HomeCelebs Update NewsKoreaေမြးကင္းစ အရြယ္တုန္းက ေသေလာက္တဲ့ ေ၀ဒနာကို ခံစားခဲ့ရတယ္ဆိုတဲ့ Park Bo Gum

ေမြးကင္းစ အရြယ္တုန္းက ေသေလာက္တဲ့ ေ၀ဒနာကို ခံစားခဲ့ရတယ္ဆိုတဲ့ Park Bo Gum

အောက်တွင် ယူနီကုဒ်ဖြင့် ဖတ်ပါ။

မင္းသားေခ်ာ Park Bo Gum ရဲ႕ မိဘႏွစ္ပါးဟာ သူ႔ကို ကိုယ္၀န္ေဆာင္ထားစဥ္တုန္းက သေႏၶသားကို ဖ်က္ခ်ဖို႔ ႀကိဳးစားခဲ့ဖူးၿပီး ေမြးဖြားလိုက္တဲ့ေနာက္ပိုင္းမွာလည္း ေသေလာက္တဲ့ ေရာဂါေ၀ဒနာေတြကို လသားအရြယ္ေလးနဲ႔ ခံစားခဲ့ရတယ္လို႔ သိရပါတယ္။

ဒီအေၾကာင္းကို Park Bo Gum ရဲ႕ ငယ္စဥ္ဘ၀အေၾကာင္း သက္ေသခံထားတဲ့ ဖခင္ျဖစ္သူရဲ႕ စာတစ္ေစာင္ ထြက္ေပၚလာမႈေၾကာင့္ သိရိွခဲ့ၾကရတာ ျဖစ္ပါတယ္။ အဆိုပါစာထဲမွာ ေဖာ္ျပထားခ်က္အရ မၾကာေသးမီကပဲ အယူ၀ါဒ အစြဲႀကီးမႈတို႔ေၾကာင့္ အမ်ားက ေ၀ဖန္ေနၾကတဲ့ ခရစ္ယာန္ဘုရားရိွခိုးေက်ာင္းတစ္ခုရဲ႕ သင္းအုပ္ဆရာႀကီးက ေမြးကင္းစထဲက နာဖ်ားေနခဲ့တဲ့ Park Bo Gum ရဲ႕ ေရာဂါေ၀ဒနာေတြကို ေပ်ာက္ကင္းေအာင္ ကုသေပးခဲ့တယ္လို႔ ဆိုထားပါတယ္။

Park Bo Gum ရဲ႕ ဖခင္ေရးသားထားတဲ့ စာထဲမွာေတာ့ ေအာက္ပါအတိုင္း ေဖာ္ျပပါရိွပါတယ္။

“ကၽြန္ေတာ့္အမ်ိဳးသမီးက ကေလးမရႏိုင္ေတာ့ဘူးလို႔ ထင္ထားတဲ့အခ်ိန္မွာပဲ  အသက္ႀကီးေနေပမယ့္ ကိုယ္၀န္ရလာခဲ့တယ္။ အဲ့ဒီ့အခ်ိန္တုန္းက ကၽြန္ေတာ္တို႔ကလည္း သူ႔မွာကိုယ္၀န္ရိွေနမွန္း မသိခဲ့ၾကဘူး။ ၿပီးေတာ့ အဲ့ဒီ့တုန္းက သူကလည္း ေနမေကာင္းျဖစ္ေနေတာ့ ေဆးေတြအမ်ားႀကီး ေသာက္ခဲ့ရတယ္။

Photo: wikipedia

အဲ့ဒါနဲ႔ပဲ ကၽြန္ေတာ္တို႔ သိတဲ့အခ်ိန္မွာ ေဆးေတြရဲ႕အရိွန္ေၾကာင့္ မသန္စြမ္းတဲ့ကေလးမ်ား ေမြးလာခဲ့မလားလို႔ ႏွစ္ေယာက္လုံးက စိုးရိမ္ခဲ့ၾကတယ္။ အဲ့ဒါေၾကာင့္ပဲ ကိုယ္၀န္ကို ဖ်က္ခ်ဖို႔ ႀကိဳးစားခဲ့ၾကတယ္။ ဒါေပမယ့္ ဒါဟာ ဘုရားရဲ႕အလိုက် မဟုတ္ဘူး ထင္ပါတယ္။ အဲ့လိုနဲ႔ တကယ္ကို က်န္းမာသန္စြမ္းတဲ့ ေကာင္ေလးကို ေနာက္ဆုံးမွာ ေမြးဖြားႏိုင္ခဲ့တယ္။

