HomeCelebs Update NewsKoreaYG က ထွက်ခွာပြီးနောက် comeback နဲ့ အနာဂတ်အစီအစဉ်တွေကို ပြောလာတဲ့ Sandara Park 

YG က ထွက်ခွာပြီးနောက် comeback နဲ့ အနာဂတ်အစီအစဉ်တွေကို ပြောလာတဲ့ Sandara Park 

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Sandara Park ဟာ မကြာသေးခင်ကပဲ Dazed Korea မဂ္ဂဇင်းနဲ့ အင်တာဗျူး ဖြေကြားခဲ့ပြီး သူမရဲ့ အနာဂတ် အစီအစဉ်တွေနဲ့ ပတ်သက်တာတွေကို ဖြေကြားခဲ့ပါတယ်။

Dara လို့ ချစ်စနိုးနဲ့ အတိုကောက်ခေါ်ကြတဲ့ Sandara Park ဟာ တချိန်က ထိပ်တန်း kpop Idol အဖွဲ့ဖြစ်ခဲ့တဲ့ 2NE1 ရဲ့ အဖွဲ့ဝင်တစ်ယောက်လည်း ဖြစ်ပါတယ်။ ယခုအင်တာဗျူးမှာတော့ သူမရဲ့ အားလပ်တဲ့ အချိန်တွေကို ဘယ်လိုဖြတ်သန်းနေလည်းဆိုတဲ့ မေးခွန်းကို အခုလို ဖြေကြားထားပါတယ်။

Photo Credit: Dazed Korea

“ကျွန်မကတော့ ကပ်ရောဂါ ပြင်းထန်ပြီး နောက်ပိုင်းကာလတွေမှာမှ ပိုပြီးအလုပ်များလာတဲ့ လူတစ်ယောက်ပါ။ ဒီအတွက်လည်း တကယ် ကျေးဇူးတင်ပါတယ်။ ဒါပေမယ့် တခါတလေကျတော့လည်း နည်းနည်း နားချင်တယ်လို့ စဉ်းစားမိတာပေါ့နော် … ”

“Celeb Beauty က ပြီးသွားပြီ။ Video Star ကလည်း နောက်တစ်ပတ်ဆို ပြီးတော့မယ်။ အဲဒီတော့ ကျွန်မမှာ ပရိုဂရမ် နှစ်ခု ကျန်နေသေးတာပေါ့။ နောက်ပြီး ကျွန်မရဲ့ လုပ်ဖော်ကိုင်ဖက် MC တွေက ဖိတ်တဲ့ ရှိုးတွေမှာလည်း ဧည့်သည်အဖြစ် သွားပေးရတာတွေ ရှိတယ်။ အဲဒီကြားထဲမှာ ရေဒီယိုအစီအစဉ်တွေလည်း ရှိသေးတယ်။ ပြီးတော့ တခါတလေကျရင် … ဒီနေ့လို နေ့မျိုးတွေပေါ့။ ဖက်ရှင်ဓာတ်ပုံတွေ ရိုက်ပေးရတယ်။ အင်တာဗျူးတွေ ဖြေပေးရတယ်။ များသောအားဖြင့် တနင်္ဂနွေ တစ်ရက်လောက်ပဲ နားရက် ရှိပါတယ် … ” လို့ Dara က ဆိုပါတယ်။

Photo Credit: Dazed Korea

Dara ဟာ ယခုနှစ်အစောပိုင်းမှာပဲ (၁၇)နှစ်ကြာ လက်တွဲခဲ့တဲ့ သူမရဲ့ အေဂျင်စီ YG Entertainment နဲ့ လမ်းခွဲခဲ့တာ ဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ Abyss Company နဲ့ စာချုပ်ချုပ်ဆိုခဲ့ပြီး Sunmi ၊ GOT7 ရဲ့ BamBam တို့နဲ့ အေဂျင်စီတူတူ ဖြစ်သွားပါတယ်။

ကနဦးတုန်းကတော့ အေဂျင်စီအသစ်နဲ့ အစက ပြန်စရမှာကို စိုးရိမ်စိတ်တွေ ရှိခဲ့ပေမယ့် နောက်ပိုင်းမှာတော့ သူမရဲ့ စိုးရိမ်မှုတွေအားလုံး ပျက်ပြယ်သွားခဲ့ပါတယ်လို့ ဆိုထားပါတယ်။

