HomeCelebs Update NewsKoreaGoo Hye Sun ကို အသေရဖ်က္မႈနဲ႔ တရားစြဲဆိုသြားမယ္လို႔ ေၾကျငာလိုက္တဲ့ Oh Yeon Seo ရဲ႕ေအဂ်င္စီ

Goo Hye Sun ကို အသေရဖ်က္မႈနဲ႔ တရားစြဲဆိုသြားမယ္လို႔ ေၾကျငာလိုက္တဲ့ Oh Yeon Seo ရဲ႕ေအဂ်င္စီ

အောက်တွင် ယူနီကုဒ်ဖြင့် ဖတ်ပါ။

ဒီကေန႔ စက္တင္ဘာလ(၄)ရက္ေန႔ အေစာပိုင္းမွာ Goo Hye Sun နဲ႔ Ahn Jae Hyun တို႔ရဲ႕ အိမ္ေထာင္သက္တမ္းတစ္ေလွ်ာက္ ဟန္းနီးမြန္းကေန အမုန္းေတြနဲ႔ အဆုံးသတ္သြားတဲ့အခ်ိန္အထိ ႏွစ္ေယာက္ၾကားက ေျပာထားတဲ့ chat history ေတြကို ကုိရီးယားရဲ႕ နာမည္ႀကီး မီဒီယာကုမၸဏီတစ္ခုျဖစ္တဲ့ Dispatch ကေန ဖြင့္ခ်လိုက္ပါတယ္။

အဲ့ဒီ့ကိစၥနဲ႔ ပတ္သက္ၿပီး မင္းသမီး Goo Hye Sun ဘက္ကလည္း ခ်က္ခ်င္းဆိုသလို ျပန္လည္တုံ႔ျပန္ၿပီး သူမရဲ႕ လူမႈကြန္ယက္အေကာင့္မွာ ေျဖရွင္းခ်က္ထုတ္ခဲ့ပါတယ္။ အဆိုပါ ေျဖရွင္းခ်က္မွာေတာ့ Ahn Jae Hyun ဟာ လက္ရိွ သူရိုက္ကူးေနတဲ့ ဒရာမာဇာတ္လမ္းတြဲ People with Flaws ထဲက မင္းသမီးနဲ႔ ေဖာက္ျပန္ေနတယ္လို႔ Goo Hye Sun က ေဖာ္ထုတ္လိုက္ပါတယ္။

Goo Hye Sun ရဲ႕ပို႔စ္ေၾကာင့္ ပရိသတ္အခ်ိဳ႕ဟာ People with Flaws ထဲက မင္းသမီးဟာ Goo Hye Sun ရည္ညႊန္းထားတဲ့ Ahn Jae Hyun နဲ႔ ေဖာက္ျပန္ေနတဲ့ မင္းသမီးလို႔ ယူဆေနၾကၿပီး မေကာင္းတဲ့ comment ေတြနဲ႔ ထိုးႏွက္ေနၾကပါတယ္။ မင္းသမီး Oh Yeon Seo ဟာလည္း People with Flaws ထဲမွာ ပါ၀င္သရုပ္ေဆာင္ထားတာပါ။

ဒါကို တုံ႔ျပန္တဲ့အေနနဲ႔ Oh Yeon Seo ရဲ႕ ေအဂ်င္စီကလည္း Goo Hye Sun ကို အသေရဖ်က္မႈနဲ႔ တရားဥပေဒအရ အေရးယူသြားမယ္လို႔ ေျဖရွင္းထားပါတယ္။ ေျဖရွင္းခ်က္ကေတာ့ ေအာက္ပါအတိုင္းပဲ ျဖစ္ပါတယ္။

Photo: kpop wiki

“မဂၤလာပါ။ ကၽြန္ေတာ္တို႔ကေတာ့ Oh Yeon Seo ကို စီမံေပးေနတဲ့ Celltrion Entertainment ျဖစ္ပါတယ္။ Goo Hye Sun က ဒီကေန႔ သူမရဲ႕ Instagram အေကာင့္မွာ တင္လိုက္တဲ့ ပုိ႔စ္နဲ႔ပတ္သက္ၿပီး ကၽြန္ေတာ္တို႔ရဲ႕ ရပ္တည္ခ်က္ကို အခုလိုပဲ မွ်ေ၀ေပးလိုက္ရပါတယ္။

