HomeCelebs Update NewsKoreaမင်းသမီးချော Son Ye Jin နဲ့ ဖက်ရှင်အမွှာ ဖြစ်ခဲ့ကြတဲ့ K-pop စတားများ

မင်းသမီးချော Son Ye Jin နဲ့ ဖက်ရှင်အမွှာ ဖြစ်ခဲ့ကြတဲ့ K-pop စတားများ

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

မင်းသမီးချော Son Ye Jin ကတော့ သရုပ်ဆောင်ပိုင်းမှာတင်မက သူမရဲ့ လှပမှုနဲ့ ဖက်ရှင်တွေကြောင့်ပါ ကိုရီးယားအနုပညာလောကမှာ အောင်မြင်ကျော်ကြားသူ ဖြစ်ပါတယ်။ နိုင်ငံတကာပရိသတ်တွေအထိပါ အောင်မြင်ခဲ့တဲ့ သူမရဲ့ဒရာမာ Crash Landing On You ဆိုရင်လည်း ဇာတ်လမ်းနဲ့ သရုပ်ဆောင်မှုတွေအပြင် သူမရဲ့ ဖက်ရှင်တွေကပါ ပရိသတ်ကို ဆွဲဆောင်နိုင်ခဲ့ပါတယ်။

တကယ်တော့ ကိုရီးယားဖျော်ဖြေရေးလောကဟာ ကမ္ဘာက စောင့်ကြည့်လာရတာနဲ့အညီ ဖက်ရှင်ပြေးလမ်းတစ်ခုသဖွယ် ဖြစ်လာပြီး သရုပ်ဆောင်တွေနဲ့ K-pop Idols တွေကြားမှာလည်း ဖက်ရှင်ချင်း တိုက်ဆိုင်သွားတာတွေ ရှိတတ်ပါတယ်။ အခုဖော်ပြပေးမှာကတော့ Son Ye Jin နဲ့ K-pop Idol တွေရဲ့ ဖက်ရှင်ချင်း တိုက်ဆိုင်မိခဲ့တဲ့ အခိုက်အတန့်လေးတွေပဲ ဖြစ်ပါတယ်။

Son Ye Jin နဲ့ BLACKPINK Jennie
Photo via Instagram

ဒီအပြာရောင် ဂျက်ကတ်နဲ့ စကတ်ဝမ်းဆက်လေးကတော့ Chanel brand ဖြစ်ပြီး Spring Summer 2020 Cruise Collection အနေနဲ့ ထုတ်လုပ်ခဲ့တာ ဖြစ်ပါတယ်။ အပေါ်ပိုင်း ဂျက်ကတ်လေးကတော့ ဒေါ်လာ(၆၈၅၀)တန်ဖိုး ရှိပြီး စကတ်လေးကတော့ ဒေါ်လာ(၃၅၀၀)တန်ဖိုး ရှိပါတယ်။

Photo Credit: tvN

BLACKPINK အဖွဲ့က Jennie ကတော့ ဒီဝတ်စုံလေးကို ၂၀၁၉ ခုနှစ် နိုဝင်ဘာလထုတ် Vogue Korea မဂ္ဂဇင်းအတွက် ဖက်ရှင်ဓာတ်ပုံ ရိုက်ကူးပေးရာမှာ ဝတ်ဆင်ခဲ့တာ ဖြစ်ပါတယ်။  Son Ye Jin ကတော့ ဒီဝတ်စုံလေးကိုပဲ Crash Landing On You ထဲက အပိုင်းတစ်ခုမှာ ဝတ်ဆင်ခဲ့တာ တွေ့ရပါတယ်။

