HomeCelebs Update NewsKoreaဘဝရဲ့အခက်ခဲဆုံးအချိန်တွေကို ဘယ်လိုဖြတ်သန်းခဲ့ကြောင်း ရင်ဖွင့်လာတဲ့ Song Hye Kyo 

ဘဝရဲ့အခက်ခဲဆုံးအချိန်တွေကို ဘယ်လိုဖြတ်သန်းခဲ့ကြောင်း ရင်ဖွင့်လာတဲ့ Song Hye Kyo 

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

မင်းသမီးချော Song Hye Kyo ဟာ မကြာသေးခင်ကပဲ အင်တာဗျူးတစ်ခု ပြုလုပ်ခဲ့ပြီး သူမ ကြုံတွေ့ခဲ့ဖူးတဲ့ အခက်အခဲတွေနဲ့ ဘဝရဲ့အရေးကြီးဆုံးအရာတွေကို ဘယ်လိုရင်ဆိုင်ကျော်ဖြတ်လည်းဆိုတာ ဖွင့်ဟခဲ့ပါတယ်။

သူမအတွက်ကတော့ မိသားစုနဲ့ မိတ်ဆွေ၊ သူငယ်ချင်းတွေကြားက စစ်မှန်တဲ့ သံယောဇဉ်တွေကသာ သူမ ဘဝရဲ့ အရေးကြီးဆုံး၊ တန်ဖိုးအထားရဆုံးအရာတွေပါလို့ ဆိုပါတယ်။ သူမနဲ့အနီးကပ် နေထိုင်သူတွေနဲ့ စစ်မှန်စွာ၊ လေးနက်စွာ မျှဝေခံစားရခြင်းထက် ပိုပြီးအရေးကြီးတဲ့အရာ မရှိဘူးလို့ သူမကတော့ ယုံကြည်ထားပါတယ်။

Photo: kyo1122/ Instagram

” မိတ်ဆွေတွေနဲ့ ခင်မင်ရင်းနှီးမှုတွေ၊ မိသားစုကြားထဲက သံယောဇဉ်တွေကတော့ ကျွန်မအတွက် အရေးကြီးဆုံးပါပဲ။ ဒီအရာတွေကပဲ တကယ့် စစ်မှန်တဲ့ တန်ဖိုးရှိတယ်လို့ ကျွန်မကတော့ ယုံကြည်ပါတယ်။ ကမ္ဘာပေါ်က အရေးကြီးဆုံး ခံစားချက်ဆိုတာကတော့ လူတွေနဲ့ ကိုယ့်ရဲ့ကြားက သံယောဇဉ်၊ ဆက်ဆံရေးနဲ့ အဲ့ဒီ့လူတွေက ကိုယ့်ကိုပြန်ပေးတဲ့ စစ်မှန်တဲ့ခံစားချက်တွေပဲလို့ ယုံကြည်တယ်… ” လို့ မင်းသမီးချော Song Hye Kyo က ဆိုပါတယ်။

လူတစ်ယောက်ဟာ ကိုယ့်ရင်ထဲမှာ ခံစားရသမျှ အရာအားလုံးကို ဖွင့်ဟ၊ ပြောပြဖို့ဆိုတာ တကယ်ခက်ခဲတဲ့အရာဖြစ်တယ်လို့ ဆိုထားပါတယ်။ သို့ပေမယ့် သူမရဲ့သရုပ်ဆောင်အလုပ်ကနေတစ်ဆင့် သူမ ရင်ထဲက ခံစားချက်တွေကို ဖွင့်ထုတ်နိုင်တယ်လို့လည်း ဆိုပါတယ်။ သရုပ်ဆောင်ခြင်းဟာ မတူညီတဲ့ ခံစားချက်မျိုးစုံကို ဖွင့်ချ၊ ထုတ်ပြလို့ရတဲ့ နည်းလမ်းတစ်ခုဖြစ်ပြီး ဒါကြောင့်လည်း သရုပ်ဆောင်အလုပ်ကို နှစ်သက်ရတာဖြစ်တယ်လို့ ပြောပါသေးတယ်။

Photo: kyo1122/ Instagram

“ဘယ်လိုလူမျိုးပဲ ဖြစ်နေပါစေ၊ ကိုယ့်ရင်ထဲက ခံစားချက်အားလုံးကို ဖွင့်ပြောပြဖို့က သိပ်ကိုခက်ခဲတဲ့အရာ ဖြစ်ပါတယ်။ ဒါပေမယ့် ကျွန်မကတော့ ကျွန်မသရုပ်ဆောင်ရတဲ့ ဇာတ်ရုပ်တွေကနေတစ်ဆင့် ကျွန်မရဲ့ခံစားချက်တွေကို ဖွင့်ထုတ်ပစ်လို့ ရတယ်။ ကျွန်မ ကြုံခဲ့ရဖူးတဲ့ ခံစားချက်တွေကို ကျွန်မရဲ့ဇာတ်ရုပ်ကနေတစ်ဆင့် ပြသနိုင်တယ်။ အဲ့ဒါကြောင့်မို့လို့ သရုပ်ဆောင်အလုပ်ကို ကျွန်မ အရမ်းကြိုက်တာလို့လည်း ထင်တယ် … ” လို့ သူမက ဆိုပါတယ်။

