HomeCelebs Update NewsKoreaဆိုလိုအနေနဲ့ ပွဲထွက်တော့မယ်ဆိုတဲ့ T-ara အဖွဲ့ဝင်ဟောင်း Soyeon 

ဆိုလိုအနေနဲ့ ပွဲထွက်တော့မယ်ဆိုတဲ့ T-ara အဖွဲ့ဝင်ဟောင်း Soyeon 

အောက်တွင် ဇော်ဂျီဖြင့် ဖတ်ပါ။

T-ara အဖွဲ့ဝင်ဟောင်း Soyeon ဟာ ဆိုလိုအနေနဲ့ ပြန်လည်ပွဲထွက်လာဦးမယ်လို့ သိရပါတယ်။

ဩဂုတ်လ(၂၅)ရက်နေ့မှာ Soyeon ရဲ့ အေဂျင်စီဖြစ်တဲ့ Think Entertainment က အတွင်းစကားတစ်ခုအရ Soyeon ဟာ ဆိုလိုအယ်လ်ဘမ်တစ်ချပ် ပြုလုပ်နေပြီး အောက်တိုဘာလမှာ ထွက်ရှိနိုင်ဖို့ ရည်ရွယ်ထားတယ်လို့ သိရပါတယ်။

Photo: melodysoyani/ Instagram

Soyeon ဟာ ၂၀၀၉ခုနှစ်မှာ T-ara အဖွဲ့နဲ့ ပွဲထွက်ခဲ့ပြီး ၂၀၁၇ခုနှစ်မှာတော့ MBK Entertainment ကနေ ထွက်ခွာခဲ့ပါတယ်။ သူမရဲ့ ပွဲထွက်ခြင်း ဆယ်နှစ်ပြည့် အထိမ်းအမှတ်အနေနဲ့ ဆိုလိုအယ်လ်ဘမ် ထွက်ရှိမယ်ဆိုပြီး မနှစ်တည်းက သတင်းတွေ ထွက်ခဲ့ပေမယ့် ယခုအချိန်အထိ တရားဝင် အတည်ပြု ပြောကြားတာမျိုး မရှိသေးပါဘူး။

ယခုနှစ် ဇူလိုင်လမှာတော့ သူမဟာ Think Entertainment နဲ့ စာချုပ်ချုပ်ဆိုခဲ့ပြီး Radio Star နဲ့ The King of Masked Singer အစီအစဉ်တွေမှာ ဧည့်သည်အဖြစ် ပါဝင်ခဲ့ပါတယ်။

Photo: melodysoyani/ Instagram

Soyeon ရဲ့ ပရိသတ်တွေအနေနဲ့တော့ အခုအချိန်ဟာ ရင်ခုန်ရမယ့်အချိန်ပါပဲလို့ ဆိုလိုက်ရင်း … ။

Glasgow

Source: soompi

(Zawgyi Version)








Glasgow

Source: soompi

 

RELATED ARTICLES

Most Popular