HomeCelebs Update NewsKoreaNCT အဖြဲ႕က Taeyong ရဲ႕ အႏိုင္က်င့္တတ္တယ္ဆိုတဲ့ ေကာလာဟလကို SM ေၾကျငာခ်က္ထုတ္

NCT အဖြဲ႕က Taeyong ရဲ႕ အႏိုင္က်င့္တတ္တယ္ဆိုတဲ့ ေကာလာဟလကို SM ေၾကျငာခ်က္ထုတ္

အောက်တွင် ယူနီကုဒ်ဖြင့် ဖတ်ပါ။

NCT အဖြဲ႕၀င္ Taeyong ရဲ႕ ငယ္ဘ၀နဲ႔ ပတ္သက္ၿပီး ထြက္ေပၚေနတဲ့ ေကာလာဟလေတြေၾကာင့္ ေနာက္ဆုံးမွာေတာ့ SM Entertainment က တရား၀င္ ေၾကျငာခ်က္ထုတ္ျပန္လိုက္ပါၿပီ။ Taeyong ရဲ႕ အလယ္တန္းေက်ာင္းသားဘ၀တုန္းက မွတ္တမ္းေတြကို ျပန္လည္စိစစ္ စစ္ေဆးခဲ့ေပမယ့္ ပုံမွန္မဟုတ္တာ တစ္ခုတစ္ေလမွ မေတြ႕ခဲ့ဘူးလို႔ အဆိုပါ ေၾကျငာခ်က္ထဲမွာ ေဖာ္ျပထားပါတယ္။ ေၾကျငာခ်က္ အျပည့္အစုံကေတာ့ ေအာက္ပါအတုိင္းပဲ ျဖစ္ပါတယ္။

“Taeyong ရဲ႕ ေအဂ်င္စီအေနနဲ႔ လြန္ခဲ့တဲ့ဆယ္ႏွစ္၊ ၂၀၀၉ခုႏွစ္က ျဖစ္ပ်က္ခဲ့တဲ့ Taeyong နဲ႔ ပတ္သက္တဲ့ မွတ္တမ္းနဲ႔ ပတ္သက္ၿပီး အေျခအေနအမွန္ကို သိရဖို႔အတြက္ သူ႔ရဲ႕မိသားစုကိုလည္း ေမးျမန္းခဲ့သလို အလယ္တန္းေက်ာင္းက မွတ္တမ္းမွတ္ရာေတြအထိ စစ္ေဆးေမးျမန္းခဲ့ပါတယ္။

Photo: allkpop

မွတ္တမ္းအခ်က္အလက္ေတြအရ Taeyong ဟာ အလယ္တန္းေက်ာင္းသားဘ၀တုန္းက ေက်ာင္းစည္းကမ္း ေဖာက္ဖ်က္ခဲ့တာမ်ိဳး၊ ဆရာေတြက အေရးယူအျပစ္ေပးခဲ့ရတာမ်ိဳး မွတ္တမ္းေတြ မရိွသလို သူ႔မိဘေတြရဲ႕ အဆိုအရလည္း အလားတူကိစၥမ်ိဳးေၾကာင့္ ေက်ာင္းကို မိဘက လိုက္ေတြ႕ရတာမ်ိဳး မရိွခဲ့ဘူးလို႔ သိရပါတယ္။

Taeyong ကလည္း အဆိုေတာ္တစ္ေယာက္ျဖစ္ဖို႔ အိပ္မက္ မမက္ရေသးခင္ အလယ္တန္းေက်ာင္းသားဘ၀တုန္းက မစဥ္းစားဘဲ လုပ္မိခဲ့တဲ့ အျပဳအမူ၊ လုပ္ရပ္ေတြအတြက္ ေနာင္တရေၾကာင္း ေျပာထားပါတယ္။ ပြဲမထြက္ခင္ ေလ့က်င့္ေရးဆင္းေနစဥ္ကာလမွာေရာ ပြဲထြက္ၿပီးေနာက္ပိုင္းမွာေရာ ထိခိုက္ေစခဲ့မိတဲ့ လူအားလုံးကိုလည္း ေတာင္းပန္ေၾကာင္း ေျပာထားပါတယ္။

အခုထိလည္း သူ႔ရဲ႕လုပ္ရပ္ေတြကို ေမ့မပစ္ေသးဘဲ ဆင္ျခင္ၿပီး အေကာင္းဆုံး ႀကိဳးစားေနထိုင္ေနပါတယ္” လို႔ SM Entertainment က ေၾကျငာခ်က္ ထုတ္ထားပါတယ္။

Photo: koreaboo

Taeyong ဟာ အတန္းေဖာ္တစ္ေယာက္ကို အႏိုင္က်င့္ခဲ့ဖူးတယ္လို႔ စက္တင္ဘာလ(၁၈)ရက္ေန႔က လူမႈကြန္ရက္မွာ အစြပ္စြဲခံခဲ့ရတာ ျဖစ္ပါတယ္။ သို႔ေပမယ့္ အဆိုပါ comment ကို မန္႔တဲ့လူဟာ ေနာက္ပိုင္းမွာ ပို႔စ္ကို ျပန္ဖ်က္သြားခဲ့ပါတယ္။ ေနာက္တစ္ေန႔မွာလည္း trainee ေဟာင္းတစ္ေယာက္က Taeyong ဟာ တကယ္အႏိုင္က်င့္တတ္တဲ့လူတစ္ေယာက္ဆိုၿပီး Instagram မွာ ေျပာခဲ့ျပန္ပါေသးတယ္။ ဒါေၾကာင့္ပဲ SM Entertainment က အခုလို ေၾကျငာခ်က္ ထုတ္ျပန္ၿပီး ရွင္းလင္းလိုက္ရတာ ျဖစ္ပါတယ္။

