HomeCelebs Update NewsKoreaBaeksang ဆုပေးပွဲကို မတက်ရောက်ဖို့ ဆုံးဖြတ်လိုက်တဲ့ Seo Ye Ji 

Baeksang ဆုပေးပွဲကို မတက်ရောက်ဖို့ ဆုံးဖြတ်လိုက်တဲ့ Seo Ye Ji 

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

မင်းသမီးချော Seo Ye Ji ဟာ (၅၇)ကြိမ်မြောက် Baeksang Arts Awards ကို တက်ရောက်မှာ မဟုတ်တဲ့အကြောင်း သူမရဲ့အေဂျင်စီက တရားဝင် အတည်ပြု ပြောကြားလိုက်ပါတယ်။

Baeksang ဆုပေးပွဲက ချီးမြှင့်မယ့် ဆုအမျိုးအစားတစ်ခုဖြစ်တဲ့ TikTok Popularity Award ဟာ မေလ(၁၀)ရက်နေ့က နောက်ဆုံးမဲပေးရက် ဖြစ်ခဲ့ပါတယ်။ နောက်ဆုံး မဲရလဒ်အဖြေအရ Seo Ye Ji ဟာ မဲအရေအတွက် ခုနှစ်သိန်း ရှစ်သောင်းကျော်နဲ့ မဲအများဆုံး ရရှိထားပါတယ်။ ဒါကြောင့် အမျိုးသမီး TikTok Popularity Award ကို သူမ ရရှိဖို့ ကျိန်းသေသွားပါတယ်။

ဒါ့အပြင် သူမရဲ့နာမည်ကျော် ဒရာမာ It’s Okay To Not Be Okay နဲ့လည်း အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆုကို စံကာတင်စာရင်း ဝင်ထားပါသေးတယ်။

Photo via soompi

သို့သော်ငြားလည်း ယခုကျင်းပမယ့် ဆုပေးပွဲကို Seo Ye Ji တစ်ယောက် တက်ရောက်မှာလား ဆိုတာကိုတော့ ပရိသတ်တွေကြားထဲမှာ မေးခွန်းများစွာ ပေါ်ထွက်နေကြပါတယ်။ ဒီလိုနဲ့ ယနေ့ မေလ(၁၂)ရက်နေ့မှာတော့ သူမရဲ့အေဂျင်စီ GOLDMEDALIST က တရားဝင် ထုတ်ပြန်ချက် ထွက်ရှိခဲ့ပါတယ်။

ထုတ်ပြန်ချက်မှာတော့ “ပုဂ္ဂိုလ်ရေးကိစ္စကြောင့် Baeksang Arts Awards ဆုပေးပွဲကို တက်ရောက်မှာ မဟုတ်ဘူး … ” လို့ ကြေညာထားပါတယ်။

Seo Ye Ji ဟာ မကြာသေးခင်က ဖြစ်ပွားခဲ့တဲ့ အငြင်းပွားစရာကိစ္စ ပြီးတည်းက ပရိသတ်ရှေ့ကို ထွက်လာခြင်း မရှိသေးပါဘူး။ သူမဟာ ၂၀၁၈ခုနှစ်က ဖြစ်ပွားခဲ့တဲ့ မင်းသား Kim Jung Hyun ရဲ့ ရိုင်းစိုင်းတဲ့ အပြုအမူတွေကို ဖြစ်စေခဲ့တဲ့ နောက်ကွယ်က တရားခံလို့ စွပ်စွဲခံထားရတာ ဖြစ်ပါတယ်။

Photo via soompi

မင်းသား Kim Jung Hyun ဟာ ၂၀၁၈ခုနှစ်က ထွက်ရှိခဲ့တဲ့ Time အမည်ရ ဒရာမာထဲမှာ Idol လည်းဟုတ်၊ မင်းသမီးလည်း ဟုတ်တဲ့ Seohyun နဲ့ တွဲဖက်သရုပ်ဆောင်ခဲ့ပါတယ်။ ဒရာမာနဲ့ ပတ်သက်ပြီး သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ရာ လူမြင်ကွင်းမှာတော့ Kim Jung Hyun ဟာ Seohyun ရဲ့ အနားကိုတောင် မကပ်ဘဲ ရုပ်တည်ကြီးနဲ့ ခပ်ခွာခွာ ပြုလုပ်နေခဲ့ပါတယ်။

အလုပ်သဘောအရ မင်းသားနဲ့ မင်းသမီး တွဲဖက်ပြီး ပရိသတ်ကို ပြုံးရွှင်စွာ နှုတ်ဆက်ရမှာ ဖြစ်ပေမယ့် သူကတော့ Seohyun ကို အဖက်မတန်သလို ဆက်ဆံခဲ့ပြီး ရိုက်ကွင်းပေါ်မှာလည်း အလားတူ ရိုင်းပျတဲ့ အပြုအမူတွေ ပြုလုပ်ခဲ့တယ်လို့ မကြာသေးခင်က သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။

