HomeDramaShin Min Ah နဲ့ Kim Seon Ho တို့ရဲ့ ရိုမန့်စ် ဒရာမာအသစ် Hometown Cha-Cha-Cha

Shin Min Ah နဲ့ Kim Seon Ho တို့ရဲ့ ရိုမန့်စ် ဒရာမာအသစ် Hometown Cha-Cha-Cha

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

မင်းသမီးချော Shin Min Ah နဲ့ မင်းသားချော Kim Seon Ho တို့ကိုတော့ ချစ်စရာစုံတွဲလေးအဖြစ် tvN က ထုတ်လွှင့်ပြသမယ့် ရိုမန့်စ် ဒရာမာအသစ်တစ်ခုမှာ မြင်တွေ့ရတော့မှာ ဖြစ်ပါတယ်။ ဒရာမာလေးရဲ့ အမည်ကတော့ Hometown Cha-Cha-Cha ဖြစ်ပါတယ်။

ဒီဒရာမာဟာ Mr. Hong ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကို ဇာတ်လမ်းတွဲအဖြစ် ပြန်လည် မှီငြမ်းရိုက်ကူးထားတာပါ။ ဒီဇာတ်လမ်းတွဲထဲမှာတော့ ဆိုးလ်မြို့ပေါ်ကနေ Gongjin ဆိုတဲ့ ပင်လယ်ကမ်းခြေရွာလေးကို ပြောင်းရွှေ့လာတဲ့ မြို့ကြီးသူ သွားဆရာဝန်မလေး Yoon Hye Jin အဖြစ် Shin Min Ah က သရုပ်ဆောင်ထားပါတယ်။

Photo via soompi

Kim Seon Ho ကတော့ သူတို့မြို့လေးတဝိုက်မှာ လူတိုင်းကို ကူညီပေးနေတဲ့ ကျပန်းအလုပ် လုပ်ကိုင်သူ Hong Doo Shik အဖြစ် ပါဝင်သရုပ်ဆောင်ထားပါတယ်။ အလုပ်အကိုင်၊ အခြေအနေနဲ့ တွေးခေါ်ပုံချင်းပါ မတူညီကြတဲ့ သူတို့နှစ်ယောက်ဟာ ထူးဆန်းစွာပဲ ချစ်မိသွားကြမယ့် ဇာတ်လမ်းလေး ဖြစ်ပါတယ်။

Photo via soompi

ဒီဒရာမာဟာ ကြည့်နေကျ ရိုမန့်စ် ဒရာမာတွေနဲ့ မတူဘဲ တမျိုးလေး ကွဲထွက်နေလိမ့်မယ်လို့ ဇာတ်အညွှန်းရေးသူတွေကတော့ ဆိုနေကြပါတယ်။ ခေါင်းဆောင် မင်းသား၊မင်းသမီးနှစ်ယောက်တင်မက တစ်ရွာလုံးက ကာရိုက်တာတွေဟာ ကလေးကနေစလို့ အသက်(၈၀)ကျော် အဘိုး၊အဘွားအရွယ်တွေထိ တစ်ယောက်ချင်းစီမှာ မတူညီတဲ့ ဇာတ်လမ်းတစ်ခုစီ ရှိနေကြတာပါ။

Photo via soompi

လူငယ်နှစ်ယောက်ရဲ့ သာမန်အချစ်ဇာတ်လမ်းဆိုတာမျိုးထက် တစ်ရွာလုံးနဲ့ သူတို့နှစ်ယောက်ရဲ့ ပတ်သက်မှုတွေ၊ ရယ်မောဖွယ်ရာတွေနဲ့ ကြည့်ရှုသူတွေရဲ့ ရင်ထဲ နွေးထွေးတဲ့ ခံစားချက်လေးကိုပါ ဖြစ်ပေါ်စေမယ့်လို့ ရီဗျူးတွေက ဆိုထားပါတယ်။ စိတ်ကူးယဉ် အချစ်ဇာတ်လမ်းမျိုးထက် လက်တွေ့ဘဝနဲ့ ပိုနီးစပ်တဲ့ တင်ဆက်ပုံမျိုးကို ခံစားရမှာဖြစ်ပြီး လှပတဲ့ ပင်လယ်ကမ်းခြေရွာလေးရဲ့ မှော်ဆန်တဲ့အလှကိုပါ စီးမျောခံစားရမှာ ဖြစ်ပါတယ်။

Hometown Cha-Cha-Cha ကိုတော့ tvN ရုပ်သံလိုင်းမှာ လာမယ့် ဩဂုတ်လ(၂၈)ရက်နေ့မှာ စတင်ထုတ်လွှင့် ပြသမယ်လို့ သိရပါတယ်။

Glasgow

Source: soompi

(Zawgyi Version)