Photo Credit: Dazed Korea

“အသစ်က ပြန်စရမှာကို စိတ်ပူနေခဲ့တာ။ ဒါပေမယ့်လေ အေဂျင်စီအသစ်က စီအီးအိုရော၊ ဝန်ထမ်းတွေ၊ artist တွေ အားလုံးကပါ ကျွန်မကို ဝိုင်းဝန်းပြီး အားပေးကူညီခဲ့ကြပါတယ်။ ကျွန်မပရိသတ်တွေက Abyss Company ရုံးကို ပန်းတွေပါ ပို့ပေးကြတာ။ အဲတော့ ကျွန်မ တကယ် ပျော်ရွှင်ရပါတယ်။ ဒီနေရာကိုလည်း ကိုယ်နဲ့ မရင်းနှီးတဲ့ နေရာအသစ်တစ်ခုလို မခံစားရတော့ပါဘူး …  ” လို့ အေဂျင်စီအသစ်မှာ အလုပ်ပြန်စရတဲ့ ခံစားချက်ကို ပြောပြထားပါတယ်။

ဒါ့အပြင် သူမရဲ့ YouTube Channel ကို လပေါင်းများစွာ ရပ်တန့်ထားရာကနေ ပြန်လည် စတင်မယ့်အကြောင်းကိုလည်း ပြောထားပါသေးတယ်။

Photo Credit: Dazed Korea

“ကျွန်မရဲ့ အေဂျင်စီအဟောင်းနဲ့ စာချုပ်အဆုံးသတ်ပြီးနောက်မှာ တချို့ကိစ္စတွေကို ပြန်ပြီး စီစဉ်ရတာပေါ့နော်။ ပြီးတော့ မနှစ်ကပဲ ကျွန်မရဲ့ အယ်ဒီတာကလည်း ပုဂ္ဂိုလ်ရေးကိစ္စနဲ့ အလုပ်ထွက်သွားတယ်လေ။ အဲဒါနဲ့ ကျွန်မ Channel လေးကို ခဏရပ်ထားရတာပါ။ ဒါပေမယ့် အခုတော့ ပြန်လုပ်ဖို့အတွက် ဗွီဒီယိုတွေလည်း ပြန်ရိုက်နေပါပြီ။ Abyss ရဲ့ YouTube အဖွဲ့သားတွေနဲ့လည်း တွေ့ပြီးပြီ။ သူတို့ရဲ့ ဒီအလုပ်မှာ စိတ်အားထက်သန်မှုကတော့ အံ့အားသင့်စရာပါပဲ …” လို့ ဆိုထားပါတယ်။

“ကျွန်မရဲ့ ဗွီဒီယိုတွေကနေတဆင့် ပရိသတ်တွေနဲ့ အမြဲတွေ့ဆုံနေဖို့ကိုလည်း စီစဉ်ထားပါတယ် … ” လို့ ဆိုပြီး ပရိသတ်တွေကို update တွေ အမြဲပေးသွားဖို့ကိုလည်း ပြောထားပါတယ်။

Photo: daraxxi/ Instagram

နောက်ဆုံးအနေနဲ့ကတော့ ပရိသတ်တွေ မျှော်လင့်ကြီးစွာ စောင့်စားနေရတဲ့ အဆိုတော်အနေနဲ့ comeback အကြောင်းပဲ ဖြစ်ပါတယ်။

“ကျွန်မက ဖျော်ဖြေရေးနယ်ပယ်အစုံမှာတော့ active ဖြစ်နေခဲ့ပါတယ်။ ဒါပေမယ့် အဆိုတော် Sandara ဆိုပြီး ကျွန်မကိုယ်ကျွန်မ ပြသဖို့ အခွင့်အရေးကတော့ ထင်သလောက် မလွယ်ကူပါဘူး။ အခုတော့ ကျွန်မရဲ့ အယ်လ်ဘမ်သစ် လုပ်ဖို့ ဆုံးဖြတ်ထားပါတယ်။ ကျွန်မရဲ့ ဂီတအသစ်တင်မက၊ ဖက်ရှင်အသစ်တွေ၊ performance အသစ်တွေနဲ့ တင်ဆက်နိုင်မယ့် သီချင်းတစ်ပုဒ်နဲ့ ပြန်လာဖို့လည်း ဆန္ဒရှိနေပါတယ် … ” လို့ သူမရဲ့ comeback အကြောင်းကို ပြောသွားပါတယ်။

Linda December

Source: soompi

(Zawgyi Version)

Sandara Park ဟာ မၾကာေသးခင္ကပဲ Dazed Korea မဂၢဇင္းနဲ႔ အင္တာဗ်ဴး ေျဖၾကားခဲ့ၿပီး သူမရဲ့ အနာဂတ္ အစီအစဥ္ေတြနဲ႔ ပတ္သက္တာေတြကို ေျဖၾကားခဲ့ပါတယ္။