Photo via soompi

ဒီဖြစ်ရပ်ရဲ့ နောက်ကွယ်မှာတော့ မင်းသမီး Seo Ye Ji က ရှိနေခဲ့တယ်လို့ ဆိုပါတယ်။ အဲ့ဒီအချိန်ကာလတုန်းက Seo Ye Ji ဟာ Kim Jung Hyun နဲ့ တွဲနေခဲ့တာဖြစ်ပြီး သရုပ်ဆောင်ဘက်ဖြစ်တဲ့ Seohyun ကို လုံးဝအသိအမှတ်ပြု မဆက်ဆံရဘူးလို့ နောက်ကွယ်က ကြိုးကိုင်ခဲ့ကြောင်း သတင်းတွေ ပြန်လည်ထွက်ပေါ်လာခဲ့ပါတယ်။ ဒါကြောင့်လည်း Seo Ye Ji နဲ့ Kim Jung Hyun အပေါ်မှာ ပရိသတ်တွေရဲ့ ဝေဖန်သံတွေ ထွက်ပေါ်လာခဲ့တာပါ။

နောက်ဆက်တွဲအနေနဲ့ Seo Ye Ji ဟာ သူမ ပါဝင်ဖို့ ဆွေးနွေးနေဆဲဖြစ်တဲ့ ဒရာမာ Island ကနေ ထွက်ခွာခဲ့ရပါတယ်။ အခုလည်း သူမအနေနဲ့ ပရိသတ်ရှေ့ကို ထွက်လာဖို့ အဆင်သင့် မဖြစ်သေးဘူးလို့ ယူဆရတာကြောင့် Baeksang ဆုပေးပွဲကိုတောင် မတက်ရောက်နိုင်တာ ဖြစ်ပါတယ်။

Baeksang ဆုပေးပွဲကိုတော့ မေလ(၁၃)ရက်နေ့မှာ ကိုဗစ်ကြောင့် ပရိသတ်မပါဘဲ ကျင်းပသွားမှာ ဖြစ်ပါတယ်။ ဆုပေးပွဲပုံရိပ်တွေကိုတော့ ကိုရီးယားစံတော်ချိန် ည(၉)နာရီမှာ JTBC ရုပ်သံလိုင်းကနေ တိုက်ရိုက် ထုတ်လွှင့် ပြသသွားမယ်လို့ သိရပါတယ်။

Linda December

Source: soompi

(Zawgyi Version)

မင္းသမီးေခ်ာ Seo Ye Ji ဟာ (၅၇)ႀကိမ္ေျမာက္ Baeksang Arts Awards ကို တက္ေရာက္မွာ မဟုတ္တဲ့အေၾကာင္း သူမရဲ႕ေအဂ်င္စီက တရားဝင္ အတည္ျပဳ ေျပာၾကားလိုက္ပါတယ္။

Baeksang ဆုေပးပြဲက ခ်ီးျမႇင့္မယ့္ ဆုအမ်ိဳးအစားတစ္ခုျဖစ္တဲ့ TikTok Popularity Award ဟာ ေမလ(၁၀)ရက္ေန႔က ေနာက္ဆုံးမဲေပးရက္ ျဖစ္ခဲ့ပါတယ္။ ေနာက္ဆုံး မဲရလဒ္အေျဖအရ Seo Ye Ji ဟာ မဲအေရအတြက္ ခုႏွစ္သိန္း ရွစ္ေသာင္းေက်ာ္နဲ႔ မဲအမ်ားဆုံး ရရွိထားပါတယ္။ ဒါေၾကာင့္ အမ်ိဳးသမီး TikTok Popularity Award ကို သူမ ရရွိဖို႔ က်ိန္းေသသြားပါတယ္။

ဒါ့အျပင္ သူမရဲ႕နာမည္ေက်ာ္ ဒရာမာ It’s Okay To Not Be Okay နဲ႔လည္း အေကာင္းဆုံး အမ်ိဳးသမီးဇာတ္ေဆာင္ဆုကို စံကာတင္စာရင္း ဝင္ထားပါေသးတယ္။

Photo via soompi

သို႔ေသာ္ျငားလည္း ယခုက်င္းပမယ့္ ဆုေပးပြဲကို Seo Ye Ji တစ္ေယာက္ တက္ေရာက္မွာလား ဆိုတာကိုေတာ့ ပရိသတ္ေတြၾကားထဲမွာ ေမးခြန္းမ်ားစြာ ေပၚထြက္ေနၾကပါတယ္။ ဒီလိုနဲ႔ ယေန႔ ေမလ(၁၂)ရက္ေန႔မွာေတာ့ သူမရဲ႕ေအဂ်င္စီ GOLDMEDALIST က တရားဝင္ ထုတ္ျပန္ခ်က္ ထြက္ရွိခဲ့ပါတယ္။

ထုတ္ျပန္ခ်က္မွာေတာ့ “ပုဂၢိဳလ္ေရးကိစၥေၾကာင့္ Baeksang Arts Awards ဆုေပးပြဲကို တက္ေရာက္မွာ မဟုတ္ဘူး … ” လို႔ ေၾကညာထားပါတယ္။

