HomeCelebs Update NewsKoreaအစွန်းရောက်ပရိသတ်(sasaeng) တွေ ကျူးလွန်လေ့ရှိတဲ့ တရားမဝင်လုပ်ရပ်များ

အစွန်းရောက်ပရိသတ်(sasaeng) တွေ ကျူးလွန်လေ့ရှိတဲ့ တရားမဝင်လုပ်ရပ်များ

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

ကိုရီးယားဖျော်ဖြေရေးလောကမှာ ဆယ်လီတွေတိုင်းနီးပါး ကြုံတွေ့ရလေ့ရှိတာကတော့ sasaeng လို့ခေါ်တဲ့ အစွန်းရောက်ပရိသတ်တွေရဲ့ နှောင့်ယှက်မှုတွေပါပဲ။ ကေပေါ့ပ်ပရိသတ်တွေဆိုရင် sasaeng တွေအကြောင်းကို အနည်းနဲ့အများ သိထားကြပြီး ဖြစ်မှာပါ။

စည်းကမ်းတွေ၊ ဘောင်တွေကို ကျော်လွန်ပြီး သူတို့နှစ်သက်တဲ့ ဆယ်လီရဲ့ အတွင်းရေး၊ ပုဂ္ဂိုလ်ရေးတွေကို ဝင်ရောက်ကျူးလွန်၊ နှောင့်ယှက်သူတွေကို sasaeng တွေလို့ ခေါ်ကြပါတယ်။ sasaeng တွေဟာ သူတို့အားပေးတဲ့ ဆယ်လီအပေါ် အလွန်အကျူး စွဲလမ်းလာတာကြောင့် တရားမဝင်တဲ့ လုပ်ရပ်တွေအထိပါ လုပ်လာကြပါတယ်။

sasaeng တွေ လုပ်လေ့ရှိတဲ့အရာတစ်ခုကတော့ သူတို့အားပေးတဲ့ ဆယ်လီရဲ့နောက်ကို နောက်ယောင်ခံလိုက်တာ ဖြစ်ပါတယ်။ ဒီလိုလိုက်ဖို့အတွက် တစ်ခါတစ်ရံမှာ တက္ကစီကားတွေကိုပါ သုံးတတ်ကြပါတယ်။ ဒီလို ထပ်ကြပ်မကွာ နောက်ယောင်ခံလိုက်ခြင်းတွေကြောင့် ကားတိုက်မှုတွေလည်း မကြာခဏဆိုသလို ဖြစ်လေ့ရှိပါတယ်။

Photo: allkpop

ဒါတင်မက ဆယ်လီတွေရဲ့ ပုဂ္ဂိုလ်ရေးအချက်အလက်တွေကိုပါ ထုတ်ဖော်၊ဖွင့်ချတာမျိုး လုပ်တတ်ကြပါသေးတယ်။ ဒီလိုလုပ်ရတဲ့ အကြောင်းအရင်းတွေထဲက အများစုကတော့ သူတို့အားပေးတဲ့ဆယ်လီအကြောင်းကို တစ်ခြားပရိသတ်တွေထက် ပိုပြီး နှံ့နှံ့စပ်စပ် သိတဲ့အကြောင်း ဂုဏ်ဖော်ချင်လို့ ဖြစ်ပါတယ်။

sasaeng တွေထဲက တစ်ချို့မှာဆိုရင် hero syndrome လို့ခေါ်တဲ့ သူရဲကောင်းဖြစ်ချင်တဲ့ စိတ်ရောဂါပါ ရှိနေတတ်ကြတယ်လို့ ဆိုးလ်အမျိုးသားတက္ကသိုလ်က စိတ်ပညာပါမောက္ခတစ်ဦးက ပြောပြထားပါတယ်။ သူတို့ဘာသာ ဖန်တီးထားတဲ့ ပြဿနာကို သူတို့က ဝင်ဖြေရှင်းပေးပြီး အမှတ်ပေးခံချင်တဲ့ စိတ်အခြေအနေမျိုးလည်း ဖြစ်တယ်လို့ ဆိုပါတယ်။ ဒါကြောင့်လည်း sasaeng အများစုဟာ အပြုအမူပိုင်းမှာ သိပ်ကိုအစွန်းရောက်နေကြတာပါလို့ အဆိုပါ ပါမောက္ခက ရှင်းပြထားပါတယ်။