အဲ့လိုက်န္းမာသန္စြမ္းေနတဲ့ ကေလးက သူ႔အေမက ခ်ီလိုက္တယ္ဆိုရင္ပဲ ရုတ္တရက္ႀကီး ထငိုေတာ့တယ္။ ၿပီးေတာ့ အပူေတြႀကီးလာလို႔ အေရးေပၚခန္းကို ေျပးခဲ့ရပါတယ္။ ရက္ေပါင္းမ်ားစြာပဲ ကေလးက သက္သာတဲ့အရိပ္အေယာင္ လုံး၀မရိွခဲ့ဘူး။ ၿပီးေတာ့ ကေလးက တျဖည္းျဖည္းနဲ႔ တကယ့္ လူေသအေလာင္းေလးလိုပဲ ျဖစ္လာတယ္။ ဆရာ၀န္ေတြကလည္း ကၽြန္ေတာ္တို႔ စိတ္ပ်က္ေစမယ့္ မေကာင္းသတင္းေတြကိုပဲ ေတာက္ေလွ်ာက္ေျပာေနၾကေတာ့တာပါပဲ။

အဲ့ဒီ့အခ်ိန္မွာပဲ သင္းအုပ္ဆရာႀကီးက ကၽြန္ေတာ္တို႔ကို ေျပာလာတယ္။ ဒီကေလးေလးကို ဘုရားသခင္က ေကာင္းခ်ီးေပးေနၿပီတဲ့။ အဲ့ဒါေၾကာင့္ ကၽြန္ေတာ္တို႔ကို ေဆးရုံက ဆင္းခိုင္းၿပီး ကေလးကိုလည္း အသင္းေတာ္ကို ၀င္ခြင့္ေပးလိုက္တယ္” လို႔ ဆိုပါတယ္။

Photo: wikimedia commons

Park Bo Gum ရဲ႕ဖခင္ဟာ ဖာသာရဲ႕အႀကံကို တန္းၿပီး လက္မခံခဲ့ဘဲ လ်စ္လ်ဴရႈထားခဲ့တယ္လို႔ ဆိုပါတယ္။ သို႔ေပမယ့္ ေနာက္ပိုင္းမွာေတာ့ အမ်ိဳးအမည္ ေဖာ္ျပလို႔မရတဲ့ တြန္းအားတစ္ခုက သူ႔ရဲ႕စိတ္ကို ေျပာင္းလဲသြားေအာင္ စြမ္းေဆာင္ပစ္ခဲ့တယ္လို႔ စာထဲမွာ ေဖာ္ျပထားပါတယ္။

“ေဆးရုံဆင္းခြင့္ေဖာင္မွာ လက္မွတ္ထိုးၿပီး ကေလးကို အိမ္ကိုပဲ တန္းေခၚလာခဲ့လိုက္တယ္။ ကေလးရဲ႕ေခါင္းက ဆံပင္ေတြေတာင္ ကၽြတ္ထြက္ေနၿပီဆိုေတာ့ ကၽြန္ေတာ္ ဘယ္လိုပဲေတြးေတြး၊ သင္းအုပ္ဆရာႀကီးက ကေလးကို အသင္းေတာ္အဖြဲ႔၀င္အျဖစ္ ခ်ီးျမွင့္ေပးလိုက္ရုံနဲ႔ ဘယ္လိုမွ သက္သာသြားစရာ အေၾကာင္းမရိွဘူးလို႔ပဲ ထင္မိတယ္။ အဲ့ဒါနဲ႔ပဲ ကေလးကို ကားေပၚတင္ၿပီး ဆိုးလ္အမ်ိဳးသားတကၠသိုလ္ေဆးရုံကို ျပန္သြားမိျပန္တယ္။