Seo Ye Ji ဟာ မၾကာေသးခင္က ျဖစ္ပြားခဲ့တဲ့ အျငင္းပြားစရာကိစၥ ၿပီးတည္းက ပရိသတ္ေရွ႕ကို ထြက္လာျခင္း မရွိေသးပါဘူး။ သူမဟာ ၂၀၁၈ခုႏွစ္က ျဖစ္ပြားခဲ့တဲ့ မင္းသား Kim Jung Hyun ရဲ႕ ႐ိုင္းစိုင္းတဲ့ အျပဳအမူေတြကို ျဖစ္ေစခဲ့တဲ့ ေနာက္ကြယ္က တရားခံလို႔ စြပ္စြဲခံထားရတာ ျဖစ္ပါတယ္။

Photo via soompi

မင္းသား Kim Jung Hyun ဟာ ၂၀၁၈ခုႏွစ္က ထြက္ရွိခဲ့တဲ့ Time အမည္ရ ဒရာမာထဲမွာ Idol လည္းဟုတ္၊ မင္းသမီးလည္း ဟုတ္တဲ့ Seohyun နဲ႔ တြဲဖက္သ႐ုပ္ေဆာင္ခဲ့ပါတယ္။ ဒရာမာနဲ႔ ပတ္သက္ၿပီး သတင္းစာ ရွင္းလင္းပြဲ ျပဳလုပ္ရာ လူျမင္ကြင္းမွာေတာ့ Kim Jung Hyun ဟာ Seohyun ရဲ႕ အနားကိုေတာင္ မကပ္ဘဲ ႐ုပ္တည္ႀကီးနဲ႔ ခပ္ခြာခြာ ျပဳလုပ္ေနခဲ့ပါတယ္။

အလုပ္သေဘာအရ မင္းသားနဲ႔ မင္းသမီး တြဲဖက္ၿပီး ပရိသတ္ကို ၿပဳံး႐ႊင္စြာ ႏႈတ္ဆက္ရမွာ ျဖစ္ေပမယ့္ သူကေတာ့ Seohyun ကို အဖက္မတန္သလို ဆက္ဆံခဲ့ၿပီး ႐ိုက္ကြင္းေပၚမွာလည္း အလားတူ ႐ိုင္းပ်တဲ့ အျပဳအမူေတြ ျပဳလုပ္ခဲ့တယ္လို႔ မၾကာေသးခင္က သတင္းေတြ ထြက္ေပၚလာခဲ့ပါတယ္။

Photo via soompi

ဒီျဖစ္ရပ္ရဲ႕ ေနာက္ကြယ္မွာေတာ့ မင္းသမီး Seo Ye Ji က ရွိေနခဲ့တယ္လို႔ ဆိုပါတယ္။ အဲ့ဒီအခ်ိန္ကာလတုန္းက Seo Ye Ji ဟာ Kim Jung Hyun နဲ႔ တြဲေနခဲ့တာျဖစ္ၿပီး သ႐ုပ္ေဆာင္ဘက္ျဖစ္တဲ့ Seohyun ကို လုံးဝအသိအမွတ္ျပဳ မဆက္ဆံရဘူးလို႔ ေနာက္ကြယ္က ႀကိဳးကိုင္ခဲ့ေၾကာင္း သတင္းေတြ ျပန္လည္ထြက္ေပၚလာခဲ့ပါတယ္။ ဒါေၾကာင့္လည္း Seo Ye Ji နဲ႔ Kim Jung Hyun အေပၚမွာ ပရိသတ္ေတြရဲ႕ ေဝဖန္သံေတြ ထြက္ေပၚလာခဲ့တာပါ။

ေနာက္ဆက္တြဲအေနနဲ႔ Seo Ye Ji ဟာ သူမ ပါဝင္ဖို႔ ေဆြးေႏြးေနဆဲျဖစ္တဲ့ ဒရာမာ Island ကေန ထြက္ခြာခဲ့ရပါတယ္။ အခုလည္း သူမအေနနဲ႔ ပရိသတ္ေရွ႕ကို ထြက္လာဖို႔ အဆင္သင့္ မျဖစ္ေသးဘူးလို႔ ယူဆရတာေၾကာင့္ Baeksang ဆုေပးပြဲကိုေတာင္ မတက္ေရာက္ႏိုင္တာ ျဖစ္ပါတယ္။

Baeksang ဆုေပးပြဲကိုေတာ့ ေမလ(၁၃)ရက္ေန႔မွာ ကိုဗစ္ေၾကာင့္ ပရိသတ္မပါဘဲ က်င္းပသြားမွာ ျဖစ္ပါတယ္။ ဆုေပးပြဲပုံရိပ္ေတြကိုေတာ့ ကိုရီးယားစံေတာ္ခ်ိန္ ည(၉)နာရီမွာ JTBC ႐ုပ္သံလိုင္းကေန တိုက္႐ိုက္ ထုတ္လႊင့္ ျပသသြားမယ္လို႔ သိရပါတယ္။

Linda December

Source: soompi

 

RELATED ARTICLES

Most Popular