HomeAnimeNaruto သေဆုံးခဲ့မယ်ဆိုရင် Sasuke က ပြန်အသက်သွင်းပေးမယ်လို့ သီအိုရီထွက်နေ

Naruto သေဆုံးခဲ့မယ်ဆိုရင် Sasuke က ပြန်အသက်သွင်းပေးမယ်လို့ သီအိုရီထွက်နေ

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Boruto manga #51 ထဲမှာ Naruto ဟာ သိပ်မကြာခင်မှာ သေဆုံးသွားနိုင်တဲ့အကြောင်း အရိပ်အမြွက် ဖော်ပြသွားခဲ့ပါတယ်။ အကြောင်းကတော့ Naruto ဟာ Boruto နဲ့ တစ်ခြားသူတွေကို ကယ်တင်ဖို့အတွက် သူ့ကိုယ်သူ အနစ်နာခံပြီး Otsutsuki Isshiki ကို တိုက်ခိုက်သွားမယ့် ပုံစံမျိူး ဖြစ်နေလို့ပါ။ ကိုနိုဟာရွာရဲ့ ရှီနိုဘီတွေဟာ Isshiki ကို မတားဆီးနိုင်ဘဲ Boruto ကလည်း လက်ကျိူးသွားသလို Sasuke ကလည်း သတိလစ်လုနီးပါး ဖြစ်တဲ့အထိ တိုက်ခိုက်ခံခဲ့ရပါတယ်။

ဒီအချက်တွေကြောင့်ပဲ Naruto ဟာ အားလုံးကို ကယ်တင်ဖို့အတွက် သူ့ကိုယ်သူ အနစ်နာခံပြီးတော့ တိုက်ခိုက်ကာ သေဆုံးသွားနိုင်တာပဲ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း Naruto တကယ် သေဆုံးသွားခဲ့ရင်တောင် Sasuke ဟာ သူ့ကိုယ်သူ အနစ်နာခံပြီး ပြန်လည်အသက်သွင်းပေးနိုင်ပါတယ်။ အကြောင်းကတော့ Sasuke ဟာ နောက်ဆုံး နင်ဂျာစစ်ပွဲကြီးအတွင်းမှာ Rinnegan ကို ရရှိခဲ့တာကြောင့် ဖြစ်ပါတယ်။ Rinnegan ကို ပိုင်ဆိုင်သူတွေဟာ သေဆုံးသွားသူတွေကို ပြန်လည်အသက်သွင်းပေးနိုင်တဲ့ ninjutsu ကို အသုံးပြုနိုင်ပါတယ်။ ဒါပေမယ့်လည်း အပြန်အလှန်အနေနဲ့ အဲ့ဒီ ninjutsu ကို အသုံးပြုသူရဲ့ အသက်ကိုတော့ ပြန်လည်ပေးဆပ်ရမှာ ဖြစ်ပါတယ်။

photo via cbr

Pain တွေ ကိုနိုဟာရွာကို တိုက်ခိုက်ပြီး ဖျက်ဆီးခဲ့တဲ့ အချိန်တုန်းကလည်း Nagato ဟာ သေဆုံးသွားတဲ့ လူတွေအကုန်လုံးကို ပြန်လည်အသက်သွင်းပေးခဲ့ပါတယ်။ Sasuke ဟာလည်း ကိုနိုဟာရွာအတွက် လိုအပ်သူတစ်ယောက် ဖြစ်ပေမယ့် Naruto ဟာ ဟိုကာခဲလည်း ဖြစ်တာကြောင့် ကိုနိုဟာရွာရဲ့အနာဂတ်အတွက် Naruto ကို အဆုံးရှုံးခံလို့ မဖြစ်နိုင်ပါဘူး။ အဲ့ဒါကြောင့်ပဲ အခုအရိပ်အမြွက် ပြထားသလို Naruto သေဆုံးသွားရင်တောင် Sasuke က သူ့ကိုယ်သူအနစ်နာခံပြီးတော့ ပြန်လည်အသက်သွင်းပေးမယ်လို့ သီအိုရီတွေ ထွက်လာတာ ဖြစ်ပါတယ်။

