HomeCelebs Update NewsKoreaမူလက Solo Artist အျဖစ္ ပြဲထြက္ဖို႔ စီစဥ္ထားခဲ့တာျဖစ္ေၾကာင္း ေျပာျပလာတဲ့ Park Bom

မူလက Solo Artist အျဖစ္ ပြဲထြက္ဖို႔ စီစဥ္ထားခဲ့တာျဖစ္ေၾကာင္း ေျပာျပလာတဲ့ Park Bom

အောက်တွင် ယူနီကုဒ်ဖြင့် ဖတ်ပါ။

Park Bom ဟာ ကနဦးတုန္းက 2NE1 အဖြဲ႔နဲ႔ မဟုတ္ဘဲ Solo အေနနဲ႔ ပြဲထြက္ဖို႔ ျဖစ္ခဲ့တယ္လို႔ သိရပါတယ္။ ဒီအေၾကာင္းကို MNet က ထုတ္လႊင့္ျပသေနတဲ့ Queendom အစီအစဥ္မွာ Park Bom ကိုယ္တိုင္က ေျပာျပခဲ့တာျဖစ္ပါတယ္။

Queendom အစီအစဥ္ရဲ႕ ေနာက္ဆုံးထြက္အပိုင္းမွာ Park Bom နဲ႔အတူ (G)I-DLE အဖြဲ႔က Minnie ၊ Oh My Girl အဖြဲ႔က Hyojung ၊ Lovelyz အဖြဲ႔က Kei ၊  AOA အဖြဲ႔က  Hyejeong နဲ႔ Mamamoo အဖြဲ႔က Hwasa တို႔က အသင္းတစ္သင္းစီအေနနဲ႔ ပါ၀င္ခဲ့ၾကတာ ျဖစ္ပါတယ္။ သူတို႔ရဲ႕ၿပိဳင္ပြဲေတြ မစတင္ခင္မွာ တစ္ေယာက္ခ်င္းစီရဲ႕ အတိတ္က အေၾကာင္းေတြကို စုရုံးကာ ေျပာျပခဲ့ၾကတာလည္း ျဖစ္ပါတယ္။

Photo: koreaboo

Park Bom အလွည့္ကို ေရာက္တဲ့အခါမွာေတာ့ မီဒီယာေတြမွာလည္း မေဖာ္ျပခဲ့သေလာက္ ရိွၿပီး သိပ္ကိုလူသိနည္းခဲ့တဲ့ အေၾကာင္းတစ္ခုကို ေျပာျပခဲ့ပါတယ္။ အဲ့ဒါကေတာ့ သူမအတြက္ ပြဲထြက္ဖို႔ ျဖစ္ခဲ့တဲ့ အစီအစဥ္အေၾကာင္း ျဖစ္ပါတယ္။

“ကၽြန္မက ballad (အခ်စ္သီခ်င္း အေႏွး)ေတြကို အၿမဲႀကိဳက္ခဲ့တဲ့ လူတစ္ေယာက္ပါ။ Lee Hi ရဲ႕သီခ်င္း Scarecrow ဆိုလို႔ရိွရင္ စစခ်င္တုန္းက ပီဒီႀကီး Park Jin Young က ကၽြန္မအတြက္ လက္ေဆာင္ေပးထားတဲ့ သီခ်င္းပါ။ အဲ့ဒီ့သီခ်င္းကို ကၽြန္မတစ္ေယာက္တည္း သီဆိုၿပီး အသံသြင္းခဲ့ပါတယ္။ အဲ့ဒါအတြက္ music video ေတာင္ ရိုက္ၿပီးပါၿပီ။ ဒါေပမယ့္ ေနာက္ပိုင္းက်ေတာ့ ကၽြန္မက 2NE1 အဖြဲ႔၀င္တစ္ေယာက္အေနနဲ႔ ပြဲထြက္ဖို႔ ျဖစ္သြားေတာ့ အဲ့ဒီ့သီခ်င္းကလည္း ဘာမွမလုပ္ျဖစ္ေတာ့ဘူးေပါ့” လို႔ Park Bom က ေျပာျပခဲ့ပါတယ္။

