HomeCelebs Update NewsKoreaနောက်လူတွေမသိကြတော့တဲ့ လွန်ခဲ့တဲ့ဆယ်နှစ်ဝန်းကျင်က နာမည်ကြီးခဲ့တဲ့ k-pop အဖွဲ့များ

နောက်လူတွေမသိကြတော့တဲ့ လွန်ခဲ့တဲ့ဆယ်နှစ်ဝန်းကျင်က နာမည်ကြီးခဲ့တဲ့ k-pop အဖွဲ့များ

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

အောင်မြင်ကျော်ကြားမှုဟာ အချိန်အကန့်အသတ်အလိုက် ရွေ့လျားပျောက်ကွယ်ကုန်တယ်ဆိုတာကို အချို့သော နာမည်ကြီးကေပေါ့ပ်အဖွဲ့တွေကို ကြည့်ရင် သိနိုင်ပါတယ်။ ဒီကေပေါ့ပ်အဖွဲ့တွေဟာ လွန်ခဲ့သော ဆယ်စုနှစ်တစ်ခု ပတ်ဝန်းကျင်တုန်းကတော့ အကြီးအကျယ်ကို နာမည်ကြီးခဲ့ကြပေမယ့် အခုအချိန်မှာတော့ လူတွေလည်း သိပ်ပြီး သတိမရကြတော့ဘဲ မှေးမှိန်ပျောက်ကွယ်ကုန်ကြပါပြီ။ ယခုအချိန်မှာ လူတွေ မေ့ကုန်ကြပေမယ့် ဒီအဖွဲ့တွေဟာ ကေပေါ့ပ်ကို နိုင်ငံတကာထိ ထိုးဖောက်နိုင်အောင် တစ်ထောင့်တစ်နေရာကနေ ပံ့ပိုးခဲ့ကြပါတယ်။ သူတို့ကတော့ …

KARA
Photo: koreaboo

လွန်ခဲ့တဲ့ဆယ်နှစ်လောက်က ကေပေါ့ပ်ဂီတ အခင်းအကျင်းကို ပြန်ပြောပါဆိုရင် အများစုကတော့ Girls’ Generation ၊ 2NE1 ၊ Wonder Girls နဲ့ f(x) တို့ကိုပဲ အပြိုင်အဆိုင် ညွှန်းကြမှာပါ။ သို့ပေမယ့် အဲ့ဒီ့အချိန်ကာလတုန်းက ဝက်ဝက်ကွဲ အောင်မြင်ခဲ့တဲ့ မိန်းကလေးအဖွဲ့တွေထဲမှာ KARA အဖွဲ့လည်း ပါဝင်ခဲ့တာကိုတော့ လူတော်တော်များများ မေ့သွားကြပါပြီ။ KARA အဖွဲ့ရဲ့ နာမည်ကြီးသီချင်းတွေထဲကမှ Honey နဲ့ Step ဆိုတဲ့ သီချင်းနှစ်ပုဒ်ကတော့ နာမည်အကြီးဆုံးပါပဲ။ KARA ဟာ ဂျပန်စျေးကွက်ကို ထိုးဖောက်နိုင်ခဲ့တဲ့ ဦးဆုံးအဖွဲ့တွေထဲမှာလည်း ပါဝင်ခဲ့သလို အဲ့ဒီ့အချိန်က အလားတူ ကြိုးစားနေကြတဲ့ အဖွဲ့တွေထဲမှာ ကနဦးအောင်မြင်မှုအများဆုံးအဖွဲ့ထဲမှာလည်း ပါဝင်ခဲ့ပါတယ်။ သူတို့အဖွဲ့ရဲ့ Mister ဆိုတဲ့သီချင်းဟာ ဂျပန်မှာတော့ တကယ့်ကို ဟစ်ပါပဲ။ KARA ဟာ သူတို့ရဲ့နောက်ဆုံးအယ်လ်ဘမ်ကို ၂၀၁၃ခုနှစ်မှာ ထုတ်ဝေခဲ့ပြီး အဲ့ဒီ့နောက်မှာ DSP Media နဲ့လည်း စာချုပ်သက်တမ်း ကုန်သွားတာမို့ နောက်ပိုင်းမှာတော့ အဖွဲ့ပျက်ကြောင်း အတည်ပြုခဲ့ရပါတယ်။

