HomeCelebs Update Newsလာမယ့်မေလ(၁၄)ရက်နေ့မှာ စစ်မှုထမ်းသွားရောက်တော့မယ့် EXO အဖွဲ့က Suho 

လာမယ့်မေလ(၁၄)ရက်နေ့မှာ စစ်မှုထမ်းသွားရောက်တော့မယ့် EXO အဖွဲ့က Suho 

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

EXO အဖွဲ့က Suho ကတော့ စစ်မှုထမ်းသွားတော့မယ်လို့ သတင်းထွက်ပေါ်လာပါပြီ။

Suho ဟာ D.O. နဲ့ Xiumin ပြီးရင် EXO အဖွဲ့ရဲ့ တတိယမြောက် စစ်မှုထမ်းမယ့်အဖွဲ့ဝင် ဖြစ်ပါတယ်။ Star News သတင်းဌာနရဲ့ ဖော်ပြချက်အရ Suho ဟာ မေလ(၁၄)ရက်နေ့မှာ စစ်မှုထမ်း သွားရောက်တော့မယ်လို့ သိရပါတယ်။ Suho ရဲ့ အရှေ့မှာတော့ မေလ(၇)ရက် ၂၀၁၉ခုနှစ်မှာ Xiumin က စစ်မှုထမ်းသွားထားပြီး ဇူလိုင်လ (၁)ရက် ၂၀၁၉ခုနှစ်မှာတော့ D.O. က စစ်မှုထမ်း သွားထားပါတယ်။

photo via weareone.exo/instagram

Suho ဟာ ၂၀၁၉ခုနှစ် မတ်လ(၃၀)ရက်နေ့မှာ Self Portrait ဆိုတဲ့ မီနီအယ်လ်ဘမ်နဲ့ ဆိုလိုအဖြစ် ပွဲထွက်ထားသူလည်း ဖြစ်ပါတယ်။ ၁၉၉၁ခုနှစ်မှာ မွေးဖွားသူဖြစ်တာကြောင့် အသက်(၂၈)နှစ်ရှိနေပြီဖြစ်ပြီး စစ်မှုထမ်းဖို့အတွက် သတ်မှတ်ထားတဲ့ အသက်အပိုင်းအခြားကို ရောက်နေပြီလည်း ဖြစ်ပါတယ်။ ဒီသတင်းနဲ့ ပတ်သက်ပြီး SM Entertainment ကတော့ တစ်စုံတစ်ရာ တုံ့ပြန်ပြောဆိုခြင်း မရှိသေးပေမယ့် Suho ကတော့ EXO fansite မှာ သတင်းကို အတည်ပြုတဲ့ စာတစ်စောင် တင်ထားပါတယ်။

photo via weareone.exo/instagram

အဆိုပါစာမှာ Suho ပြောထားတာကတော့ …

” EXO-L အားလုံးပဲ မင်္ဂလာပါ။ ကျွန်တော်ကတော့ Suho ပါ။

အားလုံးကို ပြောပြစရာတစ်ခု ရှိပါတယ်။ ဒါကြောင့် ဒီစာကို တင်လိုက်ရတာပါ။ လာမယ့် မေလ (၁၄)ရက်နေ့ကစပြီး ကျွန်တော် စစ်မှုထမ်း သွားရောက်တော့မှာ ဖြစ်ပါတယ်။ စစ်မှုထမ်းနေတဲ့အချိန် အတောအတွင်းမှာ EXO-L တွေ အားလုံးကို သတိရနေမှာပါ။

ကျွန်တော့်ကို ချစ်ကြပြီး အားပေးကြတဲ့ EXO-L တွေ အားလုံး၊ ကျွန်တော့်အကြောင်းကို တွေးပေးကြတဲ့ လူတွေအားလုံး ကျန်းမာကြပါစေ။ အားလုံးကို ကျေးဇူးလည်းတင်ပြီး ချစ်လည်းချစ်ပါတယ်။ We Are One EXO, I Love U ” ဆိုပြီး ရေးထားတာ တွေ့ရပါတယ်။

photo via weareone.exo/instagram

Suho လည်း ကျန်းမာစွာနဲ့ ကောင်းမွန်စာ စစ်မှုထမ်းပြီး EXO-L တွေဆီကို ပြန်လာနိုင်ပါစေလို့ ဆုမွန်တောင်းပေးလိုက်ပါတယ်။