Photo: newharoobompark/ Instagram

Park Bom ဟာ သူမအတြက္ ထူးျခားခဲ့တဲ့ Scarecrow သီခ်င္းေလးကို အရင္တုန္းကလည္း အႀကိမ္ေရအနည္းငယ္ သီဆိုခဲ့ဖူးပါတယ္။ ေနာက္ဆုံးလႊင့္ထားတဲ့ သူမရဲ႕ live video မွာလည္း ဒီသီခ်င္းေလးကို ဆိုျပထားတာပါ။ ၂၀၀၇ခုႏွစ္ေလာက္တုန္းက ျပဳလုပ္ခဲ့တဲ့ BIGBANG ရဲ႕ ေဖ်ာ္ေျဖပြဲတစ္ခုမွာလည္း ဧည့္သည္အဆိုေတာ္အေနနဲ႔  ဒီသီခ်င္းကိုပဲ သီဆိုၿပီး ေဖ်ာ္ေျဖခဲ့ပါေသးတယ္။

Photo: Lee Hi Nation/ Twitter

Bom ဟာ စစခ်င္း ၂၀၀၇ခုႏွစ္၊ ၂၀၀၈ခုႏွစ္ ပတ္၀န္းက်င္တုန္းက solo artist တစ္ေယာက္အေနနဲ႔ ပြဲထြက္ဖို႔ စီစဥ္ထားခဲ့တာပါ။ solo အေနနဲ႔ ပြဲထြက္ဖို႔ စိတ္ေစာေနခဲ့တဲ့ Bom ဟာ အလြန္အကၽြံ ေလ့က်င့္မိလို႔ လည္ေခ်ာင္းမွာ ထိခိုက္မိခဲ့ပါတယ္။ ဒီလိုနဲ႔ အနားယူၿပီး ျပန္ေကာင္းသြားတဲ့အခ်ိန္မွာေတာ့ Yang Hyun Suk က သူမကို 2NE1 အဖြဲ႔မွာ main vocalist အေနနဲ႔ line up ေပးလိုက္တာ ျဖစ္ပါတယ္။

LaNina

Ref: koreaboo

(ဆံရစ္ဝိုင္းမီဒီယာစာမ်က္ႏွာေပၚတြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို ခြင့္ျပဳခ်က္ တစ္စုံတစ္ရာ မရရွိဘဲ မိမိတို႔ကိုယ္က်ိဳးအတြက္ ကူးယူသုံးစြဲျခင္း မျပဳလုပ္ၾကပါရန္ သတိေပးအပ္ပါသည္။)

(Unicode Version)

Park Bom ဟာ ကနဦးတုန်းက 2NE1 အဖွဲ့နဲ့ မဟုတ်ဘဲ Solo အနေနဲ့ ပွဲထွက်ဖို့ ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ဒီအကြောင်းကို MNet က ထုတ်လွှင့်ပြသနေတဲ့ Queendom အစီအစဉ်မှာ Park Bom ကိုယ်တိုင်က ပြောပြခဲ့တာဖြစ်ပါတယ်။

Queendom အစီအစဉ်ရဲ့ နောက်ဆုံးထွက်အပိုင်းမှာ Park Bom နဲ့အတူ (G)I-DLE အဖွဲ့က Minnie ၊ Oh My Girl အဖွဲ့က Hyojung ၊ Lovelyz အဖွဲ့က Kei ၊  AOA အဖွဲ့က  Hyejeong နဲ့ Mamamoo အဖွဲ့က Hwasa တို့က အသင်းတစ်သင်းစီအနေနဲ့ ပါဝင်ခဲ့ကြတာ ဖြစ်ပါတယ်။ သူတို့ရဲ့ပြိုင်ပွဲတွေ မစတင်ခင်မှာ တစ်ယောက်ချင်းစီရဲ့ အတိတ်က အကြောင်းတွေကို စုရုံးကာ ပြောပြခဲ့ကြတာလည်း ဖြစ်ပါတယ်။

