HomeCelebs Update NewsInternational2021 အတွက် Sexiest Man Alive ဘွဲ့ကို ရရှိသွားတဲ့ Paul Rudd 

2021 အတွက် Sexiest Man Alive ဘွဲ့ကို ရရှိသွားတဲ့ Paul Rudd 

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

People မဂ္ဂဇင်းက နှစ်စဉ် ရွေးချယ်ပေးနေကျ ဖြစ်တဲ့ Sexiest Man Alive ဘွဲ့ကတော့ ယခု ၂၀၂၁ ခုနှစ်အတွက် မင်းသား Paul Rudd က ရွေးချယ်အပ်နှင်းခံလိုက်ရပြီလို့ သိရပါတယ်။

Paul ကတော့ ဒီဘွဲ့အမည်နာမကို လက်ခံဖို့ရာ အတန်ငယ် ခက်ခဲနေတယ်လို့လည်း သိရပါတယ်။ အသက်(၅၂)နှစ်အရွယ် ရှိပြီဖြစ်တဲ့ မင်းသားဟာ ကြင်နာတတ်သူ၊ မိမိကိုယ့်ကို နှိမ့်ချပြီး ရိုးရိုးကုပ်ကုပ်နေတတ်သူ၊ ခင်မင်ဖော်ရွေတတ်သူ၊ အလုပ်ကြိုးစားသူ အစရှိသဖြင့် ဂုဏ်ပုဒ်တွေ တပ်နိုင်ပေမယ့် ဆွဲဆောင်မှုရှိတယ်ဆိုတဲ့ စကားလုံးကတော့ သူနဲ့ သိပ်ပြီး လိုက်ဖက်မှုမရှိသလိုပါပဲ။

“ဒီ title ကို ကျွန်တော်ရသွားတယ်လို့ လူတွေ သိသွားကြတာနဲ့ “ဘာ …!” ဆိုပြီး ဖြစ်သွားကြမယ်ဆိုတာလောက်တော့ ကျွန်တော် သိထားပါတယ်။ ကိုယ့်ကိုယ်ကို အတင်းကြီး မတန်ဘူးလို့ နှိမ့်ချနေတာ မဟုတ်ပါဘူး။ ကျွန်တော့်ထက်အရင် ဒီ title ကို ရသင့်တဲ့သူတွေ အများကြီး ရှိပါတယ် … ” လို့ People ရဲ့ ယခုတစ်ပတ်အတွက် မျက်နှာဖုံးကာဗာမှာ Sexiest Man Alive အဖြစ် ပါဝင်ရင်း Paul က ပြောထားပါတယ်။

Photo Credit: People/ Alexei Hay

တကယ်တော့ Paul ဟာ ကိုယ့်ကိုယ်ကို နှိမ့်ချတတ်လွန်းသူ ဖြစ်နေတာကြောင့်လည်း ဒီ title ရရှိသွားတာနဲ့ ပတ်သက်ပြီး အခုလိုတွေ ပြောနေတာ ဖြစ်ပါတယ်။ အစိမ်းရောင်မျက်လုံးတွေနဲ့ မျက်နှာချိုတဲ့အပြင် နှစ်ပေါင်းများစွာ ရုပ်ရှင်လောကမှာ ကျင်လည်ခဲ့ပေမယ့် အရွယ်က နည်းနည်းလေးမှ မကျသွားတဲ့အတွက် ပရိသတ်တွေကတောင် ဩချထားရသူလည်း ဖြစ်ပါတယ်။

ယခုလ တလတည်းမှာတင် Apple TV+ မှာ ပြသမယ့် The Shrink Next Door ဆိုတဲ့ ဇာတ်လမ်းတွဲမှာ ပါဝင်ထားပြီး ဟောလိဝုဒ်ရဲ့ နာမည်ကြီး franchise တခုဖြစ်တဲ့ Ghostbusters: Afterlife မှာလည်း ပါဝင်ထားပါသေးတယ်။

