HomeDramaSong Kang နဲ့ Park Min Young တို့ကို ရုံးတွင်းအချစ်ဇာတ်လမ်းတစ်ခုနဲ့ မြင်တွေ့ရမယ့် ဒရာမာသစ်

Song Kang နဲ့ Park Min Young တို့ကို ရုံးတွင်းအချစ်ဇာတ်လမ်းတစ်ခုနဲ့ မြင်တွေ့ရမယ့် ဒရာမာသစ်

JTBC ရုပ်သံလိုင်းက မကြာခင် ထုတ်လွှင့်ပြသတော့မယ့် ဒရာမာအသစ်ထဲမှာတော့ Song Kang နဲ့ Park Min Young တို့ကို ရုံးတွင်းအချစ်ဇာတ်လမ်းလေးနဲ့ အတူမြင်တွေ့ရတော့မှာ ဖြစ်ပါတယ်။ ဒရာမာရဲ့ အမည်ကတော့ Forecasting Love and Weather ဖြစ်ပါတယ်။

ဇာတ်လမ်းကတော့ ကိုရီးယားနိုင်ငံရဲ့ မိုးလေဝသနဲ့ ဇလဗေဒ ခန့်မှန်းရေးဌာနမှာ အတူတူ အလုပ်လုပ်ကိုင်ကြတဲ့ ဝန်ထမ်းနှစ်ယောက်ရဲ့ အလုပ်နဲ့ အချစ်ကြားက ဖြစ်ပေါ်လာမယ့် ဇာတ်လမ်းလေးပဲ ဖြစ်ပါတယ်။

Photo via mydramalist

မင်းသမီးလေး Park Min Young ကတော့ အထွေထွေ မိုးလေဝသခန့်မှန်းသူ Jin Ha Kyung အဖြစ် သရုပ်ဆောင်ထားပြီး မိန်းကလေးတွေရဲ့ အသည်းစွဲမင်းသား Song Kang ကတော့ အထူးသတင်းတင်ဆက်သူ Lee Si Woo အဖြစ် သရုပ်ဆောင်ထားပါတယ်။ ဒါ့အပြင် Jin Ha Kyung ရဲ့ ရည်းစားဟောင်း Han Ki Joon နေရာမှာတော့ Yoon Bak က သရုပ်ဆောင်ထားပြီး Girl’s Day အဖွဲ့ဝင် Yura ကတော့ Chae Yoo Jin ဆိုတဲ့ ဇာတ်ရုပ်ကနေ ပါဝင်ထားပါတယ်။

အသစ်ထွက်ရှိလာတဲ့ teaser ထဲမှာ‌တော့ Chae Yoo Jin ရဲ့ “သတိပေးချက်မရှိဘူး မဟုတ်လား … ” ဆိုတဲ့ မှတ်ချက်နဲ့အတူ ပြင်းထန်တဲ့ ရာသီဥတုတွေကို ပြသထားပါတယ်။ ဒီလိုနဲ့ ရုံးခန်းထဲမှာတော့ Lee Si Woo ရဲ့ အတင့်ရဲ ပွင့်လင်းတဲ့ personality ကို မြင်တွေ့လိုက်ရပါတယ်။

Photo via mydramalist

Lee Si Woo ဟာ “မိုးလေဝသရဲ့ အခြေခံသဘောတရားက ပြောင်းလဲလွယ်တာပါပဲ … ” လို့ ပြောလိုက်ပြီး မိုးလေဝသမြေပုံပေါ် လက်ညွှန်းညွှန်ပြကာ “ဒါက ပေါက်ကွဲမယ့် ဗုံးတစ်ခုပဲ။ ကျွန်တော် ပြောရဲတယ်။ တဖြည်းဖြည်းနဲ့ နီးကပ်လာပြီ … ” လို့ ပြောလိုက်ပါတယ်။

ယောက်ယက်ခတ်နေတဲ့ Lee Si Woo ရဲ့ ပြောစကားကို Jin Ha Kyung ကတော့ “မင်း တင်ပြနေတဲ့ သီအိုရီက မဖြစ်နိုင်ပါဘူး။ ဒါပေမယ့် အခုဆိုရင်တော့ ဖြစ်နိုင်ချေကလည်း တော်တော်လေး နည်းပါတယ် … ” လို့ တည်ငြိမ်စွာ တုံ့ပြန်လိုက်ပါတယ်။

Photo via mydramalist

အဲဒီနောက်မှာတော့ Jin Ha Kyung တစ်ယောက် ဌာနမှူးအဖြစ် ရာထူးတိုးသွားတာကို မြင်ရပါတယ်။ သူမဟာ ဒီရာထူးနေရာကို အသက်အငယ်ဆုံးနဲ့ ရရှိလိုက်တာလည်း ဖြစ်ပါတယ်။ ဒီလိုနဲ့ သူမရဲ့ ရာထူးအသစ်မှာ တာဝန်ထမ်းဆောင်ခါစမှာပဲ စိတ်တိုနေတဲ့ အသံနဲ့ ဖုန်းကောလ်တစ်ခု ပြောလိုက်တာလည်း တွေ့ရပါတယ်။

အဲဒါကတော့ “ရုံးချုပ်က အတည်ပြုချက်မရဘဲ အထူးသတင်းကြေညာချက်ကို ထုတ်လွှင့်လိုက်တာ မင်းလား ?? ” လို့ Jin Ha Kyung က မေးလိုက်ပါတယ်။ အဲဒီနောက်မှာတော့ သူမဟာ Lee Si Woo နဲ့ တွေ့သွားပြီး “မင်းက ဘယ်သူလဲ … ” လို့ မေးမြန်းလိုက်ရာ “မမျှော်လင့်ဘဲ ကောက်ရွာချတဲ့ မိုးလေ … Lee Si Woo ပါ … ” လို့ Lee Si Woo က ပြန်ဖြေလိုက်ပါတယ်။

JTBC က ထုတ်လွှင့်ပြသမယ့် Forecasting Love and Weather ဇာတ်လမ်းတွဲကိုတော့ လာမယ့် ဖေဖော်ဝါရီလ (၁၂)ရက်နေ့ ကိုရီးယားစံတော်ချိန် ည(၁၀:၃၀)နာရီမှာ စတင်ပြသမှာ ဖြစ်ပါတယ်။ အပတ်စဉ် စနေ၊ တနင်္ဂနွေနေ့တိုင်းမှာ ပြသသွားမှာ ဖြစ်ပြီး စုစုပေါင်း (၁၆)ပိုင်း ပါဝင်မှာ ဖြစ်ပါတယ်။ အပိုင်းတစ်ပိုင်းကို ကြာမြင့်ချိန်ကတော့ တစ်နာရီဝန်းကျင် ဖြစ်ပါတယ်။

Glasgow

Source: soompi/ mydramalist

RELATED ARTICLES

Most Popular