SS501
Photo: koreaboo

လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်လောက်က ကေပေါ့ပ်လို့ ပြောလိုက်ရင် အများစုကတော့ SS501 ကို ပြေးမြင်ကြမှာပါ။ အဲ့ဒီ့အချိန်တုန်းက တကယ့်ကို ဝက်ဝက်ကွဲအောင်မြင်ခဲ့တဲ့ ယောက်ျားလေးအဖွဲ့တစ်ဖွဲ့ ဖြစ်ပြီး မိန်းကလေးတွေလည်း သည်းသည်းလှုပ် အားပေးခဲ့ကြပါတယ်။ သို့ပေမယ့် ၂၀၁၀ခုနှစ်မှာ အဖွဲ့ရဲ့လှုပ်ရှားမှုတွေ မရှိတော့တည်းက စတင်ပြီး သူတို့ရဲ့ အောင်မြင်ကျော်ကြားမှုဟာလည်း တဖြည်းဖြည်း အရောင်မှိန်၊ ပျောက်ကွယ်လာခဲ့ရပါတယ်။ အခုအချိန်မှာ SS501 လို့ ပြောလိုက်ရင် နာမည်တောင် မသိကြတော့တဲ့အထိ တိမ်မြုပ်သွားတာပါ။ ဒီအဖွဲ့ဟာ ပရိသတ်ရှေ့ ပြန်ပေါ်လာဖို့ မဖြစ်နိုင်တော့ပေမယ့် ကေပေါ့ပ်ဂီတသမိုင်းမှာတော့ အမွေအနှစ်ကောင်းတွေ ချန်ထားခဲ့တယ်ဆိုတာ ငြင်းမရနိုင်ပါဘူး။

MBLAQ
Photo: koreaboo

ဒီအဖွဲ့ကတော့ ကိုရီးယားရဲ့နာမည်ကြီး artist တစ်ယောက်ဖြစ်တဲ့ Rain က ၂၀၀၉ခုနှစ်မှာ ဖွဲ့စည်းပေးလိုက်တဲ့အဖွဲ့ပါ။ MBLAQ အဖွဲ့ဟာ စဖွဲ့လိုက်တည်းက ဟော့ဖြစ်ခဲ့ပြီး အောင်လည်းအောင်မြင်ခဲ့ပါတယ်။ ဒရာမာပရိသတ်တွေကတော့ ဒီထဲကအဖွဲ့ဝင် Lee Joon ကို ကောင်းကောင်းသိကြမှာပါ။ အဖွဲ့ရဲ့တည်မြဲမှုကတော့ စဖွဲ့ကတည်းက ယိုင်နဲ့နဲ့ဖြစ်ခဲ့ပေမယ့် အစပိုင်းနှစ်တွေမှာ သူတို့အဖွဲ့ဟာ ကောင်မလေးတွေကြား အတော်လေး ရေပန်းစားခဲ့တာပါ။ သူတို့အဖွဲ့ရဲ့ ပွဲထွက်သီချင်း Oh Yeah ကလည်း ထွက်ထွက်ချင်းတည်းက အားပေးမှုတွေ ရရှိခဲ့ပါတယ်။

