HomeDramaရိုမန့်စ်ဒရာမာအသစ်မှာ Na In Woo နဲ့အတူ တွေ့ရဦးမယ့် Seohyun 

ရိုမန့်စ်ဒရာမာအသစ်မှာ Na In Woo နဲ့အတူ တွေ့ရဦးမယ့် Seohyun 

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Girls’ Generation အဖွဲ့ဝင် Seohyun ကိုတော့ ရိုမန့်စ် ဒရာမာအသစ်တစ်ခုမှာ ထပ်မံ မြင်တွေ့ရဦးမှာ ဖြစ်ပါတယ်။ The Jinx’s Lover လို့ အမည်ပေးထားတဲ့ ဒရာမာထဲမှာ Na In Woo နဲ့အတူ တွဲဖက် သရုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။

ဇာတ်လမ်းကတော့ ဝက်ဘ်တွန်းတစ်ခုကို အခြေခံရိုက်ကူးသွားမှာ ဖြစ်ပါတယ်။ ဇာတ်လမ်းအကြောင်းအရာကတော့ ဆင်းရဲပြီး ကံမကောင်းတတ်တဲ့ ကောင်လေးတစ်ယောက်ဟာ ကျိကျိတက် ချမ်းသာတဲ့ chaebol မိသားစုက ဖွက်ထားတဲ့ ကံကောင်းခြင်း နတ်ဘုရားမလေးနဲ့ တွေ့ဆုံတဲ့အကြောင်း ဖြစ်ပါတယ်။

Photo: seojuhyun_s/ Instagram

Seohyun ကတော့ Seul Bi ဆိုတဲ့ ကောင်မလေးနေရာက သရုပ်ဆောင်သွားမှာပါ။ Seul Bi ဟာ လူတစ်ယောက်ရဲ့ အသားကို ထိလိုက်တာနဲ့ အဲဒီလူရဲ့ အနာဂတ်ကို မြင်နိုင်စွမ်းရှိတဲ့ ကောင်မလေးတစ်ယောက် ဖြစ်ပါတယ်။ လွန်ခဲ့သော ခုနှစ်နှစ်ခန့်ကပဲ Seul Bi ဟာ သူမကို သော့ခတ်လှောင်ပိတ်ထားတဲ့ အခန်းထဲကနေ ထွက်ပြေးလွတ်မြောက်ခဲ့ပြီး Gong Soo Kwang ဆိုတဲ့ လူတစ်ယောက်နဲ့ တွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။

အဲဒီနောက် သူတို့နှစ်ယောက်ဟာ အိပ်မက်လို ပျော်စရာကောင်းတဲ့ နေ့တစ်နေ့ကို အတူဖြတ်သန်းခဲ့ကြပြီးနောက်မှာတော့ Seul Bi ဟာ အပြင်လောကကြီးအကြောင်းကို စတင် စိတ်ကူးယဉ်တတ်လာပါတော့တယ်။ Seohyun ကိုတော့ ကိုယ်ပိုင်အစွမ်းကို အသုံးပြုကာ စိတ်ကူးအိပ်မက်တွေကို ရယူဖို့ ကြိုးစားနေတဲ့ စိတ်ထားကောင်းမွန်ပြီး အပြစ်ကင်းစင်တဲ့ ကောင်မလေးအဖြစ် မြင်တွေ့ရမှာ ဖြစ်ပါတယ်။

Photo: 10042n00/ Instagram

Na In Woo ကတော့ Gong Soo Kwang ဆိုတဲ့ Seodong စျေးထဲမှာ ငါးရောင်းတဲ့ ကောင်လေးတစ်ယောက်အဖြစ် သရုပ်ဆောင်သွားမှာပါ။ Gong Soo Kwang ကတော့ ကံဆိုးတတ်လွန်းသူ ဖြစ်ပါတယ်။ ဒါ့အပြင် လွန်ခဲ့တဲ့ ခုနှစ်နှစ်မှာ အောင်မြင်မလို ဖြစ်နေပြီးတော့မှ Seul Bi နဲ့ တွေ့ဆုံပြီးနောက်မှာတော့ အရာအားလုံး ဆုံးရှုံးသွားခဲ့ရပါတယ်။ အဲဒီနောက်မှာတော့ သူ့ရဲ့ဘဝဟာ ပြောင်းလဲသွားခဲ့ပါတယ်။

