HomeDramaPark Hae Jin နဲ့ Jin Ki Joo တို့ကို မှော်ဆရာနဲ့ ရဲမေအဖြစ် မြင်တွေ့ရမယ့် ဒရာမာအသစ်

Park Hae Jin နဲ့ Jin Ki Joo တို့ကို မှော်ဆရာနဲ့ ရဲမေအဖြစ် မြင်တွေ့ရမယ့် ဒရာမာအသစ်

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

မင်းသား Park Hae Jin နဲ့ မင်းသမီး Jin Ki Joo တို့ကိုတော့ MBC ရုပ်သံလိုင်းက အသစ်ထုတ်လွှင့်မယ့် ဒရာမာ From Now On, Showtime! ထဲမှာ မှော်ဆရာနဲ့ ရဲမေအဖြစ် မြင်တွေ့ရဦးမှာ ဖြစ်ပါတယ်။

From Now On, Showtime! ကတော့ စိတ်ကူးယဉ် ရိုမန့်စ် ဟာသအမျိုးအစား ဖြစ်ပြီး သရဲတစ္ဆေတွေကို ဆင့်ခေါ်နိုင်တဲ့ နာမည်ကြီးမှော်ဆရာ Cha Cha Woong (Park Hae Jin) နဲ့ သဘာဝလွန်စွမ်းအားတွေကို ပိုင်ဆိုင်ထားတဲ့ ရဲမေ Go Seul Hae (Jin Ki Joo) တို့ရဲ့ ဇာတ်လမ်းပဲ ဖြစ်ပါတယ်။

Photo via asianwiki

ဒီဒရာမာကတော့ ပါဝင်ထားတဲ့ သရုပ်ဆောင်တွေကြောင့် ယခုနှစ် နွေရာသီမှာ စတင်ကြေညာတည်းက လူတွေရဲ့ စိတ်ဝင်စားမှုကို ရရှိနေတာ ဖြစ်ပါတယ်။

Park Hae Jin ကတော့ ရှုပ်ထွေးတဲ့ စိတ်ခံစားချက်တွေနဲ့ သူ့ရဲ့ အချစ်ကြောင့် နာကျင်ခံစားနေရတဲ့ ဖြစ်ရပ်တွေကို လျှို့ဝှက်ထားတဲ့ မှော်ဆရာ Cha Cha Woong အဖြစ် သရုပ်ဆောင်ထားပါတယ်။ Jin Ki Joo ကတော့ သွက်လက်တက်ကြွပြီး တရားမျှတမှုကို ရှေ့ထားတဲ့ အလုပ်ကြိုးစားတဲ့ ရဲမေ Go Seul Hae အဖြစ် သရုပ်ဆောင်ထားပါတယ်။

သရုပ်ဆောင်နှစ်ယောက်စလုံးဟာ စီနီယာ-ဂျူနီယာ ဆက်ဆံရေးနဲ့ ရိုက်ကွင်းပေါ်မှာလည်း တစ်ဦးအပေါ်တစ်ဦး ဂရုစိုက်ကာ အတူတူ ကြိုးစားထားကြတယ်လို့ သိရပါတယ်။

Photo via mydramalist

“Park Hae Jin နဲ့ Jin Ki Joo တို့ကြားက chemistry က ကျွန်တော်တို့ မျှော်လင့်ထားတာထက် သဘာဝပိုကျနေတာကြောင့် တစ်ဖွဲ့သားလုံး အံ့ဩရပါတယ်။ Jin Ki Joo ကတော့ ရဲမေတစ်ယောက်နဲ့ လိုက်ဖက်မယ့် အသံအနေအထားကို ခက်ခက်ခဲခဲ ကြိုးစားခဲ့ရပြီး Park Hae Jin ကတော့ သူ့ရဲ့ trademark ဖြစ်တဲ့ ဩဇာရှိမှုကို ကောင်းကောင်းလေး ကိုင်တွယ်ထားပါတယ် … ” လို့ ရိုက်ကူးရေးအဖွဲ့သားတွေက ပြောထားပါတယ်။

From Now On, Showtime! ဒရာမာကိုတော့ လာမယ့်နှစ်အတွင်းမှာ ပြသမယ်လို့ သိရပါတယ်။

Glasgow

Source: soompi

(Zawgyi Version)