Secret
Photo: koreaboo

Secret အဖွဲ့ဟာ TS Entertainment က ၂၀၀၉ခုနှစ်မှာ ဖွဲ့စည်းခဲ့တဲ့ မိန်းကလေး လေးယောက်အဖွဲ့ ဖြစ်ပါတယ်။ အဲ့ဒီ့အချိန်တုန်းက ထိပ်တန်းအဖွဲ့တွေနဲ့ အပြိုင်ကြဲနိုင်ခဲ့တဲ့ ဒီအဖွဲ့ကို နောက်ပိုင်းကေပေါ့ပ်ဖန်အသစ်တွေကတော့ မသိကြတော့ပါဘူး။ သူတို့အဖွဲ့ကို မြေအောက်ခန်း Idol များလို့လည်း လူသိများကြပါတယ်။ အကြောင်းကတော့ ပွဲထွက်တဲ့အချိန်အထိ မြေအောက်ခန်းထဲမှာ ချို့ချို့တဲ့တဲ့နဲ့ နေထိုင်ခဲ့ကြရလို့ပါ။ သို့ပေမယ့် လျင်လျင်မြန်မြန်ပဲ အောင်မြင်ခဲ့ကြလို့ ပိုကောင်းတဲ့နေရာကို ပြောင်းရွှေ့နေထိုင်နိုင်ခဲ့ကြပါတယ်။ နောက်ပိုင်းမှာတော့ အေဂျင်စီနဲ့ အဖွဲ့ကြား ပိုက်ဆံမပေးတဲ့ကိစ္စတွေနဲ့ အချင်းများကာ အမှုတွေရင်ဆိုင်ခဲ့ကြရပြီး တရားဝင် အဖွဲ့ပျက်ကြောင်း ကြေငြာခဲ့ရပါတယ်။ Secret ရဲ့ Shy Boy ဆိုတဲ့သီချင်းကတော့ ကိုရီးယား music chart တွေမှာ ထိပ်ဆုံးကို ရောက်တဲ့အထိ အောင်မြင်မှုတွေ ရရှိခဲ့ပါတယ်။

See Ya
Photo: koreaboo

See Ya ကတော့ MNet မီဒီယာက ၂၀၀၆ခုနှစ်မှာ ဖွဲ့စည်းပေးလိုက်တဲ့ မိန်းကလေးသုံးယောက်အဖွဲ့ပါ။ ၂၀၀၉ခုနှစ်အရောက်မှာတော့ အဖွဲ့ဝင် Nam Gyuri ဟာ ဆိုလိုလုပ်တော့မယ်ဆိုပြီး အဖွဲ့ထဲက ထွက်သွားတဲ့အတွက် အဖွဲ့ဝင်အသစ် Lee Soomi နဲ့ အစားထိုးခဲ့ရပါတယ်။ သို့ပေမယ့် Nam Gyuri ဟာ အဖွဲ့ရဲ့ နောက်ဆုံးပရိုမိုးရှင်းလုပ်ဖြစ်ခဲ့တဲ့ ၂၀၁၀ခုနှစ်မှာတော့ အဖွဲ့ဆီ ပြန်လာခဲ့ပါတယ်။ အပေါ်ပုံကတော့ အဆိုပါပရိုမိုးရှင်းတုန်းကပုံ ဖြစ်ပါတယ်။ သူတို့အဖွဲ့ရဲ့ အပေါက်ဆုံးသီချင်းကတော့ ၂၀၀၇ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Love Greeting ဖြစ်ပါတယ်။ See Ya အဖွဲ့ဟာလည်း Secret အဖွဲ့နဲ့ အလားတူပဲ music chart တွေရဲ့ ထိပ်ဆုံးနေရာကို ရရှိပြီး လူကြိုက်များခဲ့ပေမယ့် ၂၀၁၀ခုနှစ်မှာတော့ အဖွဲ့ပျက်သွားခဲ့ရပါတယ်။

SG Wannabe
Photo: koreaboo

ဒီအဖွဲ့ဟာ See Ya အဖွဲ့လိုပဲ MNet က ဖွဲ့စည်းပေးလိုက်တဲ့အဖွဲ့ပါ။ ၂၀၀၄ခုနှစ်မှာ စတင်ဖွဲ့စည်းခဲ့တာဖြစ်ပြီး အစပိုင်းမှာ ရှိုးပွဲတွေ၊ ပရိသတ်နဲ့ တွေ့ဆုံပွဲတွေ မလုပ်ဘဲ နေခဲ့ကြတဲ့ စိတ်ဝင်စားစရာအဖွဲ့တစ်ဖွဲ့ ဖြစ်ပါတယ်။ သူတို့ဖန်တီးတဲ့ ဂီတအပေါ်မှာ အပြည့်အဝ ယုံကြည်တာကြောင့် လူရှေ့တစ်ချိန်လုံး ထွက်ပြနေစရာမလိုဘူးလို့ ခံယူထားကြတဲ့ အဖွဲ့တစ်ဖွဲ့လည်း ဖြစ်ပါတယ်။ မူလအဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ Chae Dong Ha ကတော့ စိတ်ကျရောဂါကို အချိန်ကြာမြင့်စွာ ခံစားခဲ့ရပြီး ၂၀၁၁ခုနှစ်မှာတော့ စိတ်မကောင်းစရာနဲ့ပဲ မိမိကိုယ်ကို အဆုံးစီရင်သွားခဲ့ပါတယ်။ SG Wannabe ဟာ ယနေ့အချိန်အထိ ကြံ့ကြံ့ခံနေတဲ့ အဖွဲ့တစ်ဖွဲ့ဖြစ်ပြီး ၂၀၁၆ခုနှစ်က နောက်ဆုံးထွက်ရှိထားတဲ့ သီချင်းတွေဆိုရင်လည်း အောင်မြင်မှုတွေ အကြီးအကျယ် ရရှိခဲ့ပါတယ်။ ရောင်းအကောင်းဆုံးအယ်လ်ဘမ်စာရင်းဝင်တဲ့အထိ အောင်မြင်ခဲ့ကြပေမယ့် ဒီနေ့လက်ရှိခေတ်မှာတော့ တက်လူအများအပြားဟာ သူတို့ကိုမသိကြတော့ပါဘူး။