Son Ye Jin နဲ့ Red Velvet Irene
Photo via Instagram

ရိုးရိုးရှင်းရှင်းလေးနဲ့ လှပနေတဲ့ ဒီ dress လေးကတော့ Blugirl brand ဖြစ်ပြီး ခန့်မှန်းချေ ဒေါ်လာ(၁၄၀၀)ခန့် တန်ဖိုးရှိပါတယ်။ ဒီဝတ်စုံလေးကိုတော့ Red Velvet အဖွဲ့ရဲ့ ခေါင်းဆောင်ဖြစ်တဲ့ Irene က ၂၀၁၇ ခုနှစ် ဒီဇင်ဘာလမှာ ကျင်းပခဲ့တဲ့ Golden Glove Awards ပွဲမှာ ဆင်မြန်းခဲ့ပါတယ်။

Photo Credit: StarDailyNews

Son Ye Jin ကတော့ ၂၀၁၇ ခုနှစ် မေလမှာ ကျင်းပခဲ့တဲ့ Chunsa Film Awards ပွဲကို တက်ရောက်ခဲ့တုန်းက ဒီဝတ်စုံလေးကို ဝတ်ဆင်ခဲ့တာ ဖြစ်ပါတယ်။

Son Ye Jin နဲ့ BLACKPINK Lisa
Photo via Instagram

ရွှေရောင်အနားကွပ်နဲ့ ဒီအနက်ရောင် ကုတ်အင်္ကျီလေးကတော့ Celine brand ဖြစ်ပါတယ်။ နာမည်ကျော် ဇိမ်ခံ brand တစ်ခု ဖြစ်တာနဲ့အညီ တန်ဖိုးကလည်း ခေါင်ခိုက်နေပါတယ်။ ဒီကုတ်အင်္ကျီလေးရဲ့ ခန့်မှန်းချေ တန်ဖိုးကတော့ ဒေါ်လာ(၂၂၀၀)ခန့် ရှိပါတယ်။

BLACKPINK အဖွဲ့က dance machine လေး Lisa ကတော့ ဒီကုတ်အင်္ကျီလေးကို အောက်ခံအဖြူရောင်ရှပ်၊ ဂျင်းဘောင်းဘီတို့နဲ့ တွဲဖက်ဝတ်ဆင်ခဲ့ဖူးပါတယ်။ သူမကတော့ ၂၀၁၉ ခုနှစ်က Paris Fashion Week ကို တက်ရောက်စဉ်က ဒီဖက်ရှင်ကို ဆင်မြန်းခဲ့တာ ဖြစ်ပါတယ်။

Photo Credit: tvN

Son Ye Jin ကတော့ ဒရာမာထဲမှာ ဒီကုတ်လေးကို ဝတ်ဆင်ခဲ့တာ ဖြစ်ပါတယ်။ သူမကတော့ အသွင်တစ်မျိုးလေး ပြောင်းလဲအောင် ကော်လာလှလှလေး ပါဝင်တဲ့ အောက်ခံ ခရင်မ်ရောင်ရှပ်လေးနဲ့ တွဲဖက်ဝတ်ဆင်ထားတာ တွေ့ရပါတယ်။

Son Ye Jin နဲ့ IU
Photo Credit: Kakao M CORP

Son Ye Jin နဲ့ IU ကတော့ ထူးထူးခြားခြားပဲ ဝတ်စုံနှစ်ခုတောင် လာတိုက်ဆိုင်နေတာ ဖြစ်ပါတယ်။ ပထမဝတ်စုံကတော့ အဖြူနဲ့အစိမ်း ပွင့်ရိုက်ဒီဇိုင်း ကိုယ်ကျပ် dress လေး ဖြစ်ပြီး Dolce & Gabbana brand ဖြစ်ပါတယ်။ ဒါကတော့ 2019 Autumn-Winter collection အဖြစ် ထုတ်လုပ်ခဲ့တဲ့ dress လေး ဖြစ်ပါတယ်။

Photo Credit: tvN

ဒီ dress လေးကိုတော့ IU ဟာ သူမရဲ့ “Love Poem” တေးအယ်လ်ဘမ်ရဲ့ ကာဗာဓာတ်ပုံလေးမှာ ဝတ်ဆင်ခဲ့တာ ဖြစ်ပါတယ်။ Son Ye Jin ကတော့ Crash Landing On You ထဲက ဇာတ်ဝင်ခန်းတစ်ခုမှာ ဆင်မြန်းခဲ့တာ ဖြစ်ပြီး chaebol သူဌေးသမီးနဲ့ ပိုတူအောင် စိန်လည်ဆွဲလေးနဲ့ ဖြည့်စွက်ထားတာ တွေ့ရပါတယ်။