သေမယ်လို့ ထင်ထားသူဟာ မသေဘဲ၊ မသေဘူးလို့ ထင်ထားသူဟာ သေဆုံးသွားမှာကြောင့် ဒီသီအိုရီအတိုင်း ဖြစ်လာမယ်ဆိုရင်တော့ ပရိသတ်တွေဟာ သိပ်ကိုအံ့ဩသွားကြမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ဒီသီအိုရီအတိုင်းသာ ဖြစ်သွားမယ်ဆိုရင် Sasuke ဟာလည်း Itachi တို့၊ Shisui တို့လိုမျိူး ရွာကို ကာကွယ်ဖို့အတွက် အရာရာကို ပေးဆပ်သွားတဲ့ သူရဲကောင်းတစ်ယောက် ဖြစ်လာမှာပါ။

photo via cbr

ဒါ့အပြင် သူ့ရဲ့သေဆုံးမှုကြောင့် Sarada ဟာလည်း အခုထက်ပိုပြီးတော့ တော်တဲ့နင်ဂျာတစ်ယောက် ဖြစ်လာနိုင်သလို သူမရဲ့ Sharingan ကလည်း အဆင့်မြင့်လာမှာ ဖြစ်ပါတယ်။ Boruto ကလည်း သူ့ရဲ့အဖေကို ဆုံးရှုံးလုနီးပါး ဖြစ်ခဲ့တဲ့အပြင် သူ့ရဲ့ဆရာကလည်း သေဆုံးသွားမယ် ဆိုရင်တော့ အခုထက်ပိုပြီး စွမ်းအားကြီးတဲ့ နင်ဂျာတစ်ယောက် ဖြစ်လာနိုင်ပါတယ်။ အခုဖော်ပြသွားတာတွေကတော့ သီအိုရီသက်သက်ပဲ ဖြစ်ပြီးတော့ တကယ်က ဘယ်လိုဖြစ်လာမလည်း ဆိုတာကိုတော့ စောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်။

Legos

Source: cbr

(Zawgyi Version)

Boruto manga #51 ထဲမွာ Naruto ဟာ သိပ္မၾကာခင္မွာ ေသဆုံးသြားႏိုင္တဲ့အေၾကာင္း အရိပ္အႁမြက္ ေဖာ္ျပသြားခဲ့ပါတယ္။ အေၾကာင္းကေတာ့ Naruto ဟာ Boruto နဲ႔ တစ္ျခားသူေတြကို ကယ္တင္ဖို႔အတြက္ သူ႔ကိုယ္သူ အနစ္နာခံၿပီး Otsutsuki Isshiki ကို တိုက္ခိုက္သြားမယ့္ ပုံစံမ်ိဴး ျဖစ္ေနလို႔ပါ။ ကိုႏိုဟာ႐ြာရဲ႕ ရွီႏိုဘီေတြဟာ Isshiki ကို မတားဆီးႏိုင္ဘဲ Boruto ကလည္း လက္က်ိဴးသြားသလို Sasuke ကလည္း သတိလစ္လုနီးပါး ျဖစ္တဲ့အထိ တိုက္ခိုက္ခံခဲ့ရပါတယ္။

ဒီအခ်က္ေတြေၾကာင့္ပဲ Naruto ဟာ အားလုံးကို ကယ္တင္ဖို႔အတြက္ သူ႔ကိုယ္သူ အနစ္နာခံၿပီးေတာ့ တိုက္ခိုက္ကာ ေသဆုံးသြားႏိုင္တာပဲ ျဖစ္ပါတယ္။ ဒါေပမယ့္လည္း Naruto တကယ္ ေသဆုံးသြားခဲ့ရင္ေတာင္ Sasuke ဟာ သူ႔ကိုယ္သူ အနစ္နာခံၿပီး ျပန္လည္အသက္သြင္းေပးႏိုင္ပါတယ္။ အေၾကာင္းကေတာ့ Sasuke ဟာ ေနာက္ဆုံး နင္ဂ်ာစစ္ပြဲႀကီးအတြင္းမွာ Rinnegan ကို ရရွိခဲ့တာေၾကာင့္ ျဖစ္ပါတယ္။ Rinnegan ကို ပိုင္ဆိုင္သူေတြဟာ ေသဆုံးသြားသူေတြကို ျပန္လည္အသက္သြင္းေပးႏိုင္တဲ့ ninjutsu ကို အသုံးျပဳႏိုင္ပါတယ္။ ဒါေပမယ့္လည္း အျပန္အလွန္အေနနဲ႔ အဲ့ဒီ ninjutsu ကို အသုံးျပဳသူရဲ႕ အသက္ကိုေတာ့ ျပန္လည္ေပးဆပ္ရမွာ ျဖစ္ပါတယ္။

