HomeCelebs Update NewsKoreaCha Eunwoo ရဲ႕ တက္ၾကြမႈကို ခ်ီးက်ဴးလိုက္တဲ့ မင္းသမီး Shin Se Kyung

Cha Eunwoo ရဲ႕ တက္ၾကြမႈကို ခ်ီးက်ဴးလိုက္တဲ့ မင္းသမီး Shin Se Kyung

အောက်တွင် ယူနီကုဒ်ဖြင့် ဖတ်ပါ။

မင္းသမီး Shin Se Kyung နဲ႔ ASTRO အဖြဲ႔က Cha Eunwoo တို႔ဟာ သမိုင္းေၾကာင္းေနာက္ခံ နန္းတြင္းဒရာမာစီးရီးျဖစ္တဲ့ Rookie Historian Goo Hae Ryung ထဲမွာ အဓိကဇာတ္ေဆာင္ မင္းသားနဲ႔မင္းသမီးအျဖစ္ တြဲဖက္သရုပ္ေဆာင္ထားၾကသူေတြပါ။ အဆိုပါ စီးရီးအတြက္ လေပါင္းမ်ားစြာ အတူတူ အလုပ္လုပ္ခဲ့ၿပီးေနာက္မွာေတာ့ Cha Eunwoo ရဲ႕ အ့ံၾသစရာ တက္ၾကြလန္းဆန္းမႈေတြအေၾကာင္းကို သူမရဲ႕အျမင္အတိုင္း မၾကာေသးမီက ျပဳလုပ္ခဲ့တဲ့ အင္တာဗ်ဴးတစ္ခုမွာ Shin Se Kyung က ျပန္လည္ေျဖၾကားထားခဲ့ပါတယ္။

“သူ႔မွာ အခ်ိန္ဇယားေတြ အမ်ားႀကီးနဲ႔ ဒီေလာက္အလုပ္ရႈပ္ေနေပမယ့္ သူ႔ရဲ႕ပင္ကိုစရိုက္ကိုက အလုပ္အရမ္းလုပ္ႏိုင္တာေၾကာင့္ အၿမဲတမ္း တက္ၾကြရႊင္လန္းၿပီး လန္းဆန္းေနတာကို ေတြ႕ရပါတယ္” လို႔ မင္းသမီး Shin Se Kyung က ဆိုပါတယ္။ ဒါ့အျပင္ Cha Eunwoo ရဲ႕ လန္းဆန္းတက္ၾကြတဲ့ ပင္ကိုစရိုက္ဟာ ရိုက္ကြင္းထဲက အျခားလုပ္ေဖာ္ကိုင္ဖက္ေတြကိုလည္း စိတ္ဓာတ္တက္ၾကြၿပီး လန္းဆန္းေပ်ာ္ရႊင္ေနေအာင္ ကူညီေပးႏိုင္ခဲ့ေသးတယ္လို႔ ေျပာျပပါေသးတယ္။

Photo: koreaboo

“သူ႔ရဲ႕အေကာင္းျမင္တတ္တဲ့စိတ္က ကၽြန္မကိုေရာ ရိုက္ကူးေရးတစ္ဖြဲ႔သားလုံးကိုေရာ လာၿပီးေတာ့ ရိုက္ခတ္ပါတယ္။ ဒါတင္မက Rookie Historian Goo Hae Ryung ရိုက္ကူးေရးလုပ္တုန္းက အေရာင္ေရြးခ်ယ္မႈေတြနဲ႔ ရုပ္ပုံေဖာ္မႈေတြကုိပါ သူ႔ရဲ႕ personality နဲ႔ ကိုက္ၿပီး လုပ္ခဲ့ၾကတာပါ” လို႔ Shin Se Kyung က ဆိုပါတယ္။

Shin Se Kyung နဲ႔ Cha Eunwoo တို႔ႏွစ္ေယာက္ဟာ Rookie Historian Goo Hae Ryung ဇာတ္လမ္းတြဲထဲမွာ ခ်စ္သူႏွစ္ေယာက္အျဖစ္ သရုပ္ေဆာင္ထားၾကတာ ျဖစ္ပါတယ္။ Shin Se Kyung က အမ်ိဳးသမီးသမိုင္းပညာရွင္အျဖစ္ သရုပ္ေဆာင္ထားၿပီး Cha Eunwoo ကေတာ့ အခ်စ္၀တၳဳေတြ ေရးဖို႔သာ စိတ္အားထက္သန္တဲ့ မင္းသားေလးအျဖစ္ သရုပ္ေဆာင္ထားပါတယ္။

Photo: koreaboo

ဒီဇာတ္လမ္းတြဲေလးဟာ ကုိရီးယားမွာေတာ့ လက္ရိွထုတ္လႊင့္ျပသေနဆဲျဖစ္ၿပီး Netflix မွာလည္း သြားေရာက္ၾကည့္ရႈႏိုင္တယ္လို႔ သိရပါတယ္။ စာဖတ္သူတို႔ေရာ ဒီဇာတ္လမ္းတြဲေလးကိုေရာ ၾကည့္ၿပီးၾကပါၿပီလား။ မၾကည့္ရေသးရင္လည္း ၾကည့္လိုက္ၾကပါဦးေနာ္။