မင္းသမီးေခ်ာ Shin Min Ah နဲ႔ မင္းသားေခ်ာ Kim Seon Ho တို႔ကိုေတာ့ ခ်စ္စရာစုံတြဲေလးအျဖစ္ tvN က ထုတ္လႊင့္ျပသမယ့္ ႐ိုမန႔္စ္ ဒရာမာအသစ္တစ္ခုမွာ ျမင္ေတြ႕ရေတာ့မွာ ျဖစ္ပါတယ္။ ဒရာမာေလးရဲ႕ အမည္ကေတာ့ Hometown Cha-Cha-Cha ျဖစ္ပါတယ္။

ဒီဒရာမာဟာ Mr. Hong ဆိုတဲ့ ႐ုပ္ရွင္ဇာတ္ကားကို ဇာတ္လမ္းတြဲအျဖစ္ ျပန္လည္ မွီျငမ္း႐ိုက္ကူးထားတာပါ။ ဒီဇာတ္လမ္းတြဲထဲမွာေတာ့ ဆိုးလ္ၿမိဳ႕ေပၚကေန Gongjin ဆိုတဲ့ ပင္လယ္ကမ္းေျခ႐ြာေလးကို ေျပာင္းေ႐ႊ႕လာတဲ့ ၿမိဳ႕ႀကီးသူ သြားဆရာဝန္မေလး Yoon Hye Jin အျဖစ္ Shin Min Ah က သ႐ုပ္ေဆာင္ထားပါတယ္။

Photo via soompi

Kim Seon Ho ကေတာ့ သူတို႔ၿမိဳ႕ေလးတဝိုက္မွာ လူတိုင္းကို ကူညီေပးေနတဲ့ က်ပန္းအလုပ္ လုပ္ကိုင္သူ Hong Doo Shik အျဖစ္ ပါဝင္သ႐ုပ္ေဆာင္ထားပါတယ္။ အလုပ္အကိုင္၊ အေျခအေနနဲ႔ ေတြးေခၚပုံခ်င္းပါ မတူညီၾကတဲ့ သူတို႔ႏွစ္ေယာက္ဟာ ထူးဆန္းစြာပဲ ခ်စ္မိသြားၾကမယ့္ ဇာတ္လမ္းေလး ျဖစ္ပါတယ္။

Photo via soompi

ဒီဒရာမာဟာ ၾကည့္ေနက် ႐ိုမန႔္စ္ ဒရာမာေတြနဲ႔ မတူဘဲ တမ်ိဳးေလး ကြဲထြက္ေနလိမ့္မယ္လို႔ ဇာတ္အၫႊန္းေရးသူေတြကေတာ့ ဆိုေနၾကပါတယ္။ ေခါင္းေဆာင္ မင္းသား၊မင္းသမီးႏွစ္ေယာက္တင္မက တစ္႐ြာလုံးက ကာ႐ိုက္တာေတြဟာ ကေလးကေနစလို႔ အသက္(၈၀)ေက်ာ္ အဘိုး၊အဘြားအ႐ြယ္ေတြထိ တစ္ေယာက္ခ်င္းစီမွာ မတူညီတဲ့ ဇာတ္လမ္းတစ္ခုစီ ရွိေနၾကတာပါ။

Photo via soompi

လူငယ္ႏွစ္ေယာက္ရဲ႕ သာမန္အခ်စ္ဇာတ္လမ္းဆိုတာမ်ိဳးထက္ တစ္႐ြာလုံးနဲ႔ သူတို႔ႏွစ္ေယာက္ရဲ႕ ပတ္သက္မႈေတြ၊ ရယ္ေမာဖြယ္ရာေတြနဲ႔ ၾကည့္ရႈသူေတြရဲ႕ ရင္ထဲ ေႏြးေထြးတဲ့ ခံစားခ်က္ေလးကိုပါ ျဖစ္ေပၚေစမယ့္လို႔ ရီဗ်ဴးေတြက ဆိုထားပါတယ္။ စိတ္ကူးယဥ္ အခ်စ္ဇာတ္လမ္းမ်ိဳးထက္ လက္ေတြ႕ဘဝနဲ႔ ပိုနီးစပ္တဲ့ တင္ဆက္ပုံမ်ိဳးကို ခံစားရမွာျဖစ္ၿပီး လွပတဲ့ ပင္လယ္ကမ္းေျခ႐ြာေလးရဲ႕ ေမွာ္ဆန္တဲ့အလွကိုပါ စီးေမ်ာခံစားရမွာ ျဖစ္ပါတယ္။

Hometown Cha-Cha-Cha ကိုေတာ့ tvN ႐ုပ္သံလိုင္းမွာ လာမယ့္ ဩဂုတ္လ(၂၈)ရက္ေန႔မွာ စတင္ထုတ္လႊင့္ ျပသမယ္လို႔ သိရပါတယ္။

Glasgow

Source: soompi

RELATED ARTICLES

Most Popular