HomeCelebs Update NewsKoreaKwang Soo ရဲ့  Running Man ရိုက်ကူးရေး နောက်ဆုံးနေ့မှာ မိခင်ဖြစ်သူမှ အားပေးခဲ့

Kwang Soo ရဲ့  Running Man ရိုက်ကူးရေး နောက်ဆုံးနေ့မှာ မိခင်ဖြစ်သူမှ အားပေးခဲ့

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

ယနေ့ မေလ(၂၄)ရက်နေ့မှာတော့ Running Man ရဲ့ ပင်တိုင်အဖွဲ့ဝင်ဖြစ်တဲ့ Lee Kwang Soo ဟာ သူ့ရဲ့နောက်ဆုံးအပိုင်းကို ရိုက်ကူးပြီးစီးခဲ့တယ်လို့ သိရပါတယ်။

ရိုက်ကူးရေးအဖွဲ့သားတွေရဲ့ ထုတ်ပြန်ချက်အရ ယနေ့မှာ Lee Kwang Soo ဟာ သူ့ရဲ့နောက်ဆုံး ရိုက်ကူးရေးကို ပါဝင်ရိုက်ကူးခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် Lee Kwang Soo နေရာမှာ အဖွဲ့ဝင် အစားထိုးဖို့ကိုလည်း ဆွေးနွေးနေဆဲ ဖြစ်ပြီး လက်ရှိမှာတော့ အဖွဲ့ဝင်အပြောင်းအလဲ မလုပ်သေးဘဲ ရိုက်ကူးရေး ဆက်လုပ်သွားမယ်လို့ ပြောထားပါတယ်။

Photo: masijacoke850714/ Instagram

Running Man ရဲ့ ပင်တိုင်အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ Lee Kwang Soo ကတော့ ပြီးခဲ့တဲ့ ဧပြီလ(၂၇)ရက်နေ့ကပဲ ရှိုးကနေ ထွက်ခွာမယ့်အကြောင်း ကြေညာခဲ့တာ ဖြစ်ပါတယ်။ အကြောင်းကတော့ ပြီးခဲ့တဲ့နှစ်က ရရှိခဲ့တဲ့ ဒဏ်ရာကြောင့် ကိုယ်ရော စိတ်ပါ ကျန်းမာရေးကို ဂရုစိုက်ဖို့ လိုအပ်လာတာကြောင့် ထွက်ခွာမှာ ဖြစ်တယ်လို့ ဆိုထားပါတယ်။

ဒီအကြောင်းနဲ့ ပတ်သက်ပြီး SBS ရုပ်သံလိုင်းကလည်း ကြေညာချက်တစ်ခု ထုတ်ပြန်ထားပါသေးတယ်။ “ကံမကောင်းစွာနဲ့ပဲ လှပတဲ့ ခွဲခွာခြင်းတစ်ခုကို ကျွန်တော်တို့ ပြုလုပ်ကြရပါတော့မယ်။ ကြည့်ရှုသူ ပရိသတ်တွေအနေနဲ့လည်း အခုလို ခက်ခဲတဲ့ ဆုံးဖြတ်ချက်ကို ချခဲ့ရတဲ့ Lee Kwang Soo နဲ့ ကျန်အဖွဲ့ဝင်တွေအပေါ် ဆက်လက် အားပေးပြီး ချစ်ခင်ပေးကြပါလို့ တောင်းဆိုပါတယ် …” လို့ အဆိုပါ ကြေညာချက်မှာ ပြောထားပါတယ်။

Photo via soompi

ယနေ့ Kwang Soo ရဲ့ ရိုက်ကူးရေး နောက်ဆုံးနေ့မှာတော့ မိခင်ဖြစ်သူက သူ့ရဲ့ ရှိုးအပေါ်မှာ ကြိုးစားအားထုတ်ခဲ့မှုတွေအပေါ် အားပေးတဲ့အနေနဲ့ custom-made ပူဖောင်းတွေ မှာပေးခဲ့တာ တွေ့ရပါတယ်။ Kwang Soo အတွက် ပူဖောင်းပေါ်မှာတော့ “ငါ့သားလေး တော်တယ် … ” လို့ ရေးထားပြီး ကုမ္ပဏီကို နှုတ်ဆက်တဲ့ ပူဖောင်းပေါ်မှာတော့ “ကျွန်ုပ်တို့နဲ့ (၁၁)နှစ်ကြာ ရှိနေခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်။ ရှေ့လျှောက် အနာဂတ်အတွက်လည်း အားပေးနေပါတယ် … ” လို့ ရေးသားထားတာ တွေ့ရပါတယ်။

