HomeCelebs Update NewsKoreaဆိုလိုအယ်လ်ဘမ် ထွက်ရှိတော့မယ့် Suho

ဆိုလိုအယ်လ်ဘမ် ထွက်ရှိတော့မယ့် Suho

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

EXO အဖွဲ့ရဲ့ခေါင်းဆောင်ဖြစ်တဲ့ Suho ဟာ လာမယ့် မတ်လအတွင်းမှာ ပထမဆုံးတစ်ကိုယ်တော် ဆိုလိုအယ်လ်ဘမ်ကို ထုတ်ဝေဖြန့်ချိသွားမယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။ Suho ဟာ Baekhyun နဲ့ Chen တို့အပြီး ဆိုလိုအယ်လ်ဘမ်ထွက်ရှိနိုင်တဲ့ EXO အဖွဲ့ထဲက တတိယမြောက်အဖွဲ့ဝင်လည်း ဖြစ်လာမှာ ဖြစ်ပါတယ်။

Suho ရဲ့ ဆိုလိုအယ်လ်ဘမ် ထွက်ရှိတော့မယ်လို့ သတင်းထွက်လာပြီးချင်းမှာပဲ Twitter မှာ ဟတ်ရှ်တက်တွေ trend ဖြစ်နေတာကိုလည်း တွေ့ရပါတယ်။ ဒါဟာ EXO ပရိသတ်တွေအတွက်လည်း ဝမ်းသာရင်ခုန်စရာသတင်းတစ်ခုပါပဲ။

Photo: kimjuncotton/ Instagram

Suho ဟာ ၂၀၁၂ခုနှစ်မှာ EXO အဖွဲ့နဲ့ စတင်ပွဲထွက်ခဲ့ပြီး ကမ္ဘာ့နေရာအနှံ့မှာ ပရိသတ်တွေ ရှိလာတဲ့အထိ လွှမ်းမိုးအောင်မြင်လာနိုင်တဲ့ ကြယ်တစ်ပွင့်လည်း ဖြစ်ပါတယ်။ ဒါတင်မက Suho ဟာ musical နဲ့ ရုပ်ရှင်လောကထဲမှာလည်း လှုပ်ရှားမှုရှိပြီး မကြာသေးမီကပဲ The Man Who Laughs ဆိုတဲ့ musical တစ်ခုမှာ ပါဝင်သရုပ်ဆောင်ထားပါသေးတယ်။

Photo: kimjuncotton/ Instagram

ဆိုလိုအယ်လ်ဘမ်နဲ့ ပတ်သက်တဲ့သတင်းကိုတော့ SM Entertainment က အခုလိုပဲ ပြန်လည်တုံ့ပြန်ထားပါတယ်။ “Suho ဆိုလိုအယ်လ်ဘမ်အတွက် ပြင်ဆင်နေတယ်ဆိုတာ အမှန်ပါပဲ။ ဒါပေမယ့် ဘယ်အချိန်မှာ ထွက်ရှိမယ်ဆိုတာတော့ ကျွန်တော်တို့ အတိအကျ မပြောနိုင်သေးပါဘူး။ အကုန်လုံး အတည်ပြုပြီးသွားရင်တော့ ထွက်ရှိမယ့်အချိန် အတိအကျကို ကျွန်တော်တို့ ထုတ်ပြန်ပေးပါမယ်” လို့ ကြေငြာထားပါတယ်။

ပရိသတ်တွေကတော့ Suho ရဲ့အယ်လ်ဘမ်ထဲမှာ ဘယ်လိုစတိုင်လ်အသစ်တွေနဲ့ သီချင်းပုံစံတွေကို မြင်တွေ့ခံစားရမလည်းဆိုတာ စိတ်လှုပ်ရှားနေကြပါတယ်။

Xei

(ဆံရစ်ဝိုင်းမီဒီယာမှ တင်ဆက်သော ကိုယ်တိုင်ရေး (သို့မဟုတ်) ဘာသာပြန်သတင်း၊ဆောင်းပါးများကို ခွင့်ပြုချက်တစ်စုံတစ်ရာ မရရှိဘဲ မိမိတို့၏အကျိုးစီးပွားအတွက် အခြားသော မီဒီယာစာမျက်နှာများပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းများ မပြုလုပ်ကြပါရန် သတိပေးအပ်ပါသည်။)

(Zawgyi Version)

