HomeCelebs Update NewsKoreaတစ်ခွက်လောက်သောက်ပြီးတိုင်း ချစ်စရာပုံစံလေးနဲ့ ရစ်တတ်တဲ့ Red Velvet ရဲ့ Irene 

တစ်ခွက်လောက်သောက်ပြီးတိုင်း ချစ်စရာပုံစံလေးနဲ့ ရစ်တတ်တဲ့ Red Velvet ရဲ့ Irene 

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

မကြာသေးခင်ကမှ sub-unit အဖြစ် comeback ပြန်လာကြတဲ့ Red Velvet ရဲ့ Irene နဲ့ Seulgi တို့ဟာ Yeri’s Room အစီအစဉ်မှာ ပါဝင်ခဲ့ကြပြီး ပုံမှန်ဆိုရင် ပရိသတ်တွေ သိဖို့ခက်ခဲတဲ့ သူတို့ရဲ့အကျင့်လေးတွေကို ဖော်ကောင်လုပ်ခဲ့ကြပါတယ်။

ဒီအစီအစဉ်မှာ ပြောခဲ့ကြတဲ့ အကြောင်းအရာတွေထဲက လူစိတ်အဝင်စားဆုံး ဖြစ်စေခဲ့တာကတော့ Yeri ရဲ့မေးခွန်းတစ်ခုပါပဲ။ Yeri ဟာ Irene ရဲ့ အရက်မူးလာရင် လုပ်လေ့ရှိတဲ့ အကျင့်တစ်ခုကို မေးမြန်းခဲ့တာ ဖြစ်ပါတယ်။ ဒီမေးခွန်းကို အမေးခံရတဲ့အခါ Irene တစ်ယောက် အံ့အားသင့်သွားခဲ့ပြီး အလေ့အကျင့်ရယ်လို့ ထူးထူးထွေထွေ စဉ်းစားမရတဲ့ပုံစံ ဖြစ်သွားခဲ့ပါတယ်။

Photo: renebaebae/ Instagram

သူမရဲ့ အရက်မူးလာရင် လုပ်လေ့ရှိတဲ့ အကျင့်ကို Irene ကိုယ်တိုင်က သတိမထားမိတဲ့အခါ Yeri ကပဲ ကိုယ်စားဖြေဆိုလိုက်ပါတော့တယ်။ Yeri ရဲ့ ပြောကြားချက်အရ Irene ဟာ တစ်ခွက်လောက်သောက်ပြီး မူးလာတိုင်း အဖွဲ့ဝင်တွေကို သူမရဲ့ ဆယ်လ်ဖီပုံတွေ ပို့လေ့ရှိတယ်လို့ ဆိုပါတယ်။

Photo: renebaebae/ Instagram

ဒီစကားကို ကြားလိုက်ရတဲ့အခါ Irene တစ်ယောက် ထိန်းမရအောင် ရယ်မောခဲ့ပြီး အဲ့ဒီ့အကျင့်လေးက မှန်ကန်ကြောင်းကို Seulgi ကလည်း ထောက်ခံခဲ့ပါတယ်။ Irene ဟာ မူးလာပြီဆိုတာနဲ့ သူမရဲ့ဆယ်လ်ဖီပုံတွေကို ရုတ်တရက်ကြီး ထထပို့လေ့ရှိတယ်လို့ Seulgi ကလည်း ဆိုပါတယ်။

Photo: renebaebae/ Instagram

Irene ဟာ ဒီအကြောင်းကို ငြင်းလည်းမငြင်း၊ ဝန်လည်းမခံတဲ့အတွက် Yeri ကပဲ စနောက်ပြီး အဲ့ဒီ့ဆယ်လ်ဖီပုံတွေကို ပြလိုက်ရမလားလို့ ခြိမ်းခြောက်ခဲ့ပါသေးတယ်။ တကယ်တမ်းမှာတော့ Irene ရဲ့ မူးရင်လုပ်တတ်တဲ့ အကျင့်လေးဟာ ချစ်စရာကောင်းပြီး သူမ ပို့တဲ့ ဆယ်လ်ဖီပုံလေးတွေကလည်း အသည်းယားစရာကောင်းလောက်အောင် ချစ်ဖို့ကောင်းနေတာကြောင့် ပရိသတ်တွေကလည်း ဆယ်လ်ဖီပုံလေးတွေ ရလေ့ရှိတဲ့ အဖွဲ့ဝင်တွေကို အားကျကြောင်း မှတ်ချက်များစွာ ရေးထားကြတာကို တွေ့ရပါတယ်။

