HomeCelebs Update NewsKoreaParasite ထဲက co-starဖြစ်သူ Choi Woo Shik ကို တစ်သက်လုံးကျေးဇူးတင်နေမယ်ဆိုတဲ့ Park So Dam

Parasite ထဲက co-starဖြစ်သူ Choi Woo Shik ကို တစ်သက်လုံးကျေးဇူးတင်နေမယ်ဆိုတဲ့ Park So Dam

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

နာမည်ကျော် ကိုရီးယားရုပ်ရှင် Parasite ထဲမှာ Choi Woo Shik နဲ့အတူ သရုပ်ဆောင်ခဲ့တဲ့ သရုပ်ဆောင် Park So Dam ကတော့ သူမရဲ့ တစ်သက်တာလုံး Choi Woo Shik ကို အမြဲတမ်း ကျေးဇူးတင်နေပါတယ်လို့ ပြောလိုက်ပါတယ်။

Park So Dam ဟာ နိုဝင်ဘာလ(၂၄)ရက်နေ့မှာ ထုတ်လွှင့်ခဲ့တဲ့ Radio Star အစီအစဉ်ကို ဧည့်သည်အဖြစ် လာရောက်ခဲ့ပြီး Parasite ရုပ်ရှင် ရိုက်ကူးတုန်းက အတွေ့အကြုံတွေကို ပြောပြသွားတာ ဖြစ်ပါတယ်။ သူမရဲ့ ပြောပြချက်အရ  Choi Woo Shik နဲ့ သူမဟာ ရုပ်ချင်းဆင်တူကြတဲ့အတွက် ဒါရိုက်တာ Bong Joon Ho က သရုပ်ဆောင်ဖို့ ရွေးချယ်ခဲ့တာလို့ ဆိုပါတယ်။

Photo via soompi

“ဒါရိုက်တာ Bong Joon Ho က ကျွန်မတို့နှစ်ယောက်ကို မောင်နှမအဖြစ် သရုပ်ဆောင်ခိုင်းဖို့ ရွေးချယ်ချင်တာလို့ ပြောတယ်။ ကျွန်မတို့ သုံးယောက် ပထမဆုံး စတွေ့မယ့်နေ့မှာပဲ ဒါရိုက်တာကြီးက ကျွန်မတို့နှစ်ယောက်လုံးကို မိတ်ကပ် လုံးဝ မလိမ်းလာဖို့ ပြောတယ်။ အဲဒါနဲ့ ကျွန်မတို့လည်း မိတ်ကပ် လုံးဝ မလိမ်းဘဲ သွားလိုက်ကြတယ်။ ခေါင်းတောင် မလျှော်သွားဘူး။ လုံးဝ သဘာဝရုပ်အတိုင်း သွားကြတာပေါ့။ အဲဒီမှာ ကျွန်မတို့နှစ်ယောက် ဒါရိုက်တာကြီးက မြင်လိုက်တာနဲ့တင် သူ အရမ်းပျော်သွားတာ … ” လို့ Park So Dam က ဆိုပါတယ်။

“ကျွန်မတို့နှစ်ယောက်က ရုပ်ချင်းဆင်တယ်ဆိုတာ ကျွန်မ တကယ်မသိခဲ့တာ။ ကျွန်မလည်း တကယ်ကြီး ကျွန်မက သူနဲ့ တူတာလားလို့ သိချင်သွားတယ်။ ဒါပေမယ့် နောက်ပိုင်း ကျွန်မတို့နှစ်ယောက် ရိုက်ထားတဲ့ ဓာတ်ပုံကို ကြည့်လိုက်တော့မှ ရုပ်ချင်ဆင်မှန်း သိသွားတာ … ”

Photo via soompi

“ကျွန်မရဲ့ တစ်သက်လုံး Choi Woo Shik ကို ကျေးဇူးတင်သွားရမှာပါ။ ဘာလို့လည်းဆိုတော့ သူက အရင်ဆုံး အရွေးချယ်ခံထားရပြီးသားလေ။ ကျွန်မကတော့ သူနဲ့ ရုပ်ချင်း ဆင်နေလို့သာ ဒီရုပ်ရှင်မှာ ပါဝင်ခွင့်ရခဲ့တာ။ ဒါကြောင့် ဒီဇာတ်ရုပ်လေးကို သရုပ်ဆောင်ခွင့် ရခဲ့တဲ့အတွက် သူ့ကို ကျွန်မ ကျေးဇူးတင်ရမှာပါ … ” လို့ Park So Dam က သူမကိုယ်ကို နှိမ့်ချစွာနဲ့ ပြောခဲ့ပါသေးတယ်။