Photo Credit: Dazed

နောက်ထပ် တိုက်ဆိုင်ခဲ့တဲ့ ဝတ်စုံကတော့ plaid suit ဖြစ်ပြီး Gucci brand ဖြစ်ပါတယ်။ ဒါကတော့ Autumn-Winter 2019 collection အတွက် ထုတ်လုပ်ခဲ့တာပါ။

Photo Credit: tvN

IU ကတော့ ဒီ suit လေးကို Dazed မဂ္ဂဇင်းအတွက် ဖက်ရှင်ဓာတ်ပုံ ရိုက်ကူးပေးရာမှာ ဆင်မြန်းခဲ့တာ ဖြစ်ပါတယ်။ IU ဟာ သူမရဲ့ ဖက်ရှင်မှာ ပြီးပြည့်စုံသွားစေဖို့ ခဲရောင် Gucci လက်ကိုင်အိတ်နဲ့ တွဲဖက်ထားတာ တွေ့ရပါတယ်။ Son Ye Jin ကတော့ ဒီဝတ်စုံကိုပဲ Crash Landing On You ထဲက အပိုင်းတစ်ခုမှာ ဝတ်ဆင်ခဲ့တာ ဖြစ်ပါတယ်။

Son Ye Jin နဲ့ Girls’ Generation Yoona
Photo Credit: Star Arena

ဒီအနက်ရောင်ဇာ dress လေးကတော့ Giambattista Valli brand က ဖြစ်ပြီး သူမတို့နှစ်ယောက်လုံးနဲ့ လိုက်ဖက်စွာ လှပနေပါတယ်။ Idol လည်းဖြစ်၊ မင်းသမီးလည်း ဖြစ်တဲ့ Yoona ကတော့ ဒီဝတ်စုံလေးကို ၂၀၁၉ ခုနှစ်မှာ ပြုလုပ်ကျင်းပခဲ့တဲ့ နိုင်ငံတကာ ရုပ်ရှင်ပွဲတော်တစ်ခုကို တက်ရောက်တုန်းက ဆင်မြန်းခဲ့တာ ဖြစ်ပါတယ်။

Photo Credit: tvN

Son Ye Jin ကတော့ Crash Landing On You ထဲမှာ ဝတ်ဆင်ခဲ့တာ ဖြစ်ပါတယ်။

Son Ye Jin နဲ့ Ong Seong Wu
Photo via fantagio

Son Ye Jin နဲ့ ထူးထူးခြားခြား ဖက်ရှင်ချင်း တိုက်ဆိုင်ခဲ့ကြတဲ့ Idol တွေထဲမှာ အမျိုးသားအဆိုတော် Ong Seong Wu လည်း ပါဝင်နေပါတယ်။ ဒီအရောင်စုံနဲ့ လှပတဲ့ cardigan လေးကတော့ Studio Tomboy brand ဖြစ်ပြီး ဒေါ်လာ (၃၈၀)တန်ဖိုး ရှိပါတယ်။

Photo Credit: tvN

ဒီ cardigan လေးကိုတော့ Wanna One အဖွဲ့ဝင်ဟောင်း Ong Seong Wu က “We Belong” music video ထဲမှာ ဝတ်ဆင်ခဲ့ပါတယ်။ Son Ye Jin ကလည်း ဒီ cardigan လေးကိုပဲ လည်ထောင်အင်္ကျီလေးနဲ့ တွဲဖက်ပြီး Crash Landing On You ထဲမှာ ဝတ်ဆင်ထားတာ တွေ့ရပါတယ်။

Glasgow
(Zawgyi Version)