မင္းသား Park Hae Jin နဲ႔ မင္းသမီး Jin Ki Joo တို႔ကိုေတာ့ MBC ႐ုပ္သံလိုင္းက အသစ္ထုတ္လႊင့္မယ့္ ဒရာမာ From Now On, Showtime! ထဲမွာ ေမွာ္ဆရာနဲ႔ ရဲေမအျဖစ္ ျမင္ေတြ႕ရဦးမွာ ျဖစ္ပါတယ္။

From Now On, Showtime! ကေတာ့ စိတ္ကူးယဥ္ ရိုမန႔္စ္ ဟာသအမ်ိဳးအစား ျဖစ္ၿပီး သရဲတေစၧေတြကို ဆင့္ေခၚနိုင္တဲ့ နာမည္ႀကီးေမွာ္ဆရာ Cha Cha Woong (Park Hae Jin) နဲ႔ သဘာဝလြန္စြမ္းအားေတြကို ပိုင္ဆိုင္ထားတဲ့ ရဲေမ Go Seul Hae (Jin Ki Joo) တို႔ရဲ့ ဇာတ္လမ္းပဲ ျဖစ္ပါတယ္။

Photo via asianwiki

ဒီဒရာမာကေတာ့ ပါဝင္ထားတဲ့ သ႐ုပ္ေဆာင္ေတြေၾကာင့္ ယခုႏွစ္ ေႏြရာသီမွာ စတင္ေၾကညာတည္းက လူေတြရဲ့ စိတ္ဝင္စားမွုကို ရရွိေနတာ ျဖစ္ပါတယ္။

Park Hae Jin ကေတာ့ ရွုပ္ေထြးတဲ့ စိတ္ခံစားခ်က္ေတြနဲ႔ သူ႔ရဲ့ အခ်စ္ေၾကာင့္ နာက်င္ခံစားေနရတဲ့ ျဖစ္ရပ္ေတြကို လၽွို႔ဝွက္ထားတဲ့ ေမွာ္ဆရာ Cha Cha Woong အျဖစ္ သ႐ုပ္ေဆာင္ထားပါတယ္။ Jin Ki Joo ကေတာ့ သြက္လက္တက္ႂကြၿပီး တရားမၽွတမွုကို ေရွ႕ထားတဲ့ အလုပ္ႀကိဳးစားတဲ့ ရဲေမ Go Seul Hae အျဖစ္ သ႐ုပ္ေဆာင္ထားပါတယ္။

သ႐ုပ္ေဆာင္ႏွစ္ေယာက္စလုံးဟာ စီနီယာ-ဂ်ဴနီယာ ဆက္ဆံေရးနဲ႔ ရိုက္ကြင္းေပၚမွာလည္း တစ္ဦးအေပၚတစ္ဦး ဂ႐ုစိုက္ကာ အတူတူ ႀကိဳးစားထားၾကတယ္လို႔ သိရပါတယ္။

Photo via mydramalist

“Park Hae Jin နဲ႔ Jin Ki Joo တို႔ၾကားက chemistry က ကၽြန္ေတာ္တို႔ ေမၽွာ္လင့္ထားတာထက္ သဘာဝပိုက်ေနတာေၾကာင့္ တစ္ဖြဲ႕သားလုံး အံ့ဩရပါတယ္။ Jin Ki Joo ကေတာ့ ရဲေမတစ္ေယာက္နဲ႔ လိုက္ဖက္မယ့္ အသံအေနအထားကို ခက္ခက္ခဲခဲ ႀကိဳးစားခဲ့ရၿပီး Park Hae Jin ကေတာ့ သူ႔ရဲ့ trademark ျဖစ္တဲ့ ဩဇာရွိမွုကို ေကာင္းေကာင္းေလး ကိုင္တြယ္ထားပါတယ္ … ” လို႔ ရိုက္ကူးေရးအဖြဲ႕သားေတြက ေျပာထားပါတယ္။

From Now On, Showtime! ဒရာမာကိုေတာ့ လာမယ့္ႏွစ္အတြင္းမွာ ျပသမယ္လို႔ သိရပါတယ္။

Glasgow

Source: soompi

RELATED ARTICLES

Most Popular