HomeDramaJTBC ရဲ့ ဒရာမာအသစ်မှာ သရုပ်ဆောင်သွားမယ့် Son Ye Jin 

JTBC ရဲ့ ဒရာမာအသစ်မှာ သရုပ်ဆောင်သွားမယ့် Son Ye Jin 

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

မင်းသမီးချော Son Ye Jin ကတော့ ပရောဂျက်အသစ်တစ်ခု ထပ်လုပ်ဖို့ အတည်ပြုလိုက်ပါပြီ။ အဲဒါကတော့ JTBC ရုပ်သံလိုင်းရဲ့ ဒရာမာအသစ်တစ်ခုမှာ ပါဝင်သရုပ်ဆောင်ဖို့ သဘောတူလိုက်တာပဲ ဖြစ်ပါတယ်။

ယနေ့ ဇွန်လ(၃၀)ရက်နေ့မှာပဲ Son Ye Jin ရဲ့ အေဂျင်စီဖြစ်တဲ့ MSTeam Entertainment က ကြေညာချက်တစ်စောင် ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။ “Son Ye Jin ဟာ “39” လို့ အမည်ရတဲ့ JTBC ရဲ့ ဒရာမာအသစ်မှာ ပါဝင်သရုပ်ဆောင်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ဒါဟာ “Something in the Rain” ဒရာမာအပြီး သုံးနှစ်အကြာမှာ ပထမဆုံး JTBC ဘက်ကို ပြန်လာမယ့် ဒရာမာလည်း ဖြစ်ပါတယ် … ” လို့ အေဂျင်စီရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

Photo: yejinhand/ Instagram

“39” လို့ အမည်ပေးထားတဲ့ ဒရာမာကတော့ အသက်(၄၀)ပြည့်လုပြည့်ခင် သူငယ်ချင်းသုံးယောက်ရဲ့ နေ့စဉ်ဘဝနဲ့ အချစ်ဇာတ်လမ်းအကြောင်းကို ရိုက်ကူးပြသမယ့် ဒရာမာဖြစ်ပြီး အပိုင်း(၁၂)ပိုင်း ပါဝင်မယ်လို့ သိရပါတယ်။ Son Ye Jin ပါဝင်သရုပ်ဆောင်မယ့် ဇာတ်ကောင်ကတော့ Cha Mi Jo ဆိုတဲ့ ဇာတ်ကောင်ပဲ ဖြစ်ပါတယ်။

Cha Min Jo ဟာ ချမ်းသာကြွယ်ဝတဲ့ မိသားစုအသိုင်းအဝိုင်းက ပေါက်ဖွားလာသူဖြစ်ပြီး သူမ တောင့်တသမျှ ပြည့်စုံတဲ့ဘဝမှာ နေထိုင်နေသူ ဖြစ်ပါတယ်။ ဒါ့အပြင် သူမဟာ ဂန်နမ်က အရေပြားဆေးခန်းတစ်ခုရဲ့ အကြီးအကဲရာထူးကို ရရှိထားပါတယ်။

Photo: yejinhand/ Instagram

ဒီဒရာမာထဲမှာ ပါဝင်သရုပ်ဆောင်ဖို့ ဆွေးနွေးနေဆဲ သရုပ်ဆောင်တွေလည်း ရှိပါသေးတယ်။ အဲဒီသရုပ်ဆောင်တွေကတော့ Jeon Mi Do ၊ Ahn So Hee ၊ Yeon Woo Jin နဲ့ Lee Moo Saeng တို့ ဖြစ်ပါတယ်။ သရုပ်ဆောင် ရွေးချယ်လို့ ပြီးတာနဲ့ ရိုက်ကူးရေးတွေ စတင်သွားမှာ ဖြစ်ပြီး လာမယ့် ဩဂုတ်လမှာ စတင်နိုင်ဖို့ လျာထားတယ်လို့ သိရပါတယ်။

Glasgow

Source: soompi

(Zawgyi Version)