အဆိုပါအင်တာဗျူးမှာ သူမ ဘဝမှာ ကြုံတွေ့ရင်ဆိုင်ခဲ့ရတဲ့ အခက်ခဲဆုံးအချိန်တွေကို ဘယ်ပုံဘယ်နည်းနဲ့ ရင်ဆိုင်ဖြေရှင်းလည်းဆိုတဲ့ အကြောင်းအရာလည်း ပါဝင်ပါတယ်။ အဲ့ဒီ့မေးခွန်းကို သူမကတော့ လက်ရှိဖြစ်ပျက်နေတဲ့ ကမ္ဘာ့ကပ်ရောဂါနဲ့ ယှဉ်ပြီး ဥပမာပြ ဖြေဆိုထားပါတယ်။

Photo: kyo1122/ Instagram

Song Hye Kyo ဟာ ဘဝမှာ အခက်အခဲတွေ ရင်ဆိုင်ရတိုင်း သူမဘေးနားမှာ ရှိနေတဲ့လူတွေကို အားကိုးလေ့ရှိပြီး သူတို့ရဲ့ခွန်အားတွေနဲ့ အားလုံးကို ဖြတ်သန်းလေ့ရှိတယ်လို့ ဆိုပါတယ်။ ချစ်ခြင်းမေတ္တာ၊ ယုံကြည်မှု၊ စွန့်လွှတ်အနစ်နာခံခြင်းတွေနဲ့ အခက်အခဲတွေကို ရင်ဆိုင်အနိုင်ယူနိုင်တယ်လို့ ယုံကြည်ကြောင်းလည်း ဖြေဆိုထားပါတယ်။

“တစ်ကမ္ဘာလုံးက ကိုဗစ်ကပ်ရောဂါကြောင့် ခက်ခဲတဲ့အချိန်ကို ရင်ဆိုင်နေကြရပါတယ်။ ဒီအတွေ့အကြုံကနေ ကျွန်မသင်ယူလိုက်ရတာက ကျွန်မကိုကာကွယ်ပေးတဲ့သူတွေကို ဘယ်လိုတန်ဖိုးထားရမယ်ဆိုတာ သိလိုက်တယ်။ ဒီလိုခက်ခဲတဲ့အချိန်ကြီးကို ကျွန်မတို့ တစ်ယောက်နဲ့တစ်ယောက် ယုံကြည်ပြီးတော့၊ တစ်ယောက်နဲ့တစ်ယောက် အမှီသဟဲပြုပြီးတော့ ဖြတ်သန်းနိုင်မယ်လို့ ကျွန်မကတော့ ယုံကြည်ပါတယ်။ ချစ်ခြင်းမေတ္တာရယ်၊ တစ်ယောက်အတွက် တစ်ယောက်အနစ်နာခံပေးတာရယ်တွေက အခုအချိန်မှာ အရေးကြီးဆုံးလို့ ထင်တယ်… ” လို့ သူမက တွေးတွေးဆဆ ဖြေဆိုထားပါတယ်။

Photo: kyo1122/ Instagram

Song Hye Kyo ဟာ သူမရဲ့အချစ်ရေး၊ လူမှုရေးနဲ့ ပတ်သက်ပြီး ကောလာဟလတွေ၊ အတင်းအဖျင်းမျိုးစုံတွေ တောက်လျှောက် ဖြန့်ဝေခံနေရပေမယ့် သူမဘဝရဲ့ အရေးကြီးဆုံးအရာတွေအပေါ် အာရုံစိုက်ပြီးတော့ပဲ ဖြတ်သန်းနေပါတယ်။ သူမရဲ့ အဆိုးဆုံးအချိန်တွေမှာ သူမရဲ့ဘေးမှာ အတူရှိနေပြီး အားပေးခဲ့ကြတဲ့ မိသားစု၊ မိတ်ဆွေတွေနဲ့သာ သူမရဲ့ ဘဝခရီးလမ်းကို အေးအေးချမ်းချမ်း ဖြတ်သန်းနေပါတယ်လို့ ဆိုလိုက်ရင်း … ။

LaNina

Source: koreaboo

(Zawgyi Version)

