HomeAnimeဂျပန်လူမျိုးတွေမှပဲ သိနိုင်မယ့် Princess Mononoke ဇာတ်လမ်းနောက်ကွယ်က အကြောင်းအရာများ

ဂျပန်လူမျိုးတွေမှပဲ သိနိုင်မယ့် Princess Mononoke ဇာတ်လမ်းနောက်ကွယ်က အကြောင်းအရာများ

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Princess Mononoke ဇာတ်ကားဟာ Hayao Miyazaki ရဲ့ အကောင်းဆုံးလက်ရာတစ်ခုလို့တောင် ပြောလို့ရပါတယ်။ ဒီဇာတ်လမ်းထဲမှာတော့ လူသားတွေနဲ့ သဘာဝတရားကြီးအကြောင်းကို အကျယ်တဝင့် ဖော်ပြထားတာကိုလည်း မြင်တွေ့ရမှာ ဖြစ်ပါတယ်။ အဲ့ဒီအချက်တွေကို ပုံဖော်နေရင်းနဲ့ပဲ Miyazaki ဟာ ဂျပန်နိုင်ငံရဲ့ ယဉ်ကျေးမှုတွေ၊ စာပေတွေနဲ့ ဒဏ္ဍာရီတွေကို ထည့်သွင်းခဲ့ပါသေးတယ်။ အဲ့ဒါကြောင့်ပဲ Princess Mononoke ဇာတ်လမ်းနဲ့ ပတ်သက်ပြီး ဂျပန်လူမျိုးတွေမှပဲ သိနိုင်မယ့် အချက်တချို့ကို ဖော်ပြပေးချင်ပါတယ်။

Yakushima ကျွန်းကို အခြေခံပြီးတော့ ဒီဇာတ်လမ်းကို ဖန်တီးခဲ့ပါတယ်။
photo via screenrant

Miyazaki ရဲ့ ဇာတ်လမ်းတွေထဲက ဇာတ်ဆောင်အများစုဟာ ဂျပန်နတ်ဘုရားတွေ၊ မှင်စာ၊ ဝိဉာဉ်တွေနဲ့ ဆက်စပ်နေလေ့ ရှိပါတယ်။ ဒီဇာတ်လမ်းထဲမှာဆိုရင်လည်း spirit တွေကို မြင်တွေ့ခဲ့ရသလို သမင်နတ်ဘုရားကိုလည်း မြင်တွေ့ခဲ့ရပါတယ်။ ဒါ့အပြင် ဒီဇာတ်လမ်းရဲ့ အဖြစ်အပျက်အများစုဟာ တောထဲမှာ ဖြစ်ပျက်ခဲ့တာကိုလည်း တွေ့ရပါတယ်။

အဲ့ဒီတောကတော့ အပြင်မှာတကယ်ရှိတဲ့ နေရာကို အခြေခံပြီး ဖန်တီးထားတာ ဖြစ်ပါတယ်။ အဲ့ဒါကတော့ ဂျပန်နိုင်ငံမှာ ရှိတဲ့ Yakushima ကျွန်းကို အခြေခံထားတာပဲ ဖြစ်ပါတယ်။ အဲ့ဒီကျွန်းပေါ်မှာ နေထိုင်တဲ့လူဦးရေဟာ (၁၃၀၀၀) ကျော်ရှိနေပေမယ့်လည်း ကျွန်းပေါ်က တောဟာ ထူထပ်နေပြီး ရှားပါးတဲ့ တိရစာ္ဆန်တွေလည်း နေထိုင်ကြပါတယ်။

Kodama Tree Spirits
photo via screenrant

ဒီဇာတ်လမ်းထဲမှာ တောက်လျှောက်တွေ့ခဲ့ရတဲ့ Kodama Tree Spirit လေးတွေကိုလည်း မှတ်မိကြဦးမယ် ထင်ပါတယ်။ ဒီဇာတ်ကားထဲမှာ ပါဝင်ခဲ့တဲ့ ထူးဆန်းတဲ့ အဖြူရောင် သတ္တဝါလေးတွေကတော့ ဂျပန်ဒဏ္ဍာရီတွေထဲမှာ ပါဝင်ပါတယ်။ သူတို့ရဲ့နာမည်ဖြစ်တဲ့ Kodama ကို ဘာသာပြန်လိုက်ရင် ” Tree Spirit ” လို့ အဓိပ္ပာယ်ရပါတယ်။ Kodama တွေဟာ အမြဲတမ်းသစ်ပင်တွေနားပဲ နေထိုင်ကြသလို သူတို့ဟာလည်း သစ်ပင်တွေနဲ့ အလွန်ဆင်တူပါတယ်။