ပထမဆုံးေျပာခ်င္တာကေတာ့ Goo Hye Sun စြပ္စြဲသလို Ahn Jae Hyun က လက္ရိွရိုက္ကူးေနတဲ့ ဒရာမာထဲက မင္းသမီးနဲ႔  ေဖာက္ျပန္ေနတယ္ဆိုတဲ့သတင္းဟာ လုံး၀မွားယြင္းပါတယ္။ စိတ္မွန္းနဲ႔ ထင္ရာကို တင္လိုက္တဲ့ သူမရဲ႕ဆုိရွယ္မီဒီယာကပို႔စ္ဟာ တစ္ဖက္သားမွာ ဂုဏ္သိကၡာ အႀကီးအက်ယ္ ထိခုိက္ပ်က္ျပားေစၿပီး သတင္းအမွား ျဖန္႔ေ၀မႈလို႔ ယူဆရတာေၾကာင့္ Goo Hye Sun အေပၚ ျပင္းထန္တဲ့ တရားဥပေဒနဲ႔ အေရးယူသြားဖို႔ စီစဥ္ေနပါတယ္။

Copyright @kookoo900

ဒါ့အျပင္ သတင္းအမွားေတြကို ျဖန္႔ေနတဲ့လူေတြကိုလည္း တရားဥပေဒအရ ျပင္းျပင္းထန္ထန္ အေရးယူသြားမွာ ျဖစ္ပါတယ္။ မင္းသမီး Oh Yeon Seo ဟာ အလုပ္တကယ္ ႀကိဳးစားသူျဖစ္ၿပီး အခုရိုက္ကူးေနတဲ့ ဒရာမာအတြက္လည္း အေကာင္းဆုံး ႀကိဳးစားအားထုတ္ေနသူ ျဖစ္ပါတယ္။ ရုပ္ရွင္ရိုက္ကူးမႈမွာ အခက္အခဲေတြ အမ်ိဳးမ်ိဳးရိွတဲ့ၾကားထဲက အဖြဲ႔၀င္အမ်ားအျပားဟာလည္း အားကုန္ထုတ္ၿပီး ၀ိုင္း၀န္းႀကိဳးစားေနၾကတာ ျဖစ္ပါတယ္။

သို႔ေပမယ့္ ကၽြန္ေတာ္တို႔ရဲ႕ မင္းသမီးက အခုလို တိုက္ခိုက္ခံေနရတာေၾကာင့္ ကၽြန္ေတာ္တို႔အေနနဲ႔ ထိုင္ၾကည့္ေန႔ဖို႔ မျဖစ္ႏိုင္ဘဲ သက္ညွာမႈ၊ ေက်ေအးမႈေတြ လုံး၀မေပးဘဲ တရားဥပေဒအရ ျပင္းျပင္းထန္ထန္ တုံ႔ျပန္သြားဖို႔ ဆုံးျဖတ္လိုက္ရပါတယ္” လို႔ မင္းသမီး Oh Yeon Seo ရဲ႕ ေအဂ်င္စီ Celltrion Entertainment က ေၾကျငာခ်က္ ထုတ္ျပန္ထားပါတယ္။

ဒီကိစၥနဲ႔ ပတ္သက္လို႔ Oh Yeon Seo တို႔ဘက္ကေန တရားစြဲဆိုမႈ တစ္စုံတစ္ရာေတာ့ လက္ရိွအခ်ိန္ထိ ေရာက္မလာေသးဘူးလို႔ Goo Hye Sun ရဲ႕ ဥပေဒအတိုင္ပင္ခံက ေျပာထားပါတယ္။

Xei

Source: koreaboo

(Unicode Version)

ဒီကနေ့ စက်တင်ဘာလ(၄)ရက်နေ့ အစောပိုင်းမှာ Goo Hye Sun နဲ့ Ahn Jae Hyun တို့ရဲ့ အိမ်ထောင်သက်တမ်းတစ်လျှောက် ဟန်းနီးမွန်းကနေ အမုန်းတွေနဲ့ အဆုံးသတ်သွားတဲ့အချိန်အထိ နှစ်ယောက်ကြားက ပြောထားတဲ့ chat history တွေကို ကိုရီးယားရဲ့ နာမည်ကြီး မီဒီယာကုမ္ပဏီတစ်ခုဖြစ်တဲ့ Dispatch ကနေ ဖွင့်ချလိုက်ပါတယ်။

အဲ့ဒီ့ကိစ္စနဲ့ ပတ်သက်ပြီး မင်းသမီး Goo Hye Sun ဘက်ကလည်း ချက်ချင်းဆိုသလို ပြန်လည်တုံ့ပြန်ပြီး သူမရဲ့ လူမှုကွန်ယက်အကောင့်မှာ ဖြေရှင်းချက်ထုတ်ခဲ့ပါတယ်။ အဆိုပါ ဖြေရှင်းချက်မှာတော့ Ahn Jae Hyun ဟာ လက်ရှိ သူရိုက်ကူးနေတဲ့ ဒရာမာဇာတ်လမ်းတွဲ People with Flaws ထဲက မင်းသမီးနဲ့ ဖောက်ပြန်နေတယ်လို့ Goo Hye Sun က ဖော်ထုတ်လိုက်ပါတယ်။