မင္းသမီးေခ်ာ Son Ye Jin ကေတာ့ သ႐ုပ္ေဆာင္ပိုင္းမွာတင္မက သူမရဲ့ လွပမွုနဲ႔ ဖက္ရွင္ေတြေၾကာင့္ပါ ကိုရီးယားအႏုပညာေလာကမွာ ေအာင္ျမင္ေက်ာ္ၾကားသူ ျဖစ္ပါတယ္။ နိုင္ငံတကာပရိသတ္ေတြအထိပါ ေအာင္ျမင္ခဲ့တဲ့ သူမရဲ့ဒရာမာ Crash Landing On You ဆိုရင္လည္း ဇာတ္လမ္းနဲ႔ သ႐ုပ္ေဆာင္မွုေတြအျပင္ သူမရဲ့ ဖက္ရွင္ေတြကပါ ပရိသတ္ကို ဆြဲေဆာင္နိုင္ခဲ့ပါတယ္။

တကယ္ေတာ့ ကိုရီးယားေဖ်ာ္ေျဖေရးေလာကဟာ ကမၻာက ေစာင့္ၾကည့္လာရတာနဲ႔အညီ ဖက္ရွင္ေျပးလမ္းတစ္ခုသဖြယ္ ျဖစ္လာၿပီး သ႐ုပ္ေဆာင္ေတြနဲ႔ K-pop Idols ေတြၾကားမွာလည္း ဖက္ရွင္ခ်င္း တိုက္ဆိုင္သြားတာေတြ ရွိတတ္ပါတယ္။ အခုေဖာ္ျပေပးမွာကေတာ့ Son Ye Jin နဲ႔ K-pop Idol ေတြရဲ့ ဖက္ရွင္ခ်င္း တိုက္ဆိုင္မိခဲ့တဲ့ အခိုက္အတန႔္ေလးေတြပဲ ျဖစ္ပါတယ္။

Son Ye Jin နဲ႔ BLACKPINK Jennie
Photo via Instagram

ဒီအျပာေရာင္ ဂ်က္ကတ္နဲ႔ စကတ္ဝမ္းဆက္ေလးကေတာ့ Chanel brand ျဖစ္ၿပီး Spring Summer 2020 Cruise Collection အေနနဲ႔ ထုတ္လုပ္ခဲ့တာ ျဖစ္ပါတယ္။ အေပၚပိုင္း ဂ်က္ကတ္ေလးကေတာ့ ေဒၚလာ(၆၈၅၀)တန္ဖိုး ရွိၿပီး စကတ္ေလးကေတာ့ ေဒၚလာ(၃၅၀၀)တန္ဖိုး ရွိပါတယ္။

Photo Credit: tvN

BLACKPINK အဖြဲ႕က Jennie ကေတာ့ ဒီဝတ္စုံေလးကို ၂၀၁၉ ခုႏွစ္ နိုဝင္ဘာလထုတ္ Vogue Korea မဂၢဇင္းအတြက္ ဖက္ရွင္ဓာတ္ပုံ ရိုက္ကူးေပးရာမွာ ဝတ္ဆင္ခဲ့တာ ျဖစ္ပါတယ္။  Son Ye Jin ကေတာ့ ဒီဝတ္စုံေလးကိုပဲ Crash Landing On You ထဲက အပိုင္းတစ္ခုမွာ ဝတ္ဆင္ခဲ့တာ ေတြ႕ရပါတယ္။

Son Ye Jin နဲ႔ Red Velvet Irene
Photo via Instagram

ရိုးရိုးရွင္းရွင္းေလးနဲ႔ လွပေနတဲ့ ဒီ dress ေလးကေတာ့ Blugirl brand ျဖစ္ၿပီး ခန႔္မွန္းေခ် ေဒၚလာ(၁၄၀၀)ခန႔္ တန္ဖိုးရွိပါတယ္။ ဒီဝတ္စုံေလးကိုေတာ့ Red Velvet အဖြဲ႕ရဲ့ ေခါင္းေဆာင္ျဖစ္တဲ့ Irene က ၂၀၁၇ ခုႏွစ္ ဒီဇင္ဘာလမွာ က်င္းပခဲ့တဲ့ Golden Glove Awards ပြဲမွာ ဆင္ျမန္းခဲ့ပါတယ္။