Photo via soompi

Kwang Soo မိခင်ရဲ့ ဒီလက်ဆောင်လေးနဲ့ ပတ်သက်ပြီး ကုမ္ပဏီဘက်က အဖွဲ့သားတွေကတော့ တဖြုတ်ဖြုတ် ကြွေသွားရပါတယ်။ ဒီပူဖောင်းလေးတွေဟာ ရင်ထဲမှာ လှိုက်ခနဲ ဖြစ်သွားအောင် ခံစားရစေပြီး “စာလေးတစ်ကြောင်းတည်းနဲ့ မိခင်တစ်ယောက်ရဲ့ နှလုံးသားကို ခံစားနိုင်ပါတယ် … ” လို့ အဖွဲ့သားတွေက မှတ်ချက်ပြုထားကြပါတယ်။

Photo via soompi

Lee Kwang Soo ဟာ Running Man ရှိုး စတင်တဲ့ ၂၀၁၀ခုနှစ်တည်းက ပါဝင်လာခဲ့သူ ဖြစ်ပြီး ယခုအထိဆိုရင် (၁၁)နှစ်တိုင်ခဲ့ပြီ ဖြစ်ပါတယ်။ Kwang Soo ရဲ့ အနုပညာ လှုပ်ရှားမှုမှာတော့ Han Ji Min ၊ Lee Dong Wook ၊ Kang Ha Neul ၊ YoonA တို့လို တကယ့် စတားတွေ ပါဝင်ကြမယ့် ရုပ်ရှင်တစ်ခုမှာ ပါဝင်သရုပ်ဆောင်ဖို့ မကြာခင်ကပဲ ရွေးချယ်ခံထားရပါတယ်။

Glasgow

Source : soompi

(Zawgyi Version)

ယေန႔ ေမလ(၂၄)ရက္ေန႔မွာေတာ့ Running Man ရဲ႕ ပင္တိုင္အဖြဲ႕ဝင္ျဖစ္တဲ့ Lee Kwang Soo ဟာ သူ႔ရဲ႕ေနာက္ဆုံးအပိုင္းကို ႐ိုက္ကူးၿပီးစီးခဲ့တယ္လို႔ သိရပါတယ္။

႐ိုက္ကူးေရးအဖြဲ႕သားေတြရဲ႕ ထုတ္ျပန္ခ်က္အရ ယေန႔မွာ Lee Kwang Soo ဟာ သူ႔ရဲ႕ေနာက္ဆုံး ႐ိုက္ကူးေရးကို ပါဝင္႐ိုက္ကူးခဲ့တယ္လို႔ သိရပါတယ္။ ဒါ့အျပင္ Lee Kwang Soo ေနရာမွာ အဖြဲ႕ဝင္ အစားထိုးဖို႔ကိုလည္း ေဆြးေႏြးေနဆဲ ျဖစ္ၿပီး လက္ရွိမွာေတာ့ အဖြဲ႕ဝင္အေျပာင္းအလဲ မလုပ္ေသးဘဲ ႐ိုက္ကူးေရး ဆက္လုပ္သြားမယ္လို႔ ေျပာထားပါတယ္။

Photo: masijacoke850714/ Instagram

Running Man ရဲ႕ ပင္တိုင္အဖြဲ႕ဝင္တစ္ဦးျဖစ္တဲ့ Lee Kwang Soo ကေတာ့ ၿပီးခဲ့တဲ့ ဧၿပီလ(၂၇)ရက္ေန႔ကပဲ ရႈိးကေန ထြက္ခြာမယ့္အေၾကာင္း ေၾကညာခဲ့တာ ျဖစ္ပါတယ္။ အေၾကာင္းကေတာ့ ၿပီးခဲ့တဲ့ႏွစ္က ရရွိခဲ့တဲ့ ဒဏ္ရာေၾကာင့္ ကိုယ္ေရာ စိတ္ပါ က်န္းမာေရးကို ဂ႐ုစိုက္ဖို႔ လိုအပ္လာတာေၾကာင့္ ထြက္ခြာမွာ ျဖစ္တယ္လို႔ ဆိုထားပါတယ္။