Paul ဟာ စူပါစတားတယောက်ရဲ့ အောင်မြင်ကျော်ကြားမှုတွေကို ရရှိထားပြီး ဖြစ်ပေမယ့်လည်း သူ့ရဲ့ (၁၈)နှစ်ကြာ အိမ်ထောင်ဘက် Julie နဲ့အတူ အသက်(၁၇)နှစ်အရွယ် Jack ၊ အသက်(၁၂)နှစ်အရွယ် Darby တို့နဲ့အတူ ပျော်ရွှင်ချမ်းမြေ့တဲ့ မိသားစုဘဝလေးကို တည်ဆောက်ထားနိုင်သူ ဖြစ်ပါတယ်။

Photo Credit: People/ Alexei Hay

“ကိုယ့်အကြောင်း ကိုယ်တွေးမိရင်တော့ ကျွန်တော်ဟာ ခင်ပွန်းတယောက် ဖြစ်တယ်၊ ဖခင်တယောက် ဖြစ်တယ်လို့ပဲ တွေးမိတယ်။ အလုပ်အားတဲ့ အချိန်တွေဆိုရင် ကျွန်တော့်မိသားစုနဲ့ပဲ အတူအချိန်ကုန်လေ့ ရှိတယ်။ ကျွန်တော် အကြိုက်ဆုံးကလည်း အဲဒါပဲ … ” လို့ Paul က ဆိုပါတယ်။

Paul ဟာ ဒီ title ကို ရသွားတဲ့အကြောင်း တရားဝင် မကြေညာရသေးခင် သူ့ရဲ့ ဇနီးသည်ကိုပဲ အရင်ဆုံး ကြိုပြောမိခဲ့တယ်လို့ ဆိုပါတယ်။

Photo Credit: People/ Alexei Hay

“သူကတော့ လုံးဝ ကျောက်ရုပ်လို ဖြစ်သွားတာပဲ။ ဒါပေမယ့် သိတယ်မှတ်လား။ သူကတော့ ဒါနဲ့ပတ်သက်ပြီး အကောင်းပဲ ပြောပါတယ်။ ခဏလောက် ရှော့ခ်ရသွားပြီး ရယ်မောပြီးတာနဲ့ … သူတို့ လူရွေးတာ မှန်တယ်ဘာညာပေါ့ဗျာ။ သူ တကယ်အမှန်အတိုင်း ပြောတာတောင် ဖြစ်ချင်မှ ဖြစ်မှာပါ။ ဒါပေမယ့်လည်း သူ့အနေနဲ့ အဲလိုမပြောရင် ဘယ်လိုပြောရမလဲဗျာ … ဟုတ်တယ်မှတ်လား ….” လို့ သူ့ဇနီးဖြစ်သူရဲ့ Sexiest Man Alive title အပေါ် တုံ့ပြန်မှုကိုလည်း ပြောပြထားပါတယ်။

“ဒီ title ရသွားမှတော့ဗျာ။ သိပ်ပြီး နှိမ့်ချမနေတော့ဘူး။ business card ပါ လုပ်ပစ်မှာ။ ဒီဘွဲ့ကို ကျွန်တော် ပိုင်ပြီလေ။ ဒါပေမယ့် ကျွန်တော့်သူငယ်ချင်းတွေအားလုံးကတော့ ကျွန်တော့်ကို ဝိုင်းသမကြတော့မှာဗျ။ အဲဒါတော့ ကျွန်တော်လည်း မျှော်လင့်ထားပြီးသားပါ။ အဲဒါကြောင့်ပဲ ကျွန်တော့်သူငယ်ချင်း‌တွေ ဖြစ်နေကြတာလေ … ” လို့ Paul က ဆိုထားပါတယ်။

Glasgow

Source: people

(Zawgyi Version)

People မဂၢဇင္းက ႏွစ္စဥ္ ေရြးခ်ယ္ေပးေနက် ျဖစ္တဲ့ Sexiest Man Alive ဘြဲ႕ကေတာ့ ယခု ၂၀၂၁ ခုႏွစ္အတြက္ မင္းသား Paul Rudd က ေရြးခ်ယ္အပ္ႏွင္းခံလိုက္ရၿပီလို႔ သိရပါတယ္။