ေဆးရုံအေပါက္၀လည္း ေရာက္ေရာ၊ အမ်ိဳးအမည္မသိတဲ့ တြန္းအားတစ္ခုက ကၽြန္ေတာ့္ကို အိမ္ကိုျပန္ဖို႔ တိုက္တြန္းလိုက္တယ္။ အဲ့ဒါနဲ႔ ကၽြန္ေတာ္လည္း ကားကို ျပန္ေကြ႕ၿပီး သင္းအုပ္ဆရာႀကီးဆီကို ေမာင္းသြားလိုက္တယ္။ အဲ့ဒီ့မွာပဲ ဖာသာက ကၽြန္ေတာ့္ကို အသင္းေတာ္အဖြဲ႔၀င္အျဖစ္ လက္ခံဖို႔ေျပာၿပီး ဓမၼေတးအခ်ိဳ႕ကို ဖြင့္လိုက္ၿပီးေတာ့ ဆုေတာင္းေပးခဲ့တယ္။

Photo: koreaboo

ကၽြန္ေတာ္အိမ္ကိုျပန္သြားၿပီးေတာ့ ဖာသာေျပာတဲ့အတိုင္း လုပ္လိုက္တဲ့အခါ တကယ့္ အေလာင္းလိုပဲ ေအးစက္ေတာင့္တင္းေနတဲ့ ကေလးက ထၿပီးေတာ့ ငိုတယ္။ အမည္းေရာင္မစင္ေတြလည္း စြန္႕ၿပီးေရာ တစ္ပတ္အတြင္းမွာ ကေလးက လုံး၀ျပန္ေကာင္းသြားတယ္။

ေဆးရုံမွာတုန္းက ဆရာ၀န္ေတြက ဒီကေလးရဲ႕ အသက္ေျခာက္ႏွစ္ေလာက္က်ရင္ အူကၽြံေရာဂါကို ခြဲစိတ္ရလိမ့္မယ္လို႔ ေျပာေပမယ့္ ဘုရားသခင္ေက်းဇူးေၾကာင့္ ႏွစ္လအတြင္းမွာ သူ႔ရဲ႕အူကၽြံတဲ့အနာက လုံး၀ျပန္ေကာင္းသြားတယ္။ ကၽြန္ေတာ္တို႔လည္း ဘုရားသခင္ရဲ႕ တကယ့္ ေကာင္းခ်ီးကို ျမင္လိုက္ရပါတယ္။ အဲ့ဒီ့ေနာက္မွာပဲ ကၽြန္ေတာ္တို႔ရဲ႕ သင္းအုပ္ဆရာက ကေလးရဲ႕နာမည္ကို Bo Gum လို႔ ေပးခဲ့တာပါ” လို႔ ေရးထားပါတယ္။

အရင္တုန္းကလည္း Park Bo Gum ဟာ သူ႔ရဲ႕သင္းအုပ္ဆရာအေၾကာင္းကို ေျပာျပခဲ့ဖူးၿပီး ႏွစ္ေယာက္ၾကားက သံေယာဇဥ္ကို ေျပာျပခဲ့ဖူးပါတယ္။ “တကယ့္ တန္ဖိုးရိွတဲ့ စကားလုံးေလးေတြနဲ႔ ကၽြန္ေတာ့္နာမည္ကို ေပးခဲ့တဲ့ ဖာသာကို ကၽြန္ေတာ္တကယ္ ေလးစားၾကည္ညိဳပါတယ္။ သူ႔ဘ၀အေၾကာင္းကို ကၽြန္ေတာ္စဥ္းစားၾကည့္လိုက္ရင္ ဘာသာေရးတစ္ခုတည္းမွာတင္ မဟုတ္ဘဲ တကယ္ ပညာရိွ၊ အေျမာ္အျမင္ရိွတယ္ဆိုတဲ့ အဓိပၸာယ္ကို သိလိုက္ရတယ္” လို႔ ေျပာျပခဲ့ဖူးပါတယ္။

@ParkBoGum Twitter
@ParkBoGum Twitter

Park Bo Gum ဟာ Jesus Centered Church မွာ ငယ္စဥ္ကတည္းက ပုံမွန္၀တ္ျပဳခဲ့သူတစ္ဦးျဖစ္ၿပီး တကယ္ ဘာသာတရား ကိုင္းရိႈင္းတဲ့ ခရစ္ယာန္ဘာသာ၀င္တစ္ေယာက္လည္း ျဖစ္ပါတယ္။ သို႔ေပမယ့္ မၾကာေသးမီကပဲ အဆိုပါ ဘုရားရိွခိုးေက်ာင္းနဲ႔ Park Bo Gum တို႔ ကိုးကြယ္တဲ့ သင္းအုပ္ဆရာ Lee Cho Seok ဟာ အယူတိမ္းမႈေၾကာင့္ ေ၀ဖန္မႈမ်ားစြာ ခံခဲ့ရပါတယ္။

