HomeDramaTaecyeon နဲ့ Kim Hye Yoon တို့ရဲ့ နန်းတွင်းဒရာမာအသစ် Inspector Joy 

Taecyeon နဲ့ Kim Hye Yoon တို့ရဲ့ နန်းတွင်းဒရာမာအသစ် Inspector Joy 

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

tvN ရုပ်သံလိုင်းက ထုတ်လွှင့်ပြသသွားမယ့် နန်းတွင်းဒရာမာအသစ်ကတော့ teaser ထွက်ရှိလာပြီ ဖြစ်ပါတယ်။ Inspector Joy လို့ အမည်ရတဲ့ ဒီဇာတ်လမ်းတွဲထဲမှာတော့ သရုပ်ဆောင်လည်းဖြစ်၊ Idol လည်းဖြစ်တဲ့ Taecyeon နဲ့ မင်းသမီးလေး Kim Hye Yoon တို့က အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်။

ဇာတ်လမ်းကတော့ ငယ်ရွယ်တဲ့ စားဖိုးမှူးတစ်ယောက်ဟာ နန်းတွင်းရဲ့ လျှို့ဝှက်စုံထောက် ဖြစ်လာပြီး ပျော်ရွှင်မှုကို ရှာဖွေနေတဲ့ တစ်ခုလပ်မလေးတစ်ယောက်နဲ့ အတူပူးပေါင်းကာ အမှုကိုစုံစမ်းရတဲ့ ဇာတ်လမ်းပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းအမျိုးအစားကတော့ ဟာသဒရာမာ အမျိုးအစား ဖြစ်ပါတယ်။

Photo: taecyeon.br/ Instagram

ဒီဒရာမာထဲမှာ 2PM အဖွဲ့က Taecyeon ကတော့ Ra Yi Eon ဆိုတဲ့ ဇာတ်ရုပ်ကနေ ပါဝင်ထားပါတယ်။ Ra Yi Eon ရဲ့ တစ်ခုတည်းသော အိပ်မက်ကတော့ မြေစျေးပေါတဲ့ မြို့ပြင်တစ်နေရာမှာ ဖက်ထုပ်ဆိုင်လေးတစ်ဆိုင် ဖွင့်ဖို့သာ ဖြစ်ပါတယ်။ သို့သော်လည်း ဉာဏ်ကောင်းလွန်းတာကြောင့် နိုင်ငံတော်အဆင့် စာမေးပွဲမှာ အဆင့်ကောင်းနဲ့ အောင်မြင်သွားပြီး အထူးအကြံပေးရုံးရဲ့ နေရာကောင်းတစ်နေရာမှာပါ အလုပ်ရသွားတဲ့အထိ ဖြစ်သွားပါတယ်။

ဒါ့အပြင် သူ့ရဲ့ မူရင်းဆန္ဒထက် ကျော်လွန်ပြီး နန်းတွင်းရဲ့ လျှို့ဝှက်စုံထောက်အဖြစ်နဲ့ပါ ခန့်အပ်ခံလိုက်ရပါတယ်။ ဒီအလုပ်မျိုးဟာ တခြားသူတွေအတွက်တော့ သေရေးရှင်ရေးလောက် အရေးပါတဲ့အလုပ်မျိုး ဖြစ်ပေမယ့် Ra Yi Eon တစ်ယောက်ကတော့ လုပ်စရာရှိတာကို မြန်မြန်လုပ်ပြီး အားလပ်ချိန်ရောက်ဖို့ကိုသာ စောင့်မျှော်နေမိပါတော့တယ်။

Photo: kimhyeyoon_fanpage/ Instagram

Kim Hye Yoon ကတော့ Kim Jo Yi ဆိုတဲ့ ဇာတ်ရုပ်ကနေ ပါဝင်ထားပါတယ်။ သူမကတော့ ဂျိုဆွန်းခေတ်က သာမန်အမျိုးသမီးတွေနဲ့ မတူဘဲ ကွာရှင်းပြတ်စဲတာဟာ ကိစ္စကြီးမဟုတ်ဘူးလို့ တွေးထင်သူ ဖြစ်ပါတယ်။ Kim Jo Yi ဟာ လွန်ခဲ့တဲ့ သုံးနှစ်သော အချိန်ကာလတုန်းက လောင်းကစားစွဲနေတဲ့ အမေချစ်သားတစ်ယောက်ကို လက်ထပ်ခဲ့တာပါ။

ဒီလိုနဲ့ အတက်အကျတွေ များခဲ့ပြီး နောက်ဆုံးမှာတော့ အဲဒီလူနဲ့ ကွာရှင်းခဲ့ပါတယ်။ အဲဒီနောက် သူမဘဝကို အသစ်က ပြန်စမယ်လို့ စိတ်ကူးလိုက်တဲ့အချိန်မှာပဲ နန်းတွင်းရဲ့ လျှို့ဝှက်စုံထောက်နဲ့ သွားတွေ့ပြီး သူမရဲ့လမ်းဟာလည်း ပိတ်ဆို့သွားပါတော့တယ်။

ဒီဇာတ်လမ်းတွဲထဲမှာတော့ Ok Taecyeon ၊ Kim Hye Yoon ၊ Lee Jae Kyoon ၊ Jung Soon Won ၊ Lee Sang Hee နဲ့ Choi Tae Hwan တို့က ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဒီဒရာမာကိုတော့ လာမယ့်နိုဝင်ဘာလထဲမှာ ပြသသွားမယ်လို့ သိရပါတယ်။

