HomeCelebs Update NewsKoreaGoo Hara သေဆုံးမှုရဲ့ cctv မှတ်တမ်းနဲ့ မှတ်စုအကြောင်း ရဲတပ်ဖွဲ့ထုတ်ပြန်

Goo Hara သေဆုံးမှုရဲ့ cctv မှတ်တမ်းနဲ့ မှတ်စုအကြောင်း ရဲတပ်ဖွဲ့ထုတ်ပြန်

Goo Hara ရဲ့သေဆုံးမှုနဲ့ ပတ်သက်ပြီး သတင်းအချက်အလက်အသစ်တွေကို ရဲတပ်ဖွဲ့က ထပ်မံထုတ်ပြန်လိုက်ပါတယ်။ အဲ့ဒါတွေကတော့ လက်ရေးနဲ့ ရေးသားထားတဲ့ မှတ်စုတစ်ခုနဲ့ စီစီတီဗွီမှတ်တမ်း စစ်ဆေးမှုရလဒ်တို့ပဲ ဖြစ်ပါတယ်။

Hara ကွယ်လွန်ပြီးနောက် သူမရဲ့နေအိမ်မှာပဲ လက်ရေးနဲ့ ရေးသားထားတဲ့ မှတ်စုတစ်စောင်ကို ရှာဖွေတွေ့ရှိထားတယ်လို့ ကနဦးမှာ ရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့ပါတယ်။ ဆိုးလ်မြို့ရဲဌာနရဲ့ ဖော်ပြချက်အရ အဆိုပါ မှတ်စုထဲမှာ Hara နဲ့ ပတ်သက်လို့ အဆိုးမြင်တဲ့အတွေးတွေကို ရေးသားထားတယ်လို့ သိရပါတယ်။

“မှတ်စုက တိုတိုလေးပါ။ ဧည့်ခန်းထဲက စားပွဲပေါ်ကနေ တွေ့ရတာ ဖြစ်ပါတယ်။ သူမ ကွယ်လွန်သွားတာကို နိုဝင်ဘာလ(၂၄)ရက်နေ့ ကိုရီးယားစံတော်ချိန် ညနေ(၆)နာရီကျော်လောက်မှာ အိမ်တော်ထိန်းက အရင်ဆုံး ရှာတွေ့ခဲ့တာပါ။ မှုခင်းဖြစ်ပွားရာနေရာနဲ့ မိသားစု၊ မိတ်ဆွေတွေကို စစ်ဆေးချက်အရ အခုထက်ထိတော့ ပြစ်မှုမြောက်တဲ့ တစ်စုံတစ်ရာ မတွေ့ရှိရသေးပါဘူး” လို့ ရဲအရာရှိတွေက ပြောပြထားပါတယ်။

Photo: koohara_ / Instagram

Hara ရဲ့ အိမ်တော်ထိန်းဟာ သူမကို ဆက်သွယ်ဖို့ ကြိုးစားရာကနေ လုံး၀ဆက်သွယ်လို့ မရတဲ့အတွက် အိမ်အထိ လိုက်လာခဲ့တာ ဖြစ်ပါတယ်။ အဆိုပါ အိမ်တော်ထိန်းဟာ Hara နဲ့ ရင်းနှီးတဲ့ ဆက်ဆံရေးရှိတယ်လို့လည်း သိရပါတယ်။

စီစီတီဗွီ စစ်ဆေးချက်ရလဒ်ကိုလည်း ရဲတပ်ဖွဲ့ကပဲ ထုတ်ပြန်ပေးထားပါသေးတယ်။ “စီစီတီဗွီမှတ်တမ်းတွေကို ပြန်ကြည့်တဲ့နေရာမှာတော့ Goo Hara ဟာ နိုဝင်ဘာလ(၂၄)ရက်နေ့ မနက်(၁၂:၃၅)နာရီလောက်မှာ အိမ်ကို ပြန်လာတာ တွေ့ရပါတယ်။ အဲ့ဒီ့နောက်ပိုင်းမှာ ဘယ်သူမှ အိမ်ကို လာတာ မတွေ့ရပါဘူး” လို့ ရဲတပ်ဖွဲ့က ဆိုပါတယ်။

ကျန်ရစ်ခဲ့တဲ့ ရုပ်ကလာပ်ကို ရင်ခွဲစစ်ဆေးခြင်း ပြု၊မပြုကိုတော့ ကျန်ရစ်သူမိသားစုနဲ့ ဆွေးနွေးနေတယ်လို့ သိရပါတယ်။ Goo Hara ဟာ နာမည်ကျော် Kara အဖွဲ့ရဲ့ အဖွဲ့ဝင်ဟောင်းတစ်ဦးဖြစ်ပြီး မြန်မာပရိသတ်တွေကြားမှာတော့ City Hunter စီးရီးနဲ့လည်း လူသိများသူ ဖြစ်ပါတယ်။ ကွယ်လွန်ချိန်မှာတော့ အသက်(၂၈)နှစ်သာ ရှိပါသေးတယ်။

LaNina

Ref: koreaboo

(ဆံရစ်ဝိုင်းမီဒီယာမှ တင်ဆက်သော ကိုယ်တိုင်ရေး (သို့မဟုတ်) ဘာသာပြန်သတင်း၊ဆောင်းပါးများကို ခွင့်ပြုချက်တစ်စုံတစ်ရာ မရရှိဘဲ မိမိတို့၏အကျိုးစီးပွားအတွက် အခြားသော မီဒီယာစာမျက်နှာများပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းများ မပြုလုပ်ကြပါရန် သတိပေးအပ်ပါသည်။)

 

RELATED ARTICLES

Most Popular