အဆိုပါ Jesus Centered Church ဟာ ဆိုးလ္ၿမိဳ႕မွာ တည္ရိွၿပီး ၀တ္ျပဳဆုေတာင္းသူေတြနဲ႔ ပုံမွန္စည္ကားေလ့ ရိွေပမယ့္ ကိုရီးယားရဲ႕ တရား၀င္ Korean Presbyterian Church အသင္းေတာ္မွ အယူ၀ါဒလြဲမွားမႈေတြ ျဖစ္ေနတယ္လို႔ သတ္မွတ္ခံခဲ့ရပါတယ္။ အေၾကာင္းကေတာ့ Jesus Centered Church ဟာ မိရိုးဖလာ ခရစ္ယာန္ထုံးတမ္းစဥ္လာေတြနဲ႔ ေသြဖီတဲ့ ယုံၾကည္မႈေတြကို က်င့္သုံးေနတာေၾကာင့္လို႔ ဆိုပါတယ္။ သင္းအုပ္ဆရာခ်ဳပ္ျဖစ္တဲ့ Lee Cho Seok ဟာလည္း ေအာ္သိုေဒါက္စ္ နည္းမဟုတ္တဲ့ နည္းလမ္းေတြကို သုံးစြဲျခင္း၊ တရားေဟာျခင္းေတြေၾကာင့္ ေ၀ဖန္မႈမ်ားစြာ ခံခဲ့ရပါတယ္။ အဆိုပါ ဘုရားေက်ာင္းက ေနာက္လိုက္ပါေတြဟာ Lee Cho Seok ကို ဘုရားကဲ့သို႔ ကိုးကြယ္ယုံၾကည္ၾကၿပီး ဖ်ားနာမႈေတြဟာ မိစာၦေတြေၾကာင့္ ျဖစ္ရတယ္ဆိုတဲ့ ယုံၾကည္မႈမ်ိဳးေတြ ရိွၾကတယ္လို႔လည္း ဆိုပါတယ္။

Photo: kpop profiles

သင္းအုပ္ဘုန္းေတာ္ႀကီး Lee Cho Seok ကေတာ့ လူရာေပါင္းမ်ားစြာေရွ႕မွာ အပႏွင္တာနဲ႔ နာမည္ႀကီးသလို မ်က္စိမျမင္သူ၊ နားမၾကားသူ၊ စာမဖတ္တတ္သူ၊ လမ္းမေလွ်ာက္ႏိုင္သူတို႔ကို တစ္ခဏအတြင္းမွာတင္ ပကတိ ေကာင္းမြန္သြားေအာင္ ကုသေပးႏိုင္တဲ့ ဘုန္းေတာ္ႀကီးတစ္ပါးအျဖစ္ လူသိမ်ားပါတယ္။ ဒီကိစၥနဲ႔ပတ္သက္ၿပီး ကိုရီးယားလူမ်ိဳးအမ်ားစုဟာ လူေတြအေပၚ brainwash လုပ္တယ္ဆိုၿပီး အဆိုပါ ဘုရားေက်ာင္းကို ေ၀ဖန္ထားၾကပါတယ္။ မင္းသား Park Bo Gum ကလည္း အဆိုပါ ဘုရားေက်ာင္းရဲ႕ ေနာက္လိုက္ပါတစ္ဦးျဖစ္ၿပီး ဘုရားေက်ာင္းမွာ ၀တ္လာျပဳဖို႔ တရား၀င္ ဖိတ္ေခၚတာမ်ိဳးေတြကို Twitter ကေနတစ္ဆင့္ ျပဳလုပ္လာတဲ့အတြက္ လူအမ်ားက အ့ံအားသင့္ခဲ့ၾကပါတယ္။ ဒီေနရာမွာေတာ့ အယူအဆ ႏွစ္ျခမ္းကြဲေနပါတယ္။ တစ္ျခမ္းက Park Bo Gum လို လူေတြအားက်ရတဲ့ ဆယ္လီတစ္ေယာက္က သူ႔ရဲ႕နာမည္ေက်ာ္ၾကားမႈကို အသုံးခ်ၿပီး ဒီလိုမ်ိဳး ဆြယ္တရားေဟာတာဟာ မျဖစ္သင့္ေၾကာင္း ေ၀ဖန္ၾကသူမ်ားနဲ႔ လူတစ္ေယာက္ဟာ သူယုံၾကည္ရာကို ကိုးကြယ္ပိုင္ခြင့္ရိွတဲ့အေၾကာင္း Park Bo Gum ဘက္က ရပ္တည္ေပးတဲ့လူေတြလည္း ရိွေနၾကပါတယ္။

