HomeCelebs Update NewsKoreaဒုတိယေျမာက္ ရင္ေသြးေလးကို ေအာင္ျမင္စြာ ေမြးဖြားလိုက္တဲ့ Rain နဲ႔ Kim Tae Hee တို႔ဇနီးေမာင္ႏွံ

ဒုတိယေျမာက္ ရင္ေသြးေလးကို ေအာင္ျမင္စြာ ေမြးဖြားလိုက္တဲ့ Rain နဲ႔ Kim Tae Hee တို႔ဇနီးေမာင္ႏွံ

အောက်တွင် ယူနီကုဒ်ဖြင့် ဖတ်ပါ။

Rain နဲ႔ Kim Tae Hee တို႔ ဇနီးေမာင္ႏွံဟာ ဒုတိယေျမာက္ ရင္ေသြးေလးျဖစ္တဲ့ သမီးေလးကို ေအာင္ျမင္စြာ ေမြးဖြားလိုက္ႏိုင္ၿပီး ကေလးေရာ မိခင္ပါ က်န္းမာတဲ့အေၾကာင္း သတင္းထုတ္ျပန္လိုက္ပါတယ္။

Kim Tae Hee ရဲ႕ ေအဂ်င္စီျဖစ္တဲ့ Story J Company ကေနတစ္ဆင့္ ဒီလို၀မ္းသာစရာသတင္းေလးကို ေၾကျငာလိုက္တာပါ။ ေၾကျငာခ်က္မွာေတာ့ …

Photo: koreaboo

“မဂၤလာပါ။ ကၽြန္ေတာ္တို႔ကေတာ့ Kim Tae Hee ရဲ႕ ေအဂ်င္စီ Story J Company ပါ။

Kim Tae Hee နဲ႔ Jung Ji Hoon (Rain) တို႔ရဲ႕ မိသားစု၀င္အသစ္ေလးအေၾကာင္း ေပ်ာ္စရာသတင္းေလးကို ေ၀မွ်ေပးခ်င္ပါတယ္။ Kim Tae Hee ဟာ သူမရဲ႕ဒုတိယေျမာက္ ရင္ေသြးေလးျဖစ္တဲ့ သမီးေလးကို ဒီကေန႔ စက္တင္ဘာလ(၁၉)ရက္ေန႔မွာပဲ ဆိုးလ္က ေဆးရုံတစ္ရုံမွာ ေအာင္ျမင္စြာ ေမြးဖြားလိုက္ပါတယ္။

မိခင္ေရာ သမီးေလးပါ က်န္းမာေနေကာင္းၿပီး မိသားစုရဲ႕ ဂရုစိုက္ျပဳစုမႈကိုလည္း ရရိွေနၾကပါတယ္။ အခုလိုမ်ိဳး Kim Tae Hee အေပၚ ဂုဏ္ယူ၀မ္းေျမာက္ေၾကာင္း ေျပာေပးၿပီး ၾကင္ၾကင္နာနာနဲ႔ စိတ္၀င္စားေပးၾကတဲ့အတြက္လည္း စိတ္ရင္းနဲ႔ ေက်းဇူးတင္ပါတယ္။

Photo: koreaportal

မင္းသမီးတစ္ေယာက္အေနနဲ႔ ပရိသတ္ေတြအားလုံးနဲ႔ တစ္ခါျပန္ေတြ႕ရဖို႔ သူမ အေကာင္းဆုံး ႀကိဳးစားသြားမွာပါ။ သူမကိုလည္း အားေပးလိုက္ၾကပါဦး။ ေက်းဇူးတင္ပါတယ္” လို႔ ေဖာ္ျပထားပါတယ္။

LaNina

Ref: koreaboo

(Unicode Version)

Rain နဲ့ Kim Tae Hee တို့ ဇနီးမောင်နှံဟာ ဒုတိယမြောက် ရင်သွေးလေးဖြစ်တဲ့ သမီးလေးကို အောင်မြင်စွာ မွေးဖွားလိုက်နိုင်ပြီး ကလေးရော မိခင်ပါ ကျန်းမာတဲ့အကြောင်း သတင်းထုတ်ပြန်လိုက်ပါတယ်။

Kim Tae Hee ရဲ့ အေဂျင်စီဖြစ်တဲ့ Story J Company ကနေတစ်ဆင့် ဒီလိုဝမ်းသာစရာသတင်းလေးကို ကြေငြာလိုက်တာပါ။ ကြေငြာချက်မှာတော့ …

Photo: koreaboo

“မင်္ဂလာပါ။ ကျွန်တော်တို့ကတော့ Kim Tae Hee ရဲ့ အေဂျင်စီ Story J Company ပါ။ Kim Tae Hee နဲ့ Jung Ji Hoon (Rain) တို့ရဲ့ မိသားစုဝင်အသစ်လေးအကြောင်း ပျော်စရာသတင်းလေးကို ဝေမျှပေးချင်ပါတယ်။ Kim Tae Hee ဟာ သူမရဲ့ဒုတိယမြောက် ရင်သွေးလေးဖြစ်တဲ့ သမီးလေးကို ဒီကနေ့ စက်တင်ဘာလ(၁၉)ရက်နေ့မှာပဲ ဆိုးလ်က ဆေးရုံတစ်ရုံမှာ အောင်မြင်စွာ မွေးဖွားလိုက်ပါတယ်။

မိခင်ရော သမီးလေးပါ ကျန်းမာနေကောင်းပြီး မိသားစုရဲ့ ဂရုစိုက်ပြုစုမှုကိုလည်း ရရှိနေကြပါတယ်။ အခုလိုမျိုး Kim Tae Hee အပေါ် ဂုဏ်ယူဝမ်းမြောက်ကြောင်း ပြောပေးပြီး ကြင်ကြင်နာနာနဲ့ စိတ်ဝင်စားပေးကြတဲ့အတွက်လည်း စိတ်ရင်းနဲ့ ကျေးဇူးတင်ပါတယ်။

Photo: koreaportal

မင်းသမီးတစ်ယောက်အနေနဲ့ ပရိသတ်တွေအားလုံးနဲ့ တစ်ခါပြန်တွေ့ရဖို့ သူမ အကောင်းဆုံး ကြိုးစားသွားမှာပါ။ သူမကိုလည်း အားပေးလိုက်ကြပါဦး။ ကျေးဇူးတင်ပါတယ်” လို့ ဖော်ပြထားပါတယ်။

LaNina

Ref: koreaboo

RELATED ARTICLES

Most Popular