HomeDramaKim Woo Bin ၊ Esom တို့နဲ့အတူ ဒရာမာအသစ်မှာ မြင်ရဖွယ်ရှိနေတဲ့ Song Seung Heon 

Kim Woo Bin ၊ Esom တို့နဲ့အတူ ဒရာမာအသစ်မှာ မြင်ရဖွယ်ရှိနေတဲ့ Song Seung Heon 

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

ဝါရင့် ဒရာမာမင်းသားချော Song Seung Heon ကိုတော့ Kim Woo Bin ၊ Esom တို့နဲ့အတူ ဒရာမာတစ်ခုတည်းမှာ မြင်တွေ့ရဖွယ် ရှိပါတယ်။ ဒရာမာရဲ့အမည်ကတော့ Delivery Knight လို့ သိရပါတယ်။

ဒီသတင်းကိုတော့ နိုဝင်ဘာလ(၅)ရက်နေ့မှာပဲ King Kong by Starship Entertainment ကုမ္ပဏီက ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။ အဲဒါကတော့ မင်းသား Song Seung Heon ဟာ Delivery Knight ဒရာမာအတွက် ဇာတ်ရုပ်တစ်ခုကို ကမ်းလှမ်းခံထားရပြီး လက်ရှိမှာတော့ ဇာတ်ရုပ်သဘောသဘာဝကို အကဲဖြတ်နေဆဲလို့ ဆိုပါတယ်။

Photo: songseungheon1005/ Instagram

Delivery Knight ကတော့ ဝဘ်တွန်းကို အခြေခံထားတဲ့ ဒရာမာတစ်ခုဖြစ်ပြီး ဆုတ်ကပ် ဆိုက်ရောက်နေတဲ့ ခေတ်တစ်ခုမှာ ဇာတ်အိမ်တည်ထားပါတယ်။ အဲဒါကတော့ ကမ္ဘာမြေကြီးဟာ လေထုညစ်ညမ်းမှု ဆိုးဝါးစွာ ဖြစ်နေတာကြောင့် လူတွေဟာ အိမ်ထဲက အိမ်ပြင်မထွက်ကြတော့ဘဲ တစုံတခုလိုအပ်တိုင်း  delivery ကိုသာ အားကိုးနေကြရပါတယ်။

အဲဒါကြောင့် delivery ပို့ဆောင်ပေးသူတွေဟာ သူရဲကောင်းတွေအဖြစ် သတ်မှတ်ခံလာရပြီး သူတို့ဟာ သူတို့ပို့ဆောင်ရမယ့် ပါဆယ်ထုပ်ကို သူခိုးဓားပြတွေရဲ့ ရန်ကနေ ကာကွယ်ပြီး ပိုင်ရှင်ဆီရောက်အောင် ပို့ဆောင်ပေးကြရပါတော့တယ်။

Photo: kimwoobin/ Instagram

Kim Woo Bin ကတော့ လူတိုင်းလေးစားရတဲ့ delivery knight 5-8 အဖြစ် သရုပ်ဆောင်ဖို့ ကမ်းလှမ်းခံထားရပြီး လက်ရှိမှာ ဒီဇာတ်ရုပ်အတွက် ဆွေးနွေးနေဆဲ ဖြစ်ပါတယ်။ Esom ကတော့ ရည်မှန်းချက်ကြီးတဲ့ ကောင်မလေး Seol Ah နေရာက ပါဝင်ဖို့ ကမ်းလှမ်းခံထားရတာ ဖြစ်ပါတယ်။ သူမဟာလည်း ဒီဇာတ်ရုပ်အတွက် ဆွေးနွေးနေဆဲ ဖြစ်ပါတယ်။

Song Seung Heon ကတော့ Ryu Seok ဆိုတဲ့ ဗီလိန်ဇာတ်ရုပ်အတွက် ကမ်းလှမ်းခံထားရတယ်လို့ ဆိုပါတယ်။ Ryu Seok ဟာ Cha Myung Group ရဲ့ ဥက္ကဌ Ryu Hae Jin ရဲ့ တစ်ဦးတည်းသောသားလည်း ဖြစ်ပါတယ်။ Ryu Seok ဟာ သူ့ဖခင်ရဲ့ ကြွယ်ဝချမ်းသာမှုတွေကြောင့် တဖြည်းဖြည်းနဲ့ ရက်စက်တတ်သူ ဖြစ်လာတာပါ။ ဒီလိုနဲ့ နောက်ပိုင်းမှာတော့ သူဟာ Knight 5-8 နဲ့ ထိပ်တိုက် ရင်ဆိုင်တွေ့ရမှာ ဖြစ်ပါတယ်။

Photo: esom/ Instagram

ပရိသတ်တွေ နှစ်သက်တဲ့ သရုပ်ဆောင်တွေချည်းပဲ ဖြစ်တာမို့ သူတို့အားလုံးသာ ဒီဒရာမာကို လက်ခံလိုက်ရင်တော့ ကြည့်ကောင်းဦးမယ့် ဒရာမာတစ်ကား ဖြစ်လာမယ်ဆိုတာ အသေအချာပါပဲ။

Glasgow

Source: soompi

(Zawgyi Version)