Xei

(ဆံရစ္ဝိုင္းမီဒီယာစာမ်က္ႏွာေပၚတြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို ခြင့္ျပဳခ်က္ တစ္စုံတစ္ရာ မရရွိဘဲ မိမိတို႔ကိုယ္က်ိဳးအတြက္ ကူးယူသုံးစြဲျခင္း မျပဳလုပ္ၾကပါရန္ သတိေပးအပ္ပါသည္။)

(Unicode Version)

မင်းသားချော Park Bo Gum ရဲ့ မိဘနှစ်ပါးဟာ သူ့ကို ကိုယ်ဝန်ဆောင်ထားစဉ်တုန်းက သန္ဓေသားကို ဖျက်ချဖို့ ကြိုးစားခဲ့ဖူးပြီး မွေးဖွားလိုက်တဲ့နောက်ပိုင်းမှာလည်း သေလောက်တဲ့ ရောဂါဝေဒနာတွေကို လသားအရွယ်လေးနဲ့ ခံစားခဲ့ရတယ်လို့ သိရပါတယ်။

ဒီအကြောင်းကို Park Bo Gum ရဲ့ ငယ်စဉ်ဘဝအကြောင်း သက်သေခံထားတဲ့ ဖခင်ဖြစ်သူရဲ့ စာတစ်စောင် ထွက်ပေါ်လာမှုကြောင့် သိရှိခဲ့ကြရတာ ဖြစ်ပါတယ်။ အဆိုပါစာထဲမှာ ဖော်ပြထားချက်အရ မကြာသေးမီကပဲ အယူဝါဒ အစွဲကြီးမှုတို့ကြောင့် အများက ဝေဖန်နေကြတဲ့ ခရစ်ယာန်ဘုရားရှိခိုးကျောင်းတစ်ခုရဲ့ သင်းအုပ်ဆရာကြီးက မွေးကင်းစထဲက နာဖျားနေခဲ့တဲ့ Park Bo Gum ရဲ့ ရောဂါဝေဒနာတွေကို ပျောက်ကင်းအောင် ကုသပေးခဲ့တယ်လို့ ဆိုထားပါတယ်။

Park Bo Gum ရဲ့ ဖခင်ရေးသားထားတဲ့ စာထဲမှာတော့ အောက်ပါအတိုင်း ဖော်ပြပါရှိပါတယ်။

“ကျွန်တော့်အမျိုးသမီးက ကလေးမရနိုင်တော့ဘူးလို့ ထင်ထားတဲ့အချိန်မှာပဲ  အသက်ကြီးနေပေမယ့် ကိုယ်ဝန်ရလာခဲ့တယ်။ အဲ့ဒီ့အချိန်တုန်းက ကျွန်တော်တို့ကလည်း သူ့မှာကိုယ်ဝန်ရှိနေမှန်း မသိခဲ့ကြဘူး။ ပြီးတော့ အဲ့ဒီ့တုန်းက သူကလည်း နေမကောင်းဖြစ်နေတော့ ဆေးတွေအများကြီး သောက်ခဲ့ရတယ်။

Photo: wikipedia

အဲ့ဒါနဲ့ပဲ ကျွန်တော်တို့ သိတဲ့အချိန်မှာ ဆေးတွေရဲ့အရှိန်ကြောင့် မသန်စွမ်းတဲ့ကလေးများ မွေးလာခဲ့မလားလို့ နှစ်ယောက်လုံးက စိုးရိမ်ခဲ့ကြတယ်။ အဲ့ဒါကြောင့်ပဲ ကိုယ်ဝန်ကို ဖျက်ချဖို့ ကြိုးစားခဲ့ကြတယ်။ ဒါပေမယ့် ဒါဟာ ဘုရားရဲ့အလိုကျ မဟုတ်ဘူး ထင်ပါတယ်။ အဲ့လိုနဲ့ တကယ်ကို ကျန်းမာသန်စွမ်းတဲ့ ကောင်လေးကို နောက်ဆုံးမှာ မွေးဖွားနိုင်ခဲ့တယ်။