Dara လို႔ ခ်စ္စနိုးနဲ႔ အတိုေကာက္ေခၚၾကတဲ့ Sandara Park ဟာ တခ်ိန္က ထိပ္တန္း kpop Idol အဖြဲ႕ျဖစ္ခဲ့တဲ့ 2NE1 ရဲ့ အဖြဲ႕ဝင္တစ္ေယာက္လည္း ျဖစ္ပါတယ္။ ယခုအင္တာဗ်ဴးမွာေတာ့ သူမရဲ့ အားလပ္တဲ့ အခ်ိန္ေတြကို ဘယ္လိုျဖတ္သန္းေနလည္းဆိုတဲ့ ေမးခြန္းကို အခုလို ေျဖၾကားထားပါတယ္။

Photo Credit: Dazed Korea

“ကၽြန္မကေတာ့ ကပ္ေရာဂါ ျပင္းထန္ၿပီး ေနာက္ပိုင္းကာလေတြမွာမွ ပိုၿပီးအလုပ္မ်ားလာတဲ့ လူတစ္ေယာက္ပါ။ ဒီအတြက္လည္း တကယ္ ေက်းဇူးတင္ပါတယ္။ ဒါေပမယ့္ တခါတေလက်ေတာ့လည္း နည္းနည္း နားခ်င္တယ္လို႔ စဥ္းစားမိတာေပါ့ေနာ္ … ”

“Celeb Beauty က ၿပီးသြားၿပီ။ Video Star ကလည္း ေနာက္တစ္ပတ္ဆို ၿပီးေတာ့မယ္။ အဲဒီေတာ့ ကၽြန္မမွာ ပရိုဂရမ္ ႏွစ္ခု က်န္ေနေသးတာေပါ့။ ေနာက္ၿပီး ကၽြန္မရဲ့ လုပ္ေဖာ္ကိုင္ဖက္ MC ေတြက ဖိတ္တဲ့ ရွိုးေတြမွာလည္း ဧည့္သည္အျဖစ္ သြားေပးရတာေတြ ရွိတယ္။ အဲဒီၾကားထဲမွာ ေရဒီယိုအစီအစဥ္ေတြလည္း ရွိေသးတယ္။ ၿပီးေတာ့ တခါတေလက်ရင္ … ဒီေန႔လို ေန႔မ်ိဳးေတြေပါ့။ ဖက္ရွင္ဓာတ္ပုံေတြ ရိုက္ေပးရတယ္။ အင္တာဗ်ဴးေတြ ေျဖေပးရတယ္။ မ်ားေသာအားျဖင့္ တနဂၤေႏြ တစ္ရက္ေလာက္ပဲ နားရက္ ရွိပါတယ္ … ” လို႔ Dara က ဆိုပါတယ္။

Photo Credit: Dazed Korea

Dara ဟာ ယခုႏွစ္အေစာပိုင္းမွာပဲ (၁၇)ႏွစ္ၾကာ လက္တြဲခဲ့တဲ့ သူမရဲ့ ေအဂ်င္စီ YG Entertainment နဲ႔ လမ္းခြဲခဲ့တာ ျဖစ္ပါတယ္။ အဲဒီေနာက္မွာေတာ့ Abyss Company နဲ႔ စာခ်ဳပ္ခ်ဳပ္ဆိုခဲ့ၿပီး Sunmi ၊ GOT7 ရဲ့ BamBam တို႔နဲ႔ ေအဂ်င္စီတူတူ ျဖစ္သြားပါတယ္။

ကနဦးတုန္းကေတာ့ ေအဂ်င္စီအသစ္နဲ႔ အစက ျပန္စရမွာကို စိုးရိမ္စိတ္ေတြ ရွိခဲ့ေပမယ့္ ေနာက္ပိုင္းမွာေတာ့ သူမရဲ့ စိုးရိမ္မွုေတြအားလုံး ပ်က္ျပယ္သြားခဲ့ပါတယ္လို႔ ဆိုထားပါတယ္။