Paul ကေတာ့ ဒီဘြဲ႕အမည္နာမကို လက္ခံဖို႔ရာ အတန္ငယ္ ခက္ခဲေနတယ္လို႔လည္း သိရပါတယ္။ အသက္(၅၂)ႏွစ္အရြယ္ ရွိၿပီျဖစ္တဲ့ မင္းသားဟာ ၾကင္နာတတ္သူ၊ မိမိကိုယ့္ကို ႏွိမ့္ခ်ၿပီး ရိုးရိုးကုပ္ကုပ္ေနတတ္သူ၊ ခင္မင္ေဖာ္ေရြတတ္သူ၊ အလုပ္ႀကိဳးစားသူ အစရွိသျဖင့္ ဂုဏ္ပုဒ္ေတြ တပ္နိုင္ေပမယ့္ ဆြဲေဆာင္မွုရွိတယ္ဆိုတဲ့ စကားလုံးကေတာ့ သူနဲ႔ သိပ္ၿပီး လိုက္ဖက္မွုမရွိသလိုပါပဲ။

“ဒီ title ကို ကၽြန္ေတာ္ရသြားတယ္လို႔ လူေတြ သိသြားၾကတာနဲ႔ “ဘာ …!” ဆိုၿပီး ျဖစ္သြားၾကမယ္ဆိုတာေလာက္ေတာ့ ကၽြန္ေတာ္ သိထားပါတယ္။ ကိုယ့္ကိုယ္ကို အတင္းႀကီး မတန္ဘူးလို႔ ႏွိမ့္ခ်ေနတာ မဟုတ္ပါဘူး။ ကၽြန္ေတာ့္ထက္အရင္ ဒီ title ကို ရသင့္တဲ့သူေတြ အမ်ားႀကီး ရွိပါတယ္ … ” လို႔ People ရဲ့ ယခုတစ္ပတ္အတြက္ မ်က္ႏွာဖုံးကာဗာမွာ Sexiest Man Alive အျဖစ္ ပါဝင္ရင္း Paul က ေျပာထားပါတယ္။

Photo Credit: People/ Alexei Hay

တကယ္ေတာ့ Paul ဟာ ကိုယ့္ကိုယ္ကို ႏွိမ့္ခ်တတ္လြန္းသူ ျဖစ္ေနတာေၾကာင့္လည္း ဒီ title ရရွိသြားတာနဲ႔ ပတ္သက္ၿပီး အခုလိုေတြ ေျပာေနတာ ျဖစ္ပါတယ္။ အစိမ္းေရာင္မ်က္လုံးေတြနဲ႔ မ်က္ႏွာခ်ိဳတဲ့အျပင္ ႏွစ္ေပါင္းမ်ားစြာ ႐ုပ္ရွင္ေလာကမွာ က်င္လည္ခဲ့ေပမယ့္ အရြယ္က နည္းနည္းေလးမွ မက်သြားတဲ့အတြက္ ပရိသတ္ေတြကေတာင္ ဩခ်ထားရသူလည္း ျဖစ္ပါတယ္။

ယခုလ တလတည္းမွာတင္ Apple TV+ မွာ ျပသမယ့္ The Shrink Next Door ဆိုတဲ့ ဇာတ္လမ္းတြဲမွာ ပါဝင္ထားၿပီး ေဟာလိဝုဒ္ရဲ့ နာမည္ႀကီး franchise တခုျဖစ္တဲ့ Ghostbusters: Afterlife မွာလည္း ပါဝင္ထားပါေသးတယ္။