ဒီအေၾကာင္းနဲ႔ ပတ္သက္ၿပီး SBS ႐ုပ္သံလိုင္းကလည္း ေၾကညာခ်က္တစ္ခု ထုတ္ျပန္ထားပါေသးတယ္။ “ကံမေကာင္းစြာနဲ႔ပဲ လွပတဲ့ ခြဲခြာျခင္းတစ္ခုကို ကြၽန္ေတာ္တို႔ ျပဳလုပ္ၾကရပါေတာ့မယ္။ ၾကည့္ရႈသူ ပရိသတ္ေတြအေနနဲ႔လည္း အခုလို ခက္ခဲတဲ့ ဆုံးျဖတ္ခ်က္ကို ခ်ခဲ့ရတဲ့ Lee Kwang Soo နဲ႔ က်န္အဖြဲ႕ဝင္ေတြအေပၚ ဆက္လက္ အားေပးၿပီး ခ်စ္ခင္ေပးၾကပါလို႔ ေတာင္းဆိုပါတယ္ …” လို႔ အဆိုပါ ေၾကညာခ်က္မွာ ေျပာထားပါတယ္။

Photo via soompi

ယေန႔ Kwang Soo ရဲ႕ ႐ိုက္ကူးေရး ေနာက္ဆုံးေန႔မွာေတာ့ မိခင္ျဖစ္သူက သူ႔ရဲ႕ ရႈိးအေပၚမွာ ႀကိဳးစားအားထုတ္ခဲ့မႈေတြအေပၚ အားေပးတဲ့အေနနဲ႔ custom-made ပူေဖာင္းေတြ မွာေပးခဲ့တာ ေတြ႕ရပါတယ္။ Kwang Soo အတြက္ ပူေဖာင္းေပၚမွာေတာ့ “ငါ့သားေလး ေတာ္တယ္ … ” လို႔ ေရးထားၿပီး ကုမၸဏီကို ႏႈတ္ဆက္တဲ့ ပူေဖာင္းေပၚမွာေတာ့ “ကြၽႏ္ုပ္တို႔နဲ႔ (၁၁)ႏွစ္ၾကာ ရွိေနခဲ့တဲ့အတြက္ ေက်းဇူးတင္ပါတယ္။ ေရွ႕ေလွ်ာက္ အနာဂတ္အတြက္လည္း အားေပးေနပါတယ္ … ” လို႔ ေရးသားထားတာ ေတြ႕ရပါတယ္။

Photo via soompi

Kwang Soo မိခင္ရဲ႕ ဒီလက္ေဆာင္ေလးနဲ႔ ပတ္သက္ၿပီး ကုမၸဏီဘက္က အဖြဲ႕သားေတြကေတာ့ တျဖဳတ္ျဖဳတ္ ေႂကြသြားရပါတယ္။ ဒီပူေဖာင္းေလးေတြဟာ ရင္ထဲမွာ လႈိက္ခနဲ ျဖစ္သြားေအာင္ ခံစားရေစၿပီး “စာေလးတစ္ေၾကာင္းတည္းနဲ႔ မိခင္တစ္ေယာက္ရဲ႕ ႏွလုံးသားကို ခံစားႏိုင္ပါတယ္ … ” လို႔ အဖြဲ႕သားေတြက မွတ္ခ်က္ျပဳထားၾကပါတယ္။

Photo via soompi

Lee Kwang Soo ဟာ Running Man ရႈိး စတင္တဲ့ ၂၀၁၀ခုႏွစ္တည္းက ပါဝင္လာခဲ့သူ ျဖစ္ၿပီး ယခုအထိဆိုရင္ (၁၁)ႏွစ္တိုင္ခဲ့ၿပီ ျဖစ္ပါတယ္။ Kwang Soo ရဲ႕ အႏုပညာ လႈပ္ရွားမႈမွာေတာ့ Han Ji Min ၊ Lee Dong Wook ၊ Kang Ha Neul ၊ YoonA တို႔လို တကယ့္ စတားေတြ ပါဝင္ၾကမယ့္ ႐ုပ္ရွင္တစ္ခုမွာ ပါဝင္သ႐ုပ္ေဆာင္ဖို႔ မၾကာခင္ကပဲ ေ႐ြးခ်ယ္ခံထားရပါတယ္။

Glasgow

Source : soompi

 

RELATED ARTICLES

Most Popular