HomeBiographysolo mixtape ေၾကာင့္ BTS အဖြဲ႕ထဲမွာ အခ်မ္းသာဆုံး ျဖစ္ေနတဲ့ J-Hope

solo mixtape ေၾကာင့္ BTS အဖြဲ႕ထဲမွာ အခ်မ္းသာဆုံး ျဖစ္ေနတဲ့ J-Hope

အောက်တွင် ယူနီကုဒ်ဖြင့် ဖတ်ပါ။

လက္ရိွ ႏိုင္ငံတကာမွာ ေအာင္ျမင္ေနတဲ့ ကိုရီးယား boy band တစ္ခုကို ေျပာပါဆိုရင္ BTS ကိုပဲ သတိရမိၾကမွာပါ။ ဂရမ္မီဆုေပးပြဲေတြအထိ တက္ေရာက္ေနရတဲ့ BTS အေနနဲ႔ ဂီတေလာကမွာ ေအာင္ျမင္မႈေတြ ရရိွေနသလိုပဲ ေငြေၾကးအရလည္း ၾကြယ္၀ခ်မ္းသာမႈေတြ ျမင့္တက္လာပါတယ္။ BTS ဟာ အဖြဲ႕လိုက္ ခ်မ္းသာၾကြယ္၀မႈအေနနဲ႔ အေမရိကန္ ေဒၚလာသန္း(၆၀) ရိွေနၿပီး အဖြဲ႕၀င္တစ္ေယာက္ခ်င္းစီရဲ႕ ၾကြယ္၀မႈမွာေတာ့ မတိမ္းမယိမ္းလို႔ပဲ ေျပာရမွာပါ။ သို႔ေပမယ့္ အဖြဲ႕၀င္ေတြအားလုံးထဲမွာ သိသိသာသာ ပိုၾကြယ္၀ေနသူတစ္ေယာက္ေတာ့ ရိွပါတယ္။

https://www.instagram.com/p/BvweZvhj_z6/

က်န္အဖြဲ႕၀င္ေတြထက္ ပိုခ်မ္းသာေနသူကေတာ့ J-Hope ပါ။ အျခားအဖြဲ႕၀င္ေတြဟာ တစ္ေယာက္ကို အေမရိကန္ ေဒၚလာ(၈)သန္းေလာက္ ခ်မ္းသာေနၾကၿပီး J-Hope ကေတာ့ ေဒၚလာ (၁၂)သန္း ခ်မ္းသာေနတာ ျဖစ္ပါတယ္။ အျခားအဖြဲ႕၀င္ေတြထက္ ပိုမ်ားတဲ့ ေငြေၾကးခ်မ္းသာမႈကို ျဖစ္ေစခဲ့တာကေတာ့ J-Hope ရဲ႕ solo mixtape “Hope World” ေၾကာင့္ ျဖစ္ပါတယ္။

https://www.instagram.com/p/Bvp_FKhHiZ0/

solo mixtape ရဲ႕ ေအာင္ျမင္မႈေၾကာင့္ အျခားအဖြဲ႕၀င္ေတြထက္ ပိုခ်မ္းသာေနေပမယ့္ J-Hope ဟာ အဖြဲ႕ထဲမွာ solo စထြက္ခဲ့သူေတာ့ မဟုတ္ပါဘူး။ Suga နဲ႔ RM တို႔ကလည္း solo mixtape ေတြ EP ေတြ ထြက္ထားပါေသးတယ္။ J-Hope ရဲ႕ “Hope World” mixtape ဟာ စထြက္ထြက္ခ်င္းမွာပဲ Billboard Hot 200 chart မွာ နံပါတ္(၆၃)ခ်ိတ္ခဲ့ၿပီး  အျမင့္ဆုံး နံပါတ္(၃၈)အထိ ခ်ိတ္ခဲ့ပါတယ္။ mixtape ထဲက ပထမဆုံးသီခ်င္းျဖစ္တဲ့ “Daydream” ဟာ spotify မွာ နားဆင္သူေပါင္း (၃၅)သန္းေက်ာ္ ရိွေနၿပီး YouTube မွာေတာ့ (၉၇)သန္းေက်ာ္ ရိွေနပါတယ္။