Paul ဟာ စူပါစတားတေယာက္ရဲ့ ေအာင္ျမင္ေက်ာ္ၾကားမွုေတြကို ရရွိထားၿပီး ျဖစ္ေပမယ့္လည္း သူ႔ရဲ့ (၁၈)ႏွစ္ၾကာ အိမ္ေထာင္ဘက္ Julie နဲ႔အတူ အသက္(၁၇)ႏွစ္အရြယ္ Jack ၊ အသက္(၁၂)ႏွစ္အရြယ္ Darby တို႔နဲ႔အတူ ေပ်ာ္ရႊင္ခ်မ္းေျမ့တဲ့ မိသားစုဘဝေလးကို တည္ေဆာက္ထားနိုင္သူ ျဖစ္ပါတယ္။

Photo Credit: People/ Alexei Hay

“ကိုယ့္အေၾကာင္း ကိုယ္ေတြးမိရင္ေတာ့ ကၽြန္ေတာ္ဟာ ခင္ပြန္းတေယာက္ ျဖစ္တယ္၊ ဖခင္တေယာက္ ျဖစ္တယ္လို႔ပဲ ေတြးမိတယ္။ အလုပ္အားတဲ့ အခ်ိန္ေတြဆိုရင္ ကၽြန္ေတာ့္မိသားစုနဲ႔ပဲ အတူအခ်ိန္ကုန္ေလ့ ရွိတယ္။ ကၽြန္ေတာ္ အႀကိဳက္ဆုံးကလည္း အဲဒါပဲ … ” လို႔ Paul က ဆိုပါတယ္။

Paul ဟာ ဒီ title ကို ရသြားတဲ့အေၾကာင္း တရားဝင္ မေၾကညာရေသးခင္ သူ႔ရဲ့ ဇနီးသည္ကိုပဲ အရင္ဆုံး ႀကိဳေျပာမိခဲ့တယ္လို႔ ဆိုပါတယ္။

Photo Credit: People/ Alexei Hay

“သူကေတာ့ လုံးဝ ေက်ာက္႐ုပ္လို ျဖစ္သြားတာပဲ။ ဒါေပမယ့္ သိတယ္မွတ္လား။ သူကေတာ့ ဒါနဲ႔ပတ္သက္ၿပီး အေကာင္းပဲ ေျပာပါတယ္။ ခဏေလာက္ ေရွာ့ခ္ရသြားၿပီး ရယ္ေမာၿပီးတာနဲ႔ … သူတို႔ လူေရြးတာ မွန္တယ္ဘာညာေပါ့ဗ်ာ။ သူ တကယ္အမွန္အတိုင္း ေျပာတာေတာင္ ျဖစ္ခ်င္မွ ျဖစ္မွာပါ။ ဒါေပမယ့္လည္း သူ႔အေနနဲ႔ အဲလိုမေျပာရင္ ဘယ္လိုေျပာရမလဲဗ်ာ … ဟုတ္တယ္မွတ္လား ….” လို႔ သူ႔ဇနီးျဖစ္သူရဲ့ Sexiest Man Alive title အေပၚ တုံ႔ျပန္မွုကိုလည္း ေျပာျပထားပါတယ္။

“ဒီ title ရသြားမွေတာ့ဗ်ာ။ သိပ္ၿပီး ႏွိမ့္ခ်မေနေတာ့ဘူး။ business card ပါ လုပ္ပစ္မွာ။ ဒီဘြဲ႕ကို ကၽြန္ေတာ္ ပိုင္ၿပီေလ။ ဒါေပမယ့္ ကၽြန္ေတာ့္သူငယ္ခ်င္းေတြအားလုံးကေတာ့ ကၽြန္ေတာ့္ကို ဝိုင္းသမၾကေတာ့မွာဗ်။ အဲဒါေတာ့ ကၽြန္ေတာ္လည္း ေမၽွာ္လင့္ထားၿပီးသားပါ။ အဲဒါေၾကာင့္ပဲ ကၽြန္ေတာ့္သူငယ္ခ်င္း‌ေတြ ျဖစ္ေနၾကတာေလ … ” လို႔ Paul က ဆိုထားပါတယ္။

Glasgow

Source: people

RELATED ARTICLES

Most Popular