HomeCelebs Update NewsKoreaThe Witch's Diner ရဲ့ ကာရိုက်တာအတွက် ကြိုးစားခဲ့ရပုံကို ပြောပြလာတဲ့ Song Ji Hyo 

The Witch’s Diner ရဲ့ ကာရိုက်တာအတွက် ကြိုးစားခဲ့ရပုံကို ပြောပြလာတဲ့ Song Ji Hyo 

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

ပရိသတ်အချစ်တော် မင်းသမီးချော Song Ji Hyo ကတော့ ပရိသတ်တွေ လက်ရှိ အကြိုက်တွေ့နေကြတဲ့ The Witch’s Diner ဒရာမာထဲမှာ စုန်းမလေး ကာရိုက်တာနဲ့ ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဒီဒရာမာထဲက သူမရဲ့ဇာတ်ကောင်အတွက် ဘယ်လို ကြိုးစားအားထုတ်ခဲ့ရတယ်ဆိုတာနဲ့ တွဲဖက်သရုပ်ဆောင်တွေနဲ့ အလုပ်တွဲလုပ်ခဲ့ရတဲ့ အမှတ်တရတွေကို အင်တာဗျူးအသစ်မှာ ပြောကြားလာပါတယ်။

တမူထူးခြားတဲ့ သရုပ်ဆောင်ပုံနဲ့ စုန်းမတစ်ယောက်ရဲ့ ကာရိုက်တာကို သရုပ်ဆောင်ထားနိုင်တဲ့အပေါ် ပရိသတ်တွေရဲ့ ချီးကျူးမှုကို ရရှိထားပြီး Song Ji Hyo ကတော့ ဒီကာရိုက်တာ ပုံပေါ်လာဖို့ သူမ ဘယ်လိုအားထုတ်ထားတယ်ဆိုတာ အခုလို ပြောထားပါတယ်။

Photo via soompi

“ဒီကာရိုက်တာက အရမ်းတာဝန်ကြီးပါတယ်။ ပြီးတော့ အရမ်းလည်း ခက်ပါတယ်။ သူ့ကာရိုက်တာမျိုးက ပရိသတ်တွေ ကြည့်နေကျ ပုံစံမျိုး မဟုတ်တဲ့အတွက် တကယ့်စုန်းမအစစ် ပုံစံမျိုးကြီး သွားလုပ်ရင်လည်း ကြည့်တဲ့လူတွေ စိတ်မသက်မသာ ဖြစ်မှာစိုးတယ်။ ဒါပေမယ့် သူက စုန်းမ ဖြစ်နေတဲ့အတွက် အရမ်းကြီး ခင်မင်စရာကောင်းတဲ့ပုံစံမျိုး ဖြစ်နေလို့လည်း မရဘူး။ အဲဒါကြောင့် ကျွန်မ အများကြီး စဉ်းစားခဲ့ရပါတယ် …. ” လို့ Ji Hyo က ဆိုပါတယ်။

“အဲဒါနဲ့ စုန်းမ ဖြစ်ရမယ်ဆိုတဲ့ ပုံစံခွက်ထဲမှာပဲ ပိတ်မိသွားတာပေါ့။ ဒါကြောင့် Hee Ra ကို ကျွန်မကိုယ်ပိုင်ပုံစံနဲ့ သရုပ်ဆောင်နိုင်ဖို့ ကြိုးစားခဲ့ရတယ်။ ကျွန်မ စဉ်းစားမိသွားတာက အပြင်ဘက်မှာ အေးတိအေးစက်လို့ ထင်ရပေမယ့် အတွင်းက စိတ်နှလုံးက နွေးထွေးတဲ့ပုံစံမျိုးပေါ့။ အဲလိုစတိုင်လ်နဲ့ သရုပ်ဆောင်ဖို့ ဆုံးဖြတ်ခဲ့ပါတယ် … ”

Photo via soompi

“စုန်းမတစ်ယောက်ဆိုတော့ နည်းနည်း နိုင်ငံခြားကာရိုက်တာမျိုးဘက် သွားတယ်။ ပြီးတော့ သူ့ရဲ့ ရုပ်ရည်သွင်ပြင်ကလည်း ထည်ထည်ဝါဝါပေါ့။ ပြီးတော့ ကျွန်မတို့ staff တွေ စီစဉ်ပေးထားတဲ့ အဝတ်အစား၊ အသုံးအဆောင်တွေကလည်း တကယ် ခမ်းခမ်းနားနားတွေချည်းပဲ။ ဒါတွေကို ဝတ်စားပြင်ဆင်ပြီး ဒီဇာတ်ရုပ်မှာ ကောင်းကောင်း သရုပ်ဆောင်နိုင်ပါ့မလားလို့တောင် အစက တွေးခဲ့မိတယ် … ”

