HomeEntertainmentMusicစပိန်ဘာသာနဲ့ သီဆိုထားတဲ့ ဆင်ဂယ်လ်သီချင်းတစ်ပုဒ် ထွက်ရှိလာတဲ့ Selena Gomez 

စပိန်ဘာသာနဲ့ သီဆိုထားတဲ့ ဆင်ဂယ်လ်သီချင်းတစ်ပုဒ် ထွက်ရှိလာတဲ့ Selena Gomez 

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Selena Gomez ဟာ ကွယ်လွန်ပြီးသော စပိန်အမျိုးသမီး အဆိုတော် Selena Quintanilla နဲ့ ခိုင်းနှိုင်း ဥပမာပေးခံရပြီးနောက် တကယ်ပဲ သူမရဲ့ခြေရာကို နင်းလာပြီ ဖြစ်ပါတယ်။ အဲ့ဒါကတော့ စပိန်ဘာသာစကားနဲ့ သီဆိုထားတဲ့ ဆင်ဂယ်လ်သီချင်းတစ်ပုဒ်ကို ထွက်ရှိလာတာပဲ ဖြစ်ပါတယ်။

Selena Gomez ဟာ De Una Vez လို့ အမည်ရတဲ့ ဆင်ဂယ်လ်သီချင်းကို ထွက်ရှိလာတာ ဖြစ်ပြီး သီချင်းတစ်ပုဒ်လုံးကို စပိန်ဘာသာနဲ့ သီဆိုထားတာ ဖြစ်ပါတယ်။ ဒီသီချင်းကိုတော့ ဇန်နဝါရီလ (၁၅)ရက်နေ့က ထွက်ရှိခဲ့တာဖြစ်ပြီး သူမရဲ့ လာမယ့် စတုတ္ထမြောက် စတူဒီယိုအယ်လ်ဘမ်ထဲမှာ ပါဝင်မယ်လို့လည်း သိရပါတယ်။

Photo: selenagomez/ Instagram

De Una Vez ဟာ လှပတဲ့ အချစ်သီချင်းတစ်ပုဒ်အဖြစ် ဖော်ပြထားသလို ချစ်ခြင်းမေတ္တာ၊ ခွင့်လွှတ်ခြင်း၊ မိမိရဲ့ စိတ်ဒဏ်ရာတွေကို ပြန်လည်ကုစားခြင်းနဲ့ စိတ်ခွန်အားပေးစွမ်းခြင်းတွေကိုပါ ပေါင်းစပ်ထားတဲ့ သီချင်းတစ်ပုဒ် ဖြစ်ပါတယ်။ ဒီသီချင်းရဲ့ music video က‌တော့ လက်ရှိအချိန်အထိ YouTube မှာ view (၁၅)သန်းကျော် ရရှိထားပြီး Trending မှာလည်း နံပါတ်(၂) နေရာမှာ ရပ်တည်နေပါတယ်။

Photo: selenagomez/ Instagram

Selena ကတော့ အခုလို စပိန်ဘာသာနဲ့ စပိန်တေးဂီတကို အသားပေးတဲ့ တေးသီချင်းမျိုး ဖန်တီးချင်ခဲ့တာ ကြာခဲ့ပြီဖြစ်ပြီး အခုအချိန်မှာတော့ သူမရဲ့ဆန္ဒကို အထမြောက်နိုင်ခဲ့ပြီလို့ ဆိုထားပါတယ်။ ကမ္ဘာပေါ်မှာ မတူကွဲပြားမှု များစွာ ရှိတဲ့ထဲက လက်တင်တေးဂီတဟာလည်း လူတွေကို ခံစားမှုများစွာ ပေးစွမ်းနိုင်တဲ့အကြောင်း သိရှိစေချင်တယ်လို့ ဆိုထားပါတယ်။ ဒါ့အပြင် သူမဟာ စပိန်သွေးက ဆင်းသက်လာတာကြောင့် အခုလို လက်တင်ဂီတကို ပုံဖော်ခွင့်ရတဲ့အတွက် ဂုဏ်ယူကြောင်းလည်း ပြောထားပါတယ်။

De Una Vez ဟာ ထွက်ရှိထားတာ ရက်ပိုင်းပဲ ရှိသေးပေမယ့် Worldwide iTunes Song Chart မှာ ပထမဆုံး နံပါတ်(၁)ချိတ်တဲ့ စပိန်ဘာသာစကား သီးသန့် အမျိုးသမီး တေးသီချင်းအဖြစ် စံချိန်တင်ထားပါတယ်။