Photo Credit: StarDailyNews

Son Ye Jin ကေတာ့ ၂၀၁၇ ခုႏွစ္ ေမလမွာ က်င္းပခဲ့တဲ့ Chunsa Film Awards ပြဲကို တက္ေရာက္ခဲ့တုန္းက ဒီဝတ္စုံေလးကို ဝတ္ဆင္ခဲ့တာ ျဖစ္ပါတယ္။

Son Ye Jin နဲ႔ BLACKPINK Lisa
Photo via Instagram

ေရႊေရာင္အနားကြပ္နဲ႔ ဒီအနက္ေရာင္ ကုတ္အကၤ်ီေလးကေတာ့ Celine brand ျဖစ္ပါတယ္။ နာမည္ေက်ာ္ ဇိမ္ခံ brand တစ္ခု ျဖစ္တာနဲ႔အညီ တန္ဖိုးကလည္း ေခါင္ခိုက္ေနပါတယ္။ ဒီကုတ္အကၤ်ီေလးရဲ့ ခန႔္မွန္းေခ် တန္ဖိုးကေတာ့ ေဒၚလာ(၂၂၀၀)ခန႔္ ရွိပါတယ္။

BLACKPINK အဖြဲ႕က dance machine ေလး Lisa ကေတာ့ ဒီကုတ္အကၤ်ီေလးကို ေအာက္ခံအျဖဴေရာင္ရွပ္၊ ဂ်င္းေဘာင္းဘီတို႔နဲ႔ တြဲဖက္ဝတ္ဆင္ခဲ့ဖူးပါတယ္။ သူမကေတာ့ ၂၀၁၉ ခုႏွစ္က Paris Fashion Week ကို တက္ေရာက္စဥ္က ဒီဖက္ရွင္ကို ဆင္ျမန္းခဲ့တာ ျဖစ္ပါတယ္။

Photo Credit: tvN

Son Ye Jin ကေတာ့ ဒရာမာထဲမွာ ဒီကုတ္ေလးကို ဝတ္ဆင္ခဲ့တာ ျဖစ္ပါတယ္။ သူမကေတာ့ အသြင္တစ္မ်ိဳးေလး ေျပာင္းလဲေအာင္ ေကာ္လာလွလွေလး ပါဝင္တဲ့ ေအာက္ခံ ခရင္မ္ေရာင္ရွပ္ေလးနဲ႔ တြဲဖက္ဝတ္ဆင္ထားတာ ေတြ႕ရပါတယ္။

Son Ye Jin နဲ႔ IU
Photo Credit: Kakao M CORP

Son Ye Jin နဲ႔ IU ကေတာ့ ထူးထူးျခားျခားပဲ ဝတ္စုံႏွစ္ခုေတာင္ လာတိုက္ဆိုင္ေနတာ ျဖစ္ပါတယ္။ ပထမဝတ္စုံကေတာ့ အျဖဴနဲ႔အစိမ္း ပြင့္ရိုက္ဒီဇိုင္း ကိုယ္က်ပ္ dress ေလး ျဖစ္ၿပီး Dolce & Gabbana brand ျဖစ္ပါတယ္။ ဒါကေတာ့ 2019 Autumn-Winter collection အျဖစ္ ထုတ္လုပ္ခဲ့တဲ့ dress ေလး ျဖစ္ပါတယ္။

Photo Credit: tvN

ဒီ dress ေလးကိုေတာ့ IU ဟာ သူမရဲ့ “Love Poem” ေတးအယ္လ္ဘမ္ရဲ့ ကာဗာဓာတ္ပုံေလးမွာ ဝတ္ဆင္ခဲ့တာ ျဖစ္ပါတယ္။ Son Ye Jin ကေတာ့ Crash Landing On You ထဲက ဇာတ္ဝင္ခန္းတစ္ခုမွာ ဆင္ျမန္းခဲ့တာ ျဖစ္ၿပီး chaebol သူေဌးသမီးနဲ႔ ပိုတူေအာင္ စိန္လည္ဆြဲေလးနဲ႔ ျဖည့္စြက္ထားတာ ေတြ႕ရပါတယ္။