မင္းသမီးေခ်ာ Son Ye Jin ကေတာ့ ပေရာဂ်က္အသစ္တစ္ခု ထပ္လုပ္ဖို႔ အတည္ျပဳလိုက္ပါၿပီ။ အဲဒါကေတာ့ JTBC ႐ုပ္သံလိုင္းရဲ႕ ဒရာမာအသစ္တစ္ခုမွာ ပါဝင္သ႐ုပ္ေဆာင္ဖို႔ သေဘာတူလိုက္တာပဲ ျဖစ္ပါတယ္။

ယေန႔ ဇြန္လ(၃၀)ရက္ေန႔မွာပဲ Son Ye Jin ရဲ႕ ေအဂ်င္စီျဖစ္တဲ့ MSTeam Entertainment က ေၾကညာခ်က္တစ္ေစာင္ ထုတ္ျပန္လိုက္တာ ျဖစ္ပါတယ္။ “Son Ye Jin ဟာ “39” လို႔ အမည္ရတဲ့ JTBC ရဲ႕ ဒရာမာအသစ္မွာ ပါဝင္သ႐ုပ္ေဆာင္ဖို႔ ဆုံးျဖတ္လိုက္ပါတယ္။ ဒါဟာ “Something in the Rain” ဒရာမာအၿပီး သုံးႏွစ္အၾကာမွာ ပထမဆုံး JTBC ဘက္ကို ျပန္လာမယ့္ ဒရာမာလည္း ျဖစ္ပါတယ္ … ” လို႔ ေအဂ်င္စီရဲ႕ ေၾကညာခ်က္မွာ ေဖာ္ျပထားပါတယ္။

Photo: yejinhand/ Instagram

“39” လို႔ အမည္ေပးထားတဲ့ ဒရာမာကေတာ့ အသက္(၄၀)ျပည့္လုျပည့္ခင္ သူငယ္ခ်င္းသုံးေယာက္ရဲ႕ ေန႔စဥ္ဘဝနဲ႔ အခ်စ္ဇာတ္လမ္းအေၾကာင္းကို ႐ိုက္ကူးျပသမယ့္ ဒရာမာျဖစ္ၿပီး အပိုင္း(၁၂)ပိုင္း ပါဝင္မယ္လို႔ သိရပါတယ္။ Son Ye Jin ပါဝင္သ႐ုပ္ေဆာင္မယ့္ ဇာတ္ေကာင္ကေတာ့ Cha Mi Jo ဆိုတဲ့ ဇာတ္ေကာင္ပဲ ျဖစ္ပါတယ္။

Cha Min Jo ဟာ ခ်မ္းသာႂကြယ္ဝတဲ့ မိသားစုအသိုင္းအဝိုင္းက ေပါက္ဖြားလာသူျဖစ္ၿပီး သူမ ေတာင့္တသမွ် ျပည့္စုံတဲ့ဘဝမွာ ေနထိုင္ေနသူ ျဖစ္ပါတယ္။ ဒါ့အျပင္ သူမဟာ ဂန္နမ္က အေရျပားေဆးခန္းတစ္ခုရဲ႕ အႀကီးအကဲရာထူးကို ရရွိထားပါတယ္။

Photo: yejinhand/ Instagram

ဒီဒရာမာထဲမွာ ပါဝင္သ႐ုပ္ေဆာင္ဖို႔ ေဆြးေႏြးေနဆဲ သ႐ုပ္ေဆာင္ေတြလည္း ရွိပါေသးတယ္။ အဲဒီသ႐ုပ္ေဆာင္ေတြကေတာ့ Jeon Mi Do ၊ Ahn So Hee ၊ Yeon Woo Jin နဲ႔ Lee Moo Saeng တို႔ ျဖစ္ပါတယ္။ သ႐ုပ္ေဆာင္ ေ႐ြးခ်ယ္လို႔ ၿပီးတာနဲ႔ ႐ိုက္ကူးေရးေတြ စတင္သြားမွာ ျဖစ္ၿပီး လာမယ့္ ဩဂုတ္လမွာ စတင္ႏိုင္ဖို႔ လ်ာထားတယ္လို႔ သိရပါတယ္။

Glasgow

Source: soompi

RELATED ARTICLES

Most Popular