“Hee Ra ရဲ့ အေးတိအေးစက်ပုံစံမျိုး ကျွန်မမှာလည်း မရှိတာ မဟုတ်ဘူးလေ။ ကျွန်မလည်း လူသားတစ်ယောက်ဆိုတော့ စိတ်ဆိုးတာ၊ ဒေါသထွက်တာတွေ ရှိတယ်။ တခါတလေဆို ရိုင်းတောင် ရိုင်းမိသေးတယ်။ ကျွန်မရဲ့ အဲဒီအတွင်းစိတ်တွေကို အသုံးပြုပြီး Hee Ra ရဲ့ ကာရိုက်တာကို သရုပ်ဆောင်ရတာပေါ့။ ပြီးတော့ ဘယ် variety show မှာမှ မပြဖူးသေးတဲ့ ကျွန်မရဲ့ အတွင်းစိတ်တစ်ခုကို ပြပြီးသားလည်း ဖြစ်သွားတာပေါ့ … ” လို့ ဆိုကာ ဒီကာရိုက်တာနဲ့ သူမရဲ့ အတွင်းစိတ် တူညီမှုတွေကို ပြောပြထားပါတယ်။

Photo via soompi

ဒါတင်မက တွဲဖက်သရုပ်ဆောင်တွေဖြစ်တဲ့ Nam Ji Hyun နဲ့ Chae Jong Hyeop တို့နဲ့ ပတ်သက်တဲ့ အမှတ်တရတွေကိုလည်း ပြောပြထားပါသေးတယ်။

“Ji Hyun နဲ့ Jong Hyeop ရဲ့ ငယ်ရွယ် ဖျတ်လတ်တဲ့ ခွန်အားတွေကို တွေ့ရတာလည်း အရမ်းကောင်းပါတယ်။ ရိုက်ကွင်းမှာ ဘယ်လိုတွေပဲ ခက်ခဲပါစေ။ သူတို့နှစ်ယောက်လုံးက အကောင်းမြင်စိတ်တွေနဲ့ အမြဲတက်ကြွနေတတ်ကြတယ်။ ဘယ်အချိန်မှာမဆို ခွန်အားအပြည့်နဲ့ တက်ကြွနေတဲ့ သူတို့နှစ်ယောက်ကို ကြည့်ရတာ အရမ်းစိတ်ချမ်းသာတယ်။ သူတို့လေးတွေကို အဲလိုတွေ့ရတော့ ကျွန်မလည်း အဲလိုငယ်ရွယ်တဲ့ အရွယ်မဟုတ်တော့တဲ့အတွက် ဝမ်းနည်းမိသေးတယ် …  ”

Photo via soompi

“Ji Hyun ကလေ Jin ရဲ့ ကာရိုက်တာနဲ့ တော်တော် ဆင်တူတယ်။ သူ့မှာ သတ္တိတွေအပြည့်ရှိတယ်။ ပြီးတော့ သူ့ရဲ့ ထက်မြက်တဲ့ပုံစံလေးကို အရမ်းကြိုက်တယ်။ သရုပ်ဆောင်လည်း ကောင်းတယ်။ Jong Hyeop ကတော့ အမြဲပြုံးနေတော့တာ။ သူ့ကို ကြည့်လိုက်ရင် အမြဲ ပြုံးပြုံး ပြုံးပြုံးနဲ့ဆိုတော့ ဟယ် … ဒီကောင်လေး ပင်ပန်းတယ်ဆိုတာမျိုးရော ရှိရဲ့လားလို့တောင် တွေးမိတယ်။ အဲလိုခွန်အားအပြည့်ရှိနေတာမျိုး ကျွန်မတောင် မနာလို ဖြစ်ရပါတယ် … ” လို့ Song Ji Hyo က ဆိုထားပါတယ်။

Glasgow

Source: soompi

(Zawgyi Version)

