HomeCelebs Update NewsKoreaMet Gala ပွဲကို ပထမဆုံးအကြိမ် တက်ရောက်လာတဲ့ Rosé

Met Gala ပွဲကို ပထမဆုံးအကြိမ် တက်ရောက်လာတဲ့ Rosé

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

BLACKPINK အဖွဲ့က Rosé ကတော့ သူမရဲ့ ပထမဆုံးအကြိမ် Met Gala ပွဲကို တက်ရောက်ခဲ့ရပြီ ဖြစ်ပါတယ်။

Met Gala ပွဲဟာ ကမ္ဘာ့ထိပ်တန်း ဒီဇိုင်နာတွေ၊ မော်ဒယ်လ်တွေနဲ့ ဆယ်လီတွေသာ တက်ရောက်နိုင်တဲ့ ပွဲကြီးတစ်ခုဖြစ်ပြီး ဖိတ်ကြားခွင့်ရမှ တက်ရောက်နိုင်တဲ့ ပွဲတစ်ခုလည်း ဖြစ်ပါတယ်။ Rosé ကတော့ နာမည်ကျော် brand တစ်ခုဖြစ်တဲ့ Saint Laurent ရဲ့ global ambassador အဖြစ်နဲ့ brand ကို ကိုယ်စားပြုပြီး တက်ရောက်ခွင့် ရရှိခဲ့တာ ဖြစ်ပါတယ်။

Photo: themetgalaofficial/ Instagram

ဒါကြောင့်လည်း သူမရဲ့ ပရိသတ်တွေကတော့ ဒီပွဲကို တက်ရောက်မယ်ဆိုတည်းက စိတ်လှုပ်ရှားပြီး ရင်ခုန်နေကြတာ ဖြစ်ပါတယ်။ Rosé ဟာ ဒီပွဲကို သူမတစ်ယောက်တည်း တက်ရောက်ခဲ့တာ မဟုတ်ဘဲ Saint Laurent ရဲ့ creative director ဖြစ်သူ Anthony Vaccarello နဲ့အတူ တက်ရောက်ခဲ့တာ ဖြစ်ပါတယ်။

Photo: themetgalaofficial/ Instagram

ပွဲထဲကို ရောက်သွားတဲ့အခါမှာလည်း ပထမဆုံးအကြိမ် တက်ရောက်သူတစ်ယောက်လို့ မထင်ရလောက်အောင် ယုံကြည်မှုအပြည့်နဲ့ လှပနေတာကို တွေ့ရပါတယ်။ Rosé ဝတ်ဆင်လာတဲ့ ဖက်ရှင်ကတော့ အနက်ရောင် dress အတိုလေးနဲ့ ဒေါက်မြင့်ဖိနပ်တို့ တွဲဖက်ထားတာ ဖြစ်ပြီး သူမရဲ့ look ကို ထင်ရှားသွားစေတာကတော့ အဖြူရောင်ဖဲပြားနဲ့ လက်ဝတ်ရတနာတွေပဲ ဖြစ်ပါတယ်။

Photo Credit: ELLE Korea

ဒီဝတ်စုံလေးကတော့ ELLE Korea မဂ္ဂဇင်းရဲ့ စက်တင်ဘာလထုတ်စာစောင် မျက်နှာဖုံးမှာ သူမ ဝတ်ဆင်ခဲ့ဖူးတဲ့ YSL ရဲ့ ဝတ်စုံနဲ့လည်း အတော်လေး ဆင်တူပါတယ်။ ဒါတင်မက YSL ရဲ့ အဆိုပါဝတ်စုံလေးကို အောက်တိုဘာလထုတ် Vogue မဂ္ဂဇင်းရဲ့ ကာဗာမှာ  Zendaya လည်း ဝတ်ဆင်ခဲ့ဖူးပါသေးတယ်။

Photo via koreaboo

ဒါ့အပြင် Rosé ဟာ look နှစ်မျိုးနဲ့ ဒီပွဲကို တက်ရောက်ခဲ့တာ ဖြစ်ပြီး နောက်တစ်မျိုးကတော့ blazer အနက်ရောင်နဲ့ ဘောင်းဘီအတိုလေးကို ဝတ်ဆင်ထားတာ ဖြစ်ပါတယ်။ လက်ဝတ်ရတနာအနေနဲ့ကတော့ တူညီတဲ့ လည်ဆွဲကိုပဲ ဝတ်ဆင်ထားပြီး ခပ်မိုက်မိုက် businesswoman တစ်ယောက်လို look နဲ့ လှပကျော့ရှင်းနေတာ ဖြစ်ပါတယ်။

Glasgow

Source: koreaboo

(Zawgyi Version)

