HomeEntertainmentMusicအသက်(၄၆)နှစ်နဲ့ ကွယ်လွန်သွားတဲ့ Slipknot ရဲ့ ဒရမ်သမား Joey Jordison 

အသက်(၄၆)နှစ်နဲ့ ကွယ်လွန်သွားတဲ့ Slipknot ရဲ့ ဒရမ်သမား Joey Jordison 

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

နာမည်ကျော် ဟဲဗီးမက်တယ်လ်တီးဝိုင်း Slipknot ရဲ့ မူရင်းဒရမ်သမား ဖြစ်ပြီး အဖွဲ့ရဲ့ founding member လည်းဖြစ်တဲ့ Joey Jordison ဟာ အသက်(၄၆)နှစ်အရွယ်မှာ ကွယ်လွန်သွားပြီ ဖြစ်ပါတယ်။

Joey ဟာ ဇူလိုင်လ(၂၆)ရက် တနင်္လာနေ့မှာ အိပ်ပျော်နေရင်း ကွယ်လွန်သွားခဲ့တာဖြစ်တယ်လို့ ကျန်ရစ်တဲ့ မိသားစုက သတင်းထုတ်ပြန်ထားတာ ဖြစ်ပါတယ်။ သူ ကွယ်လွန်သွားရတဲ့ အကြောင်းရင်းကိုတော့ သေသေချာချာ သတင်းထုတ်ပြန်ထားခြင်း မရှိပါဘူး။

Photo: thejoeyjordison/ Instagram

ကွယ်လွန်ကြောင်း ကြေညာချက်မှာတော့ အခုလို ပြောထားတာ တွေ့ရပါတယ်။ “နာမည်ကျော် ဒရမ်မာလည်းဖြစ်၊ ဂီတသမားလည်းဖြစ်တဲ့ Joey Jordison ဟာ ၂၀၂၁ခုနှစ် ဇူလိုင်လ(၂၆)ရက်နေ့မှာ အိပ်ပျော်နေရင်း ငြိမ်းချမ်းစွာပဲ ကွယ်လွန်သွားပြီ ဖြစ်တဲ့အကြောင်း ကြေကွဲစွာနဲ့ အသိပေးလိုက်ရပါတယ် … ” လို့ ကနဦး ဖော်ပြထားပါတယ်။

ဆက်လက်ပြီး “Joey ရဲ့ ကွယ်လွန်မှုဟာ ကျွန်တော်တို့ရဲ့ စိတ်နှလုံးထဲမှာ ဗလာဟင်းလင်း ကျန်ရစ်စေခဲ့ပြီး ဖော်မပြနိုင်လောက်တဲ့ ဝမ်းနည်းမှုတွေကို ချန်ရစ်ထားခဲ့ပါတယ်။ Joey ကို သိတဲ့လူတိုင်း သူ့ရဲ့ပါးနပ်မှု၊ သူတစ်ပါးကို ညင်ညင်သာသာနဲ့ ဆက်ဆံတတ်တဲ့ သူ့ပုံစံ၊ စိတ်ကောင်း နှလုံးကောင်းရှိမှုနဲ့ မိသားစုကိုချစ်တတ်တာ၊ ဂီတနဲ့ ပတ်သက်သမျှကို ချစ်တတ်တာတွေကို သိကြမှာပါ … ” လို့ Joey ရဲ့ မိသားစုက ဆိုထားပါတယ်။

Photo: thejoeyjordison/ Instagram

Joey ရဲ့ ကျန်ရစ်သူမိသားစုကတော့ ယခုလို ခက်ခဲတဲ့ အခြေအနေမှာ မိသားစုတွေချည်းပဲ သီးသန့်ဖြတ်သန်းလိုတဲ့ စိတ်ဆန္ဒကို မီဒီယာတွေရော၊ ပရိသတ်တွေအနေနဲ့ပါ နားလည် လက်ခံပေးဖို့ မေတ္တာရပ်ခံထားပြီး အသုဘအခမ်းအနားကိုတော့ မိသားစုတွေချည်းပဲ သီးသန့်ပြုလုပ်သွားဖို့ ရှိကြောင်း ဆိုထားပါတယ်။

Joey ဟာ ၁၉၉၅ ခုနှစ်မှာ Slipknot အဖွဲ့ထဲကို ရောက်ရှိလာခဲ့တဲ့ အဖွဲ့ဝင်ကိုးယောက်ထဲမှာ တစ်ယောက် အပါအဝင် ဖြစ်ပါတယ်။ ဒီလိုနဲ့ ၂၀၁၃ ခုနှစ်မှာတော့ Joey ဟာ ပုဂ္ဂိုလ်ရေးကိစ္စတွေကြောင့် Slipknot အဖွဲ့ကနေ ထွက်ခွာသွားတဲ့အကြောင်း အဖွဲ့ဘက်က ကြေညာခဲ့ပါတယ်။ သို့ပေမယ့် နောက်ပိုင်း Joey ဘက်က ပြန်ပြောတဲ့ စကားကတော့ အဖွဲ့ကနေ သူ့ဆန္ဒနဲ့ ထွက်ခွာခဲ့တာ မဟုတ်ဘူးလို့ ဆိုထားပြီး ၂၀၁၅ခုနှစ်မှာ Metal Hammer မဂ္ဂဇင်းနဲ့ အင်တာဗျူး ပြုလုပ်ရာမှာတော့ အဖွဲ့ဘက်ကနေ အီးမေးလ်တစ်စောင်နဲ့ သူ့ကို ထုတ်ပစ်ခဲ့တာ ဖြစ်တယ်လို့ ပြောထားပါတယ်။