ဒါကတော့ တစ်ချိန်က အောင်မြင်ခဲ့ကြပေမယ့် အခုအချိန်မှာ လူသိပ်မသိကြတော့တဲ့ အဖွဲ့တွေ ဖြစ်ပါတယ်။ စာဖတ်သူ ကြိုက်ခဲ့ဖူးတဲ့ အဖွဲ့တွေရှိရင်လည်း ပြောပြခဲ့ပါဦး။

LaNina

(Zawgyi Version)

ေအာင္ျမင္ေက်ာ္ၾကားမႈဟာ အခ်ိန္အကန႔္အသတ္အလိုက္ ေ႐ြ႕လ်ားေပ်ာက္ကြယ္ကုန္တယ္ဆိုတာကို အခ်ိဳ႕ေသာ နာမည္ႀကီးေကေပါ့ပ္အဖြဲ႕ေတြကို ၾကည့္ရင္ သိႏိုင္ပါတယ္။ ဒီေကေပါ့ပ္အဖြဲ႕ေတြဟာ လြန္ခဲ့ေသာ ဆယ္စုႏွစ္တစ္ခု ပတ္ဝန္းက်င္တုန္းကေတာ့ အႀကီးအက်ယ္ကို နာမည္ႀကီးခဲ့ၾကေပမယ့္ အခုအခ်ိန္မွာေတာ့ လူေတြလည္း သိပ္ၿပီး သတိမရၾကေတာ့ဘဲ ေမွးမွိန္ေပ်ာက္ကြယ္ကုန္ၾကပါၿပီ။ ယခုအခ်ိန္မွာ လူေတြ ေမ့ကုန္ၾကေပမယ့္ ဒီအဖြဲ႕ေတြဟာ ေကေပါ့ပ္ကို ႏိုင္ငံတကာထိ ထိုးေဖာက္ႏိုင္ေအာင္ တစ္ေထာင့္တစ္ေနရာကေန ပံ့ပိုးခဲ့ၾကပါတယ္။ သူတို႔ကေတာ့ …