မင္းသမီးေခ်ာ Song Hye Kyo ဟာ မၾကာေသးခင္ကပဲ အင္တာဗ်ဴးတစ္ခု ျပဳလုပ္ခဲ့ၿပီး သူမ ႀကဳံေတြ႕ခဲ့ဖူးတဲ့ အခက္အခဲေတြနဲ႔ ဘဝရဲ႕အေရးႀကီးဆုံးအရာေတြကို ဘယ္လိုရင္ဆိုင္ေက်ာ္ျဖတ္လည္းဆိုတာ ဖြင့္ဟခဲ့ပါတယ္။

သူမအတြက္ကေတာ့ မိသားစုနဲ႔ မိတ္ေဆြ၊ သူငယ္ခ်င္းေတြၾကားက စစ္မွန္တဲ့ သံေယာဇဥ္ေတြကသာ သူမ ဘဝရဲ႕ အေရးႀကီးဆုံး၊ တန္ဖိုးအထားရဆုံးအရာေတြပါလို႔ ဆိုပါတယ္။ သူမနဲ႔အနီးကပ္ ေနထိုင္သူေတြနဲ႔ စစ္မွန္စြာ၊ ေလးနက္စြာ မွ်ေဝခံစားရျခင္းထက္ ပိုၿပီးအေရးႀကီးတဲ့အရာ မရွိဘူးလို႔ သူမကေတာ့ ယုံၾကည္ထားပါတယ္။

Photo: kyo1122/ Instagram

” မိတ္ေဆြေတြနဲ႔ ခင္မင္ရင္းႏွီးမႈေတြ၊ မိသားစုၾကားထဲက သံေယာဇဥ္ေတြကေတာ့ ကြၽန္မအတြက္ အေရးႀကီးဆုံးပါပဲ။ ဒီအရာေတြကပဲ တကယ့္ စစ္မွန္တဲ့ တန္ဖိုးရွိတယ္လို႔ ကြၽန္မကေတာ့ ယုံၾကည္ပါတယ္။ ကမာၻေပၚက အေရးႀကီးဆုံး ခံစားခ်က္ဆိုတာကေတာ့ လူေတြနဲ႔ ကိုယ့္ရဲ႕ၾကားက သံေယာဇဥ္၊ ဆက္ဆံေရးနဲ႔ အဲ့ဒီ့လူေတြက ကိုယ့္ကိုျပန္ေပးတဲ့ စစ္မွန္တဲ့ခံစားခ်က္ေတြပဲလို႔ ယုံၾကည္တယ္… ” လို႔ မင္းသမီးေခ်ာ Song Hye Kyo က ဆိုပါတယ္။

လူတစ္ေယာက္ဟာ ကိုယ့္ရင္ထဲမွာ ခံစားရသမွ် အရာအားလုံးကို ဖြင့္ဟ၊ ေျပာျပဖို႔ဆိုတာ တကယ္ခက္ခဲတဲ့အရာျဖစ္တယ္လို႔ ဆိုထားပါတယ္။ သို႔ေပမယ့္ သူမရဲ႕သ႐ုပ္ေဆာင္အလုပ္ကေနတစ္ဆင့္ သူမ ရင္ထဲက ခံစားခ်က္ေတြကို ဖြင့္ထုတ္ႏိုင္တယ္လို႔လည္း ဆိုပါတယ္။ သ႐ုပ္ေဆာင္ျခင္းဟာ မတူညီတဲ့ ခံစားခ်က္မ်ိဳးစုံကို ဖြင့္ခ်၊ ထုတ္ျပလို႔ရတဲ့ နည္းလမ္းတစ္ခုျဖစ္ၿပီး ဒါေၾကာင့္လည္း သ႐ုပ္ေဆာင္အလုပ္ကို ႏွစ္သက္ရတာျဖစ္တယ္လို႔ ေျပာပါေသးတယ္။

Photo: kyo1122/ Instagram

“ဘယ္လိုလူမ်ိဳးပဲ ျဖစ္ေနပါေစ၊ ကိုယ့္ရင္ထဲက ခံစားခ်က္အားလုံးကို ဖြင့္ေျပာျပဖို႔က သိပ္ကိုခက္ခဲတဲ့အရာ ျဖစ္ပါတယ္။ ဒါေပမယ့္ ကြၽန္မကေတာ့ ကြၽန္မသ႐ုပ္ေဆာင္ရတဲ့ ဇာတ္႐ုပ္ေတြကေနတစ္ဆင့္ ကြၽန္မရဲ႕ခံစားခ်က္ေတြကို ဖြင့္ထုတ္ပစ္လို႔ ရတယ္။ ကြၽန္မ ႀကဳံခဲ့ရဖူးတဲ့ ခံစားခ်က္ေတြကို ကြၽန္မရဲ႕ဇာတ္႐ုပ္ကေနတစ္ဆင့္ ျပသႏိုင္တယ္။ အဲ့ဒါေၾကာင့္မို႔လို႔ သ႐ုပ္ေဆာင္အလုပ္ကို ကြၽန္မ အရမ္းႀကိဳက္တာလို႔လည္း ထင္တယ္ … ” လို႔ သူမက ဆိုပါတယ္။