Photo via twitter

တကယ်တော့ Joey ဟာ transverse myelitis လို့ခေါ်တဲ့ ပြင်းထန်တဲ့ အာရုံကြောရောဂါတစ်မျိုးကို ခံစားနေခဲ့ရတာ ဖြစ်ပါတယ်။ ဒီရောဂါကြောင့် ခြေထောက်တွေမှာ လိုသလို လှုပ်ရှားလို့ မရတော့အောင် နာကျင်ခံစားရတာမျိုးတွေ ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ သူ အဖွဲ့ကနေ ထွက်ခွာခါနီးအချိန်လောက်မှာပဲ ဒီရောဂါကို စတင်ခံစားခဲ့ရတာ ဖြစ်ပါတယ်။ ယခုကွယ်လွန်သွားရတဲ့ အကြောင်းရင်းကတော့ ဒီရောဂါကြောင့်ပဲလား၊ အခြား အခြေအနေ တစ်ခုခုကြောင့်လားဆိုတာ မသိရသေးပါဘူး။

Joey ဟာ Slipknot အဖွဲ့က ထွက်ခွာပြီးနောက်မှာ Scar the Martyr ၊ Vimic ၊ Sinsaenum နဲ့ Murderdolls ဆိုတဲ့ ရော့ခ်မက်တယ်လ် အဖွဲ့တွေကို ဖွဲ့စည်း ထူထောင်ခဲ့ပါသေးတယ်။ ဒါတင်မက ဒီနှစ်တွေ တလျှောက်လုံးမှာ Metallica ၊ Korn ၊ Satyricon ၊ Ministry နဲ့ Rob Zombie အဖွဲ့တွေရဲ့ ရှိုးတွေမှာလည်း ဒရမ်သမားအဖြစ် ပါဝင်တီးခတ်ခဲ့ပါသေးတယ်။

Glasgow

Source: people

(Zawgyi Version)

နာမည္ေက်ာ္ ဟဲဗီးမက္တယ္လ္တီးဝိုင္း Slipknot ရဲ႕ မူရင္းဒရမ္သမား ျဖစ္ၿပီး အဖြဲ႕ရဲ႕ founding member လည္းျဖစ္တဲ့ Joey Jordison ဟာ အသက္(၄၆)ႏွစ္အ႐ြယ္မွာ ကြယ္လြန္သြားၿပီ ျဖစ္ပါတယ္။

Joey ဟာ ဇူလိုင္လ(၂၆)ရက္ တနလၤာေန႔မွာ အိပ္ေပ်ာ္ေနရင္း ကြယ္လြန္သြားခဲ့တာျဖစ္တယ္လို႔ က်န္ရစ္တဲ့ မိသားစုက သတင္းထုတ္ျပန္ထားတာ ျဖစ္ပါတယ္။ သူ ကြယ္လြန္သြားရတဲ့ အေၾကာင္းရင္းကိုေတာ့ ေသေသခ်ာခ်ာ သတင္းထုတ္ျပန္ထားျခင္း မရွိပါဘူး။

Photo: thejoeyjordison/ Instagram

ကြယ္လြန္ေၾကာင္း ေၾကညာခ်က္မွာေတာ့ အခုလို ေျပာထားတာ ေတြ႕ရပါတယ္။ “နာမည္ေက်ာ္ ဒရမ္မာလည္းျဖစ္၊ ဂီတသမားလည္းျဖစ္တဲ့ Joey Jordison ဟာ ၂၀၂၁ခုႏွစ္ ဇူလိုင္လ(၂၆)ရက္ေန႔မွာ အိပ္ေပ်ာ္ေနရင္း ၿငိမ္းခ်မ္းစြာပဲ ကြယ္လြန္သြားၿပီ ျဖစ္တဲ့အေၾကာင္း ေၾကကြဲစြာနဲ႔ အသိေပးလိုက္ရပါတယ္ … ” လို႔ ကနဦး ေဖာ္ျပထားပါတယ္။

ဆက္လက္ၿပီး “Joey ရဲ႕ ကြယ္လြန္မႈဟာ ကြၽန္ေတာ္တို႔ရဲ႕ စိတ္ႏွလုံးထဲမွာ ဗလာဟင္းလင္း က်န္ရစ္ေစခဲ့ၿပီး ေဖာ္မျပႏိုင္ေလာက္တဲ့ ဝမ္းနည္းမႈေတြကို ခ်န္ရစ္ထားခဲ့ပါတယ္။ Joey ကို သိတဲ့လူတိုင္း သူ႔ရဲ႕ပါးနပ္မႈ၊ သူတစ္ပါးကို ညင္ညင္သာသာနဲ႔ ဆက္ဆံတတ္တဲ့ သူ႔ပုံစံ၊ စိတ္ေကာင္း ႏွလုံးေကာင္းရွိမႈနဲ႔ မိသားစုကိုခ်စ္တတ္တာ၊ ဂီတနဲ႔ ပတ္သက္သမွ်ကို ခ်စ္တတ္တာေတြကို သိၾကမွာပါ … ” လို႔ Joey ရဲ႕ မိသားစုက ဆိုထားပါတယ္။