ပရိသတ္အခ်စ္ေတာ္ မင္းသမီးေခ်ာ Song Ji Hyo ကေတာ့ ပရိသတ္ေတြ လက္ရွိ အႀကိဳက္ေတြ႕ေနၾကတဲ့ The Witch’s Diner ဒရာမာထဲမွာ စုန္းမေလး ကာ႐ိုက္တာနဲ႔ ပါဝင္သ႐ုပ္ေဆာင္ထားပါတယ္။ ဒီဒရာမာထဲက သူမရဲ႕ဇာတ္ေကာင္အတြက္ ဘယ္လို ႀကိဳးစားအားထုတ္ခဲ့ရတယ္ဆိုတာနဲ႔ တြဲဖက္သ႐ုပ္ေဆာင္ေတြနဲ႔ အလုပ္တြဲလုပ္ခဲ့ရတဲ့ အမွတ္တရေတြကို အင္တာဗ်ဴးအသစ္မွာ ေျပာၾကားလာပါတယ္။

တမူထူးျခားတဲ့ သ႐ုပ္ေဆာင္ပုံနဲ႔ စုန္းမတစ္ေယာက္ရဲ႕ ကာ႐ိုက္တာကို သ႐ုပ္ေဆာင္ထားႏိုင္တဲ့အေပၚ ပရိသတ္ေတြရဲ႕ ခ်ီးက်ဴးမႈကို ရရွိထားၿပီး Song Ji Hyo ကေတာ့ ဒီကာ႐ိုက္တာ ပုံေပၚလာဖို႔ သူမ ဘယ္လိုအားထုတ္ထားတယ္ဆိုတာ အခုလို ေျပာထားပါတယ္။

Photo via soompi

“ဒီကာ႐ိုက္တာက အရမ္းတာဝန္ႀကီးပါတယ္။ ၿပီးေတာ့ အရမ္းလည္း ခက္ပါတယ္။ သူ႔ကာ႐ိုက္တာမ်ိဳးက ပရိသတ္ေတြ ၾကည့္ေနက် ပုံစံမ်ိဳး မဟုတ္တဲ့အတြက္ တကယ့္စုန္းမအစစ္ ပုံစံမ်ိဳးႀကီး သြားလုပ္ရင္လည္း ၾကည့္တဲ့လူေတြ စိတ္မသက္မသာ ျဖစ္မွာစိုးတယ္။ ဒါေပမယ့္ သူက စုန္းမ ျဖစ္ေနတဲ့အတြက္ အရမ္းႀကီး ခင္မင္စရာေကာင္းတဲ့ပုံစံမ်ိဳး ျဖစ္ေနလို႔လည္း မရဘူး။ အဲဒါေၾကာင့္ ကြၽန္မ အမ်ားႀကီး စဥ္းစားခဲ့ရပါတယ္ …. ” လို႔ Ji Hyo က ဆိုပါတယ္။

“အဲဒါနဲ႔ စုန္းမ ျဖစ္ရမယ္ဆိုတဲ့ ပုံစံခြက္ထဲမွာပဲ ပိတ္မိသြားတာေပါ့။ ဒါေၾကာင့္ Hee Ra ကို ကြၽန္မကိုယ္ပိုင္ပုံစံနဲ႔ သ႐ုပ္ေဆာင္ႏိုင္ဖို႔ ႀကိဳးစားခဲ့ရတယ္။ ကြၽန္မ စဥ္းစားမိသြားတာက အျပင္ဘက္မွာ ေအးတိေအးစက္လို႔ ထင္ရေပမယ့္ အတြင္းက စိတ္ႏွလုံးက ေႏြးေထြးတဲ့ပုံစံမ်ိဳးေပါ့။ အဲလိုစတိုင္လ္နဲ႔ သ႐ုပ္ေဆာင္ဖို႔ ဆုံးျဖတ္ခဲ့ပါတယ္ … ”

Photo via soompi

“စုန္းမတစ္ေယာက္ဆိုေတာ့ နည္းနည္း ႏိုင္ငံျခားကာ႐ိုက္တာမ်ိဳးဘက္ သြားတယ္။ ၿပီးေတာ့ သူ႔ရဲ႕ ႐ုပ္ရည္သြင္ျပင္ကလည္း ထည္ထည္ဝါဝါေပါ့။ ၿပီးေတာ့ ကြၽန္မတို႔ staff ေတြ စီစဥ္ေပးထားတဲ့ အဝတ္အစား၊ အသုံးအေဆာင္ေတြကလည္း တကယ္ ခမ္းခမ္းနားနားေတြခ်ည္းပဲ။ ဒါေတြကို ဝတ္စားျပင္ဆင္ၿပီး ဒီဇာတ္႐ုပ္မွာ ေကာင္းေကာင္း သ႐ုပ္ေဆာင္ႏိုင္ပါ့မလားလို႔ေတာင္ အစက ေတြးခဲ့မိတယ္ … ”