LaNina

Ref: koreaboo

(ဆံရစ္ဝိုင္းမီဒီယာစာမ်က္ႏွာေပၚတြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို ခြင့္ျပဳခ်က္ တစ္စုံတစ္ရာ မရရွိဘဲ မိမိတို႔ကိုယ္က်ိဳးအတြက္ ကူးယူသုံးစြဲျခင္း မျပဳလုပ္ၾကပါရန္ သတိေပးအပ္ပါသည္။)

(Unicode Version)

မင်းသမီး Shin Se Kyung နဲ့ ASTRO အဖွဲ့က Cha Eunwoo တို့ဟာ သမိုင်းကြောင်းနောက်ခံ နန်းတွင်းဒရာမာစီးရီးဖြစ်တဲ့ Rookie Historian Goo Hae Ryung ထဲမှာ အဓိကဇာတ်ဆောင် မင်းသားနဲ့မင်းသမီးအဖြစ် တွဲဖက်သရုပ်ဆောင်ထားကြသူတွေပါ။ အဆိုပါ စီးရီးအတွက် လပေါင်းများစွာ အတူတူ အလုပ်လုပ်ခဲ့ပြီးနောက်မှာတော့ Cha Eunwoo ရဲ့ အံ့သြစရာ တက်ကြွလန်းဆန်းမှုတွေအကြောင်းကို သူမရဲ့အမြင်အတိုင်း မကြာသေးမီက ပြုလုပ်ခဲ့တဲ့ အင်တာဗျူးတစ်ခုမှာ Shin Se Kyung က ပြန်လည်ဖြေကြားထားခဲ့ပါတယ်။

“သူ့မှာ အချိန်ဇယားတွေ အများကြီးနဲ့ ဒီလောက်အလုပ်ရှုပ်နေပေမယ့် သူ့ရဲ့ပင်ကိုစရိုက်ကိုက အလုပ်အရမ်းလုပ်နိုင်တာကြောင့် အမြဲတမ်း တက်ကြွရွှင်လန်းပြီး လန်းဆန်းနေတာကို တွေ့ရပါတယ်” လို့ မင်းသမီး Shin Se Kyung က ဆိုပါတယ်။ ဒါ့အပြင် Cha Eunwoo ရဲ့ လန်းဆန်းတက်ကြွတဲ့ ပင်ကိုစရိုက်ဟာ ရိုက်ကွင်းထဲက အခြားလုပ်ဖော်ကိုင်ဖက်တွေကိုလည်း စိတ်ဓာတ်တက်ကြွပြီး လန်းဆန်းပျော်ရွှင်နေအောင် ကူညီပေးနိုင်ခဲ့သေးတယ်လို့ ပြောပြပါသေးတယ်။

Photo: koreaboo

“သူ့ရဲ့အကောင်းမြင်တတ်တဲ့စိတ်က ကျွန်မကိုရော ရိုက်ကူးရေးတစ်ဖွဲ့သားလုံးကိုရော လာပြီးတော့ ရိုက်ခတ်ပါတယ်။ ဒါတင်မက Rookie Historian Goo Hae Ryung ရိုက်ကူးရေးလုပ်တုန်းက အရောင်ရွေးချယ်မှုတွေနဲ့ ရုပ်ပုံဖော်မှုတွေကိုပါ သူ့ရဲ့ personality နဲ့ ကိုက်ပြီး လုပ်ခဲ့ကြတာပါ” လို့ Shin Se Kyung က ဆိုပါတယ်။

Shin Se Kyung နဲ့ Cha Eunwoo တို့နှစ်ယောက်ဟာ Rookie Historian Goo Hae Ryung ဇာတ်လမ်းတွဲထဲမှာ ချစ်သူနှစ်ယောက်အဖြစ် သရုပ်ဆောင်ထားကြတာ ဖြစ်ပါတယ်။ Shin Se Kyung က အမျိုးသမီးသမိုင်းပညာရှင်အဖြစ် သရုပ်ဆောင်ထားပြီး Cha Eunwoo ကတော့ အချစ်ဝတ္ထုတွေ ရေးဖို့သာ စိတ်အားထက်သန်တဲ့ မင်းသားလေးအဖြစ် သရုပ်ဆောင်ထားပါတယ်။

Photo: koreaboo

ဒီဇာတ်လမ်းတွဲလေးဟာ ကိုရီးယားမှာတော့ လက်ရှိထုတ်လွှင့်ပြသနေဆဲဖြစ်ပြီး Netflix မှာလည်း သွားရောက်ကြည့်ရှုနိုင်တယ်လို့ သိရပါတယ်။ စာဖတ်သူတို့ရော ဒီဇာတ်လမ်းတွဲလေးကိုရော ကြည့်ပြီးကြပါပြီလား။ မကြည့်ရသေးရင်လည်း ကြည့်လိုက်ကြပါဦးနော်။

LaNina

Ref: koreaboo

(ဆံရစ်ဝိုင်းမီဒီယာစာမျက်နှာပေါ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို ခွင့်ပြုချက် တစ်စုံတစ်ရာ မရရှိဘဲ မိမိတို့ကိုယ်ကျိုးအတွက် ကူးယူသုံးစွဲခြင်း မပြုလုပ်ကြပါရန် သတိပေးအပ်ပါသည်။)

 

 

RELATED ARTICLES

Most Popular