KARA
Photo: koreaboo

လြန္ခဲ့တဲ့ဆယ္ႏွစ္ေလာက္က ေကေပါ့ပ္ဂီတ အခင္းအက်င္းကို ျပန္ေျပာပါဆိုရင္ အမ်ားစုကေတာ့ Girls’ Generation ၊ 2NE1 ၊ Wonder Girls နဲ႔ f(x) တို႔ကိုပဲ အၿပိဳင္အဆိုင္ ၫႊန္းၾကမွာပါ။ သို႔ေပမယ့္ အဲ့ဒီ့အခ်ိန္ကာလတုန္းက ဝက္ဝက္ကြဲ ေအာင္ျမင္ခဲ့တဲ့ မိန္းကေလးအဖြဲ႕ေတြထဲမွာ KARA အဖြဲ႕လည္း ပါဝင္ခဲ့တာကိုေတာ့ လူေတာ္ေတာ္မ်ားမ်ား ေမ့သြားၾကပါၿပီ။ KARA အဖြဲ႕ရဲ႕ နာမည္ႀကီးသီခ်င္းေတြထဲကမွ Honey နဲ႔ Step ဆိုတဲ့ သီခ်င္းႏွစ္ပုဒ္ကေတာ့ နာမည္အႀကီးဆုံးပါပဲ။ KARA ဟာ ဂ်ပန္ေစ်းကြက္ကို ထိုးေဖာက္ႏိုင္ခဲ့တဲ့ ဦးဆုံးအဖြဲ႕ေတြထဲမွာလည္း ပါဝင္ခဲ့သလို အဲ့ဒီ့အခ်ိန္က အလားတူ ႀကိဳးစားေနၾကတဲ့ အဖြဲ႕ေတြထဲမွာ ကနဦးေအာင္ျမင္မႈအမ်ားဆုံးအဖြဲ႕ထဲမွာလည္း ပါဝင္ခဲ့ပါတယ္။ သူတို႔အဖြဲ႕ရဲ႕ Mister ဆိုတဲ့သီခ်င္းဟာ ဂ်ပန္မွာေတာ့ တကယ့္ကို ဟစ္ပါပဲ။ KARA ဟာ သူတို႔ရဲ႕ေနာက္ဆုံးအယ္လ္ဘမ္ကို ၂၀၁၃ခုႏွစ္မွာ ထုတ္ေဝခဲ့ၿပီး အဲ့ဒီ့ေနာက္မွာ DSP Media နဲ႔လည္း စာခ်ဳပ္သက္တမ္း ကုန္သြားတာမို႔ ေနာက္ပိုင္းမွာေတာ့ အဖြဲ႕ပ်က္ေၾကာင္း အတည္ျပဳခဲ့ရပါတယ္။

SS501
Photo: koreaboo

လြန္ခဲ့တဲ့ ဆယ္ႏွစ္ေက်ာ္ေလာက္က ေကေပါ့ပ္လို႔ ေျပာလိုက္ရင္ အမ်ားစုကေတာ့ SS501 ကို ေျပးျမင္ၾကမွာပါ။ အဲ့ဒီ့အခ်ိန္တုန္းက တကယ့္ကို ဝက္ဝက္ကြဲေအာင္ျမင္ခဲ့တဲ့ ေယာက္်ားေလးအဖြဲ႕တစ္ဖြဲ႕ ျဖစ္ၿပီး မိန္းကေလးေတြလည္း သည္းသည္းလႈပ္ အားေပးခဲ့ၾကပါတယ္။ သို႔ေပမယ့္ ၂၀၁၀ခုႏွစ္မွာ အဖြဲ႕ရဲ႕လႈပ္ရွားမႈေတြ မရွိေတာ့တည္းက စတင္ၿပီး သူတို႔ရဲ႕ ေအာင္ျမင္ေက်ာ္ၾကားမႈဟာလည္း တျဖည္းျဖည္း အေရာင္မွိန္၊ ေပ်ာက္ကြယ္လာခဲ့ရပါတယ္။ အခုအခ်ိန္မွာ SS501 လို႔ ေျပာလိုက္ရင္ နာမည္ေတာင္ မသိၾကေတာ့တဲ့အထိ တိမ္ျမဳပ္သြားတာပါ။ ဒီအဖြဲ႕ဟာ ပရိသတ္ေရွ႕ ျပန္ေပၚလာဖို႔ မျဖစ္ႏိုင္ေတာ့ေပမယ့္ ေကေပါ့ပ္ဂီတသမိုင္းမွာေတာ့ အေမြအႏွစ္ေကာင္းေတြ ခ်န္ထားခဲ့တယ္ဆိုတာ ျငင္းမရႏိုင္ပါဘူး။

