HomeDramaမင်းသား So Ji Sub နဲ့ Shin Sung Rok တို့ကို အတူမြင်တွေ့ရဦးမယ့် Dr. Lawyer ဒရာမာ

မင်းသား So Ji Sub နဲ့ Shin Sung Rok တို့ကို အတူမြင်တွေ့ရဦးမယ့် Dr. Lawyer ဒရာမာ

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

ပရိသတ်တွေ အားပေးကြတဲ့ မင်းသားနှစ်လက်ကို MBC ရဲ့ ဒရာမာအသစ်တစ်ခုမှာ အတူတူ မြင်တွေ့ရတော့မှာ ဖြစ်ပါတယ်။ ဒရာမာအမည်ကတော့ Dr. Lawyer လို့ သိရပါတယ်။

ဗီလိန်ဇာတ်ရုပ်တွေမှာ သရုပ်ဆောင်ပြီး ပရိသတ်တွေရဲ့ အားပေးမှုကို ရရှိထားတဲ့ မင်းသား Shin Sung Rok ရဲ့ အေဂျင်စီကတော့ ဒီဒရာမာထဲမှာ ပါဝင်မယ့်အကြောင်းကို အတည်ပြုပေးထားပြီးပါပြီ။ အလားတူပဲ ဒရာမာလောကကနေ အနားယူနေတဲ့ ပရိသတ်တွေ မတွေ့ရတာ ကြာနေပြီဖြစ်တဲ့ မင်းသား So Ji Sub ဟာလည်း ဒီဒရာမာထဲမှာ ပါဝင်ဖို့ အတည်ပြုပြီး ဖြစ်ပါတယ်။

Photo: sojisubofficial/ Instagram

ဇာတ်လမ်းကတော့ ဆေးမှုခင်းဒရာမာ အမျိုးအစားဖြစ်ပြီး ခွဲစိတ်မှုတစ်ခုကြောင့် ပိုင်ဆိုင်သမျှ အရာအားလုံး ဆုံးရှုံးလိုက်ရတဲ့ ဂျီးနီးယက်စ် ခွဲစိတ်ဆရာဝန်တစ်ယောက်နဲ့ အဲဒီခွဲစိတ်မှုကြောင့် တစ်ဦးတည်းသော မိသားစုဝင်ကို ဆုံးရှုံးလိုက်ရတဲ့ အစိုးရရှေ့နေတစ်ယောက်ရဲ့ ဇာတ်လမ်းပဲ ဖြစ်ပါတယ်။ သူတို့နှစ်ဦး ပူးပေါင်းပြီး လူတစ်ယောက်ရဲ့အသက်ကို ငွေကြေးစည်းစိမ် ပိုင်ဆိုင်မှုနဲ့ တန်ဖိုးဖြတ်ဖို့ ကြိုးစားသူတွေကို အပြစ်ပေးကြမှာ ဖြစ်ပါတယ်။

So Ji Sub ကတော့ Han Yi Han ဆိုတဲ့ ဇာတ်ရုပ်ကနေ သရုပ်ဆောင်မှာ ဖြစ်ပါတယ်။ Han Yi Han ကတော့ အထွေထွေခွဲစိတ်မှုမှာရော၊ ရင်ခေါင်းပိုင်းဆိုင်ရာ ခွဲစိတ်မှုမှာပါ နှစ်ထပ်ကွမ်း ကျွမ်းကျင်တတ်မြောက်တဲ့ ပါရမီရှင် ခွဲစိတ်ဆရာဝန် ဖြစ်ပါတယ်။