အဲ့လိုကျန်းမာသန်စွမ်းနေတဲ့ ကလေးက သူ့အမေက ချီလိုက်တယ်ဆိုရင်ပဲ ရုတ်တရက်ကြီး ထငိုတော့တယ်။ ပြီးတော့ အပူတွေကြီးလာလို့ အရေးပေါ်ခန်းကို ပြေးခဲ့ရပါတယ်။ ရက်ပေါင်းများစွာပဲ ကလေးက သက်သာတဲ့အရိပ်အယောင် လုံးဝမရှိခဲ့ဘူး။ ပြီးတော့ ကလေးက တဖြည်းဖြည်းနဲ့ တကယ့် လူသေအလောင်းလေးလိုပဲ ဖြစ်လာတယ်။ ဆရာဝန်တွေကလည်း ကျွန်တော်တို့ စိတ်ပျက်စေမယ့် မကောင်းသတင်းတွေကိုပဲ တောက်လျှောက်ပြောနေကြတော့တာပါပဲ။

အဲ့ဒီ့အချိန်မှာပဲ သင်းအုပ်ဆရာကြီးက ကျွန်တော်တို့ကို ပြောလာတယ်။ ဒီကလေးလေးကို ဘုရားသခင်က ကောင်းချီးပေးနေပြီတဲ့။ အဲ့ဒါကြောင့် ကျွန်တော်တို့ကို ဆေးရုံက ဆင်းခိုင်းပြီး ကလေးကိုလည်း အသင်းတော်ကို ဝင်ခွင့်ပေးလိုက်တယ်” လို့ ဆိုပါတယ်။Park Bo Gum ရဲ့ဖခင်ဟာ ဖာသာရဲ့အကြံကို တန်းပြီး လက်မခံခဲ့ဘဲ လျစ်လျူရှုထားခဲ့တယ်လို့ ဆိုပါတယ်။

Photo: wikimedia commons

သို့ပေမယ့် နောက်ပိုင်းမှာတော့ အမျိုးအမည် ဖော်ပြလို့မရတဲ့ တွန်းအားတစ်ခုက သူ့ရဲ့စိတ်ကို ပြောင်းလဲသွားအောင် စွမ်းဆောင်ပစ်ခဲ့တယ်လို့ စာထဲမှာ ဖော်ပြထားပါတယ်။

“ဆေးရုံဆင်းခွင့်ဖောင်မှာ လက်မှတ်ထိုးပြီး ကလေးကို အိမ်ကိုပဲ တန်းခေါ်လာခဲ့လိုက်တယ်။ ကလေးရဲ့ခေါင်းက ဆံပင်တွေတောင် ကျွတ်ထွက်နေပြီဆိုတော့ ကျွန်တော် ဘယ်လိုပဲတွေးတွေး၊ သင်းအုပ်ဆရာကြီးက ကလေးကို အသင်းတော်အဖွဲ့ဝင်အဖြစ် ချီးမြှင့်ပေးလိုက်ရုံနဲ့ ဘယ်လိုမှ သက်သာသွားစရာ အကြောင်းမရှိဘူးလို့ပဲ ထင်မိတယ်။ အဲ့ဒါနဲ့ပဲ ကလေးကို ကားပေါ်တင်ပြီး ဆိုးလ်အမျိုးသားတက္ကသိုလ်ဆေးရုံကို ပြန်သွားမိပြန်တယ်။

ဆေးရုံအပေါက်ဝလည်း ရောက်ရော၊ အမျိုးအမည်မသိတဲ့ တွန်းအားတစ်ခုက ကျွန်တော့်ကို အိမ်ကိုပြန်ဖို့ တိုက်တွန်းလိုက်တယ်။ အဲ့ဒါနဲ့ ကျွန်တော်လည်း ကားကို ပြန်ကွေ့ပြီး သင်းအုပ်ဆရာကြီးဆီကို မောင်းသွားလိုက်တယ်။ အဲ့ဒီ့မှာပဲ ဖာသာက ကျွန်တော့်ကို အသင်းတော်အဖွဲ့ဝင်အဖြစ် လက်ခံဖို့ပြောပြီး ဓမ္မတေးအချို့ကို ဖွင့်လိုက်ပြီးတော့ ဆုတောင်းပေးခဲ့တယ်။