Linda December
(Zawgyi Version)

Selena Gomez ဟာ ကြယ္လြန္ၿပီးေသာ စပိန္အမ်ိဳးသမီး အဆိုေတာ္ Selena Quintanilla နဲ႔ ခိုင္းႏႈိင္း ဥပမာေပးခံရၿပီးေနာက္ တကယ္ပဲ သူမရဲ႕ေျခရာကို နင္းလာၿပီ ျဖစ္ပါတယ္။ အဲ့ဒါကေတာ့ စပိန္ဘာသာစကားနဲ႔ သီဆိုထားတဲ့ ဆင္ဂယ္လ္သီခ်င္းတစ္ပုဒ္ကို ထြက္ရွိလာတာပဲ ျဖစ္ပါတယ္။

Selena Gomez ဟာ De Una Vez လို႔ အမည္ရတဲ့ ဆင္ဂယ္လ္သီခ်င္းကို ထြက္ရွိလာတာ ျဖစ္ၿပီး သီခ်င္းတစ္ပုဒ္လုံးကို စပိန္ဘာသာနဲ႔ သီဆိုထားတာ ျဖစ္ပါတယ္။ ဒီသီခ်င္းကိုေတာ့ ဇန္နဝါရီလ (၁၅)ရက္ေန႔က ထြက္ရွိခဲ့တာျဖစ္ၿပီး သူမရဲ႕ လာမယ့္ စတုတၳေျမာက္ စတူဒီယိုအယ္လ္ဘမ္ထဲမွာ ပါဝင္မယ္လို႔လည္း သိရပါတယ္။

Photo: selenagomez/ Instagram

De Una Vez ဟာ လွပတဲ့ အခ်စ္သီခ်င္းတစ္ပုဒ္အျဖစ္ ေဖာ္ျပထားသလို ခ်စ္ျခင္းေမတၱာ၊ ခြင့္လႊတ္ျခင္း၊ မိမိရဲ႕ စိတ္ဒဏ္ရာေတြကို ျပန္လည္ကုစားျခင္းနဲ႔ စိတ္ခြန္အားေပးစြမ္းျခင္းေတြကိုပါ ေပါင္းစပ္ထားတဲ့ သီခ်င္းတစ္ပုဒ္ ျဖစ္ပါတယ္။ ဒီသီခ်င္းရဲ႕ music video က‌ေတာ့ လက္ရွိအခ်ိန္အထိ YouTube မွာ view (၁၅)သန္းေက်ာ္ ရရွိထားၿပီး Trending မွာလည္း နံပါတ္(၂) ေနရာမွာ ရပ္တည္ေနပါတယ္။

Photo: selenagomez/ Instagram

Selena ကေတာ့ အခုလို စပိန္ဘာသာနဲ႔ စပိန္ေတးဂီတကို အသားေပးတဲ့ ေတးသီခ်င္းမ်ိဳး ဖန္တီးခ်င္ခဲ့တာ ၾကာခဲ့ၿပီျဖစ္ၿပီး အခုအခ်ိန္မွာေတာ့ သူမရဲ႕ဆႏၵကို အထေျမာက္ႏိုင္ခဲ့ၿပီလို႔ ဆိုထားပါတယ္။ ကမာၻေပၚမွာ မတူကြဲျပားမႈ မ်ားစြာ ရွိတဲ့ထဲက လက္တင္ေတးဂီတဟာလည္း လူေတြကို ခံစားမႈမ်ားစြာ ေပးစြမ္းႏိုင္တဲ့အေၾကာင္း သိရွိေစခ်င္တယ္လို႔ ဆိုထားပါတယ္။ ဒါ့အျပင္ သူမဟာ စပိန္ေသြးက ဆင္းသက္လာတာေၾကာင့္ အခုလို လက္တင္ဂီတကို ပုံေဖာ္ခြင့္ရတဲ့အတြက္ ဂုဏ္ယူေၾကာင္းလည္း ေျပာထားပါတယ္။

De Una Vez ဟာ ထြက္ရွိထားတာ ရက္ပိုင္းပဲ ရွိေသးေပမယ့္ Worldwide iTunes Song Chart မွာ ပထမဆုံး နံပါတ္(၁)ခ်ိတ္တဲ့ စပိန္ဘာသာစကား သီးသန႔္ အမ်ိဳးသမီး ေတးသီခ်င္းအျဖစ္ စံခ်ိန္တင္ထားပါတယ္။

Linda December

 

RELATED ARTICLES

Most Popular