အဲ့ဒါကြောင့်ပဲ လူသားတွေဟာ Kodama တွေကို သတိမထားမိကြပါဘူး။ ဒီဇာတ်လမ်းထဲမှာတော့ Miyazaki ဟာ Kodama တွေရဲ့ပုံစံကို ပြောင်းလဲဖန်တီးခဲ့ပါတယ်။ ဒဏ္ဍာရီတွေအရဆိုရင်တော့ သူတို့ဟာ လူသားတွေကို သစ်ပင်တွေ မခုတ်အောင် တားဆီးကြတယ်လို့လည်း သိရပါတယ်။ အကြောင်းကတော့ ဒီဇာတ်လမ်းထဲမှာလိုပဲ လူသားတွေက သစ်ပင်တွေကို ခုတ်လှဲကြရင် တောထဲမှာနေထိုင်တဲ့ တစ်ခြား spirit တွေအကုန်လုံး ဒေါသထွက်ကုန်မှာ ဖြစ်တာကြောင့်ပါပဲ။

Iron Town မြို့ထဲက အလုပ်သမားတွေထဲမှာ အနာကြီးရောဂါသည်တွေ ရှိပါတယ်။
photo via screenrant

ဂျပန်နိုင်ငံရဲ့ သမိုင်းတစ်လျှောက်မှာ အနာကြီးရောဂါ ခံစားခဲ့ရသူတွေ အမြောက်အများ ရှိခဲ့ပြီး ဒီဝေဒနာသည်တွေဟာ သူတို့ရဲ့မွေးရပ်မြေကနေ နှင်ထုတ်ခံရပြီး လူသူမရှိတဲ့နေရာကို ပို့ခံရပါတယ်။ အဲ့ဒီရောဂါကို ခံစားရသူရဲ့ မိသားစုတွေကိုလည်း ပတ်ဝန်းကျင်က ဖယ်ကျဉ်ထားလေ့ရှိပါတယ်။ ဒါ့အပြင် အဲ့ဒီခေတ်တုန်းက ဆေးပညာတွေလည်း မတိုးတက်သေးသလို လူတွေကလည်း အင်မတန် အယူသည်းကြတာကြောင့် ပြုလုပ်ခဲ့တဲ့ အပြစ်တွေအတွက် ပြန်လည်ခံစားရတဲ့ ရောဂါတစ်ခုလို့ သတ်မှတ်ကြပါတယ်။

ဒီဇာတ်လမ်းထဲမှာလည်း Iron Town မြို့ထဲမှာ အနာကြီးရောဂါသည်များစွာကို တွေ့ခဲ့ရပါတယ်။ ဇာတ်လမ်းထဲမှာဆိုရင် အကြောင်းတစ်ခုကြောင့် ကျိန်စာသင့်နေတဲ့ပုံစံမျိူး ပြသွားပြီး အနာကြီးရောဂါ ဖြစ်နေတယ်လို့ လုံးဝထုတ်ပြောခဲ့ခြင်း မရှိပါဘူး။ ဒါပေမယ့်လည်း နောက်ပိုင်းမှာတော့ Miyazaki ကိုယ်တိုင်က Iron Town မြို့မှာ အနာကြီးရောဂါသည်တွေ ရှိတယ်လို့ အတည်ပြုခဲ့ပါတယ်။

Ashitaka ဆိုတဲ့နာမည်ဟာ တောက်ပသော မနက်ဖြန်လို့ အဓိပ္ပာယ်ရပါတယ်။
photo via screenrant

ဂျပန်နိုင်ငံကို တရုတ်တွေ ရောက်မလာခင်တုန်းက ဂျပန်တွေမှာ စနစ်တကျ စာရေးသားမှု မရှိခဲ့ပါဘူး။ အဲ့ဒါကြောင့်ပဲ နောက်ပိုင်းမှာတော့ သူတို့တွေဟာ တရုတ်စာလုံးတွေကို အခြေခံပြီး သူတို့ကိုယ်ပိုင် ဘာသာစကားတစ်ခု ဖြစ်လာအောင် ဖန်တီးခဲ့ကြပါတယ်။ ဂျပန်တွေရဲ့ နာမည်တွေဟာ Kanji စာလုံးတွေကို ရောထားတာဖြစ်ပြီး Kanji စာလုံးတစ်ခု ချင်းစီတိုင်းမှာလည်း အဓိပ္ပာယ်တွေ ရှိကြပါတယ်။ အဲ့ဒါကြောင့် ဂျပန်တွေ၊ တရုတ်တွေဟာ သူတို့ရဲ့ကလေးတွေကို နာမည်ပေးတဲ့အချိန်မှာ အဓိပ္ပာယ်တွေကို သေချာစဉ်းစားပြီးတော့ ပေးလေ့ရှိပါတယ်။