J-Hope ဟာ အျခားအဆိုေတာ္ေတြနဲ႔ ပူးေပါင္းၿပီး သီခ်င္းလုပ္ခဲ့တာေတြလည္း ရိွပါေသးတယ္။ Jo Kown ရဲ႕ “Animal” သီခ်င္းမွာ featuring သီဆိုေပးထားသလို Dillaz ရဲ႕ “Spices” လို႔ အမည္ရတဲ့ သီခ်င္းမွာလည္း RM နဲ႔အတူ featuring ပါ၀င္သီဆိုထားပါေသးတယ္။

အခ်ိဳ႕ရဲ႕ တြက္ခ်က္မႈေတြအရ BTS အဖြဲ႕ထဲမွာ J-Hope ၿပီးရင္ RM က ဒုတိယအခ်မ္းသာဆုံးလို႔ ေျပာၾကပါတယ္။ အေၾကာင္းကေတာ့ သူဟာ solo ေတြ အမ်ားႀကီး လုပ္ထားလို႔ပါ။ အခ်ိဳ႕ကလည္း ဒုတိယအခ်မ္းသာဆုံးဟာ Jungkook လို႔ ေျပာၾကပါတယ္။ Jungkook ဟာ Flower Crew ၊ King of Masked Singer အစရိွတဲ့ Variety Show ေတြမွာ ပါ၀င္ထားတာေၾကာင့္ အခုလို ေျပာဆိုၾကတာလည္း ျဖစ္ပါတယ္။

https://www.instagram.com/p/BuCSSm4HtoL/

J-Hope ဟာ အခုလို ခ်မး္သာၾကြယ္၀မႈေတြ ရိွေနေပမယ့္ ေအးေအးေဆးေဆးပဲ ႏွိမ့္ခ်ေနထိုင္တတ္ၿပီးေတာ့ သူ႔ရဲ႕ေငြေၾကးခ်မ္းသာမႈေတြကိုလည္း ေတာ္တန္ရုံ ေျပာေလ့မရိွပါဘူး။ သို႔ေပမယ့္ သူဟာ ပရဟိတလုပ္ငန္းေတြကိုေတာ့ မၾကာခဏ လွဴဒါန္းေလ့ ရိွသူပါ။ ၂၀၁၉ခုႏွစ္ ေဖေဖာ္၀ါရီလမွာလည္း ChildFund Korea ဆိုတဲ့ လူမႈအဖြဲ႕အစည္းကို ကိုရီးယား၀မ္ သန္းတစ္ရာ (အေမရိကန္ေဒၚလာ ၈၉၀၀၀ ပတ္၀န္းက်င္) ကို လွဴဒါန္းခဲ့ပါေသးတယ္။

Xei

Ref: koreaboo

(Unicode Version)

လက်ရှိ နိုင်ငံတကာမှာ အောင်မြင်နေတဲ့ ကိုရီးယား boy band တစ်ခုကို ပြောပါဆိုရင် BTS ကိုပဲ သတိရမိကြမှာပါ။ ဂရမ်မီဆုပေးပွဲတွေအထိ တက်ရောက်နေရတဲ့ BTS အနေနဲ့ ဂီတလောကမှာ အောင်မြင်မှုတွေ ရရှိနေသလိုပဲ ငွေကြေးအရလည်း ကြွယ်ဝချမ်းသာမှုတွေ မြင့်တက်လာပါတယ်။ BTS ဟာ အဖွဲ့လိုက် ချမ်းသာကြွယ်ဝမှုအနေနဲ့ အမေရိကန် ဒေါ်လာသန်း(၆၀) ရှိနေပြီး အဖွဲ့ဝင်တစ်ယောက်ချင်းစီရဲ့ ကြွယ်ဝမှုမှာတော့ မတိမ်းမယိမ်းလို့ပဲ ပြောရမှာပါ။ သို့ပေမယ့် အဖွဲ့ဝင်တွေအားလုံးထဲမှာ သိသိသာသာ ပိုကြွယ်ဝနေသူတစ်ယောက်တော့ ရှိပါတယ်။