Photo: thejoeyjordison/ Instagram

Joey ရဲ႕ က်န္ရစ္သူမိသားစုကေတာ့ ယခုလို ခက္ခဲတဲ့ အေျခအေနမွာ မိသားစုေတြခ်ည္းပဲ သီးသန႔္ျဖတ္သန္းလိုတဲ့ စိတ္ဆႏၵကို မီဒီယာေတြေရာ၊ ပရိသတ္ေတြအေနနဲ႔ပါ နားလည္ လက္ခံေပးဖို႔ ေမတၱာရပ္ခံထားၿပီး အသုဘအခမ္းအနားကိုေတာ့ မိသားစုေတြခ်ည္းပဲ သီးသန႔္ျပဳလုပ္သြားဖို႔ ရွိေၾကာင္း ဆိုထားပါတယ္။

Joey ဟာ ၁၉၉၅ ခုႏွစ္မွာ Slipknot အဖြဲ႕ထဲကို ေရာက္ရွိလာခဲ့တဲ့ အဖြဲ႕ဝင္ကိုးေယာက္ထဲမွာ တစ္ေယာက္ အပါအဝင္ ျဖစ္ပါတယ္။ ဒီလိုနဲ႔ ၂၀၁၃ ခုႏွစ္မွာေတာ့ Joey ဟာ ပုဂၢိဳလ္ေရးကိစၥေတြေၾကာင့္ Slipknot အဖြဲ႕ကေန ထြက္ခြာသြားတဲ့အေၾကာင္း အဖြဲ႕ဘက္က ေၾကညာခဲ့ပါတယ္။ သို႔ေပမယ့္ ေနာက္ပိုင္း Joey ဘက္က ျပန္ေျပာတဲ့ စကားကေတာ့ အဖြဲ႕ကေန သူ႔ဆႏၵနဲ႔ ထြက္ခြာခဲ့တာ မဟုတ္ဘူးလို႔ ဆိုထားၿပီး ၂၀၁၅ခုႏွစ္မွာ Metal Hammer မဂၢဇင္းနဲ႔ အင္တာဗ်ဴး ျပဳလုပ္ရာမွာေတာ့ အဖြဲ႕ဘက္ကေန အီးေမးလ္တစ္ေစာင္နဲ႔ သူ႔ကို ထုတ္ပစ္ခဲ့တာ ျဖစ္တယ္လို႔ ေျပာထားပါတယ္။

Photo via twitter

တကယ္ေတာ့ Joey ဟာ transverse myelitis လို႔ေခၚတဲ့ ျပင္းထန္တဲ့ အာ႐ုံေၾကာေရာဂါတစ္မ်ိဳးကို ခံစားေနခဲ့ရတာ ျဖစ္ပါတယ္။ ဒီေရာဂါေၾကာင့္ ေျခေထာက္ေတြမွာ လိုသလို လႈပ္ရွားလို႔ မရေတာ့ေအာင္ နာက်င္ခံစားရတာမ်ိဳးေတြ ျဖစ္ခဲ့တယ္လို႔ ဆိုပါတယ္။ သူ အဖြဲ႕ကေန ထြက္ခြာခါနီးအခ်ိန္ေလာက္မွာပဲ ဒီေရာဂါကို စတင္ခံစားခဲ့ရတာ ျဖစ္ပါတယ္။ ယခုကြယ္လြန္သြားရတဲ့ အေၾကာင္းရင္းကေတာ့ ဒီေရာဂါေၾကာင့္ပဲလား၊ အျခား အေျခအေန တစ္ခုခုေၾကာင့္လားဆိုတာ မသိရေသးပါဘူး။

Joey ဟာ Slipknot အဖြဲ႕က ထြက္ခြာၿပီးေနာက္မွာ Scar the Martyr ၊ Vimic ၊ Sinsaenum နဲ႔ Murderdolls ဆိုတဲ့ ေရာ့ခ္မက္တယ္လ္ အဖြဲ႕ေတြကို ဖြဲ႕စည္း ထူေထာင္ခဲ့ပါေသးတယ္။ ဒါတင္မက ဒီႏွစ္ေတြ တေလွ်ာက္လုံးမွာ Metallica ၊ Korn ၊ Satyricon ၊ Ministry နဲ႔ Rob Zombie အဖြဲ႕ေတြရဲ႕ ရႈိးေတြမွာလည္း ဒရမ္သမားအျဖစ္ ပါဝင္တီးခတ္ခဲ့ပါေသးတယ္။

Glasgow

Source: people

RELATED ARTICLES

Most Popular