Anime အများစုမှာလည်း ကောင်မလေးတွေရဲ့ နာမည်နောက်မှာ ko နဲ့ အဆုံးသတ်တာကို မကြာခဏ တွေ့ဖူးကြမယ် ထင်ပါတယ်။ အကြောင်းကတော့ ko ဆိုတဲ့စာလုံးဟာ ကလေးလို့ အဓိပ္ပာယ်ရပြီး လူပေးများတဲ့ နာမည်တစ်ခုလည်း ဖြစ်ပါတယ်။ ဒီဇာတ်လမ်းထဲမှာတော့ Ashitaka ဆိုတဲ့နာမည်ဟာ မနက်ဖြန်နဲ့ တောက်ပသောဆိုတဲ့ စာလုံးနှစ်ခုကို ပေါင်းစပ်ထားတာ ဖြစ်ပါတယ်။ ဒီဇာတ်လမ်းထဲမှာတော့ Ashitaka ဟာ ကမ္ဘာကြီးကို ပိုပြီးတောက်ပတဲ့ မနက်ဖြန်ဆီကို ခေါ်ဆောင်သွားမယ့် ဇာတ်ကောင်တစ်ယောက်လို့ ယူဆခဲ့ပြီး Miyazaki က ဒီနာမည်ကို ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။

Mononoke ဟာ ဘာမှန်းမသိတဲ့အရာလို့ အဓိပ္ပာယ်ရပါတယ်။
photo via screenrant

ဂျပန်စာလုံးဖြစ်တဲ့ Mononoke ဟာ ဇာတ်လမ်းအရှည်ကြီး ရှိပြီးတော့ အချိန်တွေ ပြောင်းလဲလာတာနဲ့အမျှ ဒီစာလုံးဟာလည်း ပြောင်းလဲလာပါတယ်။ အခုချိန်မှာတော့ ဒီစာလုံးဟာ ဘာမှန်းမသိတဲ့အရာတွေကို ပြောဆိုတဲ့ စကားလုံး ဖြစ်နေပါတယ်။ ထူးဆန်းတဲ့အရာ၊ နားလည်ဖို့တောင် ခက်ခဲလွန်းတဲ့အရာတွေကိုလည်း Mononoke လို့ ခေါ်ပါတယ်။

ဒီဇာတ်လမ်းထဲမှာတော့ Mononoke ဟာ ဝံပုလွေတွေရဲ့ ကလေး ဖြစ်ပြီးတော့ အခြားသူတွေရဲ့ အမြင်မှာ လူသားထက်ပိုတဲ့ အရာတစ်ခု ဆိုပြီးတော့ ပုံဖော်ထားပါတယ်။ တကယ်တော့ Mononoke ဟာ ဂျပန်ရဲ့ ပါးစပ်ပြော ရာဇဝင်တွေထဲမှာ ပါဝင်ခဲ့သူဖြစ်ပြီး သူမ မည်သူမည်ဝါမှန်း ဘယ်သူမှမသိကြသလို လူဟုတ်မဟုတ် ဆိုတာကိုလည်း ဘယ်သူမှမသိကြပါဘူး။

ဒါကြောင့်လည်း ဇာတ်ကားရဲ့အမည်က Princess Mononoke ဆိုပြီး သူမကို ရည်ညွှန်းထားပေမယ့် ဇာတ်လမ်းထဲမှာတော့ သူမကို Mononoke လို့ခေါ်တာ တစ်ခါမှ မကြားခဲ့ရတာ ဖြစ်ပါတယ်။ ဇာတ်လမ်းတစ်လျှောက်မှာတော့ သူမကို San လို့သာ သုံးနှုန်းခေါ်ဝေါ်ခဲ့ပါတယ်။ San ဆိုတဲ့နာမည်ကိုတော့ သူမကို ပြုစုပျိုးထောင်ခဲ့တဲ့ ဝံပုလွေတွေရဲ့ အရှင်သခင် နတ်ဘုရားဖြစ်တဲ့ Moro က ပေးခဲ့တာ ဖြစ်ပါတယ်။ Moro ရဲ့ သုံးယောက်မြောက် ကလေးဆိုတဲ့ အဓိပ္ပာယ်နဲ့ ဒီအမည်ကို ပေးခဲ့တာဖြစ်ပါတယ်။ San ရဲ့ မိဘအရင်းတွေဟာ သူတို့လွတ်မြောက်ဖို့အတွက် San ကို တောထဲမှာ ယစ်ကောင်အနေနဲ့ ထားပစ်ခဲ့တာ ဖြစ်ပါတယ်။

Mononoke စာလုံးရဲ့ သမိုင်း
photo via screenrant

Mononoke ဆိုတဲ့စာလုံးရဲ့ သမိုင်းကို ရှာဖွေကြည့်လိုက်ရင်တော့ အဲ့ဒီစာလုံးရဲ့အစဟာ (၁၁)ရာစု ဂျပန်ပြည်ရဲ့ Heian မင်းဆက် လက်ထက်မှာ ပေါ်ပေါက်ခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒီအချိန်တုန်းက ထွက်ရှိခဲ့တဲ့ The Pillow Book ဆိုတဲ့ စာအုပ်ထဲမှာ Mononoke ဆိုတဲ့စာလုံးကို စတင်တွေ့ရှိခဲ့ရတာ ဖြစ်ပါတယ်။ အဲ့ဒီစာအုပ်ထဲမှာတော့ ဒီစာလုံးဟာ မိန်းမတစ်ယောက် ခံစားနေရတဲ့ စိတ်ဝေဒနာကို ညွှန်းဆိုခဲ့တာပဲ ဖြစ်ပါတယ်။