Photo: koreaboo

Park Bom အလှည့်ကို ရောက်တဲ့အခါမှာတော့ မီဒီယာတွေမှာလည်း မဖော်ပြခဲ့သလောက် ရှိပြီး သိပ်ကိုလူသိနည်းခဲ့တဲ့ အကြောင်းတစ်ခုကို ပြောပြခဲ့ပါတယ်။ အဲ့ဒါကတော့ သူမအတွက် ပွဲထွက်ဖို့ ဖြစ်ခဲ့တဲ့ အစီအစဉ်အကြောင်း ဖြစ်ပါတယ်။

“ကျွန်မက ballad (အချစ်သီချင်း အနှေး)တွေကို အမြဲကြိုက်ခဲ့တဲ့ လူတစ်ယောက်ပါ။ Lee Hi ရဲ့သီချင်း Scarecrow ဆိုလို့ရှိရင် စစချင်တုန်းက ပီဒီကြီး Park Jin Young က ကျွန်မအတွက် လက်ဆောင်ပေးထားတဲ့ သီချင်းပါ။ အဲ့ဒီ့သီချင်းကို ကျွန်မတစ်ယောက်တည်း သီဆိုပြီး အသံသွင်းခဲ့ပါတယ်။ အဲ့ဒါအတွက် music video တောင် ရိုက်ပြီးပါပြီ။ ဒါပေမယ့် နောက်ပိုင်းကျတော့ ကျွန်မက 2NE1 အဖွဲ့ဝင်တစ်ယောက်အနေနဲ့ ပွဲထွက်ဖို့ ဖြစ်သွားတော့ အဲ့ဒီ့သီချင်းကလည်း ဘာမှမလုပ်ဖြစ်တော့ဘူးပေါ့” လို့ Park Bom က ပြောပြခဲ့ပါတယ်။

Photo: newharoobompark/ Instagram

Park Bom ဟာ သူမအတွက် ထူးခြားခဲ့တဲ့ Scarecrow သီချင်းလေးကို အရင်တုန်းကလည်း အကြိမ်ရေအနည်းငယ် သီဆိုခဲ့ဖူးပါတယ်။ နောက်ဆုံးလွှင့်ထားတဲ့ သူမရဲ့ live video မှာလည်း ဒီသီချင်းလေးကို ဆိုပြထားတာပါ။ ၂၀၀၇ခုနှစ်လောက်တုန်းက ပြုလုပ်ခဲ့တဲ့ BIGBANG ရဲ့ ဖျော်ဖြေပွဲတစ်ခုမှာလည်း ဧည့်သည်အဆိုတော်အနေနဲ့  ဒီသီချင်းကိုပဲ သီဆိုပြီး ဖျော်ဖြေခဲ့ပါသေးတယ်။

Photo: Lee Hi Nation/ Twitter

Bom ဟာ စစချင်း ၂၀၀၇ခုနှစ်၊ ၂၀၀၈ခုနှစ် ပတ်ဝန်းကျင်တုန်းက solo artist တစ်ယောက်အနေနဲ့ ပွဲထွက်ဖို့ စီစဉ်ထားခဲ့တာပါ။ solo အနေနဲ့ ပွဲထွက်ဖို့ စိတ်စောနေခဲ့တဲ့ Bom ဟာ အလွန်အကျွံ လေ့ကျင့်မိလို့ လည်ချောင်းမှာ ထိခိုက်မိခဲ့ပါတယ်။ ဒီလိုနဲ့ အနားယူပြီး ပြန်ကောင်းသွားတဲ့အချိန်မှာတော့ Yang Hyun Suk က သူမကို 2NE1 အဖွဲ့မှာ main vocalist အနေနဲ့ line up ပေးလိုက်တာ ဖြစ်ပါတယ်။

LaNina

Ref: koreaboo

(ဆံရစ်ဝိုင်းမီဒီယာစာမျက်နှာပေါ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို ခွင့်ပြုချက် တစ်စုံတစ်ရာ မရရှိဘဲ မိမိတို့ကိုယ်ကျိုးအတွက် ကူးယူသုံးစွဲခြင်း မပြုလုပ်ကြပါရန် သတိပေးအပ်ပါသည်။)

RELATED ARTICLES

Most Popular