ဝါရင့္ ဒရာမာမင္းသားေခ်ာ Song Seung Heon ကိုေတာ့ Kim Woo Bin ၊ Esom တို႔နဲ႔အတူ ဒရာမာတစ္ခုတည္းမွာ ျမင္ေတြ႕ရဖြယ္ ရွိပါတယ္။ ဒရာမာရဲ့အမည္ကေတာ့ Delivery Knight လို႔ သိရပါတယ္။

ဒီသတင္းကိုေတာ့ နိုဝင္ဘာလ(၅)ရက္ေန႔မွာပဲ King Kong by Starship Entertainment ကုမၸဏီက ထုတ္ျပန္လိုက္တာ ျဖစ္ပါတယ္။ အဲဒါကေတာ့ မင္းသား Song Seung Heon ဟာ Delivery Knight ဒရာမာအတြက္ ဇာတ္႐ုပ္တစ္ခုကို ကမ္းလွမ္းခံထားရၿပီး လက္ရွိမွာေတာ့ ဇာတ္႐ုပ္သေဘာသဘာဝကို အကဲျဖတ္ေနဆဲလို႔ ဆိုပါတယ္။

Photo: songseungheon1005/ Instagram

Delivery Knight ကေတာ့ ဝဘ္တြန္းကို အေျခခံထားတဲ့ ဒရာမာတစ္ခုျဖစ္ၿပီး ဆုတ္ကပ္ ဆိုက္ေရာက္ေနတဲ့ ေခတ္တစ္ခုမွာ ဇာတ္အိမ္တည္ထားပါတယ္။ အဲဒါကေတာ့ ကမၻာေျမႀကီးဟာ ေလထုညစ္ညမ္းမွု ဆိုးဝါးစြာ ျဖစ္ေနတာေၾကာင့္ လူေတြဟာ အိမ္ထဲက အိမ္ျပင္မထြက္ၾကေတာ့ဘဲ တစုံတခုလိုအပ္တိုင္း  delivery ကိုသာ အားကိုးေနၾကရပါတယ္။

အဲဒါေၾကာင့္ delivery ပို႔ေဆာင္ေပးသူေတြဟာ သူရဲေကာင္းေတြအျဖစ္ သတ္မွတ္ခံလာရၿပီး သူတို႔ဟာ သူတို႔ပို႔ေဆာင္ရမယ့္ ပါဆယ္ထုပ္ကို သူခိုးဓားျပေတြရဲ့ ရန္ကေန ကာကြယ္ၿပီး ပိုင္ရွင္ဆီေရာက္ေအာင္ ပို႔ေဆာင္ေပးၾကရပါေတာ့တယ္။

Photo: kimwoobin/ Instagram

Kim Woo Bin ကေတာ့ လူတိုင္းေလးစားရတဲ့ delivery knight 5-8 အျဖစ္ သ႐ုပ္ေဆာင္ဖို႔ ကမ္းလွမ္းခံထားရၿပီး လက္ရွိမွာ ဒီဇာတ္႐ုပ္အတြက္ ေဆြးေႏြးေနဆဲ ျဖစ္ပါတယ္။ Esom ကေတာ့ ရည္မွန္းခ်က္ႀကီးတဲ့ ေကာင္မေလး Seol Ah ေနရာက ပါဝင္ဖို႔ ကမ္းလွမ္းခံထားရတာ ျဖစ္ပါတယ္။ သူမဟာလည္း ဒီဇာတ္႐ုပ္အတြက္ ေဆြးေႏြးေနဆဲ ျဖစ္ပါတယ္။

Song Seung Heon ကေတာ့ Ryu Seok ဆိုတဲ့ ဗီလိန္ဇာတ္႐ုပ္အတြက္ ကမ္းလွမ္းခံထားရတယ္လို႔ ဆိုပါတယ္။ Ryu Seok ဟာ Cha Myung Group ရဲ့ ဥကၠဌ Ryu Hae Jin ရဲ့ တစ္ဦးတည္းေသာသားလည္း ျဖစ္ပါတယ္။ Ryu Seok ဟာ သူ႔ဖခင္ရဲ့ ႂကြယ္ဝခ်မ္းသာမွုေတြေၾကာင့္ တျဖည္းျဖည္းနဲ႔ ရက္စက္တတ္သူ ျဖစ္လာတာပါ။ ဒီလိုနဲ႔ ေနာက္ပိုင္းမွာေတာ့ သူဟာ Knight 5-8 နဲ႔ ထိပ္တိုက္ ရင္ဆိုင္ေတြ႕ရမွာ ျဖစ္ပါတယ္။

Photo: esom/ Instagram

ပရိသတ္ေတြ ႏွစ္သက္တဲ့ သ႐ုပ္ေဆာင္ေတြခ်ည္းပဲ ျဖစ္တာမို႔ သူတို႔အားလုံးသာ ဒီဒရာမာကို လက္ခံလိုက္ရင္ေတာ့ ၾကည့္ေကာင္းဦးမယ့္ ဒရာမာတစ္ကား ျဖစ္လာမယ္ဆိုတာ အေသအခ်ာပါပဲ။

Glasgow

Source: soompi

RELATED ARTICLES

Most Popular