နောက်ထပ်နှစ်အနည်းငယ် ကြာမြင့်လာတဲ့အချိန်မှာတော့ The Tale of Genji ဆိုတဲ့ ဝတ္ထုစာအုပ် ထွက်ရှိလာခဲ့ပြီး အဲ့ဒီစာအုပ်ထဲမှာတော့ Mononoke ဟာ သေခြင်းတရားရဲ့ spirit တစ်ခု ဖြစ်တယ်လို့ ဖော်ပြခဲ့ပါတယ်။ ဒါ့အပြင် Mononoke ဟာ တစ်ခြားအသက်ရှင်နေတဲ့ မိန်းကလေးတွေရဲ့ ခန္ဓာကိုယ်ကို ထိန်းချုပ်ပြီး နေထိုင်လေ့ရှိတယ်လို့လည်း ဖော်ပြခဲ့ပါတယ်။ အပေါ်မှာ ဖော်ပြခဲ့သလိုပဲ Mononoke ဆိုတဲ့ စာလုံးဟာ ဘာမှန်းမသိတဲ့အရာကို ပြောချင်တာ ဖြစ်ပြီး သူ့ရဲ့သမိုင်းမှာ ဖော်ပြခဲ့တဲ့ အကြောင်းအရာတွေကလည်း သေချာမှုမရှိဘဲ ဘာမှန်းမသိတဲ့အရာတွေ ဖြစ်နေပါတယ်။

ဒီဇာတ်လမ်းထဲက Spirit တွေဟာ Shinto ဘာသာရေးထဲမှာ ပါဝင်ပါတယ်။
photo via screenrant

Shinto ဘာသာရေးဟာ ဂျပန်ရဲ့ရှေးအကျဆုံး ဘာသာရေးတစ်ခု ဖြစ်ပါတယ်။ အခုချိန်မှာတော့ ဂျပန်နိုင်ငံရဲ့ (၉၉)ရာခိုင်နှုန်းလောက်ဟာ ဘာသာမဲ့တွေ ဖြစ်နေကြပေမယ့်လည်း ယခုခေတ် ဂျပန်နိုင်ငံရဲ့ ယဉ်ကျေးမှုတွေ၊ ဗိသုကာပညာတွေနဲ့ အနုပညာအများစုဟာ Shinto ဘာသာရေးက ဆင်းသက်လာတာ ဖြစ်ပါတယ်။ Shinto ဘာသာရေးထဲမှာတော့ နတ်ဘုရားတွေ အများကြီး ရှိပြီးတော့ အကုန်လုံးဟာ သဘာဝတရားနဲ့ တစ်နည်းနည်း ဆက်စပ်နေပါတယ်။

ဒီဇာတ်လမ်းထဲမှာ ပါဝင်ထားတဲ့ Kodama ၊ Moro the Wolf God ၊ Boar God Nago နဲ့ Deer Spirit တို့ကလည်း Shinto ဘာသာရေးထဲက နတ်ဘုရားတွေ ဖြစ်ကြပါတယ်။ အဲ့ဒီနတ်ဘုရားတွေအားလုံးဟာ သဘာဝတရားနဲ့ ဆက်စပ်နေကြပြီး တောဝက်နတ်ဘုရားနဲ့ ဝံပုလွေနတ်ဘုရားတို့ဟာ သူတို့ရဲ့အမျိူးအနွယ်တွေကို ကာကွယ်ပေးကြပါတယ်။ Kodama တွေကတော့ တောထဲမှာရှိတဲ့ သစ်ပင်တွေကို စောင့်ရှောက်ပေးကြတာ ဖြစ်ပါတယ်။

ဒါကတော့ ဂျပန်လူမျိုးတွေမှပဲ သိနိုင်မယ့် Princess Mononoke ဇာတ်လမ်းထဲက အကြောင်းအရာအချို့ပဲ ဖြစ်ပါတယ်။ ဒီလိုဆောင်းပါးတွေ ဖတ်ရတာ နှစ်သက်တယ်ဆိုရင် ဆံရစ်ဝိုင်းပေ့ချ်ကို Like & See First လုပ်ထားပေးပါလို့ တိုက်တွန်းလိုက်ရပါတယ်။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi Version)