MBLAQ
Photo: koreaboo

ဒီအဖြဲ႕ကေတာ့ ကိုရီးယားရဲ႕နာမည္ႀကီး artist တစ္ေယာက္ျဖစ္တဲ့ Rain က ၂၀၀၉ခုႏွစ္မွာ ဖြဲ႕စည္းေပးလိုက္တဲ့အဖြဲ႕ပါ။ MBLAQ အဖြဲ႕ဟာ စဖြဲ႕လိုက္တည္းက ေဟာ့ျဖစ္ခဲ့ၿပီး ေအာင္လည္းေအာင္ျမင္ခဲ့ပါတယ္။ ဒရာမာပရိသတ္ေတြကေတာ့ ဒီထဲကအဖြဲ႕ဝင္ Lee Joon ကို ေကာင္းေကာင္းသိၾကမွာပါ။ အဖြဲ႕ရဲ႕တည္ၿမဲမႈကေတာ့ စဖြဲ႕ကတည္းက ယိုင္နဲ႔နဲ႔ျဖစ္ခဲ့ေပမယ့္ အစပိုင္းႏွစ္ေတြမွာ သူတို႔အဖြဲ႕ဟာ ေကာင္မေလးေတြၾကား အေတာ္ေလး ေရပန္းစားခဲ့တာပါ။ သူတို႔အဖြဲ႕ရဲ႕ ပြဲထြက္သီခ်င္း Oh Yeah ကလည္း ထြက္ထြက္ခ်င္းတည္းက အားေပးမႈေတြ ရရွိခဲ့ပါတယ္။

Secret
Photo: koreaboo

Secret အဖြဲ႕ဟာ TS Entertainment က ၂၀၀၉ခုႏွစ္မွာ ဖြဲ႕စည္းခဲ့တဲ့ မိန္းကေလး ေလးေယာက္အဖြဲ႕ ျဖစ္ပါတယ္။ အဲ့ဒီ့အခ်ိန္တုန္းက ထိပ္တန္းအဖြဲ႕ေတြနဲ႔ အၿပိဳင္ႀကဲႏိုင္ခဲ့တဲ့ ဒီအဖြဲ႕ကို ေနာက္ပိုင္းေကေပါ့ပ္ဖန္အသစ္ေတြကေတာ့ မသိၾကေတာ့ပါဘူး။ သူတို႔အဖြဲ႕ကို ေျမေအာက္ခန္း Idol မ်ားလို႔လည္း လူသိမ်ားၾကပါတယ္။ အေၾကာင္းကေတာ့ ပြဲထြက္တဲ့အခ်ိန္အထိ ေျမေအာက္ခန္းထဲမွာ ခ်ိဳ႕ခ်ိဳ႕တဲ့တဲ့နဲ႔ ေနထိုင္ခဲ့ၾကရလို႔ပါ။ သို႔ေပမယ့္ လ်င္လ်င္ျမန္ျမန္ပဲ ေအာင္ျမင္ခဲ့ၾကလို႔ ပိုေကာင္းတဲ့ေနရာကို ေျပာင္းေ႐ႊ႕ေနထိုင္ႏိုင္ခဲ့ၾကပါတယ္။ ေနာက္ပိုင္းမွာေတာ့ ေအဂ်င္စီနဲ႔ အဖြဲ႕ၾကား ပိုက္ဆံမေပးတဲ့ကိစၥေတြနဲ႔ အခ်င္းမ်ားကာ အမႈေတြရင္ဆိုင္ခဲ့ၾကရၿပီး တရားဝင္ အဖြဲ႕ပ်က္ေၾကာင္း ေၾကျငာခဲ့ရပါတယ္။ Secret ရဲ႕ Shy Boy ဆိုတဲ့သီခ်င္းကေတာ့ ကိုရီးယား music chart ေတြမွာ ထိပ္ဆုံးကို ေရာက္တဲ့အထိ ေအာင္ျမင္မႈေတြ ရရွိခဲ့ပါတယ္။