Photo: koreaboo

sasaeng တွေ ကျူးလွန်တတ်တဲ့ နောက်ထပ် တရားမဝင်လုပ်ရပ်တစ်ခုကတော့ ဆယ်လီတွေရဲ့ နေအိမ်ထဲကို ဖောက်ထွင်းဝင်ရောက်တာပါ။ လုံခြုံရေးတွေ၊ အစောင့်တွေ ထားထားတယ်ဆိုရင်တောင် အိမ်ထဲကို တစ်နည်းမဟုတ် တစ်နည်းနဲ့ မရရအောင် ဝင်ရောက်တတ်ကြပါတယ်။

ပြင်းထန်တဲ့ လုပ်ရပ်၊ အပြုအမူတွေကို ကျူးလွန်လေ့ရှိကြတဲ့ sasaeng တွေရဲ့အပေါ် သာမန်ပရိသတ်တွေကတော့ ရှုံ့ချဝေဖန်လေ့ ရှိပါတယ်။ အချို့သော သာမန်ပရိသတ်တွေကတော့ sasaeng တွေ ဒီလိုဖြစ်နေကြတာဟာ သူတို့ကိုယ်သူတို့ တမူထူးခြားတဲ့ စပါယ်ရှယ်ပရိသတ်တွေလို့ ယုံကြည်ထားကြလို့ ဖြစ်တယ်လို့ ဆိုကြပါတယ်။

Photo: amino

sasaeng တွေဟာ သူတို့ချစ်တဲ့ ဆယ်လီတွေရဲ့ တစ်ကိုယ်ရည်အသုံးအဆောင်တွေကို ရယူရတာကိုလည်း နှစ်သက်ကြပါသေးတယ်။ ဒါကြောင့်လည်း ဆယ်လီတွေရဲ့ အိုင်ဒီကဒ်၊ တစ်ခြားတစ်ကိုယ်ရည်ပစ္စည်း အသုံးအဆောင်တွေကို ခိုးယူတတ်ကြတာ ဖြစ်ပါတယ်။ တစ်ခါတစ်လေမှာဆိုရင် လူငှားပြီးတော့တောင် ဆယ်လီတွေရဲ့ အတွင်းခံလိုပစ္စည်းမျိုးကို ခိုးယူခိုင်းတာမျိုး လုပ်တတ်ကြပါသေးတယ်။

ကိုရီးယားဖျော်ဖြေရေးလောကက ရှေ့နေတစ်ဦးကတော့ sasaeng တွေရဲ့ လုပ်ရပ်အများစုဟာ တရားမဝင်ဘူးလို့ ထောက်ပြထားပါတယ်။ ဆယ်လီတွေရဲ့ အိမ်ထဲကို ဖောက်ဝင်တာ၊ နောက်ယောင်ခံလိုက်တာ၊ အတွင်းခံ ခိုးယူတာလိုမျိုးလုပ်ရပ်တွေဟာ တစ်ဖက်က ဆယ်လီတွေအပေါ် စော်ကားရာ၊ အန္တရာယ်ပေးရာရောက်ပြီး အနှောင့်အယှက်ပေးရာလည်းကျလို့ ထောင်ဒဏ်ဆယ်နှစ်အထိ ပြင်းပြင်းထန်ထန် အပြစ်ပေး၊ အရေးယူခံရနိုင်တယ်လို့ ရှင်းပြထားပါတယ်။

LaNina

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi Version)