Princess Mononoke ဇာတ္ကားဟာ Hayao Miyazaki ရဲ႕ အေကာင္းဆုံးလက္ရာတစ္ခုလို႔ေတာင္ ေျပာလို႔ရပါတယ္။ ဒီဇာတ္လမ္းထဲမွာေတာ့ လူသားေတြနဲ႔ သဘာဝတရားႀကီးအေၾကာင္းကို အက်ယ္တဝင့္ ေဖာ္ျပထားတာကိုလည္း ျမင္ေတြ႕ရမွာ ျဖစ္ပါတယ္။ အဲ့ဒီအခ်က္ေတြကို ပုံေဖာ္ေနရင္းနဲ႔ပဲ Miyazaki ဟာ ဂ်ပန္ႏိုင္ငံရဲ႕ ယဥ္ေက်းမႈေတြ၊ စာေပေတြနဲ႔ ဒ႑ာရီေတြကို ထည့္သြင္းခဲ့ပါေသးတယ္။ အဲ့ဒါေၾကာင့္ပဲ Princess Mononoke ဇာတ္လမ္းနဲ႔ ပတ္သက္ၿပီး ဂ်ပန္လူမ်ိဳးေတြမွပဲ သိႏိုင္မယ့္ အခ်က္တခ်ိဳ႕ကို ေဖာ္ျပေပးခ်င္ပါတယ္။

Yakushima ကြၽန္းကို အေျခခံၿပီးေတာ့ ဒီဇာတ္လမ္းကို ဖန္တီးခဲ့ပါတယ္။
photo via screenrant

Miyazaki ရဲ႕ ဇာတ္လမ္းေတြထဲက ဇာတ္ေဆာင္အမ်ားစုဟာ ဂ်ပန္နတ္ဘုရားေတြ၊ မွင္စာ၊ ဝိဉာဥ္ေတြနဲ႔ ဆက္စပ္ေနေလ့ ရွိပါတယ္။ ဒီဇာတ္လမ္းထဲမွာဆိုရင္လည္း spirit ေတြကို ျမင္ေတြ႕ခဲ့ရသလို သမင္နတ္ဘုရားကိုလည္း ျမင္ေတြ႕ခဲ့ရပါတယ္။ ဒါ့အျပင္ ဒီဇာတ္လမ္းရဲ႕ အျဖစ္အပ်က္အမ်ားစုဟာ ေတာထဲမွာ ျဖစ္ပ်က္ခဲ့တာကိုလည္း ေတြ႕ရပါတယ္။

အဲ့ဒီေတာကေတာ့ အျပင္မွာတကယ္ရွိတဲ့ ေနရာကို အေျခခံၿပီး ဖန္တီးထားတာ ျဖစ္ပါတယ္။ အဲ့ဒါကေတာ့ ဂ်ပန္ႏိုင္ငံမွာ ရွိတဲ့ Yakushima ကြၽန္းကို အေျခခံထားတာပဲ ျဖစ္ပါတယ္။ အဲ့ဒီကြၽန္းေပၚမွာ ေနထိုင္တဲ့လူဦးေရဟာ (၁၃၀၀၀) ေက်ာ္ရွိေနေပမယ့္လည္း ကြၽန္းေပၚက ေတာဟာ ထူထပ္ေနၿပီး ရွားပါးတဲ့ တိရစာၦန္ေတြလည္း ေနထိုင္ၾကပါတယ္။

Kodama Tree Spirits
photo via screenrant

ဒီဇာတ္လမ္းထဲမွာ ေတာက္ေလွ်ာက္ေတြ႕ခဲ့ရတဲ့ Kodama Tree Spirit ေလးေတြကိုလည္း မွတ္မိၾကဦးမယ္ ထင္ပါတယ္။ ဒီဇာတ္ကားထဲမွာ ပါဝင္ခဲ့တဲ့ ထူးဆန္းတဲ့ အျဖဴေရာင္ သတၱဝါေလးေတြကေတာ့ ဂ်ပန္ဒ႑ာရီေတြထဲမွာ ပါဝင္ပါတယ္။ သူတို႔ရဲ႕နာမည္ျဖစ္တဲ့ Kodama ကို ဘာသာျပန္လိုက္ရင္ ” Tree Spirit ” လို႔ အဓိပၸာယ္ရပါတယ္။ Kodama ေတြဟာ အၿမဲတမ္းသစ္ပင္ေတြနားပဲ ေနထိုင္ၾကသလို သူတို႔ဟာလည္း သစ္ပင္ေတြနဲ႔ အလြန္ဆင္တူပါတယ္။

အဲ့ဒါေၾကာင့္ပဲ လူသားေတြဟာ Kodama ေတြကို သတိမထားမိၾကပါဘူး။ ဒီဇာတ္လမ္းထဲမွာေတာ့ Miyazaki ဟာ Kodama ေတြရဲ႕ပုံစံကို ေျပာင္းလဲဖန္တီးခဲ့ပါတယ္။ ဒ႑ာရီေတြအရဆိုရင္ေတာ့ သူတို႔ဟာ လူသားေတြကို သစ္ပင္ေတြ မခုတ္ေအာင္ တားဆီးၾကတယ္လို႔လည္း သိရပါတယ္။ အေၾကာင္းကေတာ့ ဒီဇာတ္လမ္းထဲမွာလိုပဲ လူသားေတြက သစ္ပင္ေတြကို ခုတ္လွဲၾကရင္ ေတာထဲမွာေနထိုင္တဲ့ တစ္ျခား spirit ေတြအကုန္လုံး ေဒါသထြက္ကုန္မွာ ျဖစ္တာေၾကာင့္ပါပဲ။

