HomeCelebs Update NewsKoreaပွဲမထွက်ခင်အချိန်က Jungkook ရဲ့ ဖြူစင်ခဲ့ပုံလေးတွေကို ပြန်ပြောပြခဲ့တဲ့ Suga

ပွဲမထွက်ခင်အချိန်က Jungkook ရဲ့ ဖြူစင်ခဲ့ပုံလေးတွေကို ပြန်ပြောပြခဲ့တဲ့ Suga

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

BTS အဖွဲ့ ပွဲထွက်ချိန်မှာ အငယ်ဆုံးလေးဖြစ်တဲ့ Jungkook ဟာ အသက်(၁၆)နှစ်တောင် မပြည့်တပြည့် အရွယ်လေး ဖြစ်ပါတယ်။ Suga နဲ့ စတင်တွေ့ဆုံခဲ့တဲ့ အချိန်ကဆိုရင် Jungkook ဟာ အဲ့ထက်ကို ပိုပြီးတော့ ငယ်သေးတာပါ။ ဒါကြောင့်လည်း BTS Music Journey ဆိုတဲ့ အင်တာဗျူးတစ်ခုမှာ Jungkook ရဲ့ ပွဲမထွက်ခင်က ကလေးဆန်ဆန် ဖြူစင်ခဲ့ပုံလေးတွေကို Suga က အမှတ်ရပြီး ပြန်ပြောင်းပြောဆိုထားခဲ့တာပါ။

သွက်သွက်လက်လက်နဲ့ ချစ်စရာကောင်းပြီး မိမိကိုယ်ကို ယုံကြည်မှုအပြည့်ရှိတဲ့ Jungkook ရဲ့ ငယ်စဉ်ကအကြောင်းလေးတွေကို ပြောမယ်ဆိုရင် တစ်ခြားလူတွေ မြင်တဲ့အမြင်နဲ့ Suga ရဲ့အမြင်ဟာ အနည်းငယ် ကွဲပြားပါလိမ့်မယ်။ နှစ်ယောက်ကြားက အသက်ကွာဟမှုကြောင့် Suga ရဲ့အမြင်မှာတော့ Jungkook ဟာ တကယ့် ကလေးလေးတစ်ယောက်သာ ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။

Photo: koreaboo

“သူက လုံးဝကို ကလေးပါပဲ။ တကယ့် ကလေးလေးတစ်ယောက်ပဲ။ ကျွန်တော်တို့နှစ်ယောက်က အသက်လေးနှစ်ကွာတော့ ကျွန်တော့်မျက်စိထဲမှာဆိုရင် သူက တကယ် ကလေးပဲ …” လို့ Suga က ဆိုပါတယ်။

အဲ့ဒီ့အချိန်တုန်းက အတွေ့အကြုံ နုနယ်သေးပြီး ငယ်ရွယ်လွန်းတဲ့အရွယ်ဖြစ်ပေမယ့် Jungkook ဟာ ကလေးတစ်ယောက်လိုမျိုး ပြုမူနေထိုင်တာမျိုးတော့ မဟုတ်ပါဘူးလို့ Suga က ဆိုပါသေးတယ်။ ကလေးတစ်ယောက်လို အပြစ်ကင်းစင်တဲ့ ပုံစံလေးရှိပေမယ့် မရင့်ကျက်တာမျိုးတော့လည်း မဟုတ်ဘူးလို့ ဆိုပါတယ်။

Photo: koreaboo

“အဲ့ဒီ့အရွယ်လောက်တုန်းက သူက အရမ်းကြီးမရင့်ကျက်ပေမယ့် အရမ်းလည်း ကလေးမဆန်ပါဘူး။ ပုံမှန်အလယ်တန်းကျောင်းသားလေးတွေလိုပဲ ရိုးရိုးရှင်းရှင်းနဲ့ ဖြူစင်တဲ့ပုံစံလေးပါ…” လို့ Suga က ဆိုပါတယ်။

Jungkook တစ်ယောက် ကလေးသာသာအရွယ်လေးကနေ လူငယ်လေးတစ်ယောက်အဖြစ် အရွယ်ရောက်လာတာကို ဘေးကနေ မျက်ဝါးထင်ထင် တွေ့မြင်ခဲ့ရတဲ့ Suga အတွက်လည်း ဘဝအတွေ့အကြုံတစ်ခု ရရှိစေခဲ့တာ အမှန်ပါပဲ။ Suga တင်မဟုတ်ဘဲ ကျန် BTS အဖွဲ့သားအားလုံးဟာလည်း Jungkook ရဲ့ ဘဝခရီးမှာ အစိတ်အပိုင်းတစ်ခုအဖြစ် ပါဝင်နေခဲ့တဲ့ အဖော်မွန်တွေပဲဆိုတာ ငြင်းလို့ မရပါဘူး။ ဒါ့အပြင် Jungkook တစ်ယောက် ဘယ်အရွယ်ပဲရောက်ရောက်၊ အဖွဲ့ထဲက အစ်ကိုတွေကြားထဲမှာတော့ အမြဲတမ်း အငယ်ဆုံးညီလေးတစ်ယောက်အဖြစ် ရှိနေဦးမယ်ဆိုတာ အသေအချာပါပဲလို့ ဆိုလိုက်ရင်း … ။

LaNina
(Zawgyi Version)