LaNina

Source: koreaboo

(Zawgyi Version)

မၾကာေသးခင္ကမွ sub-unit အျဖစ္ comeback ျပန္လာၾကတဲ့ Red Velvet ရဲ႕ Irene နဲ႔ Seulgi တို႔ဟာ Yeri’s Room အစီအစဥ္မွာ ပါဝင္ခဲ့ၾကၿပီး ပုံမွန္ဆိုရင္ ပရိသတ္ေတြ သိဖို႔ခက္ခဲတဲ့ သူတို႔ရဲ႕အက်င့္ေလးေတြကို ေဖာ္ေကာင္လုပ္ခဲ့ၾကပါတယ္။

ဒီအစီအစဥ္မွာ ေျပာခဲ့ၾကတဲ့ အေၾကာင္းအရာေတြထဲက လူစိတ္အဝင္စားဆုံး ျဖစ္ေစခဲ့တာကေတာ့ Yeri ရဲ႕ေမးခြန္းတစ္ခုပါပဲ။ Yeri ဟာ Irene ရဲ႕ အရက္မူးလာရင္ လုပ္ေလ့ရွိတဲ့ အက်င့္တစ္ခုကို ေမးျမန္းခဲ့တာ ျဖစ္ပါတယ္။ ဒီေမးခြန္းကို အေမးခံရတဲ့အခါ Irene တစ္ေယာက္ အံ့အားသင့္သြားခဲ့ၿပီး အေလ့အက်င့္ရယ္လို႔ ထူးထူးေထြေထြ စဥ္းစားမရတဲ့ပုံစံ ျဖစ္သြားခဲ့ပါတယ္။

Photo: renebaebae/ Instagram

သူမရဲ႕ အရက္မူးလာရင္ လုပ္ေလ့ရွိတဲ့ အက်င့္ကို Irene ကိုယ္တိုင္က သတိမထားမိတဲ့အခါ Yeri ကပဲ ကိုယ္စားေျဖဆိုလိုက္ပါေတာ့တယ္။ Yeri ရဲ႕ ေျပာၾကားခ်က္အရ Irene ဟာ တစ္ခြက္ေလာက္ေသာက္ၿပီး မူးလာတိုင္း အဖြဲ႕ဝင္ေတြကို သူမရဲ႕ ဆယ္လ္ဖီပုံေတြ ပို႔ေလ့ရွိတယ္လို႔ ဆိုပါတယ္။

Photo: renebaebae/ Instagram

ဒီစကားကို ၾကားလိုက္ရတဲ့အခါ Irene တစ္ေယာက္ ထိန္းမရေအာင္ ရယ္ေမာခဲ့ၿပီး အဲ့ဒီ့အက်င့္ေလးက မွန္ကန္ေၾကာင္းကို Seulgi ကလည္း ေထာက္ခံခဲ့ပါတယ္။ Irene ဟာ မူးလာၿပီဆိုတာနဲ႔ သူမရဲ႕ဆယ္လ္ဖီပုံေတြကို ႐ုတ္တရက္ႀကီး ထထပို႔ေလ့ရွိတယ္လို႔ Seulgi ကလည္း ဆိုပါတယ္။

Photo: renebaebae/ Instagram

Irene ဟာ ဒီအေၾကာင္းကို ျငင္းလည္းမျငင္း၊ ဝန္လည္းမခံတဲ့အတြက္ Yeri ကပဲ စေနာက္ၿပီး အဲ့ဒီ့ဆယ္လ္ဖီပုံေတြကို ျပလိုက္ရမလားလို႔ ၿခိမ္းေျခာက္ခဲ့ပါေသးတယ္။ တကယ္တမ္းမွာေတာ့ Irene ရဲ႕ မူးရင္လုပ္တတ္တဲ့ အက်င့္ေလးဟာ ခ်စ္စရာေကာင္းၿပီး သူမ ပို႔တဲ့ ဆယ္လ္ဖီပုံေလးေတြကလည္း အသည္းယားစရာေကာင္းေလာက္ေအာင္ ခ်စ္ဖို႔ေကာင္းေနတာေၾကာင့္ ပရိသတ္ေတြကလည္း ဆယ္လ္ဖီပုံေလးေတြ ရေလ့ရွိတဲ့ အဖြဲ႕ဝင္ေတြကို အားက်ေၾကာင္း မွတ္ခ်က္မ်ားစြာ ေရးထားၾကတာကို ေတြ႕ရပါတယ္။

LaNina

Source: koreaboo

 

 

RELATED ARTICLES

Most Popular