Iron Town ၿမိဳ႕ထဲက အလုပ္သမားေတြထဲမွာ အနာႀကီးေရာဂါသည္ေတြ ရွိပါတယ္။
photo via screenrant

ဂ်ပန္ႏိုင္ငံရဲ႕ သမိုင္းတစ္ေလွ်ာက္မွာ အနာႀကီးေရာဂါ ခံစားခဲ့ရသူေတြ အေျမာက္အမ်ား ရွိခဲ့ၿပီး ဒီေဝဒနာသည္ေတြဟာ သူတို႔ရဲ႕ေမြးရပ္ေျမကေန ႏွင္ထုတ္ခံရၿပီး လူသူမရွိတဲ့ေနရာကို ပို႔ခံရပါတယ္။ အဲ့ဒီေရာဂါကို ခံစားရသူရဲ႕ မိသားစုေတြကိုလည္း ပတ္ဝန္းက်င္က ဖယ္က်ဥ္ထားေလ့ရွိပါတယ္။ ဒါ့အျပင္ အဲ့ဒီေခတ္တုန္းက ေဆးပညာေတြလည္း မတိုးတက္ေသးသလို လူေတြကလည္း အင္မတန္ အယူသည္းၾကတာေၾကာင့္ ျပဳလုပ္ခဲ့တဲ့ အျပစ္ေတြအတြက္ ျပန္လည္ခံစားရတဲ့ ေရာဂါတစ္ခုလို႔ သတ္မွတ္ၾကပါတယ္။

ဒီဇာတ္လမ္းထဲမွာလည္း Iron Town ၿမိဳ႕ထဲမွာ အနာႀကီးေရာဂါသည္မ်ားစြာကို ေတြ႕ခဲ့ရပါတယ္။ ဇာတ္လမ္းထဲမွာဆိုရင္ အေၾကာင္းတစ္ခုေၾကာင့္ က်ိန္စာသင့္ေနတဲ့ပုံစံမ်ိဴး ျပသြားၿပီး အနာႀကီးေရာဂါ ျဖစ္ေနတယ္လို႔ လုံးဝထုတ္ေျပာခဲ့ျခင္း မရွိပါဘူး။ ဒါေပမယ့္လည္း ေနာက္ပိုင္းမွာေတာ့ Miyazaki ကိုယ္တိုင္က Iron Town ၿမိဳ႕မွာ အနာႀကီးေရာဂါသည္ေတြ ရွိတယ္လို႔ အတည္ျပဳခဲ့ပါတယ္။

Ashitaka ဆိုတဲ့နာမည္ဟာ ေတာက္ပေသာ မနက္ျဖန္လို႔ အဓိပၸာယ္ရပါတယ္။
photo via screenrant

ဂ်ပန္ႏိုင္ငံကို တ႐ုတ္ေတြ ေရာက္မလာခင္တုန္းက ဂ်ပန္ေတြမွာ စနစ္တက် စာေရးသားမႈ မရွိခဲ့ပါဘူး။ အဲ့ဒါေၾကာင့္ပဲ ေနာက္ပိုင္းမွာေတာ့ သူတို႔ေတြဟာ တ႐ုတ္စာလုံးေတြကို အေျခခံၿပီး သူတို႔ကိုယ္ပိုင္ ဘာသာစကားတစ္ခု ျဖစ္လာေအာင္ ဖန္တီးခဲ့ၾကပါတယ္။ ဂ်ပန္ေတြရဲ႕ နာမည္ေတြဟာ Kanji စာလုံးေတြကို ေရာထားတာျဖစ္ၿပီး Kanji စာလုံးတစ္ခု ခ်င္းစီတိုင္းမွာလည္း အဓိပၸာယ္ေတြ ရွိၾကပါတယ္။ အဲ့ဒါေၾကာင့္ ဂ်ပန္ေတြ၊ တ႐ုတ္ေတြဟာ သူတို႔ရဲ႕ကေလးေတြကို နာမည္ေပးတဲ့အခ်ိန္မွာ အဓိပၸာယ္ေတြကို ေသခ်ာစဥ္းစားၿပီးေတာ့ ေပးေလ့ရွိပါတယ္။

Anime အမ်ားစုမွာလည္း ေကာင္မေလးေတြရဲ႕ နာမည္ေနာက္မွာ ko နဲ႔ အဆုံးသတ္တာကို မၾကာခဏ ေတြ႕ဖူးၾကမယ္ ထင္ပါတယ္။ အေၾကာင္းကေတာ့ ko ဆိုတဲ့စာလုံးဟာ ကေလးလို႔ အဓိပၸာယ္ရၿပီး လူေပးမ်ားတဲ့ နာမည္တစ္ခုလည္း ျဖစ္ပါတယ္။ ဒီဇာတ္လမ္းထဲမွာေတာ့ Ashitaka ဆိုတဲ့နာမည္ဟာ မနက္ျဖန္နဲ႔ ေတာက္ပေသာဆိုတဲ့ စာလုံးႏွစ္ခုကို ေပါင္းစပ္ထားတာ ျဖစ္ပါတယ္။ ဒီဇာတ္လမ္းထဲမွာေတာ့ Ashitaka ဟာ ကမာၻႀကီးကို ပိုၿပီးေတာက္ပတဲ့ မနက္ျဖန္ဆီကို ေခၚေဆာင္သြားမယ့္ ဇာတ္ေကာင္တစ္ေယာက္လို႔ ယူဆခဲ့ၿပီး Miyazaki က ဒီနာမည္ကို ေ႐ြးခ်ယ္ခဲ့တာ ျဖစ္ပါတယ္။