Glasgow

Source: soompi

(Zawgyi Version)

tvN ႐ုပ္သံလိုင္းက ထုတ္လႊင့္ျပသသြားမယ့္ နန္းတြင္းဒရာမာအသစ္ကေတာ့ teaser ထြက္ရွိလာၿပီ ျဖစ္ပါတယ္။ Inspector Joy လို႔ အမည္ရတဲ့ ဒီဇာတ္လမ္းတြဲထဲမွာေတာ့ သ႐ုပ္ေဆာင္လည္းျဖစ္၊ Idol လည္းျဖစ္တဲ့ Taecyeon နဲ႔ မင္းသမီးေလး Kim Hye Yoon တို႔က အဓိကပါဝင္သ႐ုပ္ေဆာင္ထားပါတယ္။

ဇာတ္လမ္းကေတာ့ ငယ္ရြယ္တဲ့ စားဖိုးမွူးတစ္ေယာက္ဟာ နန္းတြင္းရဲ့ လၽွို႔ဝွက္စုံေထာက္ ျဖစ္လာၿပီး ေပ်ာ္ရႊင္မွုကို ရွာေဖြေနတဲ့ တစ္ခုလပ္မေလးတစ္ေယာက္နဲ႔ အတူပူးေပါင္းကာ အမွုကိုစုံစမ္းရတဲ့ ဇာတ္လမ္းပဲ ျဖစ္ပါတယ္။ ဇာတ္လမ္းအမ်ိဳးအစားကေတာ့ ဟာသဒရာမာ အမ်ိဳးအစား ျဖစ္ပါတယ္။

Photo: taecyeon.br/ Instagram

ဒီဒရာမာထဲမွာ 2PM အဖြဲ႕က Taecyeon ကေတာ့ Ra Yi Eon ဆိုတဲ့ ဇာတ္႐ုပ္ကေန ပါဝင္ထားပါတယ္။ Ra Yi Eon ရဲ့ တစ္ခုတည္းေသာ အိပ္မက္ကေတာ့ ေျမေစ်းေပါတဲ့ ၿမိဳ႕ျပင္တစ္ေနရာမွာ ဖက္ထုပ္ဆိုင္ေလးတစ္ဆိုင္ ဖြင့္ဖို႔သာ ျဖစ္ပါတယ္။ သို႔ေသာ္လည္း ဉာဏ္ေကာင္းလြန္းတာေၾကာင့္ နိုင္ငံေတာ္အဆင့္ စာေမးပြဲမွာ အဆင့္ေကာင္းနဲ႔ ေအာင္ျမင္သြားၿပီး အထူးအႀကံေပး႐ုံးရဲ့ ေနရာေကာင္းတစ္ေနရာမွာပါ အလုပ္ရသြားတဲ့အထိ ျဖစ္သြားပါတယ္။

ဒါ့အျပင္ သူ႔ရဲ့ မူရင္းဆႏၵထက္ ေက်ာ္လြန္ၿပီး နန္းတြင္းရဲ့ လၽွို႔ဝွက္စုံေထာက္အျဖစ္နဲ႔ပါ ခန႔္အပ္ခံလိုက္ရပါတယ္။ ဒီအလုပ္မ်ိဳးဟာ တျခားသူေတြအတြက္ေတာ့ ေသေရးရွင္ေရးေလာက္ အေရးပါတဲ့အလုပ္မ်ိဳး ျဖစ္ေပမယ့္ Ra Yi Eon တစ္ေယာက္ကေတာ့ လုပ္စရာရွိတာကို ျမန္ျမန္လုပ္ၿပီး အားလပ္ခ်ိန္ေရာက္ဖို႔ကိုသာ ေစာင့္ေမၽွာ္ေနမိပါေတာ့တယ္။

Photo: kimhyeyoon_fanpage/ Instagram

Kim Hye Yoon ကေတာ့ Kim Jo Yi ဆိုတဲ့ ဇာတ္႐ုပ္ကေန ပါဝင္ထားပါတယ္။ သူမကေတာ့ ဂ်ိဳဆြန္းေခတ္က သာမန္အမ်ိဳးသမီးေတြနဲ႔ မတူဘဲ ကြာရွင္းျပတ္စဲတာဟာ ကိစၥႀကီးမဟုတ္ဘူးလို႔ ေတြးထင္သူ ျဖစ္ပါတယ္။ Kim Jo Yi ဟာ လြန္ခဲ့တဲ့ သုံးႏွစ္ေသာ အခ်ိန္ကာလတုန္းက ေလာင္းကစားစြဲေနတဲ့ အေမခ်စ္သားတစ္ေယာက္ကို လက္ထပ္ခဲ့တာပါ။

ဒီလိုနဲ႔ အတက္အက်ေတြ မ်ားခဲ့ၿပီး ေနာက္ဆုံးမွာေတာ့ အဲဒီလူနဲ႔ ကြာရွင္းခဲ့ပါတယ္။ အဲဒီေနာက္ သူမဘဝကို အသစ္က ျပန္စမယ္လို႔ စိတ္ကူးလိုက္တဲ့အခ်ိန္မွာပဲ နန္းတြင္းရဲ့ လၽွို႔ဝွက္စုံေထာက္နဲ႔ သြားေတြ႕ၿပီး သူမရဲ့လမ္းဟာလည္း ပိတ္ဆို႔သြားပါေတာ့တယ္။

ဒီဇာတ္လမ္းတြဲထဲမွာေတာ့ Ok Taecyeon ၊ Kim Hye Yoon ၊ Lee Jae Kyoon ၊ Jung Soon Won ၊ Lee Sang Hee နဲ႔ Choi Tae Hwan တို႔က ပါဝင္သ႐ုပ္ေဆာင္ထားပါတယ္။ ဒီဒရာမာကိုေတာ့ လာမယ့္နိုဝင္ဘာလထဲမွာ ျပသသြားမယ္လို႔ သိရပါတယ္။

Glasgow

Source: soompi

RELATED ARTICLES

Most Popular