HomeCelebs Update NewsKoreaTaeyeon နဲ႔ Tiffany တို႔ကို အစ္မႀကီးေတြသဖြယ္ ခင္တြယ္ခဲ့ရွာတဲ့ Sulli

Taeyeon နဲ႔ Tiffany တို႔ကို အစ္မႀကီးေတြသဖြယ္ ခင္တြယ္ခဲ့ရွာတဲ့ Sulli

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

ကေပေါ့ပ်လောကကို လှုပ်လှုပ်ခတ်ခတ် ဖြစ်သွားစေခဲ့ရတဲ့ Sulli ရဲ့ကွယ်လွန်ခြင်းနဲ့အတူ နောက်ပိုင်းမှ လူတွေသတိထားမိခဲ့တာကတော့ Sulli နဲ့ Taeyeon ၊ Tiffany တို့ကြားက ညီအစ်မသဖွယ် သံယောဇဉ်ပဲ ဖြစ်ပါတယ်။ ဒီအကြောင်းကိုတော့ အရင်တုန်းက လွှင့်ခဲ့ဖူးတဲ့ ရှိုးတစ်ခုရဲ့ အပိုင်းဟောင်းတစ်ခုကနေ ပြန်သိခဲ့ရတာဖြစ်ပြီး Sulli ကိုယ်တိုင်က ကျေးဇူးတင်ကြောင်း ရင်ဖွင့်ပြောထားခဲ့တာလည်း ဖြစ်ပါတယ်။

Sulli ဟာ လေးတန်းကျောင်းသူ အရွယ်တည်းက ဆိုးလ်ကိုတက်လာခဲ့ပြီး ငါးတန်းကျောင်းသူ အရွယ်ကစလို့ Girls’ Generation အဖွဲ့က Taeyeon ၊ Tiffany တို့နဲ့အတူ တစ်အိမ်တည်းမှာ နေထိုင်ခဲ့တာပါ။ အသက်(၁၁)နှစ်အရွယ်လေးနဲ့ မိဘတွေနဲ့ခွဲပြီး တစ်ခြားသူစိမ်းတွေနဲ့ အဆင်ပြေအောင် နေထိုင်ခဲ့ရတာဟာ Sulli အတွက် လွယ်တော့မလွယ်ကူခဲ့ပါဘူး။ သို့ပေမယ့် သူမရဲ့ ဟာနေတဲ့ ကွက်လပ်လေးကို Taeyeon နဲ့ Tiffany တို့က တတ်စွမ်းသလောက် ဖြည့်စွက်ပေးခဲ့ကြပါတယ်။

Photo: koreaboo

“Taeyeon နဲ့ Tiffany တို့ဟာ ကျွန်မအတွက်တော့ အစ်မအရင်းတွေလိုပါပဲ။ ကျွန်မကို ဂရုစိုက်ပေးခဲ့ကြပါတယ်။ နောက်ပိုင်းကျတော့ သူတို့နှစ်ယောက်က Girls’ Generation နဲ့ ပွဲထွက်ဖြစ်သွားတော့ သူတို့ကို မြင်ရဖို့တောင် မလွယ်အောင် အလုပ်တွေများလာကြတယ်လေ။ ဒီလိုနဲ့ ကျွန်မတို့ ဝေးသွားကြတော့မှာလားလို့ စိတ်ပူခဲ့ရပါသေးတယ်။ ဒါပေမယ့် ကံကောင်းချင်တော့ နောက်နှစ်အနည်းငယ်မှာပဲ ကျွန်မက f(x)နဲ့ ပွဲထွက်ခဲ့ရတဲ့အတွက် သူတို့နဲ့ ပြန်ပြီး မကြာမကြာ တွေ့ခွင့်ရခဲ့ပါတယ်” လို့ Sulli က ပြောပြခဲ့ဖူးပါတယ်။

ညီအစ်မတွေလို သံယောဇဉ်ကြီးခဲ့ကြတဲ့ သူတို့သုံးယောက်ဟာ ဘယ်သူမှ ပွဲမထွက်ရသေးခင်အထိ သုံးနှစ်လောက်ကြာအောင် အတူတူနေထိုင်ခဲ့ကြပါတယ်။ Girls’ Generation က ၂၀၀၇ခုနှစ်မှာ ပွဲထွက်ခဲ့ပြီး f(x) ကတော့ ၂၀၀၉ခုနှစ်မှာ ပွဲထွက်ခဲ့ပါတယ်။

