HomeCelebs Update NewsKoreaခရီးသွားသံတမန်တွေအဖြစ် ဆွစ်ဇာလန်နိုင်ငံမှာ အလည်အပတ်ရောက်နေကြတဲ့ Red Velvet အဖွဲ့

ခရီးသွားသံတမန်တွေအဖြစ် ဆွစ်ဇာလန်နိုင်ငံမှာ အလည်အပတ်ရောက်နေကြတဲ့ Red Velvet အဖွဲ့

အောက်တွင် ယူနီကုဒ်ဖြင့် ဖတ်ပါ။






LaNina

Ref: koreaboo

(Unicode Version)

Red Velvet အဖွဲ့ကတော့ သိပ်ကိုလှပပြီး သာယာတဲ့ ဆွစ်ဇာလန်နိုင်ငံမှာ အလည်အပတ်ရောက်ရှိပြီး ပျော်ရွှင်နေကြပါတယ်။

Red Velvet အဖွဲ့ဟာ ယခုနှစ်အစောပိုင်းလောက်မှာပဲ ဆွစ်ဇာလန်နိုင်ငံအတွက် ခရီးသွားသံတမန်တွေအဖြစ် ခန့်အပ်ခံခဲ့ရတာဖြစ်ပါတယ်။ သူတို့အဖွဲ့ကို Swiss Friends လို့လည်း ချစ်စနိုးနဲ့ နာမည်ပြောင် ခေါ်ကြပါသေးတယ်။ ဒါကြောင့်လည်း အခုလို လာရောက်လည်ပတ်ဖို့ ဖိတ်ခေါ်ခံရတာဖြစ်ပြီး ဆွစ်ဇာလန်နိုင်ငံရဲ့ ခမ်းနားတဲ့အလှအပအားလုံးကို ခံစားကြရဖို့ ရောက်ရှိနေကြတာ ဖြစ်ပါတယ်။

Photo: switzerland tourism twitter
Photo: switzerland tourism twitter

အလည်အပတ် ခရီးကိုတော့ စက်တင်ဘာလ(၁၆)ရက်နေ့က စတင်ထွက်ခွာသွားခဲ့တာဖြစ်ပြီး Red Velvet ရဲ့ လည်ပတ်ပျော်ရွှင်နေတဲ့ ပုံရိပ်လေးတွေကို ဆွစ်ဇာလန်နိုင်ငံရဲ့ အမျိုးသားခရီးသွားအေဂျင်စီပိုင် ဆိုရှယ်မီယာ စာမျက်နှာ်မှာ ပြန်လည်ဝေမျှပေးခဲ့တာ ဖြစ်ပါတယ်။

အခုလို သံတမန်အဖြစ် ခန့်အပ်ခံရပြီး ပျော်ရွှင်စွာ လည်ပတ်နေရတဲ့ Red Velvet အဖွဲ့အတွက်လည်း ဂုဏ်ယူစကားလေး ပြောသွားပေးကြပါဦး။

LaNina

Ref: koreaboo

 

RELATED ARTICLES

Most Popular