HomeAnimeJujutsu Kaisen ထဲက Satoru Gojo ဟာ ဘာကြောင့် အမြဲလိုလို သူ့ရဲ့မျက်လုံးကို ဖုံးထားတာလဲ?

Jujutsu Kaisen ထဲက Satoru Gojo ဟာ ဘာကြောင့် အမြဲလိုလို သူ့ရဲ့မျက်လုံးကို ဖုံးထားတာလဲ?

Jujutsu Kaisen ကတော့ ပရိသတ်တွေကြားမှာ အလွန်ရေပန်းစားတဲ့ Anime တစ်ခု ဖြစ်ပြီး လူသားတွေဟာ မကောင်းတဲ့ ခံစားချက်တွေကို ခံစားရတဲ့အချိန်မှာ‌ “Cursed Energy” လို့ခေါ်တဲ့ စွမ်းအင်တွေ ထွက်လာတဲ့ Magical World တစ်ခုမှာ ဇာတ်အိမ်တည်ထားပါတယ်။ ဒီစွမ်းအင်တွေကြောင့်ပဲ “Cursed Spirit” တွေ ဖြစ်ပေါ်လာပြီး Jujutsu Sorcerer တွေကတော့ အဲဒီစွမ်းအင်တွေကိုပဲ အသုံးပြုကာ Cursed Spirit တွေကို တိုက်ခိုက်ကြပါတယ်။

ဒီ Anime ဇာတ်လမ်းတွဲထဲမှာတော့ Satoru Gojo ဟာ စွမ်းအားအကြီးဆုံး ဇာတ်ကောင်တစ်ယောက် ဖြစ်ပြီး ထူးခြားတဲ့ အချက်ကတော့ သူဟာ အမြဲလိုလို သူ့ရဲ့မျက်လုံးကို ဖုံးကွယ်ထားတာပဲ ဖြစ်ပါတယ်။ ဒါကြောင့်ပဲ ဒီတစ်ခါမှာတော့ Satoru Gojo ဟာ ဘာကြောင့် မျက်လုံးတွေကို ဖုံးကွယ်ထားတာလည်းဆိုတာ ဖော်ပြပေးချင်ပါတယ်။

photo via screenrant

Jujutsu Kaisen ထဲက ဒဏ္ဍာရီတွေအရဆိုရင် Gojo ဟာ ယခုလိုမျိူး မျက်လုံးကို ဖုံးကွယ်ထားရတာဟာ သူပိုင်ဆိုင်ထားတဲ့ Six Eyes ဆိုတဲ့ Technique ကြောင့်ပဲ ဖြစ်ပါတယ်။ ဒီ Technique ကတော့ Gojo မိသားစုအဆက်ဆက် လက်ဆင့်ကမ်းလာကြတာ ဖြစ်ပြီး အလွန်လည်း ရှားပါးပါတယ်။ ဒါ့အပြင် တချိန်တည်းမှာ Six Eyes Technique ကို အသုံးပြုနိုင်တဲ့သူ နှစ်ယောက် မရှိပါဘူး။ ဒီ Technique ကို ပိုင်ဆိုင်ထားကြသူတွေကတော့ မတူညီတဲ့ Cursed Energy တွေကို အလွန်အမင်း အသေးစိတ်ကျတဲ့အထိ မြင်တွေ့နိုင်ကြပါတယ်။

ဒီ Technique ကြောင့်ပဲ Gojo မိသားစုတွေဟာ နောက်ထပ် Technique တစ်ခုကို အသုံးပြုနိုင်ကြပြီး အဲဒီ Technique ကိုလည်း မျိူးဆက်အဆင့်ဆင့် လက်ကမ်းခဲ့ကြပါတယ်။ အဲဒီ Technique ကတော့ Limitless လို့ ခေါ်ပြီး Space ကို လိုသလို ပြောင်းလဲ ထိန်းချုပ်နိုင်ကြတာပဲ ဖြစ်ပါတယ်။ ဒီ Technique နှစ်ခုကို ပေါင်းစပ်အသုံးပြုလိုက်တဲ့ အချိန်မှာတော့ Satoru Gojo ဟာ အလွန်စွမ်းအားကြီးတဲ့ Jujutsu Sorcerer တစ်ယောက် ဖြစ်လာပါတယ်။ Six Eyes Technique ဟာ Cursed Spirit တွေနဲ့ တိုက်ခိုက်တဲ့အချိန်မှာ အလွန်အသုံးဝင်ပေမယ့်လည်း ဘေးထွက်ဆိုးကျိုးတော့ ရှိပါတယ်။

photo via screenrant

အကြောင်းကတော့ ဒီ Technique ဟာ အလွန်စွမ်းအားကြီးတာကြောင့် အသုံးပြုသူကို အားအင်ကုန်ခမ်းစေပြီး အသုံးပြုသူရဲ့ သက်လုံနဲ့ စွမ်းအင်တို့ကိုလည်း ကုန်ဆုံးသွားစေပါတယ်။ ဒါကြောင့်ပဲ Satoru Gojo ဟာ မလိုအပ်တဲ့အချိန်မှာ Six Eyes Technique ကို ထိန်းချုပ်ထားတဲ့အနေနဲ့ သူ့ရဲ့မျက်လုံးကို အမြဲလိုလို ဖုံးအုပ်ထားတာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း Jujutsu Kaisen ဖန်တီးသူရဲ့ ပြောစကားအရ ဆိုရင်တော့ Satoru Gojo ဟာ မျက်လုံးတွေကို ဖုံးအုပ်ထားပေမယ့်လည်း Six Eyes Technique ကို ဟန့်တားထားသလို မဖြစ်ဘဲ Cursed Energy တွေကို အသေးစိတ် မြင်နိုင်နေဆဲပဲလို့ သိရပါတယ်။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

RELATED ARTICLES

Most Popular