အဲဒီနောက် Park So Dam ရဲ့ လက်တွေ့ဘဝက မောင်ဖြစ်သူကရော Choi Woo Shik နဲ့ ရုပ်ချင်းဆင်သလားလို့ မေးမြန်းခဲ့တာကိုတော့ “ဟုတ်ကဲ့ … သူတို့နှစ်ယောက်က ပုံစံချင်းတူတယ်။ ကျွန်မတို့ မိသားစုဝင်အားလုံးက မျက်လုံးတွေ တူကြတယ်လေ … ” လို့ သူမက ပြန်လည် ဖြေကြားထားပါတယ်။

Photo via IMDb

Parasite ရုပ်ရှင်ကတော့ ၂၀၁၉ ခုနှစ်မှာ ထွက်ရှိခဲ့တာ ဖြစ်ပြီး စီးပွားရေးအရ အောင်မြင်ခဲ့သလို ရုပ်ရှင်ဝေဖန်ရေးသမားတွေရဲ့ ချီးကျူးမှုကိုလည်း ရရှိခဲ့ပါတယ်။ ဒါတင်မက ပရိသတ်တွေရဲ့ အကြိုက်လည်း ဖြစ်ခဲ့ပြီး အော်စကာဆုလည်း ရရှိခဲ့ပါသေးတယ်။ Parasite ရဲ့ အောင်မြင်မှုဟာ ကိုရီးယားရုပ်ရှင်လောကကို အင်တာနေရှင်နယ်အထိ လွှမ်းမိုးနိုင်ခဲ့တဲ့အပြင် အာရှရုပ်ရှင်လောကမှာလည်း ကြီးမားတဲ့ သက်ရောက်မှုတွေ ဖြစ်စေခဲ့ပါတယ်။

Glasgow

Source: soompi

(Zawgyi Version)

နာမည္ေက်ာ္ ကိုရီးယား႐ုပ္ရွင္ Parasite ထဲမွာ Choi Woo Shik နဲ႔အတူ သ႐ုပ္ေဆာင္ခဲ့တဲ့ သ႐ုပ္ေဆာင္ Park So Dam ကေတာ့ သူမရဲ့ တစ္သက္တာလုံး Choi Woo Shik ကို အျမဲတမ္း ေက်းဇူးတင္ေနပါတယ္လို႔ ေျပာလိုက္ပါတယ္။

Park So Dam ဟာ နိုဝင္ဘာလ(၂၄)ရက္ေန႔မွာ ထုတ္လႊင့္ခဲ့တဲ့ Radio Star အစီအစဥ္ကို ဧည့္သည္အျဖစ္ လာေရာက္ခဲ့ၿပီး Parasite ႐ုပ္ရွင္ ရိုက္ကူးတုန္းက အေတြ႕အၾကဳံေတြကို ေျပာျပသြားတာ ျဖစ္ပါတယ္။ သူမရဲ့ ေျပာျပခ်က္အရ  Choi Woo Shik နဲ႔ သူမဟာ ႐ုပ္ခ်င္းဆင္တူၾကတဲ့အတြက္ ဒါရိုက္တာ Bong Joon Ho က သ႐ုပ္ေဆာင္ဖို႔ ေရြးခ်ယ္ခဲ့တာလို႔ ဆိုပါတယ္။

Photo via soompi

“ဒါရိုက္တာ Bong Joon Ho က ကၽြန္မတို႔ႏွစ္ေယာက္ကို ေမာင္ႏွမအျဖစ္ သ႐ုပ္ေဆာင္ခိုင္းဖို႔ ေရြးခ်ယ္ခ်င္တာလို႔ ေျပာတယ္။ ကၽြန္မတို႔ သုံးေယာက္ ပထမဆုံး စေတြ႕မယ့္ေန႔မွာပဲ ဒါရိုက္တာႀကီးက ကၽြန္မတို႔ႏွစ္ေယာက္လုံးကို မိတ္ကပ္ လုံးဝ မလိမ္းလာဖို႔ ေျပာတယ္။ အဲဒါနဲ႔ ကၽြန္မတို႔လည္း မိတ္ကပ္ လုံးဝ မလိမ္းဘဲ သြားလိုက္ၾကတယ္။ ေခါင္းေတာင္ မေလၽွာ္သြားဘူး။ လုံးဝ သဘာဝ႐ုပ္အတိုင္း သြားၾကတာေပါ့။ အဲဒီမွာ ကၽြန္မတို႔ႏွစ္ေယာက္ ဒါရိုက္တာႀကီးက ျမင္လိုက္တာနဲ႔တင္ သူ အရမ္းေပ်ာ္သြားတာ … ” လို႔ Park So Dam က ဆိုပါတယ္။