Photo: koreaboo

ဒီလောက် သံယောဇဉ်ကြီးကြတဲ့ ညီအစ်မတွေထဲက Sulli က ထွက်ခွာသွားတဲ့အခါ ပရိသတ်တွေအနေနဲ့ စိတ်ကျရောဂါရှိနေတယ်လို့ ဝန်ခံထားတဲ့Taeyeon ရဲ့ ကျန်းမာရေးကိုလည်း ပိုပြီးစိတ်ပူလာခဲ့ကြပါတယ်။

Photo: koreaboo

Sulli ရဲ့ကွယ်လွန်မှုကိုတော့ အောက်တိုဘာလ(၁၄)ရက်နေ့မှာ Seongnam က သူမရဲ့အိမ်မှာ သူမရဲ့မန်နေဂျာက အရင်ဆုံးတွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒီ့နောက်ပိုင်းမှာတော့ Sulli ကွယ်လွန်သွားကြောင်းကို ရဲဘက်ကလည်း အတည်ပြုပေးခဲ့ပါတယ်။

ဒီလိုညီအစ်မသဖွယ် ချစ်ခင်မှုတွေကို ရရှိခဲ့တဲ့ Sulli လေးရဲ့ လိပ်ပြာလေးလည်း ကောင်းမွန်အေးချမ်းတဲ့ နေရာမှာ လှပစွာ ပျံဝဲနေနိုင်ပါစေလို့ ဆုတောင်းပေးရင်း ….။

LaNina

Ref: koreaboo

(ဆံရစ်ဝိုင်းမီဒီယာစာမျက်နှာပေါ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို ခွင့်ပြုချက် တစ်စုံတစ်ရာ မရရှိဘဲ မိမိတို့ကိုယ်ကျိုးအတွက် ကူးယူသုံးစွဲခြင်း မပြုလုပ်ကြပါရန် သတိပေးအပ်ပါသည်။)

(Zawgyi Version)

ေကေပါ့ပ္ေလာကကို လႈပ္လႈပ္ခတ္ခတ္ ျဖစ္သြားေစခဲ့ရတဲ့ Sulli ရဲ႕ကြယ္လြန္ျခင္းနဲ႔အတူ ေနာက္ပိုင္းမွ လူေတြသတိထားမိခဲ့တာကေတာ့ Sulli နဲ႔ Taeyeon ၊ Tiffany တို႔ၾကားက ညီအစ္မသဖြယ္ သံေယာဇဥ္ပဲ ျဖစ္ပါတယ္။ ဒီအေၾကာင္းကိုေတာ့ အရင္တုန္းက လႊင့္ခဲ့ဖူးတဲ့ ရိႈးတစ္ခုရဲ႕ အပိုင္းေဟာင္းတစ္ခုကေန ျပန္သိခဲ့ရတာျဖစ္ၿပီး Sulli ကိုယ္တိုင္က ေက်းဇူးတင္ေၾကာင္း ရင္ဖြင့္ေျပာထားခဲ့တာလည္း ျဖစ္ပါတယ္။

Sulli ဟာ ေလးတန္းေက်ာင္းသူ အရြယ္တည္းက ဆိုးလ္ကိုတက္လာခဲ့ၿပီး ငါးတန္းေက်ာင္းသူ အရြယ္ကစလို႔ Girls’ Generation အဖြဲ႕က Taeyeon ၊ Tiffany တို႔နဲ႔အတူ တစ္အိမ္တည္းမွာ ေနထိုင္ခဲ့တာပါ။ အသက္(၁၁)ႏွစ္အရြယ္ေလးနဲ႔ မိဘေတြနဲ႔ခြဲၿပီး တစ္ျခားသူစိမ္းေတြနဲ႔ အဆင္ေျပေအာင္ ေနထိုင္ခဲ့ရတာဟာ Sulli အတြက္ လြယ္ေတာ့မလြယ္ကူခဲ့ပါဘူး။ သို႔ေပမယ့္ သူမရဲ႕ ဟာေနတဲ့ ကြက္လပ္ေလးကို Taeyeon နဲ႔ Tiffany တို႔က တတ္စြမ္းသေလာက္ ျဖည့္စြက္ေပးခဲ့ၾကပါတယ္။