LaNina

Ref: koreaboo

(Unicode Version)

NCT အဖွဲ့ဝင် Taeyong ရဲ့ ငယ်ဘဝနဲ့ ပတ်သက်ပြီး ထွက်ပေါ်နေတဲ့ ကောလာဟလတွေကြောင့် နောက်ဆုံးမှာတော့ SM Entertainment က တရားဝင် ကြေငြာချက်ထုတ်ပြန်လိုက်ပါပြီ။ Taeyong ရဲ့ အလယ်တန်းကျောင်းသားဘဝတုန်းက မှတ်တမ်းတွေကို ပြန်လည်စိစစ် စစ်ဆေးခဲ့ပေမယ့် ပုံမှန်မဟုတ်တာ တစ်ခုတစ်လေမှ မတွေ့ခဲ့ဘူးလို့ အဆိုပါ ကြေငြာချက်ထဲမှာ ဖော်ပြထားပါတယ်။ ကြေငြာချက် အပြည့်အစုံကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။

“Taeyong ရဲ့ အေဂျင်စီအနေနဲ့ လွန်ခဲ့တဲ့ဆယ်နှစ်၊ ၂၀၀၉ခုနှစ်က ဖြစ်ပျက်ခဲ့တဲ့ Taeyong နဲ့ ပတ်သက်တဲ့ မှတ်တမ်းနဲ့ ပတ်သက်ပြီး အခြေအနေအမှန်ကို သိရဖို့အတွက် သူ့ရဲ့မိသားစုကိုလည်း မေးမြန်းခဲ့သလို အလယ်တန်းကျောင်းက မှတ်တမ်းမှတ်ရာတွေအထိ စစ်ဆေးမေးမြန်းခဲ့ပါတယ်။

Photo: allkpop

မှတ်တမ်းအချက်အလက်တွေအရ Taeyong ဟာ အလယ်တန်းကျောင်းသားဘဝတုန်းက ကျောင်းစည်းကမ်း ဖောက်ဖျက်ခဲ့တာမျိုး၊ ဆရာတွေက အရေးယူအပြစ်ပေးခဲ့ရတာမျိုး မှတ်တမ်းတွေ မရှိသလို သူ့မိဘတွေရဲ့ အဆိုအရလည်း အလားတူကိစ္စမျိုးကြောင့် ကျောင်းကို မိဘက လိုက်တွေ့ရတာမျိုး မရှိခဲ့ဘူးလို့ သိရပါတယ်။

Taeyong ကလည်း အဆိုတော်တစ်ယောက်ဖြစ်ဖို့ အိပ်မက် မမက်ရသေးခင် အလယ်တန်းကျောင်းသားဘဝတုန်းက မစဉ်းစားဘဲ လုပ်မိခဲ့တဲ့ အပြုအမူ၊ လုပ်ရပ်တွေအတွက် နောင်တရကြောင်း ပြောထားပါတယ်။ ပွဲမထွက်ခင် လေ့ကျင့်ရေးဆင်းနေစဉ်ကာလမှာရော ပွဲထွက်ပြီးနောက်ပိုင်းမှာရော ထိခိုက်စေခဲ့မိတဲ့ လူအားလုံးကိုလည်း တောင်းပန်ကြောင်း ပြောထားပါတယ်။

အခုထိလည်း သူ့ရဲ့လုပ်ရပ်တွေကို မေ့မပစ်သေးဘဲ ဆင်ခြင်ပြီး အကောင်းဆုံး ကြိုးစားနေထိုင်နေပါတယ်” လို့ SM Entertainment က ကြေငြာချက် ထုတ်ထားပါတယ်။

Photo: koreaboo

Taeyong ဟာ အတန်းဖော်တစ်ယောက်ကို အနိုင်ကျင့်ခဲ့ဖူးတယ်လို့ စက်တင်ဘာလ(၁၈)ရက်နေ့က လူမှုကွန်ရက်မှာ အစွပ်စွဲခံခဲ့ရတာ ဖြစ်ပါတယ်။ သို့ပေမယ့် အဆိုပါ comment ကို မန့်တဲ့လူဟာ နောက်ပိုင်းမှာ ပို့စ်ကို ပြန်ဖျက်သွားခဲ့ပါတယ်။ နောက်တစ်နေ့မှာလည်း trainee ဟောင်းတစ်ယောက်က Taeyong ဟာ တကယ်အနိုင်ကျင့်တတ်တဲ့လူတစ်ယောက်ဆိုပြီး Instagram မှာ ပြောခဲ့ပြန်ပါသေးတယ်။ ဒါကြောင့်ပဲ SM Entertainment က အခုလို ကြေငြာချက် ထုတ်ပြန်ပြီး ရှင်းလင်းလိုက်ရတာ ဖြစ်ပါတယ်။

LaNina

Ref: koreaboo

RELATED ARTICLES

Most Popular