photo via cbr

Pain ေတြ ကိုႏိုဟာ႐ြာကို တိုက္ခိုက္ၿပီး ဖ်က္ဆီးခဲ့တဲ့ အခ်ိန္တုန္းကလည္း Nagato ဟာ ေသဆုံးသြားတဲ့ လူေတြအကုန္လုံးကို ျပန္လည္အသက္သြင္းေပးခဲ့ပါတယ္။ Sasuke ဟာလည္း ကိုႏိုဟာ႐ြာအတြက္ လိုအပ္သူတစ္ေယာက္ ျဖစ္ေပမယ့္ Naruto ဟာ ဟိုကာခဲလည္း ျဖစ္တာေၾကာင့္ ကိုႏိုဟာ႐ြာရဲ႕အနာဂတ္အတြက္ Naruto ကို အဆုံးရႈံးခံလို႔ မျဖစ္ႏိုင္ပါဘူး။ အဲ့ဒါေၾကာင့္ပဲ အခုအရိပ္အႁမြက္ ျပထားသလို Naruto ေသဆုံးသြားရင္ေတာင္ Sasuke က သူ႔ကိုယ္သူအနစ္နာခံၿပီးေတာ့ ျပန္လည္အသက္သြင္းေပးမယ္လို႔ သီအိုရီေတြ ထြက္လာတာ ျဖစ္ပါတယ္။

ေသမယ္လို႔ ထင္ထားသူဟာ မေသဘဲ၊ မေသဘူးလို႔ ထင္ထားသူဟာ ေသဆုံးသြားမွာေၾကာင့္ ဒီသီအိုရီအတိုင္း ျဖစ္လာမယ္ဆိုရင္ေတာ့ ပရိသတ္ေတြဟာ သိပ္ကိုအံ့ဩသြားၾကမွာ ျဖစ္ပါတယ္။ ဒါ့အျပင္ ဒီသီအိုရီအတိုင္းသာ ျဖစ္သြားမယ္ဆိုရင္ Sasuke ဟာလည္း Itachi တို႔၊ Shisui တို႔လိုမ်ိဴး ႐ြာကို ကာကြယ္ဖို႔အတြက္ အရာရာကို ေပးဆပ္သြားတဲ့ သူရဲေကာင္းတစ္ေယာက္ ျဖစ္လာမွာပါ။

photo via cbr

ဒါ့အျပင္ သူ႔ရဲ႕ေသဆုံးမႈေၾကာင့္ Sarada ဟာလည္း အခုထက္ပိုၿပီးေတာ့ ေတာ္တဲ့နင္ဂ်ာတစ္ေယာက္ ျဖစ္လာႏိုင္သလို သူမရဲ႕ Sharingan ကလည္း အဆင့္ျမင့္လာမွာ ျဖစ္ပါတယ္။ Boruto ကလည္း သူ႔ရဲ႕အေဖကို ဆုံးရႈံးလုနီးပါး ျဖစ္ခဲ့တဲ့အျပင္ သူ႔ရဲ႕ဆရာကလည္း ေသဆုံးသြားမယ္ ဆိုရင္ေတာ့ အခုထက္ပိုၿပီး စြမ္းအားႀကီးတဲ့ နင္ဂ်ာတစ္ေယာက္ ျဖစ္လာႏိုင္ပါတယ္။ အခုေဖာ္ျပသြားတာေတြကေတာ့ သီအိုရီသက္သက္ပဲ ျဖစ္ၿပီးေတာ့ တကယ္က ဘယ္လိုျဖစ္လာမလည္း ဆိုတာကိုေတာ့ ေစာင့္ၾကည့္ရမွာပဲ ျဖစ္ပါတယ္။

Legos

Source: cbr

RELATED ARTICLES

Most Popular