https://www.instagram.com/p/BvweZvhj_z6/

ကျန်အဖွဲ့ဝင်တွေထက် ပိုချမ်းသာနေသူကတော့ J-Hope ပါ။ အခြားအဖွဲ့ဝင်တွေဟာ တစ်ယောက်ကို အမေရိကန် ဒေါ်လာ(၈)သန်းလောက် ချမ်းသာနေကြပြီး J-Hope ကတော့ ဒေါ်လာ (၁၂)သန်း ချမ်းသာနေတာ ဖြစ်ပါတယ်။ အခြားအဖွဲ့ဝင်တွေထက် ပိုများတဲ့ ငွေကြေးချမ်းသာမှုကို ဖြစ်စေခဲ့တာကတော့ J-Hope ရဲ့ solo mixtape “Hope World” ကြောင့် ဖြစ်ပါတယ်။

https://www.instagram.com/p/Bvp_FKhHiZ0/

solo mixtape ရဲ့ အောင်မြင်မှုကြောင့် အခြားအဖွဲ့ဝင်တွေထက် ပိုချမ်းသာနေပေမယ့် J-Hope ဟာ အဖွဲ့ထဲမှာ solo စထွက်ခဲ့သူတော့ မဟုတ်ပါဘူး။ Suga နဲ့ RM တို့ကလည်း solo mixtape တွေ EP တွေ ထွက်ထားပါသေးတယ်။ J-Hope ရဲ့ “Hope World” mixtape ဟာ စထွက်ထွက်ချင်းမှာပဲ Billboard Hot 200 chart မှာ နံပါတ်(၆၃)ချိတ်ခဲ့ပြီး  အမြင့်ဆုံး နံပါတ်(၃၈)အထိ ချိတ်ခဲ့ပါတယ်။ mixtape ထဲက ပထမဆုံးသီချင်းဖြစ်တဲ့ “Daydream” ဟာ spotify မှာ နားဆင်သူပေါင်း (၃၅)သန်းကျော် ရှိနေပြီး YouTube မှာတော့ (၉၇)သန်းကျော် ရှိနေပါတယ်။

J-Hope ဟာ အခြားအဆိုတော်တွေနဲ့ ပူးပေါင်းပြီး သီချင်းလုပ်ခဲ့တာတွေလည်း ရှိပါသေးတယ်။ Jo Kown ရဲ့ “Animal” သီချင်းမှာ featuring သီဆိုပေးထားသလို Dillaz ရဲ့ “Spices” လို့ အမည်ရတဲ့ သီချင်းမှာလည်း RM နဲ့အတူ featuring ပါဝင်သီဆိုထားပါသေးတယ်။

အချို့ရဲ့ တွက်ချက်မှုတွေအရ BTS အဖွဲ့ထဲမှာ J-Hope ပြီးရင် RM က ဒုတိယအချမ်းသာဆုံးလို့ ပြောကြပါတယ်။ အကြောင်းကတော့ သူဟာ solo တွေ အများကြီး လုပ်ထားလို့ပါ။ အချို့ကလည်း ဒုတိယအချမ်းသာဆုံးဟာ Jungkook လို့ ပြောကြပါတယ်။ Jungkook ဟာ Flower Crew ၊ King of Masked Singer အစရှိတဲ့ Variety Show တွေမှာ ပါဝင်ထားတာကြောင့် အခုလို ပြောဆိုကြတာလည်း ဖြစ်ပါတယ်။

https://www.instagram.com/p/BuCSSm4HtoL/

J-Hope ဟာ အခုလို ချမ်းသာကြွယ်ဝမှုတွေ ရှိနေပေမယ့် အေးအေးဆေးဆေးပဲ နှိမ့်ချနေထိုင်တတ်ပြီးတော့ သူ့ရဲ့ငွေကြေးချမ်းသာမှုတွေကိုလည်း တော်တန်ရုံ ပြောလေ့မရှိပါဘူး။ သို့ပေမယ့် သူဟာ ပရဟိတလုပ်ငန်းတွေကိုတော့ မကြာခဏ လှူဒါန်းလေ့ ရှိသူပါ။ ၂၀၁၉ခုနှစ် ဖေဖော်ဝါရီလမှာလည်း ChildFund Korea ဆိုတဲ့ လူမှုအဖွဲ့အစည်းကို ကိုရီးယားဝမ် သန်းတစ်ရာ (အမေရိကန်ဒေါ်လာ ၈၉၀၀၀ ပတ်ဝန်းကျင်) ကို လှူဒါန်းခဲ့ပါသေးတယ်။

Xei

Ref: koreaboo

 

RELATED ARTICLES

Most Popular