ကိုရီးယားေဖ်ာ္ေျဖေရးေလာကမွာ ဆယ္လီေတြတိုင္းနီးပါး ႀကဳံေတြ႕ရေလ့ရွိတာကေတာ့ sasaeng လို႔ေခၚတဲ့ အစြန္းေရာက္ပရိသတ္ေတြရဲ႕ ေႏွာင့္ယွက္မႈေတြပါပဲ။ ေကေပါ့ပ္ပရိသတ္ေတြဆိုရင္ sasaeng ေတြအေၾကာင္းကို အနည္းနဲ႔အမ်ား သိထားၾကၿပီး ျဖစ္မွာပါ။

စည္းကမ္းေတြ၊ ေဘာင္ေတြကို ေက်ာ္လြန္ၿပီး သူတို႔ႏွစ္သက္တဲ့ ဆယ္လီရဲ႕ အတြင္းေရး၊ ပုဂၢိဳလ္ေရးေတြကို ဝင္ေရာက္က်ဴးလြန္၊ ေႏွာင့္ယွက္သူေတြကို sasaeng ေတြလို႔ ေခၚၾကပါတယ္။ sasaeng ေတြဟာ သူတို႔အားေပးတဲ့ ဆယ္လီအေပၚ အလြန္အက်ဴး စြဲလမ္းလာတာေၾကာင့္ တရားမဝင္တဲ့ လုပ္ရပ္ေတြအထိပါ လုပ္လာၾကပါတယ္။

sasaeng ေတြ လုပ္ေလ့ရွိတဲ့အရာတစ္ခုကေတာ့ သူတို႔အားေပးတဲ့ ဆယ္လီရဲ႕ေနာက္ကို ေနာက္ေယာင္ခံလိုက္တာ ျဖစ္ပါတယ္။ ဒီလိုလိုက္ဖို႔အတြက္ တစ္ခါတစ္ရံမွာ တကၠစီကားေတြကိုပါ သုံးတတ္ၾကပါတယ္။ ဒီလို ထပ္ၾကပ္မကြာ ေနာက္ေယာင္ခံလိုက္ျခင္းေတြေၾကာင့္ ကားတိုက္မႈေတြလည္း မၾကာခဏဆိုသလို ျဖစ္ေလ့ရွိပါတယ္။

Photo: allkpop

ဒါတင္မက ဆယ္လီေတြရဲ႕ ပုဂၢိဳလ္ေရးအခ်က္အလက္ေတြကိုပါ ထုတ္ေဖာ္၊ဖြင့္ခ်တာမ်ိဳး လုပ္တတ္ၾကပါေသးတယ္။ ဒီလိုလုပ္ရတဲ့ အေၾကာင္းအရင္းေတြထဲက အမ်ားစုကေတာ့ သူတို႔အားေပးတဲ့ဆယ္လီအေၾကာင္းကို တစ္ျခားပရိသတ္ေတြထက္ ပိုၿပီး ႏွံ႔ႏွံ႔စပ္စပ္ သိတဲ့အေၾကာင္း ဂုဏ္ေဖာ္ခ်င္လို႔ ျဖစ္ပါတယ္။

sasaeng ေတြထဲက တစ္ခ်ိဳ႕မွာဆိုရင္ hero syndrome လို႔ေခၚတဲ့ သူရဲေကာင္းျဖစ္ခ်င္တဲ့ စိတ္ေရာဂါပါ ရွိေနတတ္ၾကတယ္လို႔ ဆိုးလ္အမ်ိဳးသားတကၠသိုလ္က စိတ္ပညာပါေမာကၡတစ္ဦးက ေျပာျပထားပါတယ္။ သူတို႔ဘာသာ ဖန္တီးထားတဲ့ ျပႆနာကို သူတို႔က ဝင္ေျဖရွင္းေပးၿပီး အမွတ္ေပးခံခ်င္တဲ့ စိတ္အေျခအေနမ်ိဳးလည္း ျဖစ္တယ္လို႔ ဆိုပါတယ္။ ဒါေၾကာင့္လည္း sasaeng အမ်ားစုဟာ အျပဳအမူပိုင္းမွာ သိပ္ကိုအစြန္းေရာက္ေနၾကတာပါလို႔ အဆိုပါ ပါေမာကၡက ရွင္းျပထားပါတယ္။