Photo Credit: Dazed

ေနာက္ထပ္ တိုက္ဆိုင္ခဲ့တဲ့ ဝတ္စုံကေတာ့ plaid suit ျဖစ္ၿပီး Gucci brand ျဖစ္ပါတယ္။ ဒါကေတာ့ Autumn-Winter 2019 collection အတြက္ ထုတ္လုပ္ခဲ့တာပါ။

Photo Credit: tvN

IU ကေတာ့ ဒီ suit ေလးကို Dazed မဂၢဇင္းအတြက္ ဖက္ရွင္ဓာတ္ပုံ ရိုက္ကူးေပးရာမွာ ဆင္ျမန္းခဲ့တာ ျဖစ္ပါတယ္။ IU ဟာ သူမရဲ့ ဖက္ရွင္မွာ ၿပီးျပည့္စုံသြားေစဖို႔ ခဲေရာင္ Gucci လက္ကိုင္အိတ္နဲ႔ တြဲဖက္ထားတာ ေတြ႕ရပါတယ္။ Son Ye Jin ကေတာ့ ဒီဝတ္စုံကိုပဲ Crash Landing On You ထဲက အပိုင္းတစ္ခုမွာ ဝတ္ဆင္ခဲ့တာ ျဖစ္ပါတယ္။

Son Ye Jin နဲ႔ Girls’ Generation Yoona
Photo Credit: Star Arena

ဒီအနက္ေရာင္ဇာ dress ေလးကေတာ့ Giambattista Valli brand က ျဖစ္ၿပီး သူမတို႔ႏွစ္ေယာက္လုံးနဲ႔ လိုက္ဖက္စြာ လွပေနပါတယ္။ Idol လည္းျဖစ္၊ မင္းသမီးလည္း ျဖစ္တဲ့ Yoona ကေတာ့ ဒီဝတ္စုံေလးကို ၂၀၁၉ ခုႏွစ္မွာ ျပဳလုပ္က်င္းပခဲ့တဲ့ နိုင္ငံတကာ ႐ုပ္ရွင္ပြဲေတာ္တစ္ခုကို တက္ေရာက္တုန္းက ဆင္ျမန္းခဲ့တာ ျဖစ္ပါတယ္။

Photo Credit: tvN

Son Ye Jin ကေတာ့ Crash Landing On You ထဲမွာ ဝတ္ဆင္ခဲ့တာ ျဖစ္ပါတယ္။

Son Ye Jin နဲ႔ Ong Seong Wu
Photo via fantagio

Son Ye Jin နဲ႔ ထူးထူးျခားျခား ဖက္ရွင္ခ်င္း တိုက္ဆိုင္ခဲ့ၾကတဲ့ Idol ေတြထဲမွာ အမ်ိဳးသားအဆိုေတာ္ Ong Seong Wu လည္း ပါဝင္ေနပါတယ္။ ဒီအေရာင္စုံနဲ႔ လွပတဲ့ cardigan ေလးကေတာ့ Studio Tomboy brand ျဖစ္ၿပီး ေဒၚလာ (၃၈၀)တန္ဖိုး ရွိပါတယ္။

Photo Credit: tvN

ဒီ cardigan ေလးကိုေတာ့ Wanna One အဖြဲ႕ဝင္ေဟာင္း Ong Seong Wu က “We Belong” music video ထဲမွာ ဝတ္ဆင္ခဲ့ပါတယ္။ Son Ye Jin ကလည္း ဒီ cardigan ေလးကိုပဲ လည္ေထာင္အကၤ်ီေလးနဲ႔ တြဲဖက္ၿပီး Crash Landing On You ထဲမွာ ဝတ္ဆင္ထားတာ ေတြ႕ရပါတယ္။

Glasgow
RELATED ARTICLES

Most Popular