Mononoke ဟာ ဘာမွန္းမသိတဲ့အရာလို႔ အဓိပၸာယ္ရပါတယ္။
photo via screenrant

ဂ်ပန္စာလုံးျဖစ္တဲ့ Mononoke ဟာ ဇာတ္လမ္းအရွည္ႀကီး ရွိၿပီးေတာ့ အခ်ိန္ေတြ ေျပာင္းလဲလာတာနဲ႔အမွ် ဒီစာလုံးဟာလည္း ေျပာင္းလဲလာပါတယ္။ အခုခ်ိန္မွာေတာ့ ဒီစာလုံးဟာ ဘာမွန္းမသိတဲ့အရာေတြကို ေျပာဆိုတဲ့ စကားလုံး ျဖစ္ေနပါတယ္။ ထူးဆန္းတဲ့အရာ၊ နားလည္ဖို႔ေတာင္ ခက္ခဲလြန္းတဲ့အရာေတြကိုလည္း Mononoke လို႔ ေခၚပါတယ္။

ဒီဇာတ္လမ္းထဲမွာေတာ့ Mononoke ဟာ ဝံပုေလြေတြရဲ႕ ကေလး ျဖစ္ၿပီးေတာ့ အျခားသူေတြရဲ႕ အျမင္မွာ လူသားထက္ပိုတဲ့ အရာတစ္ခု ဆိုၿပီးေတာ့ ပုံေဖာ္ထားပါတယ္။ တကယ္ေတာ့ Mononoke ဟာ ဂ်ပန္ရဲ႕ ပါးစပ္ေျပာ ရာဇဝင္ေတြထဲမွာ ပါဝင္ခဲ့သူျဖစ္ၿပီး သူမ မည္သူမည္ဝါမွန္း ဘယ္သူမွမသိၾကသလို လူဟုတ္မဟုတ္ ဆိုတာကိုလည္း ဘယ္သူမွမသိၾကပါဘူး။

ဒါေၾကာင့္လည္း ဇာတ္ကားရဲ႕အမည္က Princess Mononoke ဆိုၿပီး သူမကို ရည္ၫႊန္းထားေပမယ့္ ဇာတ္လမ္းထဲမွာေတာ့ သူမကို Mononoke လို႔ေခၚတာ တစ္ခါမွ မၾကားခဲ့ရတာ ျဖစ္ပါတယ္။ ဇာတ္လမ္းတစ္ေလွ်ာက္မွာေတာ့ သူမကို San လို႔သာ သုံးႏႈန္းေခၚေဝၚခဲ့ပါတယ္။ San ဆိုတဲ့နာမည္ကိုေတာ့ သူမကို ျပဳစုပ်ိဳးေထာင္ခဲ့တဲ့ ဝံပုေလြေတြရဲ႕ အရွင္သခင္ နတ္ဘုရားျဖစ္တဲ့ Moro က ေပးခဲ့တာ ျဖစ္ပါတယ္။ Moro ရဲ႕ သုံးေယာက္ေျမာက္ ကေလးဆိုတဲ့ အဓိပၸာယ္နဲ႔ ဒီအမည္ကို ေပးခဲ့တာျဖစ္ပါတယ္။ San ရဲ႕ မိဘအရင္းေတြဟာ သူတို႔လြတ္ေျမာက္ဖို႔အတြက္ San ကို ေတာထဲမွာ ယစ္ေကာင္အေနနဲ႔ ထားပစ္ခဲ့တာ ျဖစ္ပါတယ္။

Mononoke စာလုံးရဲ႕ သမိုင္း
photo via screenrant

Mononoke ဆိုတဲ့စာလုံးရဲ႕ သမိုင္းကို ရွာေဖြၾကည့္လိုက္ရင္ေတာ့ အဲ့ဒီစာလုံးရဲ႕အစဟာ (၁၁)ရာစု ဂ်ပန္ျပည္ရဲ႕ Heian မင္းဆက္ လက္ထက္မွာ ေပၚေပါက္ခဲ့တာ ျဖစ္ပါတယ္။ အဲ့ဒီအခ်ိန္တုန္းက ထြက္ရွိခဲ့တဲ့ The Pillow Book ဆိုတဲ့ စာအုပ္ထဲမွာ Mononoke ဆိုတဲ့စာလုံးကို စတင္ေတြ႕ရွိခဲ့ရတာ ျဖစ္ပါတယ္။ အဲ့ဒီစာအုပ္ထဲမွာေတာ့ ဒီစာလုံးဟာ မိန္းမတစ္ေယာက္ ခံစားေနရတဲ့ စိတ္ေဝဒနာကို ၫႊန္းဆိုခဲ့တာပဲ ျဖစ္ပါတယ္။