“ကၽြန္မတို႔ႏွစ္ေယာက္က ႐ုပ္ခ်င္းဆင္တယ္ဆိုတာ ကၽြန္မ တကယ္မသိခဲ့တာ။ ကၽြန္မလည္း တကယ္ႀကီး ကၽြန္မက သူနဲ႔ တူတာလားလို႔ သိခ်င္သြားတယ္။ ဒါေပမယ့္ ေနာက္ပိုင္း ကၽြန္မတို႔ႏွစ္ေယာက္ ရိုက္ထားတဲ့ ဓာတ္ပုံကို ၾကည့္လိုက္ေတာ့မွ ႐ုပ္ခ်င္ဆင္မွန္း သိသြားတာ … ”

Photo via soompi

“ကၽြန္မရဲ့ တစ္သက္လုံး Choi Woo Shik ကို ေက်းဇူးတင္သြားရမွာပါ။ ဘာလို႔လည္းဆိုေတာ့ သူက အရင္ဆုံး အေရြးခ်ယ္ခံထားရၿပီးသားေလ။ ကၽြန္မကေတာ့ သူနဲ႔ ႐ုပ္ခ်င္း ဆင္ေနလို႔သာ ဒီ႐ုပ္ရွင္မွာ ပါဝင္ခြင့္ရခဲ့တာ။ ဒါေၾကာင့္ ဒီဇာတ္႐ုပ္ေလးကို သ႐ုပ္ေဆာင္ခြင့္ ရခဲ့တဲ့အတြက္ သူ႔ကို ကၽြန္မ ေက်းဇူးတင္ရမွာပါ … ” လို႔ Park So Dam က သူမကိုယ္ကို ႏွိမ့္ခ်စြာနဲ႔ ေျပာခဲ့ပါေသးတယ္။

အဲဒီေနာက္ Park So Dam ရဲ့ လက္ေတြ႕ဘဝက ေမာင္ျဖစ္သူကေရာ Choi Woo Shik နဲ႔ ႐ုပ္ခ်င္းဆင္သလားလို႔ ေမးျမန္းခဲ့တာကိုေတာ့ “ဟုတ္ကဲ့ … သူတို႔ႏွစ္ေယာက္က ပုံစံခ်င္းတူတယ္။ ကၽြန္မတို႔ မိသားစုဝင္အားလုံးက မ်က္လုံးေတြ တူၾကတယ္ေလ … ” လို႔ သူမက ျပန္လည္ ေျဖၾကားထားပါတယ္။

Photo via IMDb

Parasite ႐ုပ္ရွင္ကေတာ့ ၂၀၁၉ ခုႏွစ္မွာ ထြက္ရွိခဲ့တာ ျဖစ္ၿပီး စီးပြားေရးအရ ေအာင္ျမင္ခဲ့သလို ႐ုပ္ရွင္ေဝဖန္ေရးသမားေတြရဲ့ ခ်ီးက်ဴးမွုကိုလည္း ရရွိခဲ့ပါတယ္။ ဒါတင္မက ပရိသတ္ေတြရဲ့ အႀကိဳက္လည္း ျဖစ္ခဲ့ၿပီး ေအာ္စကာဆုလည္း ရရွိခဲ့ပါေသးတယ္။ Parasite ရဲ့ ေအာင္ျမင္မွုဟာ ကိုရီးယား႐ုပ္ရွင္ေလာကကို အင္တာေနရွင္နယ္အထိ လႊမ္းမိုးနိုင္ခဲ့တဲ့အျပင္ အာရွ႐ုပ္ရွင္ေလာကမွာလည္း ႀကီးမားတဲ့ သက္ေရာက္မွုေတြ ျဖစ္ေစခဲ့ပါတယ္။

Glasgow

Source: soompi

RELATED ARTICLES

Most Popular