HomeDramaSeason 2 ထွက်လာဦးမယ်လို့ သတင်းထွက်နေတဲ့ Netflix ရဲ့ Sweet Home 

Season 2 ထွက်လာဦးမယ်လို့ သတင်းထွက်နေတဲ့ Netflix ရဲ့ Sweet Home 

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Netflix က ရိုက်ကူးထုတ်လွှင့်ခဲ့တဲ့ Sweet Home ဇာတ်လမ်းတွဲဟာ Season 2 ထွက်ရှိလာဦးမယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

web toon ကို အခြေခံ ရိုက်ကူးထားတဲ့ ဒီဇာတ်လမ်းတွဲကတော့ တစ်ကိုယ်တည်း နေထိုင်တတ်တဲ့ အထက်တန်းကျောင်းသားတစ်ယောက်ဟာ အိမ်အသစ်ဆီကို ပြောင်းလာပြီးတည်းက ထိတ်လန့်ဖွယ်ရာ ဖြစ်ရပ်တွေကို ဆက်တိုက် ကြုံတွေ့ရတဲ့အကြောင်း ဖြစ်ပါတယ်။ အဲဒါကတော့ သူ့အနီးအနားဝန်းကျင်က လူတွေဟာ ထူးဆန်းစွာပဲ မိစ္ဆာတွေအဖြစ် ပြောင်းလဲသွားကြတာ ဖြစ်ပါတယ်။

Photo via IMDb

ဒါကတော့ Season 1 မှာ ပြသခဲ့တဲ့ ဇာတ်လမ်း အကြောင်းအရာ ဖြစ်ပြီး ရိုက်ကူးရေး တာဝန်ခံတစ်ယောက်ရဲ့ ပြောကြားချက်အရ Season 2 ထွက်ရှိလာဖို့လည်း ရှိနေတယ်လို့ သိရပါတယ်။ ယနေ့ ဇူလိုင်လ(၉)ရက်နေ့မှာ ထွက်ရှိလာတဲ့ သတင်းအရ ဒုတိယမြောက် season ကို လာမယ့် ဒီဇင်ဘာလမှာ စတင်ရိုက်ကူးသွားမယ်လို့ သိရပါတယ်။

ပါဝင်မယ့် သရုပ်ဆောင်တွေကတော့ Season 1 မှာ ပါဝင်ခဲ့တဲ့ အဓိကသရုပ်ဆောင်တွေဖြစ်ကြတဲ့ Song Kang ၊ Lee Jin Wook နဲ့ Lee Si Young တို့ ဖြစ်ပါတယ်။ ဒီ Season အသစ်ကိုတော့ ၂၀၂၂ ခုနှစ်မှာ ထုတ်လွှင့် ပြသဖို့ လျာထားတယ်လို့ အဆိုပါ သတင်းက ဖော်ပြထားပါတယ်။

Photo via IMDb

သို့သော်လည်း Netflix ဘက်ကတော့ Sweet Home ရဲ့ Season 2 ရိုက်ကူးရေးနဲ့ ပတ်သက်ပြီး ဘာဆုံးဖြတ်ချက်မှ မချရသေးပါဘူးလို့ ပြန်လည် တုံ့ပြန်ထားပါတယ်။ ဒါကြောင့် Season 2 တကယ် ဖြစ်လာမှာလားဆိုတာကိုတော့ စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

Glasgow

Source: soompi

(Zawgyi Version)

Netflix က ႐ိုက္ကူးထုတ္လႊင့္ခဲ့တဲ့ Sweet Home ဇာတ္လမ္းတြဲဟာ Season 2 ထြက္ရွိလာဦးမယ္လို႔ သတင္းေတြ ထြက္ေပၚေနပါတယ္။

web toon ကို အေျခခံ ႐ိုက္ကူးထားတဲ့ ဒီဇာတ္လမ္းတြဲကေတာ့ တစ္ကိုယ္တည္း ေနထိုင္တတ္တဲ့ အထက္တန္းေက်ာင္းသားတစ္ေယာက္ဟာ အိမ္အသစ္ဆီကို ေျပာင္းလာၿပီးတည္းက ထိတ္လန႔္ဖြယ္ရာ ျဖစ္ရပ္ေတြကို ဆက္တိုက္ ႀကဳံေတြ႕ရတဲ့အေၾကာင္း ျဖစ္ပါတယ္။ အဲဒါကေတာ့ သူ႔အနီးအနားဝန္းက်င္က လူေတြဟာ ထူးဆန္းစြာပဲ မိစာၦေတြအျဖစ္ ေျပာင္းလဲသြားၾကတာ ျဖစ္ပါတယ္။

Photo via IMDb

ဒါကေတာ့ Season 1 မွာ ျပသခဲ့တဲ့ ဇာတ္လမ္း အေၾကာင္းအရာ ျဖစ္ၿပီး ႐ိုက္ကူးေရး တာဝန္ခံတစ္ေယာက္ရဲ႕ ေျပာၾကားခ်က္အရ Season 2 ထြက္ရွိလာဖို႔လည္း ရွိေနတယ္လို႔ သိရပါတယ္။ ယေန႔ ဇူလိုင္လ(၉)ရက္ေန႔မွာ ထြက္ရွိလာတဲ့ သတင္းအရ ဒုတိယေျမာက္ season ကို လာမယ့္ ဒီဇင္ဘာလမွာ စတင္႐ိုက္ကူးသြားမယ္လို႔ သိရပါတယ္။

ပါဝင္မယ့္ သ႐ုပ္ေဆာင္ေတြကေတာ့ Season 1 မွာ ပါဝင္ခဲ့တဲ့ အဓိကသ႐ုပ္ေဆာင္ေတြျဖစ္ၾကတဲ့ Song Kang ၊ Lee Jin Wook နဲ႔ Lee Si Young တို႔ ျဖစ္ပါတယ္။ ဒီ Season အသစ္ကိုေတာ့ ၂၀၂၂ ခုႏွစ္မွာ ထုတ္လႊင့္ ျပသဖို႔ လ်ာထားတယ္လို႔ အဆိုပါ သတင္းက ေဖာ္ျပထားပါတယ္။

Photo via IMDb

သို႔ေသာ္လည္း Netflix ဘက္ကေတာ့ Sweet Home ရဲ႕ Season 2 ႐ိုက္ကူးေရးနဲ႔ ပတ္သက္ၿပီး ဘာဆုံးျဖတ္ခ်က္မွ မခ်ရေသးပါဘူးလို႔ ျပန္လည္ တုံ႔ျပန္ထားပါတယ္။ ဒါေၾကာင့္ Season 2 တကယ္ ျဖစ္လာမွာလားဆိုတာကိုေတာ့ ေစာင့္ၾကည့္ရဦးမွာ ျဖစ္ပါတယ္။

Glasgow

Source: soompi

 

RELATED ARTICLES

Most Popular