Photo: koreaboo

ကျွန်တော်အိမ်ကိုပြန်သွားပြီးတော့ ဖာသာပြောတဲ့အတိုင်း လုပ်လိုက်တဲ့အခါ တကယ့် အလောင်းလိုပဲ အေးစက်တောင့်တင်းနေတဲ့ ကလေးက ထပြီးတော့ ငိုတယ်။ အမည်းရောင်မစင်တွေလည်း စွန့်ပြီးရော တစ်ပတ်အတွင်းမှာ ကလေးက လုံးဝပြန်ကောင်းသွားတယ်။

ဆေးရုံမှာတုန်းက ဆရာဝန်တွေက ဒီကလေးရဲ့ အသက်ခြောက်နှစ်လောက်ကျရင် အူကျွံရောဂါကို ခွဲစိတ်ရလိမ့်မယ်လို့ ပြောပေမယ့် ဘုရားသခင်ကျေးဇူးကြောင့် နှစ်လအတွင်းမှာ သူ့ရဲ့အူကျွံတဲ့အနာက လုံးဝပြန်ကောင်းသွားတယ်။ ကျွန်တော်တို့လည်း ဘုရားသခင်ရဲ့ တကယ့် ကောင်းချီးကို မြင်လိုက်ရပါတယ်။ အဲ့ဒီ့နောက်မှာပဲ ကျွန်တော်တို့ရဲ့ သင်းအုပ်ဆရာက ကလေးရဲ့နာမည်ကို Bo Gum လို့ ပေးခဲ့တာပါ” လို့ ရေးထားပါတယ်။

အရင်တုန်းကလည်း Park Bo Gum ဟာ သူ့ရဲ့သင်းအုပ်ဆရာအကြောင်းကို ပြောပြခဲ့ဖူးပြီး နှစ်ယောက်ကြားက သံယောဇဉ်ကို ပြောပြခဲ့ဖူးပါတယ်။ “တကယ့် တန်ဖိုးရှိတဲ့ စကားလုံးလေးတွေနဲ့ ကျွန်တော့်နာမည်ကို ပေးခဲ့တဲ့ ဖာသာကို ကျွန်တော်တကယ် လေးစားကြည်ညိုပါတယ်။ သူ့ဘဝအကြောင်းကို ကျွန်တော်စဉ်းစားကြည့်လိုက်ရင် ဘာသာရေးတစ်ခုတည်းမှာတင် မဟုတ်ဘဲ တကယ် ပညာရှိ၊ အမြော်အမြင်ရှိတယ်ဆိုတဲ့ အဓိပ္ပာယ်ကို သိလိုက်ရတယ်” လို့ ပြောပြခဲ့ဖူးပါတယ်။

@ParkBoGum Twitter
@ParkBoGum Twitter

Park Bo Gum ဟာ Jesus Centered Church မှာ ငယ်စဉ်ကတည်းက ပုံမှန်ဝတ်ပြုခဲ့သူတစ်ဦးဖြစ်ပြီး တကယ် ဘာသာတရား ကိုင်းရှိုင်းတဲ့ ခရစ်ယာန်ဘာသာဝင်တစ်ယောက်လည်း ဖြစ်ပါတယ်။ သို့ပေမယ့် မကြာသေးမီကပဲ အဆိုပါ ဘုရားရှိခိုးကျောင်းနဲ့ Park Bo Gum တို့ ကိုးကွယ်တဲ့ သင်းအုပ်ဆရာ Lee Cho Seok ဟာ အယူတိမ်းမှုကြောင့် ဝေဖန်မှုများစွာ ခံခဲ့ရပါတယ်။

