HomeCelebs Update NewsKorea(၁၇)နှစ်ကြာ လက်တွဲခဲ့တဲ့ YG Entertainment နဲ့ နှုတ်ဆက်လိုက်တဲ့ Sandara Park 

(၁၇)နှစ်ကြာ လက်တွဲခဲ့တဲ့ YG Entertainment နဲ့ နှုတ်ဆက်လိုက်တဲ့ Sandara Park 

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Idol လည်းဖြစ်၊ မင်းသမီးလည်း ဖြစ်တဲ့ 2NE1 အဖွဲ့ဝင်ဟောင်း Sandara Park ဟာ ဆယ်စုနှစ်ကျော်ကြာ လက်တွဲခဲ့တဲ့ YG Entertainment နဲ့ ကျောခိုင်းလိုက်ပြီ ဖြစ်ပါတယ်။ ဒီအကြောင်းကိုတော့ ယနေ့ မေလ(၁၄)ရက်နေ့မှာ YG Entertainment က တရားဝင် စာထုတ်ပြန်ပြီး အသိပေးလိုက်ပါတယ်။

“YG Entertainment နဲ့ Sandara Park တို့ သီးသန့်ချုပ်ဆိုထားတဲ့ စာချုပ်ဟာ သက်တမ်းကုန်သွားပြီ ဖြစ်ကြောင်း အသိပေးလိုပါတယ်။ ဒီတလျှောက်လုံး YG ကို ယုံကြည်ပြီး ချစ်ခင်ပေးလာတဲ့ Sandara Park ကို ကျွန်ုပ်တို့ဘက်ကလည်း အထူးကျေးဇူးတင်ကြောင်း ပြောလိုပါတယ် … ”

Photo: daraxxi/ Instagram

“Sandara Park ဆက်လက် ရင်ဆိုင်သွားမယ့် စိန်ခေါ်မှုတွေနဲ့ ပတ်သက်ပြီးတော့လည်း ကျွန်ုပ်တို့ဘက်က အားပေးသွားမှာ ဖြစ်ပြီး သူမရဲ့ ခရီးအသစ်ကို စတင်ဖို့ ပြင်ဆင်မှု ပြီးဆုံးသည်အထိ ကျွန်ုပ်တို့ဘက်က ကူညီပေးသွားဦးမှာ ဖြစ်ပါတယ် … ”

“Sandara Park ဟာ ၂၀၀၄ခုနှစ်မှာ YG ကို ဝင်ရောက်ခဲ့ပြီး ၂၀၀၉ခုနှစ်မှာ 2NE1 အဖွဲ့နဲ့ ပွဲထွက်ခဲ့ပါတယ်။ အဲဒီနောက်ပိုင်းကစလို့ ဂီတတစ်ခုတည်းမှာတင် အံ့အားသင့်လောက်တဲ့ စွမ်းရည်ကို ပြသခဲ့တာ မဟုတ်ဘဲ အခြားသော နယ်ပယ်တွေဖြစ်တဲ့ သရုပ်ဆောင်၊ ဖက်ရှင်၊ အလှအပနဲ့ အစီအစဉ် တင်ဆက်သူအထိပါ အမျိုးအစား စုံလင်တဲ့ စွမ်းရည်တွေကို ပြသခဲ့ပြီး ဖြစ်ပါတယ် … ”

Photo: daraxxi/ Instagram

“ဒါကြောင့် ပရိသတ်တွေအနေနဲ့ သူမကို ပိုပြီးတော့ ချစ်ခင်အားပေးကြဖို့ တောင်းဆိုပါတယ်။ ယခုအချိန်အထိ YG ရဲ့ artist တစ်ယောက်အဖြစ် Sandara Park ကို အားပေး၊ ချစ်ခင်ပေးခဲ့ကြတဲ့ ပရိသတ်အားလုံးကို စိတ်ရင်းနဲ့ ကျေးဇူးတင်ရှိပါတယ်လို့ ပြောကြားလိုပါတယ် … ” လို့ YG က ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ခြေလှမ်းသစ်တွေနဲ့ ဆက်လက် လျှောက်လှမ်းမယ့် Dara ကိုလည်း ပိုမိုအောင်မြင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Linda December

Source: soompi

(Zawgyi Version)

