HomeEntertainmentFilmOpening Weekend အပြီးမှာ တိုင်ပတ်နေတဲ့ Shazam! Fury of the Gods

Opening Weekend အပြီးမှာ တိုင်ပတ်နေတဲ့ Shazam! Fury of the Gods

Shazam! Fury of the Gods ရုပ်ရှင်ကတော့ မကြာသေးခင်ကပဲ ရုံတင်ပြသနေပြီး လောလောဆယ်မှာတော့ Opening Weekend ကို ကျော်လွန်သွားပါပြီ။ အစတုန်းကတော့ Shazam 2 ဟာ မြောက်အမေရိကတိုက်မှာ နံပါတ်(၁) ဖြစ်ခဲ့ပြီး ယခုအချိန်မှာတော့ Warner Bros က မျှော်မှန်းထားသလိုတွေ မဖြစ်လာတော့ပါဘူး။ အကြောင်းကတော့ Shazam 2 ဟာ ရုပ်ရှင်ရုံပေါင်း လေးထောင်ကျော်မှာ ရုံတင်ပြသခဲ့ပေမယ့် Opening Weekend မှာတော့ ဝင်ငွေဒေါ်လာသန်း(၃၀)ကျော်သာ ရရှိခဲ့လို့ပဲ ဖြစ်ပါတယ်။

photo credit DC Studios

၂၀၁၉ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ ပထမဆုံး Shazam ရုပ်ရှင်ကတော့ Opening Weekend မှာ ဒေါ်လာ(၅၃)သန်းကျော် ရရှိခဲ့ပြီး နောက်ဆုံးပိတ် Box Office မှာတော့ ဒေါ်လာ(၃၆၆)သန်းကျော် ဝင်ငွေရရှိခဲ့ပါတယ်။ ဒါကြောင့်ပဲ Shazam 2 ဟာ ပထမရုပ်ရှင်နဲ့ ယှဉ်လိုက်ရင်တောင် လုံးဝကွာခြားနေတာကို တွေ့ရပါတယ်။ ဒါ့အပြင် Shazam 2 ဟာ ကိုဗစ်ကာလအတွင်းမှာ ထွက်ရှိခဲ့တဲ့ Wonder Woman 1984 (ဒေါ်လာ ၁၆သန်းကျော်)၊ The Suicide Squad (ဒေါ်လာ ၂၆သန်းကျော်)တို့နဲ့တောင် Opening Weekend ဝင်ငွေချင်း သိပ်ပြီးမကွာလှတာကို တွေ့ရပါတယ်။

Rating ပိုင်းမှာဆိုရင်လည်း မူလ Shazam ရုပ်ရှင်ဟာ Rotten Tomatoes မှာ (90%) ရရှိခဲ့ပြီး CinemaScore မှာလည်း A Grade ရုပ်ရှင်အဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။ ဒါပေမယ့်လည်း Shazam 2 ကတော့ ယခုအချိန်မှာ Rotten Tomatoes (53%)သာ ရရှိထားပြီး CinemaScore မှာလည်း B+ Grade အဖြစ် သတ်မှတ်ခံထားရပါတယ်။

ဒီရုပ်ရှင်ကတော့ James Gunn နဲ့ Peter Safran တို့ DC စတူဒီယိုရဲ့ Co-CEO အဖြစ် တာဝန်ယူပြီးနောက်ပိုင်းမှာ ထွက်ရှိလာတဲ့ ပထမဆုံးရုပ်ရှင်လည်း ဖြစ်ပါတယ်။ ဒါကြောင့် ဒီရုပ်ရှင်ဟာ DC စတူဒီယိုရဲ့ ပြောင်းလဲမှုတွေကြားမှာ မြေစာပင်ဖြစ်သွားရတာလည်း ဖြစ်နိုင်ပါတယ်။

photo credit DC Studios

မကြာခင်က ထွက်ရှိထားတဲ့ Ant-Man and the Wasp: Quantumania ဆိုရင်လည်း Opening Weekend မှာတော့ ဒေါ်လာ(၁၀၆)သန်းကျော် ရရှိခဲ့ပေမယ့် နောက်ပိုင်းမှာတော့ Ant-Man Trilogy ရဲ့ ဝင်ငွေအနည်းဆုံးရုပ်ရှင် ဖြစ်လာပါတယ်။ ဒါ့အပြင် Black Adam ရုပ်ရှင်ဆိုရင်လည်း Opening Weekend မှာ အခြေအနေ ကောင်းနေပေမယ့် နောက်ပိုင်းမှာတော့ မျှော်လင့်ထားသလိုတွေ ဖြစ်မလာခဲ့ပါဘူး။ ဒီအချက်တွေကြောင့်ပဲ Opening Weekend မှာတောင် အခြေအနေမကောင်း ဖြစ်နေတဲ့ Shazam! Fury of the Gods ရုပ်ရှင်ကတော့ ရှေ့လျှောက်ပိုမို ဆိုးရွားလာနိုင်ပါတယ်။

Legos

Source: Variety

RELATED ARTICLES

Most Popular