Photo: koreaboo

sasaeng ေတြ က်ဴးလြန္တတ္တဲ့ ေနာက္ထပ္ တရားမဝင္လုပ္ရပ္တစ္ခုကေတာ့ ဆယ္လီေတြရဲ႕ ေနအိမ္ထဲကို ေဖာက္ထြင္းဝင္ေရာက္တာပါ။ လုံၿခဳံေရးေတြ၊ အေစာင့္ေတြ ထားထားတယ္ဆိုရင္ေတာင္ အိမ္ထဲကို တစ္နည္းမဟုတ္ တစ္နည္းနဲ႔ မရရေအာင္ ဝင္ေရာက္တတ္ၾကပါတယ္။

ျပင္းထန္တဲ့ လုပ္ရပ္၊ အျပဳအမူေတြကို က်ဴးလြန္ေလ့ရွိၾကတဲ့ sasaeng ေတြရဲ႕အေပၚ သာမန္ပရိသတ္ေတြကေတာ့ ရႈံ႕ခ်ေဝဖန္ေလ့ ရွိပါတယ္။ အခ်ိဳ႕ေသာ သာမန္ပရိသတ္ေတြကေတာ့ sasaeng ေတြ ဒီလိုျဖစ္ေနၾကတာဟာ သူတို႔ကိုယ္သူတို႔ တမူထူးျခားတဲ့ စပါယ္ရွယ္ပရိသတ္ေတြလို႔ ယုံၾကည္ထားၾကလို႔ ျဖစ္တယ္လို႔ ဆိုၾကပါတယ္။

Photo: amino

sasaeng ေတြဟာ သူတို႔ခ်စ္တဲ့ ဆယ္လီေတြရဲ႕ တစ္ကိုယ္ရည္အသုံးအေဆာင္ေတြကို ရယူရတာကိုလည္း ႏွစ္သက္ၾကပါေသးတယ္။ ဒါေၾကာင့္လည္း ဆယ္လီေတြရဲ႕ အိုင္ဒီကဒ္၊ တစ္ျခားတစ္ကိုယ္ရည္ပစၥည္း အသုံးအေဆာင္ေတြကို ခိုးယူတတ္ၾကတာ ျဖစ္ပါတယ္။ တစ္ခါတစ္ေလမွာဆိုရင္ လူငွားၿပီးေတာ့ေတာင္ ဆယ္လီေတြရဲ႕ အတြင္းခံလိုပစၥည္းမ်ိဳးကို ခိုးယူခိုင္းတာမ်ိဳး လုပ္တတ္ၾကပါေသးတယ္။

ကိုရီးယားေဖ်ာ္ေျဖေရးေလာကက ေရွ႕ေနတစ္ဦးကေတာ့ sasaeng ေတြရဲ႕ လုပ္ရပ္အမ်ားစုဟာ တရားမဝင္ဘူးလို႔ ေထာက္ျပထားပါတယ္။ ဆယ္လီေတြရဲ႕ အိမ္ထဲကို ေဖာက္ဝင္တာ၊ ေနာက္ေယာင္ခံလိုက္တာ၊ အတြင္းခံ ခိုးယူတာလိုမ်ိဳးလုပ္ရပ္ေတြဟာ တစ္ဖက္က ဆယ္လီေတြအေပၚ ေစာ္ကားရာ၊ အႏၲရာယ္ေပးရာေရာက္ၿပီး အေႏွာင့္အယွက္ေပးရာလည္းက်လို႔ ေထာင္ဒဏ္ဆယ္ႏွစ္အထိ ျပင္းျပင္းထန္ထန္ အျပစ္ေပး၊ အေရးယူခံရႏိုင္တယ္လို႔ ရွင္းျပထားပါတယ္။

LaNina

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

 

RELATED ARTICLES

Most Popular