HomeCelebs Update NewsKoreaInstagram ေပၚက Song Joong Ki နဲ႔ အမွတ္တရအားလုံးကို ဖ်က္ပစ္လိုက္တဲ့ Song Hye Kyo

Instagram ေပၚက Song Joong Ki နဲ႔ အမွတ္တရအားလုံးကို ဖ်က္ပစ္လိုက္တဲ့ Song Hye Kyo

အောက်တွင် ယူနီကုဒ်ဖြင့် ဖတ်ပါ။

Song-Song စုံတြဲရဲ႕ ေၾကကြဲစရာ လမ္းခြဲကို အဆုံးသတ္ၿပီးေနာက္မွာေတာ့ Song Hye Kyo ဟာ သူမရဲ႕ Instagram ေပၚမွာ တင္ထားသမွ် Song Joong Ki နဲ႔ ပတ္သက္တဲ့ အမွတ္တရ ဓာတ္ပုံအားလုံးကို ဖ်က္ပစ္လိုက္ပါၿပီ။

ႏွစ္ေယာက္တြဲရိုက္ထားတဲ့ ပုံေတြတင္မဟုတ္ဘဲ မဂၤလာေဆာင္အမွတ္တရ ဓာတ္ပုံေတြကိုပါ ဖ်က္ပစ္လိုက္တာျဖစ္ၿပီး သူမရဲ႕ Instagram အေကာင့္ကို Song Joong Ki နဲ႔ ပတ္သက္ဖူးတဲ့ အရာအားလုံးကေန ရွင္းလင္းပစ္လိုက္တာပါ။

Photo: koreaboo

Song Hye Kyo ဟာ Instagram မွာ မၾကာမၾကာ ပုံတင္ေလ့ရိွသူ မဟုတ္ေပမယ့္ တင္လိုက္ၿပီဆိုရင္လည္း သူမရဲ႕ ထည္၀ါခမ္းနားတဲ့ အလွတရားနဲ႔ ပရိသတ္ေတြကို မိန္းေမာသြားေအာင္ ျပဳစားလိုက္ႏိုင္တာခ်ည္းပါပဲ။

Photo: koreaboo

Song Hye Kyo နဲ႔ Song Joong Ki တို႔ဟာ မဂၤလာသက္တမ္း လ(၂၀)အၾကာမွာ အခုလို ကြာရွင္းျပတ္စဲလိုက္ၾကတာျဖစ္ၿပီး ႏွစ္ဘက္စလုံးကေတာ့ အၿပံဳးနဲ႔ပဲ လမ္းခြဲခ်င္တယ္ဆိုတဲ့အေၾကာင္း၊ တစ္ေယာက္ကိုတစ္ေယာက္ ထိခိုက္နာက်င္ေအာင္ မလုပ္ခ်င္ဘူးဆိုတဲ့အေၾကာင္းေတြကို အျပန္အလွန္ ရွင္းလင္းခ်က္ေတြ ထုတ္ခဲ့ၾကပါတယ္။ သို႔ေပမယ့္ ပရိသတ္ေတြကေတာ့ သူတို႔ႏွစ္ေယာက္ၾကားမွာ တကယ္တမ္း ဘာေတြျဖစ္ပ်က္သြားခဲ့လို႔ ဒီလို ၀မ္းနည္းဖြယ္ရာ လမ္းခြဲလိုက္ရတယ္ဆိုတာကို သိခ်င္ေနၾကပါတယ္။

လက္ရိွအခ်ိန္မွာေတာ့ ႏွစ္ေယာက္စလုံးဟာ သက္ဆိုင္ရာ အႏုပညာလႈပ္ရွားမႈေတြကို ျပန္လည္လုပ္ကိုင္ေနၾကပါၿပီ။ Song Joong Ki က ရုပ္ရွင္အသစ္ရိုက္ကူးေနသလို Song Hye Kyo ကေတာ့ လက္ခံထားတဲ့ ေၾကာ္ျငာအတြက္ တရုတ္ကို သြားေနပါတယ္။

Xei

Ref: koreaboo

(Unicode Version)

Song-Song စုံတွဲရဲ့ ကြေကွဲစရာ လမ်းခွဲကို အဆုံးသတ်ပြီးနောက်မှာတော့ Song Hye Kyo ဟာ သူမရဲ့ Instagram ပေါ်မှာ တင်ထားသမျှ Song Joong Ki နဲ့ ပတ်သက်တဲ့ အမှတ်တရ ဓာတ်ပုံအားလုံးကို ဖျက်ပစ်လိုက်ပါပြီ။

နှစ်ယောက်တွဲရိုက်ထားတဲ့ ပုံတွေတင်မဟုတ်ဘဲ မင်္ဂလာဆောင်အမှတ်တရ ဓာတ်ပုံတွေကိုပါ ဖျက်ပစ်လိုက်တာဖြစ်ပြီး သူမရဲ့ Instagram အကောင့်ကို Song Joong Ki နဲ့ ပတ်သက်ဖူးတဲ့ အရာအားလုံးကနေ ရှင်းလင်းပစ်လိုက်တာပါ။

Photo: koreaboo

Song Hye Kyo ဟာ Instagram မှာ မကြာမကြာ ပုံတင်လေ့ရှိသူ မဟုတ်ပေမယ့် တင်လိုက်ပြီဆိုရင်လည်း သူမရဲ့ ထည်ဝါခမ်းနားတဲ့ အလှတရားနဲ့ ပရိသတ်တွေကို မိန်းမောသွားအောင် ပြုစားလိုက်နိုင်တာချည်းပါပဲ။

Photo: koreaboo

Song Hye Kyo နဲ့ Song Joong Ki တို့ဟာ မင်္ဂလာသက်တမ်း လ(၂၀)အကြာမှာ အခုလို ကွာရှင်းပြတ်စဲလိုက်ကြတာဖြစ်ပြီး နှစ်ဘက်စလုံးကတော့ အပြုံးနဲ့ပဲ လမ်းခွဲချင်တယ်ဆိုတဲ့အကြောင်း၊ တစ်ယောက်ကိုတစ်ယောက် ထိခိုက်နာကျင်အောင် မလုပ်ချင်ဘူးဆိုတဲ့အကြောင်းတွေကို အပြန်အလှန် ရှင်းလင်းချက်တွေ ထုတ်ခဲ့ကြပါတယ်။ သို့ပေမယ့် ပရိသတ်တွေကတော့ သူတို့နှစ်ယောက်ကြားမှာ တကယ်တမ်း ဘာတွေဖြစ်ပျက်သွားခဲ့လို့ ဒီလို ဝမ်းနည်းဖွယ်ရာ လမ်းခွဲလိုက်ရတယ်ဆိုတာကို သိချင်နေကြပါတယ်။

လက်ရှိအချိန်မှာတော့ နှစ်ယောက်စလုံးဟာ သက်ဆိုင်ရာ အနုပညာလှုပ်ရှားမှုတွေကို ပြန်လည်လုပ်ကိုင်နေကြပါပြီ။ Song Joong Ki က ရုပ်ရှင်အသစ်ရိုက်ကူးနေသလို Song Hye Kyo ကတော့ လက်ခံထားတဲ့ ကြော်ငြာအတွက် တရုတ်ကို သွားနေပါတယ်။

Xei

Ref: koreaboo

 

RELATED ARTICLES

Most Popular