ေနာက္ထပ္ႏွစ္အနည္းငယ္ ၾကာျမင့္လာတဲ့အခ်ိန္မွာေတာ့ The Tale of Genji ဆိုတဲ့ ဝတၳဳစာအုပ္ ထြက္ရွိလာခဲ့ၿပီး အဲ့ဒီစာအုပ္ထဲမွာေတာ့ Mononoke ဟာ ေသျခင္းတရားရဲ႕ spirit တစ္ခု ျဖစ္တယ္လို႔ ေဖာ္ျပခဲ့ပါတယ္။ ဒါ့အျပင္ Mononoke ဟာ တစ္ျခားအသက္ရွင္ေနတဲ့ မိန္းကေလးေတြရဲ႕ ခႏၶာကိုယ္ကို ထိန္းခ်ဳပ္ၿပီး ေနထိုင္ေလ့ရွိတယ္လို႔လည္း ေဖာ္ျပခဲ့ပါတယ္။ အေပၚမွာ ေဖာ္ျပခဲ့သလိုပဲ Mononoke ဆိုတဲ့ စာလုံးဟာ ဘာမွန္းမသိတဲ့အရာကို ေျပာခ်င္တာ ျဖစ္ၿပီး သူ႔ရဲ႕သမိုင္းမွာ ေဖာ္ျပခဲ့တဲ့ အေၾကာင္းအရာေတြကလည္း ေသခ်ာမႈမရွိဘဲ ဘာမွန္းမသိတဲ့အရာေတြ ျဖစ္ေနပါတယ္။

ဒီဇာတ္လမ္းထဲက Spirit ေတြဟာ Shinto ဘာသာေရးထဲမွာ ပါဝင္ပါတယ္။
photo via screenrant

Shinto ဘာသာေရးဟာ ဂ်ပန္ရဲ႕ေရွးအက်ဆုံး ဘာသာေရးတစ္ခု ျဖစ္ပါတယ္။ အခုခ်ိန္မွာေတာ့ ဂ်ပန္ႏိုင္ငံရဲ႕ (၉၉)ရာခိုင္ႏႈန္းေလာက္ဟာ ဘာသာမဲ့ေတြ ျဖစ္ေနၾကေပမယ့္လည္း ယခုေခတ္ ဂ်ပန္ႏိုင္ငံရဲ႕ ယဥ္ေက်းမႈေတြ၊ ဗိသုကာပညာေတြနဲ႔ အႏုပညာအမ်ားစုဟာ Shinto ဘာသာေရးက ဆင္းသက္လာတာ ျဖစ္ပါတယ္။ Shinto ဘာသာေရးထဲမွာေတာ့ နတ္ဘုရားေတြ အမ်ားႀကီး ရွိၿပီးေတာ့ အကုန္လုံးဟာ သဘာဝတရားနဲ႔ တစ္နည္းနည္း ဆက္စပ္ေနပါတယ္။

ဒီဇာတ္လမ္းထဲမွာ ပါဝင္ထားတဲ့ Kodama ၊ Moro the Wolf God ၊ Boar God Nago နဲ႔ Deer Spirit တို႔ကလည္း Shinto ဘာသာေရးထဲက နတ္ဘုရားေတြ ျဖစ္ၾကပါတယ္။ အဲ့ဒီနတ္ဘုရားေတြအားလုံးဟာ သဘာဝတရားနဲ႔ ဆက္စပ္ေနၾကၿပီး ေတာဝက္နတ္ဘုရားနဲ႔ ဝံပုေလြနတ္ဘုရားတို႔ဟာ သူတို႔ရဲ႕အမ်ိဴးအႏြယ္ေတြကို ကာကြယ္ေပးၾကပါတယ္။ Kodama ေတြကေတာ့ ေတာထဲမွာရွိတဲ့ သစ္ပင္ေတြကို ေစာင့္ေရွာက္ေပးၾကတာ ျဖစ္ပါတယ္။

ဒါကေတာ့ ဂ်ပန္လူမ်ိဳးေတြမွပဲ သိႏိုင္မယ့္ Princess Mononoke ဇာတ္လမ္းထဲက အေၾကာင္းအရာအခ်ိဳ႕ပဲ ျဖစ္ပါတယ္။ ဒီလိုေဆာင္းပါးေတြ ဖတ္ရတာ ႏွစ္သက္တယ္ဆိုရင္ ဆံရစ္ဝိုင္းေပ့ခ်္ကို Like & See First လုပ္ထားေပးပါလို႔ တိုက္တြန္းလိုက္ရပါတယ္။

Legos

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

RELATED ARTICLES

Most Popular