BLACKPINK အဖြဲ႕က Rosé ကေတာ့ သူမရဲ့ ပထမဆုံးအႀကိမ္ Met Gala ပြဲကို တက္ေရာက္ခဲ့ရၿပီ ျဖစ္ပါတယ္။

Met Gala ပြဲဟာ ကမၻာ့ထိပ္တန္း ဒီဇိုင္နာေတြ၊ ေမာ္ဒယ္လ္ေတြနဲ႔ ဆယ္လီေတြသာ တက္ေရာက္နိုင္တဲ့ ပြဲႀကီးတစ္ခုျဖစ္ၿပီး ဖိတ္ၾကားခြင့္ရမွ တက္ေရာက္နိုင္တဲ့ ပြဲတစ္ခုလည္း ျဖစ္ပါတယ္။ Rosé ကေတာ့ နာမည္ေက်ာ္ brand တစ္ခုျဖစ္တဲ့ Saint Laurent ရဲ့ global ambassador အျဖစ္နဲ႔ brand ကို ကိုယ္စားျပဳၿပီး တက္ေရာက္ခြင့္ ရရွိခဲ့တာ ျဖစ္ပါတယ္။

Photo: themetgalaofficial/ Instagram

ဒါေၾကာင့္လည္း သူမရဲ့ ပရိသတ္ေတြကေတာ့ ဒီပြဲကို တက္ေရာက္မယ္ဆိုတည္းက စိတ္လွုပ္ရွားၿပီး ရင္ခုန္ေနၾကတာ ျဖစ္ပါတယ္။ Rosé ဟာ ဒီပြဲကို သူမတစ္ေယာက္တည္း တက္ေရာက္ခဲ့တာ မဟုတ္ဘဲ Saint Laurent ရဲ့ creative director ျဖစ္သူ Anthony Vaccarello နဲ႔အတူ တက္ေရာက္ခဲ့တာ ျဖစ္ပါတယ္။

Photo: themetgalaofficial/ Instagram

ပြဲထဲကို ေရာက္သြားတဲ့အခါမွာလည္း ပထမဆုံးအႀကိမ္ တက္ေရာက္သူတစ္ေယာက္လို႔ မထင္ရေလာက္ေအာင္ ယုံၾကည္မွုအျပည့္နဲ႔ လွပေနတာကို ေတြ႕ရပါတယ္။ Rosé ဝတ္ဆင္လာတဲ့ ဖက္ရွင္ကေတာ့ အနက္ေရာင္ dress အတိုေလးနဲ႔ ေဒါက္ျမင့္ဖိနပ္တို႔ တြဲဖက္ထားတာ ျဖစ္ၿပီး သူမရဲ့ look ကို ထင္ရွားသြားေစတာကေတာ့ အျဖဴေရာင္ဖဲျပားနဲ႔ လက္ဝတ္ရတနာေတြပဲ ျဖစ္ပါတယ္။

Photo Credit: ELLE Korea

ဒီဝတ္စုံေလးကေတာ့ ELLE Korea မဂၢဇင္းရဲ့ စက္တင္ဘာလထုတ္စာေစာင္ မ်က္ႏွာဖုံးမွာ သူမ ဝတ္ဆင္ခဲ့ဖူးတဲ့ YSL ရဲ့ ဝတ္စုံနဲ႔လည္း အေတာ္ေလး ဆင္တူပါတယ္။ ဒါတင္မက YSL ရဲ့ အဆိုပါဝတ္စုံေလးကို ေအာက္တိုဘာလထုတ္ Vogue မဂၢဇင္းရဲ့ ကာဗာမွာ  Zendaya လည္း ဝတ္ဆင္ခဲ့ဖူးပါေသးတယ္။

Photo via koreaboo

ဒါ့အျပင္ Rosé ဟာ look ႏွစ္မ်ိဳးနဲ႔ ဒီပြဲကို တက္ေရာက္ခဲ့တာ ျဖစ္ၿပီး ေနာက္တစ္မ်ိဳးကေတာ့ blazer အနက္ေရာင္နဲ႔ ေဘာင္းဘီအတိုေလးကို ဝတ္ဆင္ထားတာ ျဖစ္ပါတယ္။ လက္ဝတ္ရတနာအေနနဲ႔ကေတာ့ တူညီတဲ့ လည္ဆြဲကိုပဲ ဝတ္ဆင္ထားၿပီး ခပ္မိုက္မိုက္ businesswoman တစ္ေယာက္လို look နဲ႔ လွပေက်ာ့ရွင္းေနတာ ျဖစ္ပါတယ္။

Glasgow

Source: koreaboo

RELATED ARTICLES

Most Popular