အဆိုပါအင္တာဗ်ဴးမွာ သူမ ဘဝမွာ ႀကဳံေတြ႕ရင္ဆိုင္ခဲ့ရတဲ့ အခက္ခဲဆုံးအခ်ိန္ေတြကို ဘယ္ပုံဘယ္နည္းနဲ႔ ရင္ဆိုင္ေျဖရွင္းလည္းဆိုတဲ့ အေၾကာင္းအရာလည္း ပါဝင္ပါတယ္။ အဲ့ဒီ့ေမးခြန္းကို သူမကေတာ့ လက္ရွိျဖစ္ပ်က္ေနတဲ့ ကမာၻ႔ကပ္ေရာဂါနဲ႔ ယွဥ္ၿပီး ဥပမာျပ ေျဖဆိုထားပါတယ္။

Photo: kyo1122/ Instagram

Song Hye Kyo ဟာ ဘဝမွာ အခက္အခဲေတြ ရင္ဆိုင္ရတိုင္း သူမေဘးနားမွာ ရွိေနတဲ့လူေတြကို အားကိုးေလ့ရွိၿပီး သူတို႔ရဲ႕ခြန္အားေတြနဲ႔ အားလုံးကို ျဖတ္သန္းေလ့ရွိတယ္လို႔ ဆိုပါတယ္။ ခ်စ္ျခင္းေမတၱာ၊ ယုံၾကည္မႈ၊ စြန႔္လႊတ္အနစ္နာခံျခင္းေတြနဲ႔ အခက္အခဲေတြကို ရင္ဆိုင္အႏိုင္ယူႏိုင္တယ္လို႔ ယုံၾကည္ေၾကာင္းလည္း ေျဖဆိုထားပါတယ္။

“တစ္ကမာၻလုံးက ကိုဗစ္ကပ္ေရာဂါေၾကာင့္ ခက္ခဲတဲ့အခ်ိန္ကို ရင္ဆိုင္ေနၾကရပါတယ္။ ဒီအေတြ႕အႀကဳံကေန ကြၽန္မသင္ယူလိုက္ရတာက ကြၽန္မကိုကာကြယ္ေပးတဲ့သူေတြကို ဘယ္လိုတန္ဖိုးထားရမယ္ဆိုတာ သိလိုက္တယ္။ ဒီလိုခက္ခဲတဲ့အခ်ိန္ႀကီးကို ကြၽန္မတို႔ တစ္ေယာက္နဲ႔တစ္ေယာက္ ယုံၾကည္ၿပီးေတာ့၊ တစ္ေယာက္နဲ႔တစ္ေယာက္ အမွီသဟဲျပဳၿပီးေတာ့ ျဖတ္သန္းႏိုင္မယ္လို႔ ကြၽန္မကေတာ့ ယုံၾကည္ပါတယ္။ ခ်စ္ျခင္းေမတၱာရယ္၊ တစ္ေယာက္အတြက္ တစ္ေယာက္အနစ္နာခံေပးတာရယ္ေတြက အခုအခ်ိန္မွာ အေရးႀကီးဆုံးလို႔ ထင္တယ္… ” လို႔ သူမက ေတြးေတြးဆဆ ေျဖဆိုထားပါတယ္။

Photo: kyo1122/ Instagram

Song Hye Kyo ဟာ သူမရဲ႕အခ်စ္ေရး၊ လူမႈေရးနဲ႔ ပတ္သက္ၿပီး ေကာလာဟလေတြ၊ အတင္းအဖ်င္းမ်ိဳးစုံေတြ ေတာက္ေလွ်ာက္ ျဖန႔္ေဝခံေနရေပမယ့္ သူမဘဝရဲ႕ အေရးႀကီးဆုံးအရာေတြအေပၚ အာ႐ုံစိုက္ၿပီးေတာ့ပဲ ျဖတ္သန္းေနပါတယ္။ သူမရဲ႕ အဆိုးဆုံးအခ်ိန္ေတြမွာ သူမရဲ႕ေဘးမွာ အတူရွိေနၿပီး အားေပးခဲ့ၾကတဲ့ မိသားစု၊ မိတ္ေဆြေတြနဲ႔သာ သူမရဲ႕ ဘဝခရီးလမ္းကို ေအးေအးခ်မ္းခ်မ္း ျဖတ္သန္းေနပါတယ္လို႔ ဆိုလိုက္ရင္း … ။

LaNina

Source: koreaboo

 

RELATED ARTICLES

Most Popular