်မှာ ကြည့်ရှုရတော့မယ့် ဒီဒရာမာအသစ်ထဲမှာတော့ အချစ်ရဲ့ ချိုမြိန်ရင်ခုန်ဖွယ်ရာ အခိုက်အတန့်များနဲ့အတူ လမ်းခွဲခြင်း၊ ပူဆွေးဝမ်းနည်းခြင်းစတဲ့ ပူဆွေးရမယ့်အချိန်တွေကိုလည်း ကြည့်ရှုခံစားရမှာ ဖြစ်ပါတယ်။

Photo via soompi

ဒီဒရာမာထဲမှာတော့ Song Hye Kyo ဟာ Ha Young Eun ဆိုတဲ့ ဇာတ်ရုပ်ကနေ ပါဝင်ထားပါတယ်။ Ha Young Eun ဟာ ဖက်ရှင်ကုမ္ပဏီတစ်ခုရဲ့ ဒီဇိုင်းအဖွဲ့ မန်နေဂျာ ဖြစ်ပြီး ခေတ်နဲ့အညီ နေထိုင်တတ်သူ၊ လက်တွေ့ကျတာကို နှစ်သက်သူလည်း ဖြစ်ပါတယ်။ Jang Ki Yong ကတော့ Yoon Jae Guk ဆိုတဲ့ ငွေကြေးချမ်းသာပြီး စမတ်လည်းကျတဲ့ အလွတ်တန်း ဓာတ်ပုံဆရာတစ်ယောက်အဖြစ် သရုပ်ဆောင်ထားပါတယ်။

ယခုအသစ်ထွက်ရှိလာတဲ့ ပိုစတာထဲမှာတော့ Ha Young Eun နဲ့ Yoon Jae Guk တို့ရဲ့ အချစ်ရေးအဆင့်ဆင့်ကို ပြောင်းပြန်အနေနဲ့ ပုံဖော်ထားပါတယ်။ ပထမပုံထဲမှာတော့ အဖြူအမည်းဓာတ်ပုံကို တစ်ယောက်ယောက်က မီးရှို့နေတာကို ပြသထားပြီး စွန့်ပစ်ထားတဲ့ စုံတွဲလက်စွပ်နှစ်ကွင်းကိုလည်း တွေ့ရပါတယ်။

Photo via soompi

ပိုစတာပေါ်မှာ ရေးသားထားတဲ့ စာကတော့ “ငါတို့အချစ်တွေ ရှင်သန်နေဆဲပဲ ” လို့ အဓိပ္ပာယ်ရပါတယ်။ ဒီပိုစတာက ပြောချင်တဲ့ သတင်းစကားကတော့ လမ်းခွဲပြတ်စဲခြင်းဆိုတာကိုက အချစ်ရဲ့ လုပ်ငန်းစဉ်တစ်ခုပါပဲလို့ ဖြစ်ပါတယ်။

ဒုတိယပိုစတာမှာတော့ လက်ချင်းချိတ်ပြီး ပြုံးပျော်နေကြတဲ့ Ha Young Eun နဲ့ Yoon Jae Guk တို့ကို တွေ့ရပါတယ်။ ဒီပုံမှာတော့ ချစ်သူတွေရဲ့ ပျော်စရာကောင်းတဲ့အချိန်၊ အမှတ်တရတွေ အတူဖန်တီးတဲ့အချိန်တွေကို ဖော်ပြထားပါတယ်။

Photo via soompi

နောက်ဆုံး ပိုစတာမှာတော့ အချစ်ရဲ့အစ ရင်ခုန်စိတ်လှုပ်ရှားတဲ့ အခိုက်အတန့်လေးကို ပုံဖော်ထားတာ တွေ့ရပါတယ်။ ပုံထဲမှာတော့ Ha Young Eun ဟာ ကင်မရာကို ကြည့်နေပြီး Yoon Jae Guk ကတော့ ကင်မရာကို ကိုင်ထားပါတယ်။ နှစ်ယောက်လုံးရဲ့ မျက်နှာပေါ်က ခံစားချက်တွေကတော့ ရင်ခုန်စိတ်လှုပ်ရှားနေကြပြီး အချင်းချင်း ခံစားချက်တွေ ဖလှယ်နေကြတဲ့ အခိုက်အတန့်လို့လည်း ယူဆနိုင်ပါတယ်။

Photo via soompi

ဒရာမာအများစုဟာ အရင်ဆုံး ရင်ခုန်၊ စိတ်ဝင်စားတဲ့ အဆင့်ကနေ ချစ်ကြိုက်ကြပြီး နောက်တော့မှ လမ်းခွဲကြတဲ့အဆင့်ကို ပြသလေ့ ရှိပေမယ့် Now We Are Breaking Up ကတော့ လမ်းခွဲပြီးတော့မှ ပုံမှန်အဆင့်တွေကို ပြန်လည် ဖြတ်သန်းသွားတဲ့အနေနဲ့ ထူးခြားစွာ ပြသမယ့်သဘော ရှိပါတယ်။

Now We Are Breaking Up ဒရာမာကိုတော့ One The Woman ဒရာမာအပြီး လာမယ့် နိုဝင်ဘာလ(၁၂)ရက်နေ့မှာ စတင်ထုတ်လွှင့် ပြသသွားမှာ ဖြစ်ပါတယ်။

Linda December

Source: soompi

RELATED ARTICLES

Most Popular