Idol လည္းျဖစ္၊ မင္းသမီးလည္း ျဖစ္တဲ့ 2NE1 အဖြဲ႕ဝင္ေဟာင္း Sandara Park ဟာ ဆယ္စုႏွစ္ေက်ာ္ၾကာ လက္တြဲခဲ့တဲ့ YG Entertainment နဲ႔ ေက်ာခိုင္းလိုက္ၿပီ ျဖစ္ပါတယ္။ ဒီအေၾကာင္းကိုေတာ့ ယေန႔ ေမလ(၁၄)ရက္ေန႔မွာ YG Entertainment က တရားဝင္ စာထုတ္ျပန္ၿပီး အသိေပးလိုက္ပါတယ္။

“YG Entertainment နဲ႔ Sandara Park တို႔ သီးသန႔္ခ်ဳပ္ဆိုထားတဲ့ စာခ်ဳပ္ဟာ သက္တမ္းကုန္သြားၿပီ ျဖစ္ေၾကာင္း အသိေပးလိုပါတယ္။ ဒီတေလွ်ာက္လုံး YG ကို ယုံၾကည္ၿပီး ခ်စ္ခင္ေပးလာတဲ့ Sandara Park ကို ကြၽႏ္ုပ္တို႔ဘက္ကလည္း အထူးေက်းဇူးတင္ေၾကာင္း ေျပာလိုပါတယ္ … ”

Photo: daraxxi/ Instagram

“Sandara Park ဆက္လက္ ရင္ဆိုင္သြားမယ့္ စိန္ေခၚမႈေတြနဲ႔ ပတ္သက္ၿပီးေတာ့လည္း ကြၽႏ္ုပ္တို႔ဘက္က အားေပးသြားမွာ ျဖစ္ၿပီး သူမရဲ႕ ခရီးအသစ္ကို စတင္ဖို႔ ျပင္ဆင္မႈ ၿပီးဆုံးသည္အထိ ကြၽႏ္ုပ္တို႔ဘက္က ကူညီေပးသြားဦးမွာ ျဖစ္ပါတယ္ … ”

“Sandara Park ဟာ ၂၀၀၄ခုႏွစ္မွာ YG ကို ဝင္ေရာက္ခဲ့ၿပီး ၂၀၀၉ခုႏွစ္မွာ 2NE1 အဖြဲ႕နဲ႔ ပြဲထြက္ခဲ့ပါတယ္။ အဲဒီေနာက္ပိုင္းကစလို႔ ဂီတတစ္ခုတည္းမွာတင္ အံ့အားသင့္ေလာက္တဲ့ စြမ္းရည္ကို ျပသခဲ့တာ မဟုတ္ဘဲ အျခားေသာ နယ္ပယ္ေတြျဖစ္တဲ့ သ႐ုပ္ေဆာင္၊ ဖက္ရွင္၊ အလွအပနဲ႔ အစီအစဥ္ တင္ဆက္သူအထိပါ အမ်ိဳးအစား စုံလင္တဲ့ စြမ္းရည္ေတြကို ျပသခဲ့ၿပီး ျဖစ္ပါတယ္ … ”

Photo: daraxxi/ Instagram

“ဒါေၾကာင့္ ပရိသတ္ေတြအေနနဲ႔ သူမကို ပိုၿပီးေတာ့ ခ်စ္ခင္အားေပးၾကဖို႔ ေတာင္းဆိုပါတယ္။ ယခုအခ်ိန္အထိ YG ရဲ႕ artist တစ္ေယာက္အျဖစ္ Sandara Park ကို အားေပး၊ ခ်စ္ခင္ေပးခဲ့ၾကတဲ့ ပရိသတ္အားလုံးကို စိတ္ရင္းနဲ႔ ေက်းဇူးတင္ရွိပါတယ္လို႔ ေျပာၾကားလိုပါတယ္ … ” လို႔ YG က ေၾကညာခ်က္မွာ ေဖာ္ျပထားပါတယ္။

ေျခလွမ္းသစ္ေတြနဲ႔ ဆက္လက္ ေလွ်ာက္လွမ္းမယ့္ Dara ကိုလည္း ပိုမိုေအာင္ျမင္ပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္။

Linda December

Source: soompi

RELATED ARTICLES

Most Popular