Photo: koreaboo

“Taeyeon နဲ႔ Tiffany တို႔ဟာ ကၽြန္မအတြက္ေတာ့ အစ္မအရင္းေတြလိုပါပဲ။ ကၽြန္မကို ဂရုစိုက္ေပးခဲ့ၾကပါတယ္။ ေနာက္ပိုင္းက်ေတာ့ သူတို႔ႏွစ္ေယာက္က Girls’ Generation နဲ႔ ပြဲထြက္ျဖစ္သြားေတာ့ သူတို႔ကို ျမင္ရဖို႔ေတာင္ မလြယ္ေအာင္ အလုပ္ေတြမ်ားလာၾကတယ္ေလ။ ဒီလိုနဲ႔ ကၽြန္မတို႔ ေ၀းသြားၾကေတာ့မွာလားလို႔ စိတ္ပူခဲ့ရပါေသးတယ္။ ဒါေပမယ့္ ကံေကာင္းခ်င္ေတာ့ ေနာက္ႏွစ္အနည္းငယ္မွာပဲ ကၽြန္မက f(x)နဲ႔ ပြဲထြက္ခဲ့ရတဲ့အတြက္ သူတို႔နဲ႔ ျပန္ၿပီး မၾကာမၾကာ ေတြ႕ခြင့္ရခဲ့ပါတယ္” လို႔ Sulli က ေျပာျပခဲ့ဖူးပါတယ္။

ညီအစ္မေတြလို သံေယာဇဥ္ႀကီးခဲ့ၾကတဲ့ သူတို႔သုံးေယာက္ဟာ ဘယ္သူမွ ပြဲမထြက္ရေသးခင္အထိ သုံးႏွစ္ေလာက္ၾကာေအာင္ အတူတူေနထိုင္ခဲ့ၾကပါတယ္။ Girls’ Generation က ၂၀၀၇ခုႏွစ္မွာ ပြဲထြက္ခဲ့ၿပီး f(x) ကေတာ့ ၂၀၀၉ခုႏွစ္မွာ ပြဲထြက္ခဲ့ပါတယ္။

Photo: koreaboo

ဒီေလာက္ သံေယာဇဥ္ႀကီးၾကတဲ့ ညီအစ္မေတြထဲက Sulli က ထြက္ခြာသြားတဲ့အခါ ပရိသတ္ေတြအေနနဲ႔ စိတ္က်ေရာဂါရိွေနတယ္လို႔ ၀န္ခံထားတဲ့Taeyeon ရဲ႕ က်န္းမာေရးကိုလည္း ပိုၿပီးစိတ္ပူလာခဲ့ၾကပါတယ္။

Photo: koreaboo

Sulli ရဲ႕ကြယ္လြန္မႈကိုေတာ့ ေအာက္တိုဘာလ(၁၄)ရက္ေန႔မွာ Seongnam က သူမရဲ႕အိမ္မွာ သူမရဲ႕မန္ေနဂ်ာက အရင္ဆုံးေတြ႕ရိွခဲ့တာ ျဖစ္ပါတယ္။ အဲ့ဒီ့ေနာက္ပိုင္းမွာေတာ့ Sulli ကြယ္လြန္သြားေၾကာင္းကို ရဲဘက္ကလည္း အတည္ျပဳေပးခဲ့ပါတယ္။

ဒီလိုညီအစ္မသဖြယ္ ခ်စ္ခင္မႈေတြကို ရရိွခဲ့တဲ့ Sulli ေလးရဲ႕ လိပ္ျပာေလးလည္း ေကာင္းမြန္ေအးခ်မ္းတဲ့ ေနရာမွာ လွပစြာ ပ်ံ၀ဲေနႏိုင္ပါေစလို႔ ဆုေတာင္းေပးရင္း ….။

LaNina

Ref: koreaboo

(ဆံရစ္ဝိုင္းမီဒီယာစာမ်က္ႏွာေပၚတြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို ခြင့္ျပဳခ်က္ တစ္စုံတစ္ရာ မရရွိဘဲ မိမိတို႔ကိုယ္က်ိဳးအတြက္ ကူးယူသုံးစြဲျခင္း မျပဳလုပ္ၾကပါရန္ သတိေပးအပ္ပါသည္။)

RELATED ARTICLES

Most Popular