EXO အဖြဲ႕ရဲ႕ေခါင္းေဆာင္ျဖစ္တဲ့ Suho ဟာ လာမယ့္ မတ္လအတြင္းမွာ ပထမဆုံးတစ္ကိုယ္ေတာ္ ဆိုလိုအယ္လ္ဘမ္ကို ထုတ္ေဝျဖန႔္ခ်ိသြားမယ္လို႔ သတင္းေတြ ထြက္ေပၚေနပါတယ္။ Suho ဟာ Baekhyun နဲ႔ Chen တို႔အၿပီး ဆိုလိုအယ္လ္ဘမ္ထြက္ရွိႏိုင္တဲ့ EXO အဖြဲ႕ထဲက တတိယေျမာက္အဖြဲ႕ဝင္လည္း ျဖစ္လာမွာ ျဖစ္ပါတယ္။

Suho ရဲ႕ ဆိုလိုအယ္လ္ဘမ္ ထြက္ရွိေတာ့မယ္လို႔ သတင္းထြက္လာၿပီးခ်င္းမွာပဲ Twitter မွာ ဟတ္ရွ္တက္ေတြ trend ျဖစ္ေနတာကိုလည္း ေတြ႕ရပါတယ္။ ဒါဟာ EXO ပရိသတ္ေတြအတြက္လည္း ဝမ္းသာရင္ခုန္စရာသတင္းတစ္ခုပါပဲ။

Photo: kimjuncotton/ Instagram

Suho ဟာ ၂၀၁၂ခုႏွစ္မွာ EXO အဖြဲ႕နဲ႔ စတင္ပြဲထြက္ခဲ့ၿပီး ကမာၻ႔ေနရာအႏွံ႔မွာ ပရိသတ္ေတြ ရွိလာတဲ့အထိ လႊမ္းမိုးေအာင္ျမင္လာႏိုင္တဲ့ ၾကယ္တစ္ပြင့္လည္း ျဖစ္ပါတယ္။ ဒါတင္မက Suho ဟာ musical နဲ႔ ႐ုပ္ရွင္ေလာကထဲမွာလည္း လႈပ္ရွားမႈရွိၿပီး မၾကာေသးမီကပဲ The Man Who Laughs ဆိုတဲ့ musical တစ္ခုမွာ ပါဝင္သ႐ုပ္ေဆာင္ထားပါေသးတယ္။

Photo: kimjuncotton/ Instagram

ဆိုလိုအယ္လ္ဘမ္နဲ႔ ပတ္သက္တဲ့သတင္းကိုေတာ့ SM Entertainment က အခုလိုပဲ ျပန္လည္တုံ႔ျပန္ထားပါတယ္။ “Suho ဆိုလိုအယ္လ္ဘမ္အတြက္ ျပင္ဆင္ေနတယ္ဆိုတာ အမွန္ပါပဲ။ ဒါေပမယ့္ ဘယ္အခ်ိန္မွာ ထြက္ရွိမယ္ဆိုတာေတာ့ ကြၽန္ေတာ္တို႔ အတိအက် မေျပာႏိုင္ေသးပါဘူး။ အကုန္လုံး အတည္ျပဳၿပီးသြားရင္ေတာ့ ထြက္ရွိမယ့္အခ်ိန္ အတိအက်ကို ကြၽန္ေတာ္တို႔ ထုတ္ျပန္ေပးပါမယ္” လို႔ ေၾကျငာထားပါတယ္။

ပရိသတ္ေတြကေတာ့ Suho ရဲ႕အယ္လ္ဘမ္ထဲမွာ ဘယ္လိုစတိုင္လ္အသစ္ေတြနဲ႔ သီခ်င္းပုံစံေတြကို ျမင္ေတြ႕ခံစားရမလည္းဆိုတာ စိတ္လႈပ္ရွားေနၾကပါတယ္။

Xei

(ဆံရစ္ဝိုင္းမီဒီယာမွ တင္ဆက္ေသာ ကိုယ္တိုင္ေရး (သို႔မဟုတ္) ဘာသာျပန္သတင္း၊ေဆာင္းပါးမ်ားကို ခြင့္ျပဳခ်က္တစ္စုံတစ္ရာ မရရွိဘဲ မိမိတို႔၏အက်ိဳးစီးပြားအတြက္ အျခားေသာ မီဒီယာစာမ်က္ႏွာမ်ားေပၚတြင္ ျပန္လည္ကူးယူေဖာ္ျပျခင္းမ်ား မျပဳလုပ္ၾကပါရန္ သတိေပးအပ္ပါသည္။)

RELATED ARTICLES

Most Popular