See Ya
Photo: koreaboo

See Ya ကေတာ့ MNet မီဒီယာက ၂၀၀၆ခုႏွစ္မွာ ဖြဲ႕စည္းေပးလိုက္တဲ့ မိန္းကေလးသုံးေယာက္အဖြဲ႕ပါ။ ၂၀၀၉ခုႏွစ္အေရာက္မွာေတာ့ အဖြဲ႕ဝင္ Nam Gyuri ဟာ ဆိုလိုလုပ္ေတာ့မယ္ဆိုၿပီး အဖြဲ႕ထဲက ထြက္သြားတဲ့အတြက္ အဖြဲ႕ဝင္အသစ္ Lee Soomi နဲ႔ အစားထိုးခဲ့ရပါတယ္။ သို႔ေပမယ့္ Nam Gyuri ဟာ အဖြဲ႕ရဲ႕ ေနာက္ဆုံးပ႐ိုမိုးရွင္းလုပ္ျဖစ္ခဲ့တဲ့ ၂၀၁၀ခုႏွစ္မွာေတာ့ အဖြဲ႕ဆီ ျပန္လာခဲ့ပါတယ္။ အေပၚပုံကေတာ့ အဆိုပါပ႐ိုမိုးရွင္းတုန္းကပုံ ျဖစ္ပါတယ္။ သူတို႔အဖြဲ႕ရဲ႕ အေပါက္ဆုံးသီခ်င္းကေတာ့ ၂၀၀၇ခုႏွစ္မွာ ထြက္ရွိခဲ့တဲ့ Love Greeting ျဖစ္ပါတယ္။ See Ya အဖြဲ႕ဟာလည္း Secret အဖြဲ႕နဲ႔ အလားတူပဲ music chart ေတြရဲ႕ ထိပ္ဆုံးေနရာကို ရရွိၿပီး လူႀကိဳက္မ်ားခဲ့ေပမယ့္ ၂၀၁၀ခုႏွစ္မွာေတာ့ အဖြဲ႕ပ်က္သြားခဲ့ရပါတယ္။

SG Wannabe
Photo: koreaboo

ဒီအဖြဲ႕ဟာ See Ya အဖြဲ႕လိုပဲ MNet က ဖြဲ႕စည္းေပးလိုက္တဲ့အဖြဲ႕ပါ။ ၂၀၀၄ခုႏွစ္မွာ စတင္ဖြဲ႕စည္းခဲ့တာျဖစ္ၿပီး အစပိုင္းမွာ ရႈိးပြဲေတြ၊ ပရိသတ္နဲ႔ ေတြ႕ဆုံပြဲေတြ မလုပ္ဘဲ ေနခဲ့ၾကတဲ့ စိတ္ဝင္စားစရာအဖြဲ႕တစ္ဖြဲ႕ ျဖစ္ပါတယ္။ သူတို႔ဖန္တီးတဲ့ ဂီတအေပၚမွာ အျပည့္အဝ ယုံၾကည္တာေၾကာင့္ လူေရွ႕တစ္ခ်ိန္လုံး ထြက္ျပေနစရာမလိုဘူးလို႔ ခံယူထားၾကတဲ့ အဖြဲ႕တစ္ဖြဲ႕လည္း ျဖစ္ပါတယ္။ မူလအဖြဲ႕ဝင္တစ္ဦးျဖစ္တဲ့ Chae Dong Ha ကေတာ့ စိတ္က်ေရာဂါကို အခ်ိန္ၾကာျမင့္စြာ ခံစားခဲ့ရၿပီး ၂၀၁၁ခုႏွစ္မွာေတာ့ စိတ္မေကာင္းစရာနဲ႔ပဲ မိမိကိုယ္ကို အဆုံးစီရင္သြားခဲ့ပါတယ္။ SG Wannabe ဟာ ယေန႔အခ်ိန္အထိ ႀကံ့ႀကံ့ခံေနတဲ့ အဖြဲ႕တစ္ဖြဲ႕ျဖစ္ၿပီး ၂၀၁၆ခုႏွစ္က ေနာက္ဆုံးထြက္ရွိထားတဲ့ သီခ်င္းေတြဆိုရင္လည္း ေအာင္ျမင္မႈေတြ အႀကီးအက်ယ္ ရရွိခဲ့ပါတယ္။ ေရာင္းအေကာင္းဆုံးအယ္လ္ဘမ္စာရင္းဝင္တဲ့အထိ ေအာင္ျမင္ခဲ့ၾကေပမယ့္ ဒီေန႔လက္ရွိေခတ္မွာေတာ့ တက္လူအမ်ားအျပားဟာ သူတို႔ကိုမသိၾကေတာ့ပါဘူး။

ဒါကေတာ့ တစ္ခ်ိန္က ေအာင္ျမင္ခဲ့ၾကေပမယ့္ အခုအခ်ိန္မွာ လူသိပ္မသိၾကေတာ့တဲ့ အဖြဲ႕ေတြ ျဖစ္ပါတယ္။ စာဖတ္သူ ႀကိဳက္ခဲ့ဖူးတဲ့ အဖြဲ႕ေတြရွိရင္လည္း ေျပာျပခဲ့ပါဦး။

LaNina

 

RELATED ARTICLES

Most Popular