Lego Les
(Zawgyi Version)

EXO အဖြဲ႕က Suho ကေတာ့ စစ္မႈထမ္းသြားေတာ့မယ္လို႔ သတင္းထြက္ေပၚလာပါၿပီ။

Suho ဟာ D.O. နဲ႔ Xiumin ၿပီးရင္ EXO အဖြဲ႕ရဲ႕ တတိယေျမာက္ စစ္မႈထမ္းမယ့္အဖြဲ႕ဝင္ ျဖစ္ပါတယ္။ Star News သတင္းဌာနရဲ႕ ေဖာ္ျပခ်က္အရ Suho ဟာ ေမလ(၁၄)ရက္ေန႔မွာ စစ္မႈထမ္း သြားေရာက္ေတာ့မယ္လို႔ သိရပါတယ္။ Suho ရဲ႕ အေရွ႕မွာေတာ့ ေမလ(၇)ရက္ ၂၀၁၉ခုႏွစ္မွာ Xiumin က စစ္မႈထမ္းသြားထားၿပီး ဇူလိုင္လ (၁)ရက္ ၂၀၁၉ခုႏွစ္မွာေတာ့ D.O. က စစ္မႈထမ္း သြားထားပါတယ္။

photo via weareone.exo/instagram

Suho ဟာ ၂၀၁၉ခုႏွစ္ မတ္လ(၃၀)ရက္ေန႔မွာ Self Portrait ဆိုတဲ့ မီနီအယ္လ္ဘမ္နဲ႔ ဆိုလိုအျဖစ္ ပြဲထြက္ထားသူလည္း ျဖစ္ပါတယ္။ ၁၉၉၁ခုႏွစ္မွာ ေမြးဖြားသူျဖစ္တာေၾကာင့္ အသက္(၂၈)ႏွစ္ရွိေနၿပီျဖစ္ၿပီး စစ္မႈထမ္းဖို႔အတြက္ သတ္မွတ္ထားတဲ့ အသက္အပိုင္းအျခားကို ေရာက္ေနၿပီလည္း ျဖစ္ပါတယ္။ ဒီသတင္းနဲ႔ ပတ္သက္ၿပီး SM Entertainment ကေတာ့ တစ္စုံတစ္ရာ တုံ႔ျပန္ေျပာဆိုျခင္း မရွိေသးေပမယ့္ Suho ကေတာ့ EXO fansite မွာ သတင္းကို အတည္ျပဳတဲ့ စာတစ္ေစာင္ တင္ထားပါတယ္။

photo via weareone.exo/instagram

အဆိုပါစာမွာ Suho ေျပာထားတာကေတာ့ …

” EXO-L အားလုံးပဲ မဂၤလာပါ။ ကြၽန္ေတာ္ကေတာ့ Suho ပါ။

အားလုံးကို ေျပာျပစရာတစ္ခု ရွိပါတယ္။ ဒါေၾကာင့္ ဒီစာကို တင္လိုက္ရတာပါ။ လာမယ့္ ေမလ (၁၄)ရက္ေန႔ကစၿပီး ကြၽန္ေတာ္ စစ္မႈထမ္း သြားေရာက္ေတာ့မွာ ျဖစ္ပါတယ္။ စစ္မႈထမ္းေနတဲ့အခ်ိန္ အေတာအတြင္းမွာ EXO-L ေတြ အားလုံးကို သတိရေနမွာပါ။

ကြၽန္ေတာ့္ကို ခ်စ္ၾကၿပီး အားေပးၾကတဲ့ EXO-L ေတြ အားလုံး၊ ကြၽန္ေတာ့္အေၾကာင္းကို ေတြးေပးၾကတဲ့ လူေတြအားလုံး က်န္းမာၾကပါေစ။ အားလုံးကို ေက်းဇူးလည္းတင္ၿပီး ခ်စ္လည္းခ်စ္ပါတယ္။ We Are One EXO, I Love U ” ဆိုၿပီး ေရးထားတာ ေတြ႕ရပါတယ္။

photo via weareone.exo/instagram

Suho လည္း က်န္းမာစြာနဲ႔ ေကာင္းမြန္စာ စစ္မႈထမ္းၿပီး EXO-L ေတြဆီကို ျပန္လာႏိုင္ပါေစလို႔ ဆုမြန္ေတာင္းေပးလိုက္ပါတယ္။

Lego Les
RELATED ARTICLES

Most Popular