Photo Credit: Dazed Korea

“အသစ္က ျပန္စရမွာကို စိတ္ပူေနခဲ့တာ။ ဒါေပမယ့္ေလ ေအဂ်င္စီအသစ္က စီအီးအိုေရာ၊ ဝန္ထမ္းေတြ၊ artist ေတြ အားလုံးကပါ ကၽြန္မကို ဝိုင္းဝန္းၿပီး အားေပးကူညီခဲ့ၾကပါတယ္။ ကၽြန္မပရိသတ္ေတြက Abyss Company ႐ုံးကို ပန္းေတြပါ ပို႔ေပးၾကတာ။ အဲေတာ့ ကၽြန္မ တကယ္ ေပ်ာ္ရႊင္ရပါတယ္။ ဒီေနရာကိုလည္း ကိုယ္နဲ႔ မရင္းႏွီးတဲ့ ေနရာအသစ္တစ္ခုလို မခံစားရေတာ့ပါဘူး …  ” လို႔ ေအဂ်င္စီအသစ္မွာ အလုပ္ျပန္စရတဲ့ ခံစားခ်က္ကို ေျပာျပထားပါတယ္။

ဒါ့အျပင္ သူမရဲ့ YouTube Channel ကို လေပါင္းမ်ားစြာ ရပ္တန႔္ထားရာကေန ျပန္လည္ စတင္မယ့္အေၾကာင္းကိုလည္း ေျပာထားပါေသးတယ္။

Photo Credit: Dazed Korea

“ကၽြန္မရဲ့ ေအဂ်င္စီအေဟာင္းနဲ႔ စာခ်ဳပ္အဆုံးသတ္ၿပီးေနာက္မွာ တခ်ိဳ႕ကိစၥေတြကို ျပန္ၿပီး စီစဥ္ရတာေပါ့ေနာ္။ ၿပီးေတာ့ မႏွစ္ကပဲ ကၽြန္မရဲ့ အယ္ဒီတာကလည္း ပုဂၢိဳလ္ေရးကိစၥနဲ႔ အလုပ္ထြက္သြားတယ္ေလ။ အဲဒါနဲ႔ ကၽြန္မ Channel ေလးကို ခဏရပ္ထားရတာပါ။ ဒါေပမယ့္ အခုေတာ့ ျပန္လုပ္ဖို႔အတြက္ ဗြီဒီယိုေတြလည္း ျပန္ရိုက္ေနပါၿပီ။ Abyss ရဲ့ YouTube အဖြဲ႕သားေတြနဲ႔လည္း ေတြ႕ၿပီးၿပီ။ သူတို႔ရဲ့ ဒီအလုပ္မွာ စိတ္အားထက္သန္မွုကေတာ့ အံ့အားသင့္စရာပါပဲ …” လို႔ ဆိုထားပါတယ္။

“ကၽြန္မရဲ့ ဗြီဒီယိုေတြကေနတဆင့္ ပရိသတ္ေတြနဲ႔ အျမဲေတြ႕ဆုံေနဖို႔ကိုလည္း စီစဥ္ထားပါတယ္ … ” လို႔ ဆိုၿပီး ပရိသတ္ေတြကို update ေတြ အျမဲေပးသြားဖို႔ကိုလည္း ေျပာထားပါတယ္။

Photo: daraxxi/ Instagram

ေနာက္ဆုံးအေနနဲ႔ကေတာ့ ပရိသတ္ေတြ ေမၽွာ္လင့္ႀကီးစြာ ေစာင့္စားေနရတဲ့ အဆိုေတာ္အေနနဲ႔ comeback အေၾကာင္းပဲ ျဖစ္ပါတယ္။

“ကၽြန္မက ေဖ်ာ္ေျဖေရးနယ္ပယ္အစုံမွာေတာ့ active ျဖစ္ေနခဲ့ပါတယ္။ ဒါေပမယ့္ အဆိုေတာ္ Sandara ဆိုၿပီး ကၽြန္မကိုယ္ကၽြန္မ ျပသဖို႔ အခြင့္အေရးကေတာ့ ထင္သေလာက္ မလြယ္ကူပါဘူး။ အခုေတာ့ ကၽြန္မရဲ့ အယ္လ္ဘမ္သစ္ လုပ္ဖို႔ ဆုံးျဖတ္ထားပါတယ္။ ကၽြန္မရဲ့ ဂီတအသစ္တင္မက၊ ဖက္ရွင္အသစ္ေတြ၊ performance အသစ္ေတြနဲ႔ တင္ဆက္နိုင္မယ့္ သီခ်င္းတစ္ပုဒ္နဲ႔ ျပန္လာဖို႔လည္း ဆႏၵရွိေနပါတယ္ … ” လို႔ သူမရဲ့ comeback အေၾကာင္းကို ေျပာသြားပါတယ္။

Linda December

Source: soompi

RELATED ARTICLES

Most Popular