အဆိုပါ Jesus Centered Church ဟာ ဆိုးလ်မြို့မှာ တည်ရှိပြီး ဝတ်ပြုဆုတောင်းသူတွေနဲ့ ပုံမှန်စည်ကားလေ့ ရှိပေမယ့် ကိုရီးယားရဲ့ တရားဝင် Korean Presbyterian Church အသင်းတော်မှ အယူဝါဒလွဲမှားမှုတွေ ဖြစ်နေတယ်လို့ သတ်မှတ်ခံခဲ့ရပါတယ်။ အကြောင်းကတော့ Jesus Centered Church ဟာ မိရိုးဖလာ ခရစ်ယာန်ထုံးတမ်းစဉ်လာတွေနဲ့ သွေဖီတဲ့ ယုံကြည်မှုတွေကို ကျင့်သုံးနေတာကြောင့်လို့ ဆိုပါတယ်။ သင်းအုပ်ဆရာချုပ်ဖြစ်တဲ့ Lee Cho Seok ဟာလည်း အော်သိုဒေါက်စ် နည်းမဟုတ်တဲ့ နည်းလမ်းတွေကို သုံးစွဲခြင်း၊ တရားဟောခြင်းတွေကြောင့် ဝေဖန်မှုများစွာ ခံခဲ့ရပါတယ်။ အဆိုပါ ဘုရားကျောင်းက နောက်လိုက်ပါတွေဟာ Lee Cho Seok ကို ဘုရားကဲ့သို့ ကိုးကွယ်ယုံကြည်ကြပြီး ဖျားနာမှုတွေဟာ မိစ္ဆာတွေကြောင့် ဖြစ်ရတယ်ဆိုတဲ့ ယုံကြည်မှုမျိုးတွေ ရှိကြတယ်လို့လည်း ဆိုပါတယ်။

Photo: kpop profiles

သင်းအုပ်ဘုန်းတော်ကြီး Lee Cho Seok ကတော့ လူရာပေါင်းများစွာရှေ့မှာ အပနှင်တာနဲ့ နာမည်ကြီးသလို မျက်စိမမြင်သူ၊ နားမကြားသူ၊ စာမဖတ်တတ်သူ၊ လမ်းမလျှောက်နိုင်သူတို့ကို တစ်ခဏအတွင်းမှာတင် ပကတိ ကောင်းမွန်သွားအောင် ကုသပေးနိုင်တဲ့ ဘုန်းတော်ကြီးတစ်ပါးအဖြစ် လူသိများပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ကိုရီးယားလူမျိုးအများစုဟာ လူတွေအပေါ် brainwash လုပ်တယ်ဆိုပြီး အဆိုပါ ဘုရားကျောင်းကို ဝေဖန်ထားကြပါတယ်။ မင်းသား Park Bo Gum ကလည်း အဆိုပါ ဘုရားကျောင်းရဲ့ နောက်လိုက်ပါတစ်ဦးဖြစ်ပြီး ဘုရားကျောင်းမှာ ဝတ်လာပြုဖို့ တရားဝင် ဖိတ်ခေါ်တာမျိုးတွေကို Twitter ကနေတစ်ဆင့် ပြုလုပ်လာတဲ့အတွက် လူအများက အံ့အားသင့်ခဲ့ကြပါတယ်။ ဒီနေရာမှာတော့ အယူအဆ နှစ်ခြမ်းကွဲနေပါတယ်။ တစ်ခြမ်းက Park Bo Gum လို လူတွေအားကျရတဲ့ ဆယ်လီတစ်ယောက်က သူ့ရဲ့နာမည်ကျော်ကြားမှုကို အသုံးချပြီး ဒီလိုမျိုး ဆွယ်တရားဟောတာဟာ မဖြစ်သင့်ကြောင်း ဝေဖန်ကြသူများနဲ့ လူတစ်ယောက်ဟာ သူယုံကြည်ရာကို ကိုးကွယ်ပိုင်ခွင့်ရှိတဲ့အကြောင်း Park Bo Gum ဘက်က ရပ်တည်ပေးတဲ့လူတွေလည်း ရှိနေကြပါတယ်။

Xei

(ဆံရစ်ဝိုင်းမီဒီယာစာမျက်နှာပေါ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို ခွင့်ပြုချက် တစ်စုံတစ်ရာ မရရှိဘဲ မိမိတို့ကိုယ်ကျိုးအတွက် ကူးယူသုံးစွဲခြင်း မပြုလုပ်ကြပါရန် သတိပေးအပ်ပါသည်။)

 

RELATED ARTICLES

Most Popular