Photo: shin_sung_rok/ Instagram

Shin Sung Rok ကတော့ Honors Hand ကုမ္ပဏီရဲ့ အာရှရုံးခွဲ ဥက္ကဌ Jayden Lee ရဲ့ နေရာက ပါဝင်သရုပ်ဆောင်ရမှာပါ။ အဲဒီကုမ္ပဏီကတော့ ရင်းနှီးမြှုပ်နှံမှုနဲ့ လော်ဘီလုပ်ပေးတဲ့နေရာမှာ အထူးပြု ဝန်ဆောင်မှုပေးတဲ့ ကုမ္ပဏီ ဖြစ်ပါတယ်။ Jayden Lee ဟာ သူ့ရဲ့ စကားတစ်ခွန်း၊ အပြုအမူတစ်ခုနဲ့တင် အရာအားလုံးကို ထိန်းချုပ်နိုင်စွမ်းရှိပြီး ကိစ္စတစ်ခု အောင်မြင်ဖို့အတွက်ကိုလည်း ဘာမဆိုလုပ်လေ့ရှိသူ ဖြစ်ပါတယ်။ Jayden Lee ဟာ ခန့်မှန်းရခက်ခဲသူ ဖြစ်ပြီး ဒီဒရာမာထဲက အရေးကြီးတဲ့ဇာတ်ရုပ်တစ်ခုလည်း ဖြစ်တယ်လို့ ဆိုထားပါတယ်။

ဇာတ်လမ်းကိုတော့ Mr. Temporary ကို ရေးသားပေးခဲ့တဲ့ Jang Hong Chul က ရေးသားပေးထားပြီး ဒါရိုက်တာကတော့ Haechi ၊ The Village Achiara’s Secret နဲ့ Iljimae တို့ကို ရိုက်ကူးပေးခဲ့တဲ့ Lee Yong Suk က ရိုက်ကူးပေးမှာ ဖြစ်ပါတယ်။

Dr. Lawyer ကတော့ အပိုင်း(၁၆)ပိုင်း ပါဝင်မှာ ဖြစ်ပြီး ၂၀၂၂ ခုနှစ်ရဲ့ ပထမနှစ်ဝက်အတွင်းမှာ MBC ရုပ်သံလိုင်းက ထုတ်လွှင့်ပြသမယ်လို့ သိရပါတယ်။

Glasgow

Source: soompi

(Zawgyi Version)

ပရိသတ္ေတြ အားေပးၾကတဲ့ မင္းသားႏွစ္လက္ကို MBC ရဲ့ ဒရာမာအသစ္တစ္ခုမွာ အတူတူ ျမင္ေတြ႕ရေတာ့မွာ ျဖစ္ပါတယ္။ ဒရာမာအမည္ကေတာ့ Dr. Lawyer လို႔ သိရပါတယ္။

ဗီလိန္ဇာတ္႐ုပ္ေတြမွာ သ႐ုပ္ေဆာင္ၿပီး ပရိသတ္ေတြရဲ့ အားေပးမွုကို ရရွိထားတဲ့ မင္းသား Shin Sung Rok ရဲ့ ေအဂ်င္စီကေတာ့ ဒီဒရာမာထဲမွာ ပါဝင္မယ့္အေၾကာင္းကို အတည္ျပဳေပးထားၿပီးပါၿပီ။ အလားတူပဲ ဒရာမာေလာကကေန အနားယူေနတဲ့ ပရိသတ္ေတြ မေတြ႕ရတာ ၾကာေနၿပီျဖစ္တဲ့ မင္းသား So Ji Sub ဟာလည္း ဒီဒရာမာထဲမွာ ပါဝင္ဖို႔ အတည္ျပဳၿပီး ျဖစ္ပါတယ္။