Goo Hye Sun ရဲ့ပို့စ်ကြောင့် ပရိသတ်အချို့ဟာ People with Flaws ထဲက မင်းသမီးဟာ Goo Hye Sun ရည်ညွှန်းထားတဲ့ Ahn Jae Hyun နဲ့ ဖောက်ပြန်နေတဲ့ မင်းသမီးလို့ ယူဆနေကြပြီး မကောင်းတဲ့ comment တွေနဲ့ ထိုးနှက်နေကြပါတယ်။ မင်းသမီး Oh Yeon Seo ဟာလည်း People with Flaws ထဲမှာ ပါဝင်သရုပ်ဆောင်ထားတာပါ။

ဒါကို တုံ့ပြန်တဲ့အနေနဲ့ Oh Yeon Seo ရဲ့ အေဂျင်စီကလည်း Goo Hye Sun ကို အသရေဖျက်မှုနဲ့ တရားဥပဒေအရ အရေးယူသွားမယ်လို့ ဖြေရှင်းထားပါတယ်။ ဖြေရှင်းချက်ကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။

Photo: kpop wiki

“မင်္ဂလာပါ။ ကျွန်တော်တို့ကတော့ Oh Yeon Seo ကို စီမံပေးနေတဲ့ Celltrion Entertainment ဖြစ်ပါတယ်။ Goo Hye Sun က ဒီကနေ့ သူမရဲ့ Instagram အကောင့်မှာ တင်လိုက်တဲ့ ပို့စ်နဲ့ပတ်သက်ပြီး ကျွန်တော်တို့ရဲ့ ရပ်တည်ချက်ကို အခုလိုပဲ မျှဝေပေးလိုက်ရပါတယ်။

ပထမဆုံးပြောချင်တာကတော့ Goo Hye Sun စွပ်စွဲသလို Ahn Jae Hyun က လက်ရှိရိုက်ကူးနေတဲ့ ဒရာမာထဲက မင်းသမီးနဲ့  ဖောက်ပြန်နေတယ်ဆိုတဲ့သတင်းဟာ လုံးဝမှားယွင်းပါတယ်။ စိတ်မှန်းနဲ့ ထင်ရာကို တင်လိုက်တဲ့ သူမရဲ့ဆိုရှယ်မီဒီယာကပို့စ်ဟာ တစ်ဖက်သားမှာ ဂုဏ်သိက္ခာ အကြီးအကျယ် ထိခိုက်ပျက်ပြားစေပြီး သတင်းအမှား ဖြန့်ဝေမှုလို့ ယူဆရတာကြောင့် Goo Hye Sun အပေါ် ပြင်းထန်တဲ့ တရားဥပဒေနဲ့ အရေးယူသွားဖို့ စီစဉ်နေပါတယ်။

Copyright @kookoo900

ဒါ့အပြင် သတင်းအမှားတွေကို ဖြန့်နေတဲ့လူတွေကိုလည်း တရားဥပဒေအရ ပြင်းပြင်းထန်ထန် အရေးယူသွားမှာ ဖြစ်ပါတယ်။ မင်းသမီး Oh Yeon Seo ဟာ အလုပ်တကယ် ကြိုးစားသူဖြစ်ပြီး အခုရိုက်ကူးနေတဲ့ ဒရာမာအတွက်လည်း အကောင်းဆုံး ကြိုးစားအားထုတ်နေသူ ဖြစ်ပါတယ်။ ရုပ်ရှင်ရိုက်ကူးမှုမှာ အခက်အခဲတွေ အမျိုးမျိုးရှိတဲ့ကြားထဲက အဖွဲ့ဝင်အများအပြားဟာလည်း အားကုန်ထုတ်ပြီး ဝိုင်းဝန်းကြိုးစားနေကြတာ ဖြစ်ပါတယ်။

သို့ပေမယ့် ကျွန်တော်တို့ရဲ့ မင်းသမီးက အခုလို တိုက်ခိုက်ခံနေရတာကြောင့် ကျွန်တော်တို့အနေနဲ့ ထိုင်ကြည့်နေ့ဖို့ မဖြစ်နိုင်ဘဲ သက်ညှာမှု၊ ကျေအေးမှုတွေ လုံးဝမပေးဘဲ တရားဥပဒေအရ ပြင်းပြင်းထန်ထန် တုံ့ပြန်သွားဖို့ ဆုံးဖြတ်လိုက်ရပါတယ်” လို့ မင်းသမီး Oh Yeon Seo ရဲ့ အေဂျင်စီ Celltrion Entertainment က ကြေငြာချက် ထုတ်ပြန်ထားပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်လို့ Oh Yeon Seo တို့ဘက်ကနေ တရားစွဲဆိုမှု တစ်စုံတစ်ရာတော့ လက်ရှိအချိန်ထိ ရောက်မလာသေးဘူးလို့ Goo Hye Sun ရဲ့ ဥပဒေအတိုင်ပင်ခံက ပြောထားပါတယ်။

Xei

Source: koreaboo

RELATED ARTICLES

Most Popular