“Hee Ra ရဲ႕ ေအးတိေအးစက္ပုံစံမ်ိဳး ကြၽန္မမွာလည္း မရွိတာ မဟုတ္ဘူးေလ။ ကြၽန္မလည္း လူသားတစ္ေယာက္ဆိုေတာ့ စိတ္ဆိုးတာ၊ ေဒါသထြက္တာေတြ ရွိတယ္။ တခါတေလဆို ႐ိုင္းေတာင္ ႐ိုင္းမိေသးတယ္။ ကြၽန္မရဲ႕ အဲဒီအတြင္းစိတ္ေတြကို အသုံးျပဳၿပီး Hee Ra ရဲ႕ ကာ႐ိုက္တာကို သ႐ုပ္ေဆာင္ရတာေပါ့။ ၿပီးေတာ့ ဘယ္ variety show မွာမွ မျပဖူးေသးတဲ့ ကြၽန္မရဲ႕ အတြင္းစိတ္တစ္ခုကို ျပၿပီးသားလည္း ျဖစ္သြားတာေပါ့ … ” လို႔ ဆိုကာ ဒီကာ႐ိုက္တာနဲ႔ သူမရဲ႕ အတြင္းစိတ္ တူညီမႈေတြကို ေျပာျပထားပါတယ္။

Photo via soompi

ဒါတင္မက တြဲဖက္သ႐ုပ္ေဆာင္ေတြျဖစ္တဲ့ Nam Ji Hyun နဲ႔ Chae Jong Hyeop တို႔နဲ႔ ပတ္သက္တဲ့ အမွတ္တရေတြကိုလည္း ေျပာျပထားပါေသးတယ္။

“Ji Hyun နဲ႔ Jong Hyeop ရဲ႕ ငယ္႐ြယ္ ဖ်တ္လတ္တဲ့ ခြန္အားေတြကို ေတြ႕ရတာလည္း အရမ္းေကာင္းပါတယ္။ ႐ိုက္ကြင္းမွာ ဘယ္လိုေတြပဲ ခက္ခဲပါေစ။ သူတို႔ႏွစ္ေယာက္လုံးက အေကာင္းျမင္စိတ္ေတြနဲ႔ အၿမဲတက္ႂကြေနတတ္ၾကတယ္။ ဘယ္အခ်ိန္မွာမဆို ခြန္အားအျပည့္နဲ႔ တက္ႂကြေနတဲ့ သူတို႔ႏွစ္ေယာက္ကို ၾကည့္ရတာ အရမ္းစိတ္ခ်မ္းသာတယ္။ သူတို႔ေလးေတြကို အဲလိုေတြ႕ရေတာ့ ကြၽန္မလည္း အဲလိုငယ္႐ြယ္တဲ့ အ႐ြယ္မဟုတ္ေတာ့တဲ့အတြက္ ဝမ္းနည္းမိေသးတယ္ …  ”

Photo via soompi

“Ji Hyun ကေလ Jin ရဲ႕ ကာ႐ိုက္တာနဲ႔ ေတာ္ေတာ္ ဆင္တူတယ္။ သူ႔မွာ သတၱိေတြအျပည့္ရွိတယ္။ ၿပီးေတာ့ သူ႔ရဲ႕ ထက္ျမက္တဲ့ပုံစံေလးကို အရမ္းႀကိဳက္တယ္။ သ႐ုပ္ေဆာင္လည္း ေကာင္းတယ္။ Jong Hyeop ကေတာ့ အၿမဲၿပဳံးေနေတာ့တာ။ သူ႔ကို ၾကည့္လိုက္ရင္ အၿမဲ ၿပဳံးၿပဳံး ၿပဳံးၿပဳံးနဲ႔ဆိုေတာ့ ဟယ္ … ဒီေကာင္ေလး ပင္ပန္းတယ္ဆိုတာမ်ိဳးေရာ ရွိရဲ႕လားလို႔ေတာင္ ေတြးမိတယ္။ အဲလိုခြန္အားအျပည့္ရွိေနတာမ်ိဳး ကြၽန္မေတာင္ မနာလို ျဖစ္ရပါတယ္ … ” လို႔ Song Ji Hyo က ဆိုထားပါတယ္။

Glasgow

Source: soompi

RELATED ARTICLES

Most Popular