Seohyun နဲ့ Na In Woo တို့နှစ်ယောက်ရဲ့ တွဲဖက် သရုပ်ဆောင်မှုကို မြင်တွေ့ရမှာကတော့ ပရိသတ်တွေအတွက် စိတ်ဝင်စားစရာပဲ ဖြစ်ပါတယ်။ Seohyun ဟာ Time ၊ Personal Lives တို့လို ဇာတ်လမ်းတွဲတွေနဲ့ သူမရဲ့ သရုပ်ဆောင်မှုကို ပြသထားသူ ဖြစ်ပြီး Na In Woo ကတော့ River Where The Moon Rises ၊ Mr. Queen တို့လို စီးရီးတွေနဲ့ သရုပ်ဆောင်စွမ်းရည်ကို ပြသထားပြီး ဖြစ်ပါတယ်။

ဒီဒရာမာကိုတော့ River Where The Moon Rises ဇာတ်လမ်းတွဲကို ရိုက်ကူးထားတဲ့ ဒါရိုက်တာ Yoon Sang Ho က တာဝန်ယူ ရိုက်ကူးပေးသွားမှာ ဖြစ်ပြီး လက်ရှိမှာတော့ ရိုက်ကူးရေး စတင်နေပြီလို့ သိရပါတယ်။

Glasgow

Source: soompi

(Zawgyi Version)

Girls’ Generation အဖြဲ႕ဝင္ Seohyun ကိုေတာ့ ႐ိုမန႔္စ္ ဒရာမာအသစ္တစ္ခုမွာ ထပ္မံ ျမင္ေတြ႕ရဦးမွာ ျဖစ္ပါတယ္။ The Jinx’s Lover လို႔ အမည္ေပးထားတဲ့ ဒရာမာထဲမွာ Na In Woo နဲ႔အတူ တြဲဖက္ သ႐ုပ္ေဆာင္သြားမွာ ျဖစ္ပါတယ္။

ဇာတ္လမ္းကေတာ့ ဝက္ဘ္တြန္းတစ္ခုကို အေျခခံ႐ိုက္ကူးသြားမွာ ျဖစ္ပါတယ္။ ဇာတ္လမ္းအေၾကာင္းအရာကေတာ့ ဆင္းရဲၿပီး ကံမေကာင္းတတ္တဲ့ ေကာင္ေလးတစ္ေယာက္ဟာ က်ိက်ိတက္ ခ်မ္းသာတဲ့ chaebol မိသားစုက ဖြက္ထားတဲ့ ကံေကာင္းျခင္း နတ္ဘုရားမေလးနဲ႔ ေတြ႕ဆုံတဲ့အေၾကာင္း ျဖစ္ပါတယ္။

Photo: seojuhyun_s/ Instagram

Seohyun ကေတာ့ Seul Bi ဆိုတဲ့ ေကာင္မေလးေနရာက သ႐ုပ္ေဆာင္သြားမွာပါ။ Seul Bi ဟာ လူတစ္ေယာက္ရဲ႕ အသားကို ထိလိုက္တာနဲ႔ အဲဒီလူရဲ႕ အနာဂတ္ကို ျမင္ႏိုင္စြမ္းရွိတဲ့ ေကာင္မေလးတစ္ေယာက္ ျဖစ္ပါတယ္။ လြန္ခဲ့ေသာ ခုႏွစ္ႏွစ္ခန႔္ကပဲ Seul Bi ဟာ သူမကို ေသာ့ခတ္ေလွာင္ပိတ္ထားတဲ့ အခန္းထဲကေန ထြက္ေျပးလြတ္ေျမာက္ခဲ့ၿပီး Gong Soo Kwang ဆိုတဲ့ လူတစ္ေယာက္နဲ႔ ေတြ႕ဆုံခဲ့တာ ျဖစ္ပါတယ္။