Photo: sojisubofficial/ Instagram

ဇာတ္လမ္းကေတာ့ ေဆးမွုခင္းဒရာမာ အမ်ိဳးအစားျဖစ္ၿပီး ခြဲစိတ္မွုတစ္ခုေၾကာင့္ ပိုင္ဆိုင္သမၽွ အရာအားလုံး ဆုံးရွုံးလိုက္ရတဲ့ ဂ်ီးနီးယက္စ္ ခြဲစိတ္ဆရာဝန္တစ္ေယာက္နဲ႔ အဲဒီခြဲစိတ္မွုေၾကာင့္ တစ္ဦးတည္းေသာ မိသားစုဝင္ကို ဆုံးရွုံးလိုက္ရတဲ့ အစိုးရေရွ႕ေနတစ္ေယာက္ရဲ့ ဇာတ္လမ္းပဲ ျဖစ္ပါတယ္။ သူတို႔ႏွစ္ဦး ပူးေပါင္းၿပီး လူတစ္ေယာက္ရဲ့အသက္ကို ေငြေၾကးစည္းစိမ္ ပိုင္ဆိုင္မွုနဲ႔ တန္ဖိုးျဖတ္ဖို႔ ႀကိဳးစားသူေတြကို အျပစ္ေပးၾကမွာ ျဖစ္ပါတယ္။

So Ji Sub ကေတာ့ Han Yi Han ဆိုတဲ့ ဇာတ္႐ုပ္ကေန သ႐ုပ္ေဆာင္မွာ ျဖစ္ပါတယ္။ Han Yi Han ကေတာ့ အေထြေထြခြဲစိတ္မွုမွာေရာ၊ ရင္ေခါင္းပိုင္းဆိုင္ရာ ခြဲစိတ္မွုမွာပါ ႏွစ္ထပ္ကြမ္း ကၽြမ္းက်င္တတ္ေျမာက္တဲ့ ပါရမီရွင္ ခြဲစိတ္ဆရာဝန္ ျဖစ္ပါတယ္။

Photo: shin_sung_rok/ Instagram

Shin Sung Rok ကေတာ့ Honors Hand ကုမၸဏီရဲ့ အာရွ႐ုံးခြဲ ဥကၠဌ Jayden Lee ရဲ့ ေနရာက ပါဝင္သ႐ုပ္ေဆာင္ရမွာပါ။ အဲဒီကုမၸဏီကေတာ့ ရင္းႏွီးျမႇုပ္ႏွံမွုနဲ႔ ေလာ္ဘီလုပ္ေပးတဲ့ေနရာမွာ အထူးျပဳ ဝန္ေဆာင္မွုေပးတဲ့ ကုမၸဏီ ျဖစ္ပါတယ္။ Jayden Lee ဟာ သူ႔ရဲ့ စကားတစ္ခြန္း၊ အျပဳအမူတစ္ခုနဲ႔တင္ အရာအားလုံးကို ထိန္းခ်ဳပ္နိုင္စြမ္းရွိၿပီး ကိစၥတစ္ခု ေအာင္ျမင္ဖို႔အတြက္ကိုလည္း ဘာမဆိုလုပ္ေလ့ရွိသူ ျဖစ္ပါတယ္။ Jayden Lee ဟာ ခန႔္မွန္းရခက္ခဲသူ ျဖစ္ၿပီး ဒီဒရာမာထဲက အေရးႀကီးတဲ့ဇာတ္႐ုပ္တစ္ခုလည္း ျဖစ္တယ္လို႔ ဆိုထားပါတယ္။

ဇာတ္လမ္းကိုေတာ့ Mr. Temporary ကို ေရးသားေပးခဲ့တဲ့ Jang Hong Chul က ေရးသားေပးထားၿပီး ဒါရိုက္တာကေတာ့ Haechi ၊ The Village Achiara’s Secret နဲ႔ Iljimae တို႔ကို ရိုက္ကူးေပးခဲ့တဲ့ Lee Yong Suk က ရိုက္ကူးေပးမွာ ျဖစ္ပါတယ္။

Dr. Lawyer ကေတာ့ အပိုင္း(၁၆)ပိုင္း ပါဝင္မွာ ျဖစ္ၿပီး ၂၀၂၂ ခုႏွစ္ရဲ့ ပထမႏွစ္ဝက္အတြင္းမွာ MBC ႐ုပ္သံလိုင္းက ထုတ္လႊင့္ျပသမယ္လို႔ သိရပါတယ္။

Glasgow

Source: soompi

RELATED ARTICLES

Most Popular