BTS အဖြဲ႕ ပြဲထြက္ခ်ိန္မွာ အငယ္ဆုံးေလးျဖစ္တဲ့ Jungkook ဟာ အသက္(၁၆)ႏွစ္ေတာင္ မျပည့္တျပည့္ အ႐ြယ္ေလး ျဖစ္ပါတယ္။ Suga နဲ႔ စတင္ေတြ႕ဆုံခဲ့တဲ့ အခ်ိန္ကဆိုရင္ Jungkook ဟာ အဲ့ထက္ကို ပိုၿပီးေတာ့ ငယ္ေသးတာပါ။ ဒါေၾကာင့္လည္း BTS Music Journey ဆိုတဲ့ အင္တာဗ်ဴးတစ္ခုမွာ Jungkook ရဲ႕ ပြဲမထြက္ခင္က ကေလးဆန္ဆန္ ျဖဴစင္ခဲ့ပုံေလးေတြကို Suga က အမွတ္ရၿပီး ျပန္ေျပာင္းေျပာဆိုထားခဲ့တာပါ။

သြက္သြက္လက္လက္နဲ႔ ခ်စ္စရာေကာင္းၿပီး မိမိကိုယ္ကို ယုံၾကည္မႈအျပည့္ရွိတဲ့ Jungkook ရဲ႕ ငယ္စဥ္ကအေၾကာင္းေလးေတြကို ေျပာမယ္ဆိုရင္ တစ္ျခားလူေတြ ျမင္တဲ့အျမင္နဲ႔ Suga ရဲ႕အျမင္ဟာ အနည္းငယ္ ကြဲျပားပါလိမ့္မယ္။ ႏွစ္ေယာက္ၾကားက အသက္ကြာဟမႈေၾကာင့္ Suga ရဲ႕အျမင္မွာေတာ့ Jungkook ဟာ တကယ့္ ကေလးေလးတစ္ေယာက္သာ ျဖစ္ခဲ့တယ္လို႔ ဆိုပါတယ္။

Photo: koreaboo

“သူက လုံးဝကို ကေလးပါပဲ။ တကယ့္ ကေလးေလးတစ္ေယာက္ပဲ။ ကြၽန္ေတာ္တို႔ႏွစ္ေယာက္က အသက္ေလးႏွစ္ကြာေတာ့ ကြၽန္ေတာ့္မ်က္စိထဲမွာဆိုရင္ သူက တကယ္ ကေလးပဲ …” လို႔ Suga က ဆိုပါတယ္။

အဲ့ဒီ့အခ်ိန္တုန္းက အေတြ႕အႀကဳံ ႏုနယ္ေသးၿပီး ငယ္႐ြယ္လြန္းတဲ့အ႐ြယ္ျဖစ္ေပမယ့္ Jungkook ဟာ ကေလးတစ္ေယာက္လိုမ်ိဳး ျပဳမူေနထိုင္တာမ်ိဳးေတာ့ မဟုတ္ပါဘူးလို႔ Suga က ဆိုပါေသးတယ္။ ကေလးတစ္ေယာက္လို အျပစ္ကင္းစင္တဲ့ ပုံစံေလးရွိေပမယ့္ မရင့္က်က္တာမ်ိဳးေတာ့လည္း မဟုတ္ဘူးလို႔ ဆိုပါတယ္။

Photo: koreaboo

“အဲ့ဒီ့အ႐ြယ္ေလာက္တုန္းက သူက အရမ္းႀကီးမရင့္က်က္ေပမယ့္ အရမ္းလည္း ကေလးမဆန္ပါဘူး။ ပုံမွန္အလယ္တန္းေက်ာင္းသားေလးေတြလိုပဲ ႐ိုး႐ိုးရွင္းရွင္းနဲ႔ ျဖဴစင္တဲ့ပုံစံေလးပါ…” လို႔ Suga က ဆိုပါတယ္။

Jungkook တစ္ေယာက္ ကေလးသာသာအ႐ြယ္ေလးကေန လူငယ္ေလးတစ္ေယာက္အျဖစ္ အ႐ြယ္ေရာက္လာတာကို ေဘးကေန မ်က္ဝါးထင္ထင္ ေတြ႕ျမင္ခဲ့ရတဲ့ Suga အတြက္လည္း ဘဝအေတြ႕အႀကဳံတစ္ခု ရရွိေစခဲ့တာ အမွန္ပါပဲ။ Suga တင္မဟုတ္ဘဲ က်န္ BTS အဖြဲ႕သားအားလုံးဟာလည္း Jungkook ရဲ႕ ဘဝခရီးမွာ အစိတ္အပိုင္းတစ္ခုအျဖစ္ ပါဝင္ေနခဲ့တဲ့ အေဖာ္မြန္ေတြပဲဆိုတာ ျငင္းလို႔ မရပါဘူး။ ဒါ့အျပင္ Jungkook တစ္ေယာက္ ဘယ္အ႐ြယ္ပဲေရာက္ေရာက္၊ အဖြဲ႕ထဲက အစ္ကိုေတြၾကားထဲမွာေတာ့ အၿမဲတမ္း အငယ္ဆုံးညီေလးတစ္ေယာက္အျဖစ္ ရွိေနဦးမယ္ဆိုတာ အေသအခ်ာပါပဲလို႔ ဆိုလိုက္ရင္း … ။

LaNina

 

 

RELATED ARTICLES

Most Popular