အဲဒီေနာက္ သူတို႔ႏွစ္ေယာက္ဟာ အိပ္မက္လို ေပ်ာ္စရာေကာင္းတဲ့ ေန႔တစ္ေန႔ကို အတူျဖတ္သန္းခဲ့ၾကၿပီးေနာက္မွာေတာ့ Seul Bi ဟာ အျပင္ေလာကႀကီးအေၾကာင္းကို စတင္ စိတ္ကူးယဥ္တတ္လာပါေတာ့တယ္။ Seohyun ကိုေတာ့ ကိုယ္ပိုင္အစြမ္းကို အသုံးျပဳကာ စိတ္ကူးအိပ္မက္ေတြကို ရယူဖို႔ ႀကိဳးစားေနတဲ့ စိတ္ထားေကာင္းမြန္ၿပီး အျပစ္ကင္းစင္တဲ့ ေကာင္မေလးအျဖစ္ ျမင္ေတြ႕ရမွာ ျဖစ္ပါတယ္။

Photo: 10042n00/ Instagram

Na In Woo ကေတာ့ Gong Soo Kwang ဆိုတဲ့ Seodong ေစ်းထဲမွာ ငါးေရာင္းတဲ့ ေကာင္ေလးတစ္ေယာက္အျဖစ္ သ႐ုပ္ေဆာင္သြားမွာပါ။ Gong Soo Kwang ကေတာ့ ကံဆိုးတတ္လြန္းသူ ျဖစ္ပါတယ္။ ဒါ့အျပင္ လြန္ခဲ့တဲ့ ခုႏွစ္ႏွစ္မွာ ေအာင္ျမင္မလို ျဖစ္ေနၿပီးေတာ့မွ Seul Bi နဲ႔ ေတြ႕ဆုံၿပီးေနာက္မွာေတာ့ အရာအားလုံး ဆုံးရႈံးသြားခဲ့ရပါတယ္။ အဲဒီေနာက္မွာေတာ့ သူ႔ရဲ႕ဘဝဟာ ေျပာင္းလဲသြားခဲ့ပါတယ္။

Seohyun နဲ႔ Na In Woo တို႔ႏွစ္ေယာက္ရဲ႕ တြဲဖက္ သ႐ုပ္ေဆာင္မႈကို ျမင္ေတြ႕ရမွာကေတာ့ ပရိသတ္ေတြအတြက္ စိတ္ဝင္စားစရာပဲ ျဖစ္ပါတယ္။ Seohyun ဟာ Time ၊ Personal Lives တို႔လို ဇာတ္လမ္းတြဲေတြနဲ႔ သူမရဲ႕ သ႐ုပ္ေဆာင္မႈကို ျပသထားသူ ျဖစ္ၿပီး Na In Woo ကေတာ့ River Where The Moon Rises ၊ Mr. Queen တို႔လို စီးရီးေတြနဲ႔ သ႐ုပ္ေဆာင္စြမ္းရည္ကို ျပသထားၿပီး ျဖစ္ပါတယ္။

ဒီဒရာမာကိုေတာ့ River Where The Moon Rises ဇာတ္လမ္းတြဲကို ႐ိုက္ကူးထားတဲ့ ဒါ႐ိုက္တာ Yoon Sang Ho က တာဝန္ယူ ႐ိုက္ကူးေပးသြားမွာ ျဖစ္ၿပီး လက္ရွိမွာေတာ့ ႐ိုက္ကူးေရး စတင္ေနၿပီလို႔ သိရပါတယ္။

Glasgow

Source: soompi

RELATED ARTICLES

Most Popular